Sunday, January 14, 2018

ငါတို့မရှိရင်ဘာဖြစ်သွားမယ်ထင်လဲတဲ့

,
ကိုယ်ပိုင်ဖရီးဂိတ်ထုတ်နိုင်ပြီလို့ကြွေးကျော်နေချိန်မှာ
4wheelကားပေါ်မှာလူတစ်ယောက်လိုတောင်
ထိုင်မလိုက်နိုင်ပဲသူတပါးနိုင်ငံထဲကို
ခိုးဝင်အလုပ်လုပ်ဖို့ကြိုးပမ်းနေရတဲ့ဘဝက
သုံးသန်းလောက်ရှိတယ်..

သမုဒ္ဒရာနှစ်ခုနဲ့မြစ်လေးစင်းပိုင်တဲ့နိုင်ငံက
လာအိုဆိုတဲ့ကုန်းတွင်းပိတ်နိုင်ငံစီက
လျှပ်စစ်ပြန်ဝယ်သုံးရတဲ့အခြေအနေရောက်ပေါ့..

သဘာဝဓာတ်ငွေ့ထွက်နှုန်း
ကမ္ဘာ့အဆင့်၁၁ရှိတဲ့တိုင်းပြည်က
ကိုယ့်စီကဝယ်သွားတဲ့တရုတ်နဲ့ထိုင်းနိုင်ငံစီက
ဓာတ်ငွေ့ပြန်ဝယ်သုံးခဲ့ရတယ်..

ကိုယ်တွေဆန်လှူခဲ့တဲ့
အီသီယိုးပီးယားလိုတိုင်းပြည်က
ကိုယ်ပိုင်ဂြိုလ်တု၊ကျည်ဆံရထားတို့ဘာတို့နဲ့..

ကိုယ်တွေထောက်ခံပေးလို့
လူရာဝင်နိုင်ငံဖြစ်လာတဲ့တိုင်းပြည်က
ကမ္ဘာ့အဆင့်၂မှာတက်ချိတ်သွားပြီ..

ဘာသယံဇာတမှမရှိ
သဲကိုတောင်ကိုယ့်စီကလာဝယ်ရတဲ့ကျွန်းလေးက
အာရှမှာထိပ်သီး..

ကိုယ်တွေနဲ့အတူတူလွပ်လပ်ရေးရတဲ့တိုင်းပြည်က
အလုံး၁၀၀မြောက်ဂြိုလ်တုကို
လွှတ်တင်သွားခဲ့တယ်..

ကိုယ်တွေနိုင်ငံကတော့
ကိုယ်တွေလက်အောက်မှာ
ပြားပြားမှောက်ခဲ့ရတဲ့လူမျိုးတွေက
ကိုယ်တွေကိုပြန်ပြီး
ကားလမ်းဘေးဒူးထောက်ခိုင်းတာခံနေရတဲ့ဘဝ
ရောက်ခဲ့ရတဲ့အခြေအနေမှာတောင်
ကိုယ့်ဖဲကိုယ်ချိုး
ကိုယ်သွင်းခဲ့တဲ့ဘင်ဂါလီကိုယ်လက်ညိုးထိုးပြီး
ကွက်ကျားအမျိုးသားရေးနဲ့
လုပ်စားလို့ကောင်းနေကြတုန်းပဲ..

အာရှမှာအင်ပါယာထူထောင်ခဲ့ကြတဲ့
သာကီတို့ရဲ့အမျိုးသားရေး
အမျိုးဂုဏ်ဇာတိဂုဏ်တွေလည်း
ဘဘတို့အုပ်ချုပ်ကတည်းကပျောက်ကွယ်ခဲ့ရတာ
ဆယ်စုနှစ်နှစ်ခုကျော်လှပေါ့..

ဒါတောင်ငါတို့မရှိရင်ဘာဖြစ်သွားမယ်ထင်လဲတဲ့..
အမျိုးသားရေးကိုဦးထိပ်ထားတဲ့အဖွဲ့အစည်းတဲ့..
အမျိုးသားရေးကိုအဓိကထားတဲ့ပါတီတဲ့..

ထိုင်းရဲရှေ့မှာဖင်ပူးတောင်းထောင်
ပြားပြားဝပ်ပေးနေရတဲ့ဘဝခါးတွေကိုကြည့်ပြီးမှ
အမျိုးသားရေးအော်ကြပါလားအဘတို့ရယ်..
😢😢😢

N Kham Aung

https://www.facebook.com/permalink.php?story_fbid=379246319187542&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ငါတို့မရှိရင်ဘာဖြစ်သွားမယ်ထင်လဲတဲ့”

Post a Comment

Related Posts Plugin for WordPress, Blogger...