Thursday, December 26, 2013

Ooredoo က ပြည်တွင်းတွင် 3G Network ကို နှစ်နှစ်အတွင်း အပြီးတည်ဆောက်မည်

,
ပြည်တွင်းတွင် ဆက်သွယ်ရေးအော် ပရေတာအဖြစ် ရွေးချယ်ခံထားရသော Ooredoo က မြန်မာနိုင်ငံတွင် နှစ်နှစ်အတွင်း 3G Network ကို အပြီးတည်ဆောက်သွားမည်ဟု ယင်းကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်တွင် ပြောဆိုလိုက်သည်။ 3G Network ကို လိုင်းအား 900 MHz  နှင့် 2100 MHz ပေါ်တွင် တည်ဆောက်မည် ဖြစ်သည်။
3G Network တည်ဆောက်ရေးအတွက် Ooredoo အနေဖြင့် Nokia Solution and Network (NSN) ကုမ္ပဏီကို ရွေးချယ်ထားပြီး ပြည်တွင်းတွင် နှစ်နှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်သည်။
Ooredoo Myanmar ၏ အမှုဆောင်အရာရှိချုပ် Rock Cormack က “မြန်မာနိုင်ငံမှာရှိတဲ့ Ooredoo ရဲ့ ဆက်သွယ်ရေး ကွန်ရက်သုံးစွဲသူတွေကို ကမ္ဘာ့အဆင့်မီ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ဖြန့်ဝေပေးနိုင် ဖို့ ကျွန်တော်တို့ အလေးအနက် စတင်ဆောင်ရွက်နေပါပြီ။ အခုတည်ဆောက်မယ့်  3G Network ၀န်ဆောင်မှုတွေအတွက် NSN အနေနဲ့ ထောက်ပံ့ ကူညီပေးနိုင်တဲ့ စွမ်းအားတွေရှိတယ်လို့ကျွန်တော်တို့ ယုံကြည်ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ပြောသည်။
NSN နှင့် Ooredoo ၏ သဘောတူညီချက်များတွင် Network အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ အကျိုးရှိရှိအသုံးချရေး၊ နည်းစနစ်အချက်အလက်စုဆောင်းခြင်းများ ပါဝင်ပြီး  Hardware၊ Software နှင့် စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ၀န်ဆောင်မှုများအပါအ၀င် ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေး ၀န်ဆောင်မှုများလည်း ပါသည်။
Source : Mizzima
ပုံရိပ်(burmesehearts.com)

0 ယောက်မှတ်ချက်ပြုခဲ့သည် to “Ooredoo က ပြည်တွင်းတွင် 3G Network ကို နှစ်နှစ်အတွင်း အပြီးတည်ဆောက်မည်”

Post a Comment

Related Posts Plugin for WordPress, Blogger...