Monday, January 8, 2018

NCA တွင် လက်မှတ်ရေးထိုးနိုင်ရေး တစ်ဆို့နေ

,
အစိုးရအဖွဲ့ခေါင်းဆောင်များ၏ မူဝါဒပိုင်းဆိုင်ရာ ဖြေလျှာ့ပေးမှု မရှိခြင်းကြောင့် NCA တွင် လက်မှတ်ရေးထိုးနိုင်ရေးမှာ တစ်ဆို့နေရခြင်းဖြစ်သည်ဟု UNFC ပြောကြား
---              ---              ---

အစိုးရအဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ၏ မူဝါဒပိုင်းဆိုင်ရာ ဖြေလျှော့ပေးမှု မရှိခဲ့ကြောင့် NCA တွင် လက်မှတ်ရေးထိုးနိုင်ရေးမှာ တစ်ဆို့နေရခြင်း ဖြစ်သည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးထွန်းဇော်က The Ladies News သို့ ပြောကြားသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ၏ အဆိုပြုချက် (၉) ချက်ကို အစိုးရငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် ညှိနှိုင်းလျှက်ရှိရာ နောက်ဆုံးတစ်ဆို့နေသည့် အချက်များအပေါ် အဖြေရရှိရေးတွက် နှစ်ဖက် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံညှိနှိုင်းရန်နှင့် အခြားနည်းလမ်းများ ကိုလည်း ဆက်လက်ရှာဖွေ ကြိုးပမ်းသွားမည်ဟု ဇန်န၀ါရီလ ၆ ရက်မှ ၈ ရက်အအထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သော UNFC ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အရေးပေါ် အစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။

`NCA လက်မှတ်ရေးထိုးနိုင်ရေး အတွက်က ကျွန်တော်တို့ အဆိုပြုချက် ၉ ချက် လုပ်ထားပါတယ်။ အဲဒီအဆိုပြုချက် ၉ ချက်ကို DPN နဲ့ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ညှိနှိုင်းနေတယ်။ ညှိနှိုင်းနေတဲ့ ညှိနှိုင်းမှုက ၁၇ လကျော် အကြိမ် အရေအတွက်အားဖြင့် ၈ ကြိမ် တိုင်တိုင် ဆွေးနွေးခဲ့ပြီးဖြစ်တယ်။ နောက်ဆုံး န၀မအကြိမ်မြောက် တွေ့ဆုံပြီးတော့ အဖြေရှာဖို့  ...

သတင်းအပြည့်အစုံ ဖတ်ရှုရန် -
http://www.theladiesnewsjournal.com/news/mon-2018-01-08-1650/8911

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ NCA တွင် လက်မှတ်ရေးထိုးနိုင်ရေး တစ်ဆို့နေ”

Post a Comment

Related Posts Plugin for WordPress, Blogger...