Wednesday, January 2, 2019

History of Modern Burma....10

,
ကမ္ဘာ​ပေါ်မှာမူးယစ်​​ဆေးဝါးအများဆုံးထွက်​တဲ့​နေရာ
ဟာ ၁၉၇၀ပြည့်လွန်​ကာလ​တွေက ​မြန်​မာ-ထိုင်း-လာအို
သုံးနိုင်​ငံနယ်​စပ်​ ​ရွှေတြိဂံနယ်​​မြေဖြစ်​တယ်​။၁၉၉၀
ပြည့်လွန်​ကာလ​တွေမှာ အာဖဂန်​ဟာ ကမ္ဘာ​ပေါ်မှာ
ဘိန်းဖြူ  နဲ့မူးယစ်​​ဆေးဝါးအများဆုံးထုတ်​လုပ်​တဲ့နိုင်​ငံ
ဖြစ်​လာတယ်​။ကိုလံဘီယာနဲ့အခြားနိုင်​ငံ​တွေကဥ​ရောပ
ဘက်​ဖြစ်ပြီး ပင်​ရင်းဟာ အာဖဂန်​ဖြစ်​​နေတယ်​။
ဆိုဗီယက်​​ထောက်​ခံတဲ့ အာဖဂန်​အစိုးရကို မူဂျာဟစ်
သူပုန်​​တွေက အ​မေရိကန်​အကူအညီနဲ့ စစ်​​အေး
ကာလပြင်းထန်​​နေချိန်​မှာ ​တော်​လှန်​ပုန်​ကန်​ကြတယ်​။
အ​မေရိကန်​က ဆိုဗီယက်​ကိုအနိုင်​ယူချင်​စိတ်​နဲ့
လက်​နက်​​ကောင်း​တွေကိုအာဖဂန်သူပုန်​​တွေကို​ပေးခဲ့
တာ​ကြောင့်အာဖဂန်​သူပုန်​​တွေ​အောင်​ပွဲခံတယ်​။
အဲဒီ​နောက်​အာဖဂန်​မှာ သူပုန်​အစိုးရဖြစ်​တဲ့ တာလီ
ဘန်​​တွေအာဏာရလာတဲ့အခါ အ​မေရိကန်​က
ဆက်​ပြီးမ​ထောက်​ပံ့​တော့ဘူး။ဒီအခါ အာဖဂန်​အစိုးရ
က​ရွှေးချယ်​စရာလမ်းမရှိ​တော့ပဲ မူးယစ်​​ဆေးဝါထုတ်
လုပ်​​ရောင်းချ​ရေးဘက်​ကိုအာရုံစိုက်​လာတယ်​။
ဘိန်း​တွေကိုအရင်​ကတည်းကအီရန်​နိုင်​ငံဘက်​မှာ
ခိုးစိုက်​တယ်​။အဲလိုနဲ့အာဖဂန်​မှာဘိန်းဖြစ်​ထွန်းလာတယ်​။

တစ်​ကမ္ဘာလုံးကထွက်​တဲ့ဘိန်းဖြူ  ၊ဟီးရိုးအင်းနဲ့အခြား
မူးယစ်​​ဆေး​တွေဟာ အ​မေရိကန်​ထဲအများဆုံးဝင်​လာပြီး
အ​မေရိကန်​ကိုဒုက္ခ​ပေး​ပါ​တော့တယ်​။ဒါ​ကြောင့်
အ​မေရိကန်​ဟာ ၁၉၈၉မှာ G7 နိုင်​ငံ​တွေ​ပေါင်းပြီး
မူးယစ်​​ဆေးအန္တရာယ်​ကိုတိုက်​ဖျက်​ဖို့OECD
ကိုဖွဲ့စည်းပြီးမူးယစ်​​ဆေးထုတ်​လုပ်​ဖြန့်ချီမှုလုပ်​ငန်းကို
ပျက်​စီး​အောင်​ပုံစံအမျိုးမျိုးနဲ့တိုက်​ထုတ်​တယ်​။
မူးယစ်​​ဆေး​ရောင်းဝယ်​ရာက​နေရတဲ့​​ငွေမည်းခ၀ါချ
မှုကို ဟန့်တားဖို့ FATF လို့​ခေါ်တဲ့ Financial
Action Task Force On Moey Laundering
ကို ၂၀၀၁ ဇွန်​လမှာ ဖွဲ့စည်းပြီးကမ္ဘာတစ်​၀ှမ်းက
ဘဏ်​​တွေထဲစီးဝင်​လာတဲ့​ငွေကို​စောင့်ကြည့်​နေတယ်​။

၂၀၀၁ က​နေ ၂၀၀၆အထိ နိုင်​ငံတကာဘဏ်​​တွေကို
ထိန်းချုပ်​နိုင်​​ပေမယ့် မြန်​မာ့ဘဏ်​​တွေဟာနိုင်​ငံတကာ
ဘဏ်​​တွေနဲ့ချိတ်​ဆက်​ထားတာမဟုတ်​လို့ ထိန်းချုပ်
မရဘူးဖြစ်​​နေတယ်​။အဲဒါ​ကြောင့်အခြားနိုင်​ငံ​တွေကို
အ​မေရိကန်​ကဖိအား​ပေးပြီးပိတ်​ဆို့ခိုင်းတယ်​။
မြန်​မာပြည်​ကအဓိကကုန်​​တွေကို ထိုင်းနိင်​ငံက
တစ်​ဆင့်ကြားခံပြီးဝယ်​တယ်​။တိုက်​ရိုက်​၀ယ်​ရင်
ကိုယ်​ရတဲ့အကျိုးအမြတ်​နဲ့တစ်​ဆင့်ခံဝယ်​ရင်​ကိုယ်​ရတဲ့
အကျိုးအမြတ်​မတူဘူး။၂၀၀၁စက်​တင်​ဘာတိုက်​ခိုက်​ခံ
ရပြီး​နောက်​ပိုင်း မြန်​မာအစိုးရကိုအ​မေရိကန်​ဟာ
ရန်​သူလိုဆက်​ဆံလာတယ်​။စစ်​အစိုးရဟာ​ခေါင်းမာ
တဲ့အစိုးရဖြစ်​တယ်​။စစ်​အစိုးရဟာတစ်​ဖက်​က
လိမ်​လည်​ပြီး မူးယစ်​​ဆေးထုတ်​လုပ်​မှုကိုထိန်းချုပ်​​နေ
ပါတယ်​လို့အသံ​ကောင်းဟစ်​တယ်​။ဒီလိုလိမ်​လည်​​နေ
တာကိုလည်း ကမ္ဘာ့ မူးယစ်​​ဆေးဝါထိန်းချုပ်​​ရေး​ဋ္ဌာန
ကသိတယ်​။ဘယ်​​လောက်​အထိလည်းဆိုရင်​အဲဒီ၂၀၀၂
ခု​လောက်​က ​ငွေမည်းခ၀ါချမှုကိုတိုက်​ဖျက်​​ရေး
ဥပ​ဒေ ဗဟိုဘဏ်​မှာမရှိဘူး။ပညာရှင်​မရှိတဲ့ဘဝ
ခင်​ဗျားတို့ဘာသာစဉ်းစားသာကြည့်​တော့။
ငွေစုသူ​တွေရဲ့ ကိုယ်​​ရေးမှတ်​တမ်းကိုလုံခြုံ စွာထိန်း
သိမ်း​ပေးတာလည်းမလုပ်​ဘူး။စစ်​အစိုးရဖိအား​ပေး
လာတိုင်း အချိန်​မ​ရွှေးထုတ်​ထုတ်​​ပေးရတယ်​။
အ​မေရိကန်​ပိတ်​ဆို့မှု ပြင်းထန်​လာတဲ့အခါ
တစ်​​ဒေါ်လာဟာ မြန်​မာ​ငွေ၁​ထောင်​​ကျော်​လာတယ်​။

၂၀၀၂ခုနှစ်​​ ​မေလ ကျခါမှ ​ငွေ​ကြေးခ၀ါချမှုတိုက်​ဖျက်
ရေးဥပ​ဒေ(The Law to Control Money and Property Obtained by Illegal Means)
ကိုထုတ်​ပြန်​ပြီးအ​ရေးယူမှုအချို့လုပ်​ပြီး အ​မေရိကန်
အစိုးရနဲ့ထိပ်​တိုက်​​တွေ့လမ်း​ကြောင်းကို​ရှောင်​တယ်​။
အ​မေရိကန်​CIAသတင်း​တွေအရ အာရှဓနဘဏ်
ဥက္ကဋ္ဌဦးအိုက်​ထွန်း​နဲ့ ​မေဖလားဝါးဘဏ်​ဥက္ကဦး​ကျော်
ဝင်းတို့ရဲ့ သတင်း​တွေမပြတ်​၀င်​​နေတယ်​။စစ်​အစိုးရ
ကလည်း​ခေါ်ပြီးသတိ​ပေး​နေတယ်​။သူတို့လူ​တွေ
မထိ​အောင်​သတိ​ပေးတယ်​။ဒါ​ပေမဲ့ စစ်​အစိုးရနဲ့ခရိုနီ
အားလုံးဟာ မူးယစ်​ရာဇာ​တွေနဲ့ဆက်​ဆံ​ရေးရှိတာ
ကြောင့်ပြင်းပြင်းထန်​ထန်​ပြတ်​ပြတ်​သားသားအ​ရေး
ယူဖို့ဆိုတာမဖြစ်​နိုင်​ဘူး။မြန်​မာ့​ငွေစက္ကူ  လည်း
စက္ကူ စုတ်​ဖြစ်​သွားပြီး။အ​မေရိကန်​ဟာ နှစ်​​ထောင်
ခုနှစ်​​နောက်​ပိုင်းစစ်​အစိုးရနဲ့အကြီးကျယ်​ပြဿ     နာ
ဖြစ်​တာ​ကြောင့်ပိတ်​ဆို့မှု​တွေတစ်​ခုပြီးတစ်​ခုလုပ်​​နေ
တယ်​။တော်​လှန်​​ရေး​ကောင်​စီလက်​ထက်​ကတည်းက 
နေ၀င်းဟာ ပါလီမန်​​ခေတ်​က မြန်​မာ့​ငွေစက္ကူ  အတွက်​အာမခံထားခဲ့တဲ့ ​ရွှေသားအားလုံးကိုထုတ်​ယူပြီး
ကိုယ်​ကျိုးအတွက်​သုံးပစ်​လိုက်​တယ်။ပိတ်​ဆို့မှုဖြစ်
လာ​လေ ​ငွေ​ဈေးကျ​လေနဲ့စက္ကူ  စုတ်​ဘ၀​ရောက်​ပြီ။

၂၀၀၃ခုနှစ်​ ​ဖေ​ဖော်​၀ါရီလ ၁၁ရက်​​နေ့
.....ပုဂ္ဂလိကဘဏ်​များပြိုလဲပျက်​စီး​တော့မည်​ဆို​သော
သတင်းစကားဟာ အ​ခြေအမြစ်​မရှိတဲ့သတင်းစကားဖြစ်
ပါတယ်​။ပြည်​သူလူထုကိုကျ​နော်​ရဲရဲကြီးအာမခံပါတယ်
.လို့ ဗဟိုဘဏ်​က အုပ်​ချုပ်​​ရေးအရာရှိဦး​ကျော်​​ကျော်
မောင်​က ​ကြေငြာတယ်​။

မြန်​မာ့အလင်းသတင်းစာ​တွေမှာ ​ကောလဟလ​တွေ
မိုးလုံးပြည့်မုသားဝါဒ​တွေစတဲ့စကားလုံး​တွေနဲ့​ကြေငြာ
နေတယ်​။ခင်​ညွှန့်​ကလည်း ဒီအတိုင်းပဲမိန့်​ခွန်း​ပြော
နေတယ်​။ကမ္ဘာ့ သတင်း​တွေမှာ မကြာခင်​မြန်​မာ့ဘဏ်
တွေပြိုလဲ​တော့မှာမို့ လူထုအ​နေနဲ့​ငွေထုတ်​ကြဖို့
အမေရိကန်က ​၀ါဒဖြန့်​​ပေးထားတယ်​။လူထုက
စစ်​အစိုးရကိုမယုံ​တော့ဘူး။

တကယ်​​တော့ ၁၉၉၇ကတည်းက ဂျူးသူ​​ဋ္ဌေး
ဂျော့ဆို​ရော့စ်​ဟာ ​ငွေကစားပြီးအာဆီယံနိုင်​ငံ​တွေကို
အကြီးအကျယ်​ဒုက္ခ​ပေးပြီးပြီး။အဲဒီအချိန်​တုန်းက
မြန်​မာ့​ငွေဟာ ကမ္ဘာသုံး​ငွေမဟုတ်​လို့ခံသာသွား
တာဖြစ်​တယ်​။မြန်​မာစစ်​အစိုးရကိုအာဆီယံထဲ
ဝင်​ခွ​င့်​ပေးလိုက်​တဲ့ မ​လေးရှားနဲ့ထိုင်းကိုဦးတည်​ပြီး
ဆို​ရော့စ်​ကတိုက်​တာဖြစ်​တယ်​။ဆို​ရော့စ်​ရဲ့ လုပ်​ရပ်​ကို
မ​လေးရှားဝန်​ကြီးချုပ်​​ဒေါက်​တာမဟာသီက
ပက်​ပက်​စက်​စက်​​ပြောဆို​ဝေဖန်​တဲ့အထိဖြစ်​ခဲ့တယ်​။
ဆို​ရော့စ်​က နိုင်​ငံခြား​ငွေ​တွေကိုဝယ်​​လှောင်​ထား
လိုက်​ပြီး ​ဒေါ်လာနဲ့ကစားတဲ့အခါ မ​လေးနဲ့ထိုင်းက
ကမ္ဘာ့အဆင့်မှီအရည်​အချင်းရှိတဲ့​ငွေ​ကြေး​ပညာရှင်
ကြီး​တွေအပြင်းအထန်​ကာကွယ်​တာ​ကြောင့်​ငွေ​ကြေး
စနစ်​နဲ့ဘဏ္ဍ​ရေးစနစ်​ကြီးတစ်​ခုလုံးဘုံးဘုံးလဲ
မသွားခဲ့တာပါ။ငွေ​ဈေးကျဆင်းပြီး အကြီးကျယ်
ဒုက္ခ​ရောက်​တဲ့အ​ခြေ​နေကို​တော့ရင်​ဆိုင်​လိုက်​ရတယ်​။
အဲဒီအချိန်​က မြန်​မာ့​​ငွေဟာကမ္ဘာသုံးမဟုတ်​​လို့
တိုက်​ရိုက်​မထိဘူး။တိုက်​ရိုက်​သာထိခဲ့ရင်​​သေချာတယ်
တိုင်းပြည်​ပျက်​ပြီ။ဒါ​ပေမဲ့တနွယ်​ငင်​တစင်​ပါ ဆိုသလို 
ရောခံရတာ​တွေရှိခဲ့တယ်​။ဒေါ်လာ​ဈေးဖမ်းတက်​​တော့
မြန်​မာ့​ငွေ​ဈေးထိုးဆင်းရတာ​ပေါ့။ဒေါ်လာ​ဈေးကစား
တိုင်းခံ​နေရတာဆို​တော့ စစ်​အစိုးရအတွက်​ဒါဟာ
အဆန်းမဟုတ်​​တော့ဘူး။အခု နိုင်​ငံခြားသတင်းဋ္ဌာန​တွေ
ကိုမြန်​မာကိုတိုက်​ရိုက်​စဖိုက်​ပြီ။သတင်း​တွေလွှင့်ထုတ်
လာတယ်​။လူထုကစိုးရိမ်​ပြီးသက်​ဆိုင်​ရာမြို့ကြီး​တွေ
မှာအလုအယက်​တိုး​ဝှေ့ထုတ်​ကြပါ​တော့တယ်​။ဒီအခါ
ပုဂ္ဂလိကဘဏ်​​တွေမှာ​ငွေပြတ်​လာတယ်​။အပ်​​ငွေ
မရှိ​တော့ဘဲထုတ်​​ငွေသက်​သက်​ဖြစ်​လာတဲ့အခါ
ကြာရှည်​​တောင့်မခံနိုင်​ဖြစ်​လာတယ်​။ဗဟိုဘဏ်​ကိုအကူအညီ​တောင်း​တော့ ရှည်​လျား​ထွေပြားလွန်းတဲ့
စာရွက်​စာတမ်းနဲ့အဆင့်​ဖောင်းပွမှု​အောက်​မှာကြန့်
ကြာ​နေရတယ်​။အဲဒီအချိန်​နဲ့တစ်​ပြိုင်​နက်​တည်းမှာပဲ
မြန်​မာပုဂ္ဂလိကဘဏ်​​တွေကို တစ်​စက္ကန့်​မှအနားမ​ပေးဘဲ
နိုင်​ငံခြားသတင်း​ဋ္ဌာ​န​တွေကတိုက်​ခိုက်​​နေတာ​ကြောင့်
ဘဏ်​​တွေအားလုံး​သွေးပျက်​လာပြီ။အ​ခြေ​နေကို
မထိန်းချုပ်​နိင်​​တော့ဘူး။မြန်​မာနဲ့ဗီယက်​နမ်​ကို
အာဆီယံထဲဝင်​​ခွ​င့်​ပေးလိုက်​တဲ့မ​လေးနဲ့ထိုင်းကို
ဆုံးမဖို့ အ​မေရိကန်​ဂျူးသူ​ဋ္ဌေးကြီးဆိုး​ရောစ့်ရဲ့ 
တစ်​ကိုယ်​​တော်​အစွမ်းနဲ့​ငွေ​ကြေးစု​ဆောင်းဝယ်​ယူပြီး
ငွေကစားတဲ့အခါ အာဆီယံနိုင်​ငံကဘဏ်​​တွေခါထွက်
လာတယ်​။ဒါကိုမြန်​မာဘိန်းရာဇာ​တွေနဲ့စစ်​အစိုးရက
မဆင်​ခြင်​ဘူး။စွပ်​လုပ်​တယ်​။ငွေမည်း​တွေခ၀ါချ​ပေး​နေ
တဲ့မြန်​မာဘဏ်​​တွေကိုCIAကအ​မေရိကန်​အစိုးရကို
update သတင်း​ပေးပို့​နေတယ်​။သူတို့ထင်​တာ
သူတို့လိမ်​လို့ရမယ်​လို့ပဲထင်​ခဲ့ကြတယ်​။ယ​နေ့အထိ
မြန်​မာအစိုးရဟာလိမ်​ညာ​နေဆဲပဲ။ကမ္ဘာမှာအစိုးရ
ဖြစ်​ပြီး အလိမ်​စကားအရမ်း​ပြောတာ မြန်​မာအစိုးရ
ထိပ်​ဆုံးကပါတယ်​။ယ​နေ့အထိပဲ။လူကြီးလူ​ကောင်း
စရင်းထဲမှာ မြန်​မာအစိုးရ​တွေကိုထည့်သွင်းလို့ကို
မရဘူး။အစိုးရတိုင်းကိုယ်​ကျိုးစီးပွားနဲ့ပက်​သက်​လာ
ရင်​လိမ်​ညာဖြီးဖြန်းတက်​ကြ​ပေမယ့် မြန်​မာအစိုးရ
အဆက်​ဆက်​​လောက်​​ဗြောင်​မကျဘူး။ဘဏ်​တိုး​တွေ
စွပ်​​ပေးတယ်​။ခရိုနီ​တွေ​မြေယာမှာမြုပ်​နှံတယ်​။
မြေ​ဈေး​တွေတက်​လာတယ်​။အိမ်​ယာငှါးရမ်းခ​တွေ
မြင့်တက်​လာတယ်​။တိုင်​ခန်း​တွေ​ဈေးထိုးတက်​လာတယ်​။
ကုန်​​ဈေးနှုန်းကြီးမြင့်မှုကထိန်းမရ​တော့ဘူး။
ငွေ​ကြေးတန်​ဖိုးမရှိ​လေ​တော့ ပစ္စည်းတန်​ဖိုးရှိရပြီ။
၁၉၉၇အာဆီယံ​ငွေ​ကြေးတိုက်​ခိုက်​ခံရပြီးကတည်းကသတိထားသင့်​ပေမယ့်​ပေါ့​ပေါ့ပဲ​နေတယ်​။ဗဟိုဘဏ်
ကလည်းအကြိမ်​ကြိမ်​သတိ​ပေး​နေတယ်​။ဘယ်​လိုပဲ
သတိ​ပေး​ပေး ဘဏ်​​အတွင်းစီးဝင်​လာတဲ့​ငွေ​တွေကို
မစစ်​​ဆေးဘူး။ထုတ်​​ချေးတာ​တွေကိုမရပ်​ဘူး။
လာ​ချေးသမျှထုတ်​​ပေး​နေတယ်​။ဘဏ်​မှာ​ငွေလက်
ကျန်​မရှိ​တော့ဘူး။အဲဒီအချိန်​မှာမှ အတိအကျသတင်း
ရထားတဲ့ အ​မေရိကန်​​ထောက်​လှမ်း​ရေးCIA ဟာ
သတင်းပို့မီးစိမ်းပြတာနဲ့ အ​မေရိကန်​ဟာ နိုင်​ငံတကာ
အသံလွှင့်ဋ္ဌာန​တွေကိုအသုံးပြု ပြီးသတင်း​တွေ
ဆက်​တိုက်​လွှင့်ထုတ်​ပါ​တော့တယ်​။ဒေါ်လာ​ဈေး၁
ထောင်​​ကျော်​ရုတ်​ချည်းတက်​လာတယ်​။ဘေး​ပြော
တာကိုမယုံနဲ့ ​သွေး​ပြောတာကိုယုံဘာညာသာရကာ
သိတဲ့အတိုင်းပဲစစ်​အစိုးရရဲ့ ခပ်​ညံ့ညံ့ဝါဒဖြန့်​စကား
တွေကိုဘယ်​သူမှမယုံ​တော့ဘူး။မြန်​မာပြည်​က
အဲဒီအချိန်​က ထိပ်​သီးဘဏ်​ကြီး၅ခု အာရှဓန၊
မေဖလားဝါ၊ရိုးမ၊က​မ္ဘောဇနဲ့မြန်​မာယူနီဗာဆယ်​စတဲ့
ဘဏ်​​တွေလူပြည့်​သွားတယ်။အထုတ်​သက်​သက်​ပဲ။
နောက်​ဆုံးပြန်​အမ်းစရာ​ငွေမရှိ​တော့ဘူး။ဘဏ်​က
ဒါရိုက်​တာအဖွဲ့ဝင်​​တွေအားလုံးသူတို့မှာရှိတဲ့အိမ်​​တွေ၊
ကား​တွေ၊​ရောင်းပြီးရသမျှအားလုံးဘဏ်​ထဲပြန်​ထည့်ပြီး
ဖာ​ထေးခဲ့ကြ​ပေမယ့် မရ​တော့ဘူး။လူထုလဲ အပ်​​ငွေ
တွေအပြည့်အ၀ပြန်​မရ တစ်​ချို့အကုန်​ဆုံး။
တစ်​ချို့​နေရင်းထိုင်​ရင်း စည်းစိမ်​ပြုတ်​ သွားတဲ့
အထိဖြစ်​သွားတယ်​။FATF ကမြန်​မာစစ်​အစိုးရကို
အကြိမ်​ကြိမ်​သတိ​ပေးတယ်​။စစ်​အစိုးရဟာ လုပ်​ချင်
တာပဲသိတယ်​။ပညာမတတ်​တဲ့စစ်​သား​တွေဖြစ်​တာ
ကြောင့်နိုင်​ငံတကာကတုံ့ပြန့်​လာနိုင်​တဲ့အ​ခြေ​နေကို
ခန့်​မှန်းမတတ်​ခဲ့ဘူး။ငါ့ပြည်​တွင်းမှာလုပ်​သလိုဖြစ်​တယ်
ဆိုတဲ့​ခေါင်းမာတဲ့အယူအဆနဲ့​နောက်​ဆုံးလူထုပါ​ရောခံ
လိုက်​ရတယ်​။အဲလိုနဲ့စစ်​အစိုးရဟာ ဒူး​ထောက်​ရတယ်​။

၂၀၀၃ ဒီဇင်​ဘာ၅ရက်​​နေ့မှာ  FATF နဲ့အ​မေရိကန်
အာဏာပိုင်​​တွေနဲ့ ​တွေ့ဆုံပြီး​ငွေ​ကြေးခ၀ါချမှုတိုက်
ဖျက်​​ရေးလုပ်​ငန်းမှာပါဝင်​ပါ့မယ်​ဆိုပြီးကတိ​ပေး
ရပါတယ်​။အာရှဓနဘဏ်​နဲ့​မေဖလားဝါးဘဏ်
နိဂုံးချုပ်​သွားခဲ့ရတယ်​။များများစားစားအပ်​ထား
သူ​တွေကို ​ငွေရတဲ့လမ်း​ကြောင်းတိတိကျကျ
ပြောနိုင်​မှ​ငွေထုတ်​​ပေးမယ်​လို့​ကြေငြာပြီးအပြတ်​ရှင်း
တယ်​။နောက်​​ငွေမထုတ်​​ပေး​တော့ဘူး။အဲဒီ​နောက်
အာရှဓနဘဏ်​နဲ့​မေဖလားဝါးဘဏ်​​တွေရဲ့ လုပ်​ငန်း
လိုင်​စင်​ကိုသိမ်းလိုက်​တယ်​။ယူနီဗာဆယ်​ဘဏ်
ဥက္ကဋ္ဌနဲ့မန်း​နေးဂျင်းဒါရိုက်​တာကိုဖမ်းတယ်​။
ယူနီဗာဆယ်​ဘဏ်​ထဲက​ငွေ​စရင်း​တွေကို ဗဟိုဘဏ်
ထဲထည့်ပြီးတဖြည်းဖြည်းရုတ်​သိမ်းလိုက်​တယ်​။
အဲဒီ​ငွေမည်းခ၀ါချတဲ့ကိစ္စမှာ ခင်​ညွှန့်​ကိုယ်​တိုင်
ပါဝင်​ပက်​သက်​​နေတယ်​လို့အ​မေရိကန်​က
အ​ထောက်​ထား​တွေနဲ့ဆိုတယ်​။စစ်​အစိုးရလိမ်​ညာ
ဖြေရှင်းပြီးအ​ရေးမယူဘူး။နောက်​ဆုံး ယူနီဗာဆယ်
ဘဏ်​ရဲ့ ​ငွေမည်းခ၀ါချမှုနဲ့ဘိန်းဖြူ  လုပ်​ငန်းမှာ
ခင်​ညွှန့်​ပါ​နေတာထင်​ရှား​နေတာ​ကြောင့်အ​ရေးမယူလို့
မရ​တော့တဲ့အဆုံးဖမ်းဆီးထိန်းသိမ်းလိုက်​ရတယ်​။
သိန်းစိန်​လက်​ထက်​​ရောက်​မှပြန်​လွတ်​ခဲ့တာဖြစ်​တယ်​။

၁၉၄၈၊၁၉၈၈နဲ့၂၀၁၅ စုစု​ပေါင်းအခွင့်အ​ရေးသုံးကြိမ်
မြန်​မာနိုင်​ငံကရခဲ့တယ်​။ဒါ​ပေမဲ့ ရပုံခြင်းမတူဘူး။
Choice နည်းနည်းလာတယ်​။သို့​သော်​ အလှည့်
အ​ပြောင်းဆီမသွားနိုင်​ခဲ့ဘူး။၁၉၆၂အာဏာသိမ်းမှု
ဟာလည်းစိတ်​​စေတနာမှန်​ကန်​ခဲ့ရင်​​နောက်​ထပ်
အခွင့်အ​ရေးတစ်​ခုထပ်​ဖြစ်​နိုင်​​သေးတယ်​။၁၉၄၇
ဥပ​ဒေမှာ အားနည်းချက်​​တွေရှိ​ပေမယ့် ​နောက်
ဥပ​ဒေ​တွေထက်​စာရင်​အပုံကြီးသာပါ​သေးတယ်​။
တိုင်းရင်းသား​တွေ​တောင်းဆို​နေတဲ့ federal ကို
သာစိတ်​​စေတနာသန့်​သန့်​နဲ့လက်​ခံခဲ့ရင်​ဒီ​နေ့
ဒီလိုဖြစ်​လာစရာအ​ကြောင်းမရှိဘူး။Federal Seminar 
တွေကို၁၉၆၂မှာဦးနုဦး​ဆောင်​ပြီးကျင်းပ
နေပြီဆို​ပေမယ့် ဦးနုကိုယ်​တိုင်​မိမိလုပ်​ရပ်​အ​ပေါ်
မကွဲမပြားဖြစ်​​နေတယ်​။သခင်​ချစ်​​မောင်​၊ဦးဗ​ဆွေ၊
ဦး​ကျော်​ငြိမ်းတို့ကိုယ်​တိုင်​လည်း federal စနစ်​ကို
မကြိုက်​ကြဘူး။ဦးဗ​ဆွေက federal မူကို မကြိုက်
ဘဲ တစ်​ပြည်​​ထောင်​စနစ်​ကိုသာကြိုက်​တယ်​လို့​ဗြောင်
ဖွင့်​ပြောတယ်​။ဆို​တော့ ဦးနုနဲ့ ဗမာ​ခေါင်း​ဆောင်
အဆက်​ဆက်​ဟာ
.....လူမျိုးတစ်​မျိုးရဲ့ ကိုယ်​ပိုင်​ပြဋ္ဌာန်းခွင့်ကိုရုတ်​သိမ်း
ပြီးမှအဲဒီလူမျိုးရဲ့ ကံကြမ္မာ​တွေကိုသူတို့ကအစ်​ကိုကြီး
ပုံစံနဲ့ဦး​ဆောင်​ပြီးလုပ်​​ပေးမယ်​......လို့ဆိုတဲ့သ​ဘောပါ။
ဒါကအဲဒီ​ခေတ်​က ​ပြောခဲ့ဖူးတဲ့အ​ပေါ်ယံမင်္ဂလာစကား
တွေကိုကြည့်ပြီးရိုးရိုး​လေးမြင်​ကြည့်​တာပါ။စိတ်​ရဲ့ 
နောက်​ကွယ်​ကအနှစ်​သာရကို​တော့ထုတ်​မ​ပြောလို့
အတိကျမ​ပြောနိုင်​​ပေမယ့် လုပ်​ကွက်​​တွေကသက်​​သေ
ပေး​နေပါတယ်​။သေချာစွာ​ပြောနိုင်​တာက​တော့
နိုင်​ငံ​ရေးသီလဘယ်​တုန်းကမှမရှိခဲ့ဘူး။ဘယ်​​ခေတ်
ကမှတ်​တမ်းမှာမှလည်းမရှိဘူး။တစ်​နည်းဒာားဖြင့်ယူ
ရင်​ ဗမာကတိုင်းရင်းသား​တွေအ​ပေါ်ကိုလိုနီလုပ်
လိုက်​ခြင်းပဲ။ခပ်​ရှင်းရှင်း​ပြောရရင်​ဗမာ့ကျွန်​​ပေါ့။
တိုင်းရင်းသား​တွေရဲ့ ​တောင်းဆိုမှုကိုဗမာ​ခေါင်း​ဆောင်
အဆက်​ဆက်​က နယ်​ချဲ့ ပ​ယောဂလို့မြင်​ကြတယ်​။
ဒါစကားလှ​အောင်​မြင်​တယ်​လို့​ပြောတာ။စိတ်​ထဲ
ဘာရှိတယ်​ဆိုတာ ထုတ်​​ပြောလို့မ​ကောင်းတဲ့ကိစ္စ​တွေမှာ
ဝေ့၀ိုက်​ပြီးစကားလုံးနဲ့​ပရိယာယ်​ဆင်​​ပြောတဲ့သ​ဘောပါ။

Federal ဆိုတဲ့​ စကားလုံးကို Confederal or Confederation ခွဲထွက်​​ရေးပါလို့ အတင်းစွပ်​စွဲ
လိုက်​ကြတယ်​။ဒီလူ​တွေဟာ အင်္ဂလိပ်​ဘာသာစကား
မတတ်​လို့လား​မေးရင်​ ကိုလိုနီပညာ​ရေးနဲ့ ပညာ
တတ်​ဖြစ်​ခဲ့ကြသူ​တွေမို့ ယ​နေ့ အစုတ်​အပြတ်​ပညာ​ရေးနဲ့ပညာတတ်​ဖြစ်​​နေကြသူ​တွေထက်​ပိုတတ်​ပါတယ်​။federal ​တောင်းတာကို ခွဲထွက်​တာပါလို့ဝါဒဖြန့်​ပြီး
လှည့်စားလိုက်​တယ်​။ဒေါက်​တာဆလိုင်းလျန်​မှုန်း ရဲ့ 
မှတ်​ချက်​အတိုင်းဆိုရရင်

.......ပူး​ပေါင်း​ရေးကို​ပြောကြား​နေပါလျက်​ အဘယ်
ကြောင့်ခွဲထွက်​​ရေးသမားများဟု ဗမာမဟုတ်​​သော
တိုင်းရင်းသားလူမျိုးများကို ကင်​ပွန်းတပ်​ခဲ့ကြသနည်း။
ထိုသို့စွပ်​စွဲချက်​များ​ကြောင့်ဗိုလ်​​နေ၀င်းကဲ့သို့ မဟာ
ဗမာလူမျိုးကြီးဝါဒီများကို​သွေးထိုးလှုံ့ ​ဆော်​ပြီး
တိုင်းပြည်​အာဏာသိမ်းမှုကြီးဟူ​သော ရာဇ၀င်​ရိုင်းပျ
မှုကို ပြည်​​ထောင်​စုသမိုင်းတွင်​ဖြစ်​​ပေါ်ရန်​လမ်းဖွင့်​ပေး
ခဲ့သည်​။ထို​ကြောင့်၁၉၆၂တွင်​ ဖြစ်​ပွားခဲ့​သောနိုင်​ငံ​တော်​အာဏာသိမ်းမှု၏​နောက်​ကွယ်​တွင်​ ဗိုလ်​​နေ၀င်းနှင့်
အ​ပေါင်းပါစစ်​ဗိုလ်​တစ်​ချို့သာရှိခဲ့သည်​မဟုတ်​။
ဗမာမဟာလူမျိုးကြီးဝါဒီနိုင်​ငံ​ရေးသမားများစွာလည်း
နိုင်​ငံ​တော်​အာဏာသိမ်းမှုတည်း​ဟူ​သောနိုင်​ငံ​ရေး
ပြစ်​မှုကြီးကျူးလွန်​ရာတွင်​ အလိုတူအလိုပါများ
ဖြစ်​ကြ​ကြောင်း​လေ့လာသုံးသပ်​​တွေ့ရှိရပါသည်​........လို့
ဒဲ့ပဲ ပွင့်ပွင့်လင်းလင်းပဲဆိုထားတယ်​။
(Dr.Salai)

၂၀၀၇မှာ​ရွှေဝါ​ရောင်​အ​ရေးခင်းဖြစ်​လာတယ်​။
၂၀၀၈နာဂစ်​မုန်​တိုင်းထဲမှာ၂၀၀၈​ခြေဥကို ပြဋ္ဌာန်းတယ်​။အဲဒီ​နောက်​နှစ်​နှစ်​အကြာ၂၀၁၀မှာစစ်​ဗိုလ်​​တွေဝတ်
စုံချွတ်​ပြီး အရပ်​ဘက်​ပုံဖမ်းပြီး၅နှစ်​အုပ်​ချုပ်​တယ်​။
၂၀၁၂မှာကြိုတင်​စီစဉ်​ထားတဲ့အတိုင်းရခိုင်​ကို
မီးရှို့ တယ်​။သီတာ​ထွေးကိုမုဒိန်းကျင့်ပါတယ်​ဆိုတဲ့တရားခံ​တွေ​ထောင်​ထဲသူတို့ဘာသာသူတို့သတ်​​သေ
လိုက်​တယ်​ဆိုပြီးအမှုပိတ်​လက်​စ​ဖျောက်​လိုက်​တယ်​။
အဲဒီရခိုင်​ပြည်​က ရိုဟင်​ဂျာ​တွေဟာသူတို့လက်​ထဲမှာ
အုပ်​ချုပ်​ခံအဖြစ်​​ခေတ်​အဆက်​ဆက်​​နေခဲ့ကြတာဖြစ်
တယ်​။ရခိုင်​ပြည်​မှာစစ်​တပ်​ နစက၊လ၀က စတဲ့
ဝန်​ထမ်း​တွေအပြင်​ ​ထောင်​ထွက်​အိမ်​မဲ့ယာမဲ့ဗမာ​တွေကို
ရခိုင်​ရိုဟင်​ဂျာတို့​ဒေသမှာ ​နေရာ​မြေ​တွေ​ပေးပြီး
လူဦး​ရေတိုးဖို့ကြိုးစား​နေတာ ၁၉၈၀​ကျော်​ကာလ​တွေ
ကတည်းကဖြစ်​တယ်​။၁၉၉၂မှာနစက​ပေါ်လာပြီး
ကတည်းက စစ်​တပ်​လုပ်​ရပ်​ဟာ Genocide
လုပ်​ရပ်​​ဘောင်​ထဲဝင်​​နေပြီးဖြစ်​တယ်​။သို့​သော်
အဲဒီတုန်းကနိုင်​ငံ​ရေးပြဿ     နာ​တွေရှုပ်​​ထွေး​နေတာ
ကြောင့်အဲဒီဘက်​ကိုဘယ်​သူမှအာရုံမစိုက်​ခဲ့ကြဘူး။
ဒီမှတ်​တမ်းမှတ်​ရာအားလုံးဟာ UN နဲ့ အေ​မရိကန်
ုပြည်​​ထောင်​စု​ဆီကိုအချိန်​နဲ့တစ်​​ပြေးညီဝင်​​နေတယ်​။
သို့​သော်​ ကမ္ဘာနဲ့အ​မေရိကန်​ပြည်​​ထောင်​စုက ​ဒေါ်စုကို
စစ်​တပ်​အတိုက်​အခံ Democracy Icon အဖြစ်
ပေါ်ထွက်​​လာ​စေပြီးအရပ်​ဘက်​အုပ်​ချုပ်​​ရေး​ပြောင်း
လဲသွားမယ့်စီမံကိန်း​ပေါ်မှာအားခဲထားခဲ့တယ်​။
တစ်​ချို့က ရိုဟင်​ဂျာ​တွေမြန်​မာစကားမတတ်​ဘူး
ဘင်္ဂလား ကလာတယ်​ စသဖြင့်ဆိုကြသူ​တွေရှိတယ်​။
အဲလိုပဲ ၀​တွေ၊ကိုးကန့်​​တွေဟာ ဗမာစကား​တောင်​မ
တတ်​ဘူး။ဝပြည်​မှာတရုတ်​စကား​ပြော တရုတ်​ပိုက်​ဆံပဲ
သုံးတယ်​။ရိုဟင်​ဂျာမြန်​မာစကားမတတ်​တာ မဆန်းဘူး။အလားတူ မြန်​မာစကားမတတ်​တဲ့မွန်​​တွေ၊ကရင်​​တွေ
ရှမ်း​တွေ အများကြီးကျုပ်​ဂုတ်​ဆွဲပြမယ်​။မဟုတ်​က
ဟုတ်​က လုပ်​ဇတ်​​တွေကို​ပြော​နေဆို​နေကြလို့
ဒါကို​ပြော​နေရတာပဲ။အဲဒါ ပြီး​တော့ ၂၀၁၂မှကြား
ဖူးတဲ့ ၁၉၄၉မူဂျာဟစ်​လှုပ်​ရှားမှုကို မသိရင်​ မူဂျာဟစ်
Study လုပ်​ထားသလား​အောက်​​မေ့ရ​​လောက်​​အောင်
အာ​ဘောင်​အာရင်းသန်​သန်​နဲ့ဒီဘတ်​​ခေတ်​ဂျင်းစာ
တွေဖတ်​ပြီးလွှတ်​​တော့တာပဲ။

မူဂျာဟစ်​သူပုန်​​တွေကို​ခေါင်း​ဆောင်​တဲ့​ခေါင်း​ဆောင်​ပိုင်း
ထဲမှာ ဗုဒ္ဓဘာသာရခိုင်​ကြီးက ​အ​ထွေ​ထွေအတွင်း​ရေး
မှူးရာထူးကြီးယူထားတာပါ။စိတ်​၀င်​စားရင်​၊
မယုံရင်​ဘူးသီး​တောင်​မြို့နယ်​ဖြစ်​စဉ်​သမိုင်းကို
လေ့လာပါ။၂၀၁၈ကို​ရောက်​မှ ၁၉၄၉မူဂျာဟစ်​လှုပ်​ရှား
မှုကိုအ​ကြောင်းပြပြီးမျက်​ရည်​ခြူ ​နေတဲ့ရခိုင်​​တွေ
လည်းရှက်​တတ်​ဖို့လိုပြီ။၁၉၄၉ မူဂျာဟစ်​သူပုန်​ထမှု
အ​ကြောင်းသိပ္ပံနည်းကျသိချင်​ရင်​ အစ္စ​ရေးသု​တေသီ Dr.Moshe Yegar အစ္စ​ရေးတက္ကသိုလ်​ကိုတင်​သွင်း
တဲ့ပါရဂူဘွဲ့ယူကျမ်း The Muslim in Burma
မှာ​လေ့လာပါ။ပြည်​တွင်းက၀ံသာနုစာ​ရေးဆရာ​တွေ
ရေးတဲ့လုပ်​ဇတ်​သမိုင်း​တွေဖတ်​ပြီးလက်​သီး​လက်​​မောင်း
တန်းမ​နေနဲ့။အရှက်​ကွဲတာပဲအဖတ်​တင်​မယ်​။ထားပါ။
ကျ​နော်​​ပြောချင်​တာ အခု ရခိုင်​ကိစ္စဟာအပျက်​ပျက်
နဲ့နှာ​ခေါင်း​သွေးထွက်​လာပြီ။၁၉၇၈ နဂါးမင်းစစ်​ဆင်
ရေး​နေ၀င်းလုပ်​ပြီးကတည်းက ရိုဟင်​ဂျာ​တွေ ပြည်​မ
ကိုလာလို့မရ​တော့တာယ​နေ့အထိပဲ။စစ်​​တွေမြို့​ပေါ်
တက်​ရခက်​သွားပြီး။စစ်​​တွေမှာလည်းဒီလူမျိုး ​ဒေသခံ
တွေရှိတယ်​။တစ်​မြို့ကတစ်​မြို့သွားခွင့်ပိတ်​တယ်​။
ခွေး​တွေလိုဆက်​ဆံတယ်​။ရခိုင်​ပြည်​နဲ့ရန်​ကုန်​သွား
လာ​နေတဲ့ကားသမား​တွေအသိဆုံးဖြစ်​မယ်​ထင်​တယ်​။
ဟသာင်္စီမံချက်​နဲ့ပြန်​လက်​ခံ​တော့လည်းလက်​ခံ​ရေး
ပုံစံ​ရေးသွင်းတဲ့စာရွက်​ထဲမှာလူမျိုးရိုဟင်​ဂျာလို့ပဲ
ရေးသွင်းခဲ့တယ်​။၂၀၁၂အ​ရေးခင်းကြီးပြီးတဲ့​နောက်
အိမ်​​တွေ​ပျောက်​ပြီး ကမ်​ပ့်​တွေထဲ​ရောက်​သွားတာ
အခုဆိုရင်​ ၆နှစ်​ရှိလာပြီး။ကိုယ်​ကိုယ်​တိုင်​၅နှစ်​ကမ်​ပ့်
ထဲဝင်​​နေပြီးခံစားကြည့်​ပါ။ရိုဟင်​ဂျာ​တွေဟာစာမတတ်
ပေမတတ်​ လူမွဲ​တွေဖြစ်​တယ်​လို့​ပြောရင်လည်းမမှားဘူး။
ဒါ​ပေမဲ့ စစ်​​တွေတက္ကသိုလ်​မှတ်​တမ်းမှာသွားကြည့်​။
စာ​တော်​တဲ့ရိုဟင်​ဂျာ​တွေကိုမြင်​ရမယ်​။ဘွဲ့လက်​မှတ်
မ​ပေးဘဲထားထားတာ။၅ဘာသာဂုဏ်​ထူးရှင်​​တွေ၊
၆ဘာသာဂုဏ်​ထူးရှင်​ရိုဟင်​ဂျာ​တွေကိုလည်းမမြင်
ချင်​အဆုံးမြင်​ရမယ်​။စာမတတ်​ရတာလား
စာမသင်​ရတာလား ၂၁ရာစု​ရောက်​​နေတာ​တောင်
အသိဥာဏ်​နိမ့်ပါး​နေတဲ့နိုင်​ငံသား​တွေမစဉ်းစားတတ်
တာ မအံ့သြပါဘူး။

နိုင်​ငံ​ရေးကိုနိုင်​ငံ​ရေးလိုမြင်​ဖို့လိုတယ်​။ဘာသာ​ရေး
တွေလူမျိုး​ရေး​တွေမြင်​​နေကြလို့ယ​နေ့ တိုင်းပြည်​မှာ
အခက်​ခဲ​တွေဖြစ်​​နေရတာပါ။လက်​နက်​ကိုင်​အဖွဲ့​တွေ
နဲ့ငြိမ်းချမ်း​ရေးလုပ်​ရမလား၊စီးပွားပျက်​​နေတာကို
တည်​​ဆောက်​ရမလား၊အ​ခြေခံအ​ဆောက်​အအုံInfrastructure ​တွေတည်​​ဆောက်​ရမလား၊
ရခိုင်​ပြဿ     နာကို​ဖြေရှင်းရမလား၊လူမျိုး​ရေး
ဘာသာ​ရေးအနိုင်​ကျင့်မှု​တွေကိုလိုက်​ထိန်းရမလား၊
ခါးပိုက်​​ဆောင်​သံဃာ​တွေရဲ့ ​သောင်းကျန်းမှုကို
အ​ရေးယူရမှာလား၊စစ်​အုပ်​စုရဲ့ ဝါဒဖြန့်​မှု​တွေကို
တားဆီးရမှာလား ဘာ​တွေလုပ်​ကြမှာလဲ။အစိုးရ
သစ်​တက်​လာတယ်​။အ​မေရိကန်​အစိုးရကကြိုဆိုတဲ့အစိုး
ရသစ်​ဖြစ်​တယ်​။ဒါ​ပေမဲ့ အ​မေရိကန်​Investment 
တွေဘယ်​မလဲ။Investment ​တွေ
ဝင်​မလာဘဲနဲ့ မ​မျှော်​နဲ့။အ​မေရိကန်​​တွေဟာအရူး​တွေ
မဟုတ်​ဘူး။Eagle ကိုအလကားစစ်​အုပ်​စုခြ​င်္သေ့​ကောက်
တင်​သလိုတင်​ထားတာမဟုတ်​ဘူး။သိန်းငှက်​တစ်​​ကောင်​ရဲ့ 
မျက်​လုံးလိုကမ္ဘာကြီးကို​ထောင့်စုံက​နေကြည့်​နေတာပါ။
လူ့အခွင့်အ​ရေးမရှိတဲ့တိုင်းပြည်​မှာလာပြီးရင်းနှီးမြုပ်​နှံဖို့
ဆိုတာ အ​မေရိကန်​​တွေအတွက်​အ​တော်​စဉ်းစားရမယ့်
ကိစ္စဖြစ်​တယ်​။

ခရိုနီ​တွေစားပြီးကျန်​တဲ့အရိုးကိုဝိုင်းကိုက်​​နေကြရ
တာကိုမှတ်​မိ​သေးတယ်​ဆိုရင်​ပြည်​တွင်းခရိုနီ​တွေ
၊အမျိုးသားဖက်​ဆစ်​​တွေကိုဆက်​တမ်းတကြ​ပေါ့။
အလုပ်​ရုံကြီး​တွေ၊စက်​ရုံကြီး​တွေဝင်​မလာဘဲနဲ့
စက်​မှုဖွံ့ဖြိုးတဲ့နိုင်​ငံဘ၀ကိုဘယ်​လိုတက်​မှာလဲ။
ဒါကို​မေ​မေနားမလည်​ဘူးလား။နားလည်​လျက်​နဲ့
လစ်​လျူရှု​နေတာလား။အုပ်​ချုပ်​မှုအတတ်​ပညာ
မတတ်​တာလား၊စစ်​အုပ်​စုနဲ့​ပေါင်းစား​နေတာလား၊
ဆိုတာကို​တော့သူကိုယ်​တိုင်​ပဲအသိဆုံးဖြစ်​မှာပါ။
သမိုင်းက​တော့ဆက်​သွား​နေမှာပဲ။အချိန်​တစ်​ခု
ကို​ရောက်​တဲ့အခါ သမိုင်းကမှတ်​တမ်းတင်​လာ​တော့
မှာပါ။အစွန်း​ရောက်​အမျိုးသား​ရေးဝါဒကို
အမြစ်​ပြတ်​​ချေမုန်းဖို့​ကြောက်​​နေတယ်​။အစိုးရ
တစ်​ရပ်​ဟာပြတ်​သားဖို့လိုတယ်​။မပြတ်​သားခဲ့လို့
ဦးနုအစိုးရဘာဖြစ်​ခဲ့တယ်​ဆိုတဲ့သမိုင်းကလတ်​လတ်
ဆတ်​ဆတ်​ကြီးရှိ​နေတာပါ။တုတ်​ထမ်း​ပြောရတဲ့
ပုဂံရာဇ၀င်​မဟုတ်​ဘူး။ဒါ​ကြောင့်အစိုးရတစ်​ရပ်
လုပ်​ပြီး ဟိုဟာ​ပြောရမှာလဲ​ကြောက်​ ဒီဟာ​ပြောရမှာ
လဲမ​ကောင်းဆိုပြီးငြိမ်​​နေတာထက်​ လုပ်​သင့်တာကို
ပြတ်​ပြတ်​သားသားမူဝါဒချလုပ်​မှသာ ​အောင်​မြင်​တဲ့
အစိုးရတစ်​ရပ်​ဖြစ်​လာမှာဖြစ်​တယ်​။

ပြောသာ​ပြောရတယ်​။မြန်​မာပြည်​လက်​ရှိအ​နေထား
နဲ့တိုးတက်​ဖွံ့ဖြိုးတဲ့နိုင်​ငံတစ်​ခုဖြစ်​လာဖို့အ​တော်​ခဲ
ယဉ်း​နေပါတယ်​။လက်​ပံ​တောင်း​တောင်​၊​မြစ်​ဆုံ၊
OBOR စီမံကိန်း၊​ကျောက်​ဖြူ -ကူမင်းရထားလမ်း
စတဲ့စီမံကိန်း​တွေဟာလူထုအကျိုးဖြစ်​မလား လူတစ်​စု
အကျိုးဖြစ်​သွားမလား​စောင့်ကြည့်​ရမယ်​။အစိုးရ
သစ်​အာဏာရပြီး​တရုတ်​ပြည်​ထွက်​သွားတယ်​။
One Belt One Road ​ဟာ တကယ်​​တော့၂၁ရာစု
ပိုးလမ်းမကြီး 21st. Century Maritime Silk Road နဲ့ ပိုးလမ်းမကြီးစီးပွား​ရေးရပ်​၀န်း Silk Road Economic Belt ကို​ပေါင်းပြီး OBOR လို့​ခေါ်တာ
ဖြစ်​တယ်​။အဲဒီမှာပါတဲ့ Belt ဆိုတာ တရုတ်​နိုင်​ငံ
အလယ်​ပိုင်းက​နေ ဗဟိုအာရှအထိ ဆက်​နွယ်​​နေ
တဲ့ရထားလမ်း၊ကားလမ်း၊​ရေနံ၊သဘာဝဓာတ်​​ငွေ့
ပိုက်​လိုင်း စတဲ့ကွန်​ရက်​ကိုဆိုလိုတာဖြစ်​တယ်​။
Road ဆိုတာက​တော့ ​တောင်​အာရှ၊အ​ရှေ့ ​တောင်​အာရှ
နဲ့​မြေထဲပင်​လယ်​၊အ​ရှေ အာဖရိကကမ်းရိုးတန်း
တစ်​​လျှောက်​​ဖော်​ထုတ်​မယ့်​ ဆိပ်​ကမ်းအပါအ၀င်
ကမ်းရိုးတန်းအ​ခြေခံအ​ဆောက်​အဦးကွန်​ရက်​ကို
ဆိုလိုတာဖြစ်​ပါတယ်​။ဒါဟာတရုတ်​သမ္မတရှီကျင်​ဖင်းရဲ့ 
အိုင်​ဒီယာကလာတာဖြစ်​တယ်​။

တစ်​ခါ​ကျောက်​ဖြူ  -​ရွှေလီသဘာဝဓာတ်​​ငွေ့ ပိုက်​လိုင်း
ဟာစတင်​​နေပြီး အဲဒါနဲ့အပြိုင်​တည်​​ဆောက်​မယ့်
ကျောက်​ဖြူ  -​ရွှေလီရထားလမ်း၊နာမည်​​ကျော်​မြစ်​ဆုံ
စီမံကိန်း၊စတာ​တွေပါဝင်​​နေတယ်​။ပိုက်​လိုင်းဟာ
ရခိုင်​ပြည်​နယ်​​ကျောက်​ဖြူ  ကစတင်​ပြီး မန္တ​လေး၊
လားရှိုး၊မူဆယ်​ကတစ်​ဆင့် ​ရွှေလီက​နေတရုတ်​ပြည်
အတွင်းပိုင်းထဲကိုဆက်​သွားမှာဖြစ်​တယ်​။ရေနံပိုက်
လိုင်းဟာ အ​ရှေ့ အလယ်​ပိုင်းနဲ့အာဖရိက​ရေလမ်း
က​နေလာမှာဖြစ်​တယ်​။အားလုံးတရုတ်​ထဲကိုစီးဝင်
ဖို့စီစဉ်​ထားတာပါ။တရုတ်​ဟာစွမ်းအင်​လုံခြုံ​ရေးမှာ
အားနည်းချက်​ရှိ​နေတယ်​။အာဖရိကနဲ့အ​ရှေ့ 
အလယ်​ပိုင်းက​ရေနံ​တွေဟာ မလက္ကာ​ရေလက်​ကြား
ကတစ်​ဆင့်ဖြတ်​ပြီးသယ်​ယူ​နေရတယ်​။မလက္ကာ​ရေ
လက်​ကြားဟာကျဉ်း​မြောင်းပြီးပင်​လယ်​ဓားပြအန္တရယ်
ရှိတယ်​။အလားတူ စစ်​ဖြစ်​လာရင်​လည်း မလက္ကာ​ရေ
လက်​ကြားကိုရန်​သူဟာဖြတ်​ပိတ်​ဆို့လိုက်​တာနဲ့
တရုတ်​စွမ်းအင်​ကျဆုံးသွားမှာဖြစ်​တယ်​။
ကျောက်​ဖြူ လမ်းကို​ရွှေးလိုက်​တာ​ကြောင့်သူ့အတွက်
လမ်းခရီး ကီလိုမီတာ၃၀၀၀ ​လောက်​သက်​သာမယ်​။

မြန်​မာဟာတရုတ်​ပြည်​​တောင်​ဘက်​မှာရှိ​နေတယ်​။
အ​မေရိကန်​ပါဝါလွှမ်းမိုးခံထက်​တရုတ်​လွှမ်းမိုးခံမြန်​မာ
ကိုလိုချင်​တယ်​။မြန်​မာနဲ့ကပ်​လျက်​ရှိတဲ့ယူနန်​ပြည်​နယ်​ဟာအ​ရှေ့ ​တောင်​အာရှ၊​တောင်အာရှတို့နဲ့ဆက်​စပ်​​နေ
တာ​ကြောင့်တရုတ်​မဟာဗျူဟာမှာယူနန်​ဟာ
အချက်​အချာကျ​နေတယ်​။တရုတ်​နိုင်​ငံဟာအ​ရှေ့ 
ဘက်​မှာပစီဖိတ်​သမုဒ္ဒရာတစ်​ခုတည်းနဲ့ဆက်​စပ်​​နေ
တာ​ကြောင့်အိန္ဒိယသမုဒ္ဒရာကိုပါအသုံးပြုချင်​​နေတယ်​။
အိန္ဒိယသမုဒ္ဒရာကိုအသုံးပြုနိုင်​ရင်​ပစီဖိတ်​သမုဒ္ဒရာ
နဲ့ဆက်​စပ်​သွားမယ်​။တနည်းအားဖြင့်တရုတ်
ဟာသမုဒ္ဒရာနှစ်​စင်းနဲ့ဆက်​စပ်​သွားမယ်​။ဒါကိုပဲ
Two Ocean Strategy သမုဒ္ဒရာနှစ်​စင်းမဟာဗျူ
ဟာလို့​ခေါ်တာ။တရုတ်​ဟာ ပြင်​ပဆက်​ဆံ​ရေးမှာ
အားနည်း​နေ​သေးတယ်​။၂၀ရာစုတစ်​ခုလုံးမှာ၁၀ပုံ
ပုံ ၁ပုံအတိုင်းတာ​လောက်​ပဲပြင်​ပဆက်​ဆံ​ရေးရှိခဲ့တာပါ။
ပြည်​ပပို့ကုန်​ဦးစား​ပေးလာတာ​ကြောင့်သမုဒ္ဒရာနဲ့
ဆက်​ဆံ​ရေးဟာအ​ရေးပါလာတယ်​။အဲဒါ​တွေ
ကြောင့်မြန်​မာဟာ ကြားခံကုန်​သွယ်​​ရေးမှာ အ​ရေး
ပါ​နေတယ်​။စီးပွား​ရေးပညာရှင်​​တွေကတရုတ်​ရဲ့ 
သံယံဇာတအ​ခြေပြု ကုန်​ထုတ်​လုပ်​ငန်းဘယ်
အတိုင်းအတာထိဆက်​လက်​တိုးတက်​​နေမယ်​ဆို
တာအကဲခတ်​​နေကြတယ်​။တရုတ်​ဟာစီးပွား​ရေးမှာ
သာတိုးတက်​​နေ​ပေမယ့်​နည်းပညာပိုင်းမှာများစွာ
လိုအပ်​ချက်​ရှိ​နေ​သေးတဲ့နိုင်​ငံပါ။မြန်​မာဟာ
Geostrategic ပထ၀ီအ​ခြေ​နေအရအ​ရေးပါ​နေ
တာအမှန်​ပဲ။ဒါ​ပေမဲ့ဒီ​နေရာမှာ​မေးစရာ​ပေါ်လာတာက Geopolitic ကိုကိုင်​တွယ်​ကစားနိုင်​တဲ့အရည်​အ​သွေး
ရှိလားဆိုတာပါပဲ။မြန်​မာပြည်​ ​ဒေါက်​တာကြီး​တွေမှာ
Geopolitic ကိုကိုင်​တွယ်
ကစားနိုင်​တဲ့အရည်​အချင်း စီမံကိန်းရှိလား၊ဒါမှမဟုတ်​ တရုတ်​​ပေးတာယူ​​ကျွေးတာစားပြီးလူတစ်​စု​ကောင်း
စား​ရေးအတွက်​လားဆိုတာပါပဲ။ဘာစီမံကိန်းပဲလုပ်​လုပ်
တိုင်းပြည်​နဲ့လူမျိုးအကျိုးရှိမလားဆိုတာအရင်
စဉ်းစားရမှာဖြစ်​တယ်​။မြန်​မာပြည်​ဟာ စစ်​​အေးအား
ပြိုင်​မှုအတွင်းကျ​ရောက်​​နေချိန်​မျိုးမှာ​တောင်
နိုင်​ငံ​ရေးကိုကစားပြီးတိုင်းပြည်​တိုးတက်​အောင်
လုပ်​နိုင်​သူမရှိခဲ့ဘူး။အခုလို အင်​မတန်​သိမ်​​မွေ့တဲ့ Geopolitic ကိုကိုင်​တွယ်​ကစားနိုင်​မယ့်သူမရှိဘူး
လို့ပဲထင်​တယ်​။အဆိုးမြင်​တယ်​​ပြောလဲခံရမှာပဲ။
မြင်​စရာအ​ကောင်းမရှိခဲ့တဲ့သက်​တမ်းကလူ
ကို​ခြောက်​လန့်​​နေတယ်​။ပါလီမာန်​​ခေတ်​မှာပြည်​​တော်
သာစီမံကိန်း၊မဆလ​ခေတ်​မှာ ဘာစီမံကိန်း ညာစီမံကိန်း
ဆိုပြီးလုပ်​ခဲ့ကြတာချည်းပဲ။ဘာမှဖြစ်​မလာခဲ့ဘူး။
အခု​ဒေါ်စုအာဏာရသက်​တမ်း၂နှစ်​အတွင်းမှာ
အုပ်​ချုပ်​​ရေးရာမှာအမှတ်​​ပေးရ​လောက်​တဲ့
အကွက်​တစ်​ကွက်​မှမ​တွေ့ရ​သေးဘူး။အလားတူ
နိုင်​ငံတကာဆက်​ဆံ​ရေးပိုင်းမှာလည်း မတိုးတက်​တဲ့
အပြင်​ ညံ့ဖျင်းလွန်း​နေတယ်​။စီးပွား​ရေးလည်း
ထူးထူးခြားခြားဘာမှဖြစ်​ထွန်းမလာဘူး။အဲ​တော့
မြန်​မာပြည်​မှာအစိုးရသာ​ပြောင်းသွားတာ။ကျန်​တာ
ဘာမှမ​ပြောင်းဘူး။မြေ​ဈေး​တွေ​ခေါင်​ခိုက်​​နေဆဲ။အလုပ်
လက်​မဲ့​ပေါ​နေဆဲ။စုတ်​ပြတ်​​နေဆဲပဲ။

ဘယ်​လိုပဲဖြစ်​ဖြစ်​ မြန်​မာပြည်​မှာ
၁။ကမ္ဘာ့ တန်းဝင်​​ငွေ​ကြေးစနစ်​ဖြစ်​ထွန်းထားရပါမယ်​။
၂။လက်​နက်​ကိုင်​ပဋိပက္ခ​တွေကင်း​နေရမယ်​။
၃။လူထုညီညွတ်​မှုဖြစ်​​နေရမယ်​။
ဒီ​ဖော်​ပြပါအချက်​၃ချက်​မရှိဘဲမဖြစ်​​ပေါ်​သေးဘဲ
ဘာဆိုဘာမှလုပ်​လို့မရဘူး။လူများစုအ​ခြေပြု အာဏာရှင်
ဒီမိုက​ရေစီပုံစံကိုစစ်​တပ်​က​ဖော်​​ဆောင်​ချင်​​နေတယ်​။
ဒါဟာလည်း ​အောင်​မြင်​တဲ့နိုင်​ငံဘ၀ကိုတွန်းတင်​​ပေး
နိုင်​မှာမဟုတ်​ဘူး။ဒါ​ကြောင့် ဒီအချိန်​မှာ ဟိုနိုင်​ငံ
ဒီနိုင်​ငံဆိုတာခဏ​မေ့ထားပြီး မိမိတိုင်းပြည်​အတွင်း 
အေးချမ်းသာယာပြီးလူထုဒီမိုက​ရေစီရ​အောင်​ပဲ
အရင်​ကြိုးစားသင့်တယ်​။နိုင်​ငံသား​တွေရဲ့ ဘဝ
အာမခံချက်​ရှိ​အောင်​အရင်​ကြိုးစား​ပေးသင့်တယ်​။
နိုင်​ငံတကာအကူအညီမပါဘဲ ဘာမှဖြစ်​လာဖို့မရှိဘူး။
ဒါ​ကြောင့်​ပေါင်းသင်းတတ်​ဖို့လိုတယ်​။အမျိုးသား​ရေး
ဂျို ကြွလို့ ၀ဲစွဲခဲ့ပြီးပြီး။ဒီအထိလည်းအသိတရား
မရ​သေးဘူးဆိုရင်​ဆက်​မိုက်​ကြရုံပဲရှိ​တော့တယ်​။

ဆက်​ပါဦးမည်​။

https://m.facebook.com/story.php?story_fbid=379758072777535&id=100022300364681

0 ယောက်မှတ်ချက်ပြုခဲ့သည် to “History of Modern Burma....10”

Post a Comment

Related Posts Plugin for WordPress, Blogger...