Tuesday, June 19, 2018

ဝန်ကြီးမှစ၍ အစိုးရအဖွဲ့ဝင်များအားလုံး အစိုးရနှင့် တိုက်ရိုက်မသက်ဆိုင်သည့် ပွဲအခမ်းအနားများသို့ တက်ရောက်ခြင်းမပြုရန် သမ္မတရုံးက ညွှန်ကြားထား

,
19 - 6 -2018


အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ထားခြင်းမရှိသော ပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းရှင်များ၏ အစီအစဉ်ဖြင့်ကျင်းပသည့် အခမ်းအနားများသို့ တက်ရောက်ခြင်းမပြုရန် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းအားလုံး၊ ပြည်ထောင်စုဝန်ကြီးဌာနအားလုံး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့အားလုံးသို့ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း သိရသည်။

ယင်းညွှန်ကြားချက်မှာ နိုင်ငံတော်သမ္မတရုံးမှ အမြဲတမ်းအတွင်းဝန် ဦးခင်လတ် လက်မှတ်ရေးထိုးပြီး ယခုလ(ဇွန်လ)အတွင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတော်အစိုးရ (သို့မဟုတ်)တိုင်းဒေသကြီး/ပြည်နယ်အစိုးရနှင့် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ထားခြင်းမရှိသော ပြည်တွင်း/ပြည်ပ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ၏ အစီအစဉ်ဖြင့် ကျင်းပပြုလုပ်သည့် အခမ်းအနားများသို့ တက်ရောက်ရန် ဖိတ်ကြားမှုများကို လက်ခံတက်ရောက်ခြင်းမပြုရန် လမ်းညွှန်မှုအရ အကြောင်းကြားအပ်ပါသည်”ဟု ယင်းညွှန်ကြားချက်တွင် ဖော်ပြထားသည်။

အစိုးရအလုပ်နှင့် ဆက်စပ်ခြင်းမရှိဘဲ ဝန်ကြီး၊ ဒုဝန်ကြီး၊ ဝန်ကြီးချုပ်ဖြစ်ခြင်းကြောင့် ဖိတ်ကြားခံရသည့် အခမ်းအနားများသို့ တက်ရောက်ခြင်းမှာ အမြင်မတော်ခြင်းကြောင့် ယင်းညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံတော်သမ္မတရုံး၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက မီဒီယာများသို့ ပြောသည်။

မင်းထင်
New Watch

https://m.facebook.com/story.php?story_fbid=215808802363034&id=100018017472980

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဝန်ကြီးမှစ၍ အစိုးရအဖွဲ့ဝင်များအားလုံး အစိုးရနှင့် တိုက်ရိုက်မသက်ဆိုင်သည့် ပွဲအခမ်းအနားများသို့ တက်ရောက်ခြင်းမပြုရန် သမ္မတရုံးက ညွှန်ကြားထား”

Post a Comment

Related Posts Plugin for WordPress, Blogger...