Wednesday, February 7, 2018

အရှေ့တောင်အာရှမှာ အကြမ်းဖက်အန္တရာယ် မြင့်မားလာနေ

,
အရှေ့တောင်အာရှဒေသအတွင်း အကြမ်းဖက်သမားတွေရဲ့ အန္ဒရာယ် ပိုမိုမြင့်မားလာနေတယ်လို့ စင်္ကာပူမှာ မနေ့က ကျင်းပတဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေရဲ့အစည်းအဝေးအပြီး ပူးတွဲထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။  အရှေ့တောင်အာရှနိုင်ငံတွေက မွတ်ဆလင်အကြမ်းဖက်သမားတွေဟာ နိုင်ငံခြား တိုင်းပြည်တွေကို သွားရောက်တိုက်ခိုက်နေရာကနေ ဒေသအတွင်း ပြည်လည်ရောက်ရှိလာနေကြတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်အဖွဲ့တွေဟာ ပိုမိုခေတ်မီတဲ့နည်းပညာတွေ လက်နက်တွေကို အခုသုံးစွဲနေကြကြောင်းနဲ့ အာဆီယံ နိုင်ငံတွေအကြား ပိုမိုပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်းလည်း အဲဒီ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

တပြိုင်နက်မှာပဲ စင်္ကာပူမှာ မနေ့က ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တောင်တရုတ်ပင်လယ်က နိုင်ငံတကာရေကြောင်းဒေသ အများအပြားကို တရုတ်ပြည်က သူတို့ပိုင်ဆိုင်ကြောင်းကြေညာပြီး လူလုပ်ကျွန်းတွေ တည်ဆောက်နယ်ချဲ့နေမှုအတွက် ဒေသအတွင်း တင်းမာမှုတွေ ပိုမိုများပြားလာနိုင်ကြောင်း ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။

https://m.facebook.com/story.php?story_fbid=10157296936828128&id=39218993127

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အရှေ့တောင်အာရှမှာ အကြမ်းဖက်အန္တရာယ် မြင့်မားလာနေ”

Post a Comment

Related Posts Plugin for WordPress, Blogger...