Tuesday, January 16, 2018

မှောင်ထဲကအလံတော်-သရ၀ဏ်(ပြည်)

,
        မှောင်မည်းသောအခန်းတစ်ခုထဲမှာဖြစ်သည် ။ နိုင်ငံတော်အလံတော်ကိုအလေးပြုပါဆိုသော စာသားပေါ် လာပြီးမရှေးမနှောင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏အလံနှင့်အတူ နိုင်ငံတော်သီချင်းသံပျံ.လွင့်လာသည် ။ ခန်းမထဲတွင်ရှိကြသော လူအားလုံးအနက် ဆယ်ရာခိုင်နှုန်းထက်မပိုသော လူများကမတ်တပ်ထရပ်ပြီးအလေးပြုကြသည် ။ သူတို့ထဲကမှ နှစ်ယောက် သုံးယောက်လောက်ကသာ နိုင်ငံတော်သီချင်း အဆုံးအထိ မတ်တပ်ရပ်နေကြသည် ။ မတ်တပ်ရပ်သူအများစုကတော. စက္ကန်.အနည်းငယ်ခန့် ၀တ်ကြေ၀တ်ကုန်မတ်တပ်ရပ်ကြပြီး ချက်ခြင်းပြန်ထိုင်ကြသည် ။လုံးဝမတ်တပ်မရပ်ပဲ နေကြာစေ့ ၊ ကွာစေ. စားနေကြသူများကလည်း လူများစုဖြစ်သည် ။ ဤသည်ကား ယနေ့ခေတ် ရုပ်ရှင်ရုံများသို.သွားရောက် ကြည်.ရှုတိုင်း မရိုးနိုင်အောင်တွေ.မြင်ရသောမြင်ကွင်းဖြစ်သည် ။

         တစ်ခါတွင်တော. ရုပ်ရှင်ရုံထဲတွင်  ဆယ်ကျော်သက်လူငယ်လေးဦးသည် နိုင်ငံတော်သီချင်းပြီးဆုံးသည်အထိ ဇွဲကောင်းကောင်းဖြင်. မတ်တပ်ရပ် အလေးပြုနေတာ အံ.သြ၀မ်းမြောက်ဖွယ်တွေ.ရပေသည် ။ လူငယ်သော်လည်းအသိမငယ်သော အာဂ ကောင်လေး ၊ကောင်မလေးတွေပါလား ဟုစိတ်ထဲမှချီးကျူးမိပါသည် ။ နိုင်ငံတော်အလံကိုအလေးမပြုကြသောယခုခေတ် မြန်မာနိုင်ငံသားတော်တော်များများနှင်.ပါတ်သက်၍လည်း ပြောချင်စရာများ ရှိလာလေသည် ။ ထို.ကြောင်.ဤဆောင်းပါးကိုရေးပါသည် ။ နိုင်ငံတော်အလံ ကိုအလေးမပြုကြခြင်း၌ ပြောစရာ အချက်နှစ်ချက် ရှိပေသည် ။ ပြည်သူလူထုဖက်နှင့်အစိုးရဖက်ဖြစ်သည် ။
          ပြည်သူလူထုဘက်ကပြောရလျင် အချို. မြန်မာနိုင်ငံသားတော်တော်များများသည် နိုင်ငံတော် အလံနှင့်အစိုးရ ကို သိပ်ပြီးမကွဲပြားကြတာတွေ.ရသည် ။ အစိုးရနှင်.အလံ ၊ အလံနှင်.အစိုးရ ပူးတွဲပြီးမြင်ထားသောအခါ အချို.သူများသည်  ဒီအစိုးရ ငါကြိုက်တာမှ မဟုတ်တာ ၊ ဘာဖြစ်လို.ငါတို.က ဒီအလံကြီးအလေးပြုရမှာလဲ  ဟုလည်းကောင်း ။ အချို.ကမူ
         “ ဒို့က အရင်အလံတော်ကိုပဲကြိုက်တယ် ။ အခု သုံးရောင်ခြယ် ၀ါ စိမ်း နီ အလံကြီး ကို မကြိုက်ဘူး ၊ဒီအလံတော် ကို အမျိုးသားညီလာခံမှာ အတည်ပြု သတ်မှတ်ကြတုန်းကလည်း ငါတို.ပါခဲ.တာမဟုတ်ဘူး “ စသည်ဖြင်.ပြောကြသေး၏ ။စင်စစ် နိုင်ငံတစ်နိုင်ငံ၏ အလံသည် ပါတီတစ်ခု ၏ အလံမဟုတ်ပေ ။ အစိုးရဆိုသည်မှာ ရွေးကောက်ပွဲတွင် နိုင်လိုက် ရှုံးလိုက် တက်လိုက်ကျလိုက် ရှိနေမည်ဖြစ်ပြီး နိုင်ငံတော်အလံမှာ တိုင်းပြည်၏ အချုပ်အခြာ အာဏာပိုင်မှု သင်္ကေတအဖြစ် ( လွှတ်တော်မှ မပြင်မခြင်း) အစဉ်အမြဲတည်ရှိနေမည်ဖြစ်သည် ။ အစိုးရတစ်ရပ်ကိုကြိုက်ခြင်း မကြိုက်ခြင်း၊ပါတီတစ်ခုကိုကြိုက်ခြင်းမကြိုက်ခြင်းသည် လူတစ်ယောက်ခြင်း၏မွေးရာပါအခွင်.အရေးဖြစ်သော်လည်း နိုင်ငံတော် အလံကို အလေးပြုခြင်းမှာ ထိုအလံကိုကြိုက်ခြင်းမကြိုက်ခြင်းနှင်.မဆိုင်၊ မိမိသည် အချုပ်အခြာ အာဏာပိုင်စိုးသော လွတ်လပ်သည်. နိုင်ငံတစ်နိုင်ငံမှ နိုင်ငံသားဖြစ်သည် ဟု ကိုယ့်ဖာသာဂုဏ်ယူသည့်အနေဖြင်. နိုင်ငံကိုလည်းကောင်း မိမိကိုယ်ကို လည်းကောင်း လေးစားဂုဏ်ပြုကြခြင်းဖြစ်သည် ။  ကိုယ့်နိုင်ငံ ကိုယ့်အလံကိုမှ အလေးမပြု ချင်သောလူမျိုးသည် နိုင်ငံတစ်ခုနှင်.မထိုက်တန်သောလူမျိုးဖြစ်သည် ။ ကျွန်စော်နံနေသော လူမျိုးဖြစ်သည် ။

       မြန်မာနိုင်ငံသည် အင်္ဂလိပ်လက်အောက်တွင်ကိုလိုနီလက်အောက်ခံဘ၀ဖြင့်နေထိုင်ရစဉ်က အိုလံပစ် ပြိုင်ပွဲများတွင် မြန်မာအားကစားအဖွဲ.သည် ၀င်ရောက်ဆင်နွှဲခဲ့ ဖူးပါသည် ။ ထိုစဉ်အခါက မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီလက်အောက်တွင်ကျရောက်နေသည်.အပြင် မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံ၏လက်အောက်သို.သွတ်သွင်းကာ အင်္ဂလိပ်တို့ကအုပ်ချုပ်ခဲ့သဖြင့် မြန်မာအားကစားအဖွဲ့သည် မြန်မာဖြစ်ပါလျက် မြန်မာနိုင်ငံတော်အလံကို ဆွဲကိုင်လွှင့်ထူခွင့်မရ ၊ အိန္ဒိယ ဆိုသော အလံအောက်တွင်သာဝင်ရောက်ယှဉ်ပြိုင်ခဲ.ရပါသည် ။ အချုပ်အခြာ အာဏာမရှိသဖြင့် ကိုယ့်အလံကိုပင်ကိုယ်မလွှင့်နိုင်ပဲ မျက်နှာငယ်ခဲ့ရသောကာလဖြစ်သည် ။

     ယခုအချိန်အထိ ကမ္ဘာပေါ်ရှိအချို.နိုင်ငံတစ်ချို.သည် လွတ်လပ်ရေးတည်းဟူသော အချုပ်အခြာ အာဏာ အပြည့်အ၀ မရရှိသေးသဖြင်. နိုင်ငံတကာ အစည်းအဝေးများ ၊ ကုလသမဂ္ဂညီလာခံများ ၊ အားကစားပြိုင်ပွဲများတွင် မိမိတို.နိုင်ငံအလံတော်ကိုမလွှင့်ထူနိုင်ကြရှာချေ ။ ဥပမာ တိဘက် နိုင်ငံသည်လည်းကောင်း ၊ ထိုင်ဝမ်နိုင်ငံသည်လည်းကောင်း ၊ ပါလက်စတိုင်းနိုင်ငံသည်လည်းကောင်း အခြုပ်အခြာ အာဏာအပြည်.အ၀ပိုင်စိုးသောနိုင်ငံများမဟုတ်ကြသဖြင်. နိုင်ငံတကာအလည်တွင် တရုတ် (တိုင်ပေ) ဟူ၍ လည်းကောင်း၊ တရုတ် (တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင်.ရ ဒေသ ) ဟူ၍ လည်းကောင်း၊ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ.ဟူ၍လည်းကောင်းစခန်းသွားနေရသည်များကို တွေ.နိုင်ပါသည် ။ထိုနိုင်ငံသားတို. စိတ်ထဲတွင် နိုင်ငံတကာ၌ ကိုယ့်နိုင်ငံအလံ (အစစ်)ကိုတရားဝင်လွှင့်ထူပြီး မတ်တပ်ရပ်အလေးပြုချင်စိတ်တို. မည်မျှရှိလိုက်လေမည်နည်း ။ နိုင်ငံတော်သီချင်းကို မည်မျှ အော်ဟစ်သီဆိုချင်ကြမည်နည်း ။
        အဖိုးတန်ပစ္စည်းတစ်ခုကိုအဖိုးတန်မှန်းမသိပဲ ကိုယ့်လက်မှလွတ်ကာမှ အရူးမီးဝိုင်းကြေကွဲရမှုမျိုးလည်း ဥမ္မာဒန္တီ ပျို. ၊ ရွဲကုန်သည်ပြဇာတ်စသော နိပါတ်တော်များ ၊ပုံပြင်များတွင် ရှိခဲ.ဖူးပါသည် ။ လွယ်လွန်း၍တန်ဖိုးမထားသောအဖြစ်မျိုးသည် လူတို့၌ ဖြစ်တတ်ပါသည် ။ စာရေးသူတို.နိုင်ငံတွင် ရန်ကုန် ၊မန္တလေး ၊ နေပြည်တော် စသောမြို.ကြီးများတွင် သင်္ကြန်ပွဲတော်ကြီးများဆင်နွှဲပြီး ရေပိုက်များ ရာနှင်.ထောင်နှင်.ချီကာ မြူးကြပျော် ကြ ၊ပက်ကြသောမြင်ကွင်းကို ချောက် ၊ရေနံချောင်း၊စလေ ၊တောင်တွင်း၊မကွေး၊နတ်မောက်စသော ရေရှားသောဒေသများမှ ဒေသခံများက ငေးကြည့်နေရပါသည် ။ ရန်ကုန်သူရန်ကုန်သား နှင့်အခြားမြို.ကြီးများမှ  မြို.လူထုကမူ ရေ များအလျှံပါယ်သုံးစွဲနေရသည် ကို တန်ဖိုးရှိလို့ရှိမှန်းမသိ ၊ နှမျောရကောင်းမှန်းလဲမသိပေ ။ အချို.ဆိုလျင် မိမိ အိမ်မှရေဘုံပိုင်ခေါင်းမှ ရေများလျှံကျကာမြောင်းထဲသို.၂၄ နာရီ ပါတ်လုံးအလဟသစီးဆင်းနေသည်ကို အရေးတယူဆောင်ရွက်ခြင်းမပြုပဲ အရေးမကြီးသောကိစ္စတစ်ခုသဖွယ်ပြုမူနေထိုင်ကြသည် ကိုတွေ.ဖူးမြင်ဖူးပါသည် ။ ရေ တစ်ပုံးရရန် သုံးမိုင်ခန်.နေပူထဲတွင် ခြေလျင်သွားခတ်ရမှ ရေတန်ဖိုးကိုသိကြပါသည် ။ ပေါပေါများများရနေသူကတန်ဖိုးနားလည်မည်မဟုတ်ပါ ။ စဉ်းစားဥာဏ် ရှိလျင်မူကား စာနာစိတ်ဖြင်.တွေးကြည်.လျင်သိနိုင်ပါသည် ။ အလံတော်ကိစ္စမှာလည်းထိုနည်းနှင်နှင်ဖြစ်ပါသည် ။

        အင်္ဂလိပ်လက်အောက်တွင်နေခဲ.ရစဉ်က ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဗြိတိသျှတို.၏ ယူနီယံဂျက် အလံကိုပဲ အရိုအသေအလေးအမြတ်ပြု (အလေးပြု )ခဲ.ကြရသည် ။ ထိုစဉ်ကမြန်မာကြီးများ၏ရင်ထဲဝယ် ကိုယ်. တိုင်းပြည်ကိုယ်.လူမျိုး၏အလံတော်ကို မည်မျှ အလေးပြုချင်ရှာလိုက်မည်နည်း ။ ယခုတော့ ကိုယ့်လူမျိုးသည် လွတ်လပ်လေပေပြီ ။ ကိုယ်.အစိုးရနှင်.ကိုယ်.အလံရှိလေပြီ ။ ကိုယ်.အခြုပ်အခြာအာဏာကိုကိုယ်ပိုင်လေပြီ ။ ကိုယ့်အလံကိုယ် အလေးပြုစရာ ခိုင်ခိုင်မာမာရှိလေပြီ ။နိုင်ငံတော်သီချင်းဟူ၍ ထင်ထင်ရှားရှားရှိလေပြီ ။ ယူနီယံဂျက်အလံကိုချ၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို ၁၉၄၈ ဇန်န၀ါရီ (၄)ရက်နံနက်ကလွှင့်ထူခဲ့ခြင်းမှာ အလံချ အလံတင်အခမ်းအနားသက်သက်သာမဟုတ် ။ဗြိတိသျှတို.၏ အာဏာစက် ကျဆုံးသွားပြီး မြန်မာပြည်တွင် မြန်မာတို.၏အချုပ်အချာအာဏာပြန်လည်ပိုင်စိုးပြီဟူသည်. သင်္ကေတ ကို ကမ္ဘာသိပြလိုက်သောအခမ်းအနားဖြစ်သည် ။

       အစိုးရကိုမကြိုက်တာနှင်.အလံကို တရားခံရှာစရာမလိုပေ ။၁၉၈၈ အရေးအခင်းကာလက                    မြန်မာ.ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရကို မကြေနပ်သဖြင်. အချို.ကနိုင်ငံတော်အလံကို ထဘီလုပ်ဝတ်ခြင်း ၊ မီးရှို.ခြင်းများ လုပ်ခဲ့ကြသည် ။ အကယ်စင်စစ် အစိုးရကိုမကြိုက်လျင်သော်မှ ထိုအချိန်ကတရားဝင်တည်ရှိနေသောနိုင်ငံတော်အလံကိုမူကား အလေးထားလေးစားရပေမည် ။ အလံတော်သည်အချုပ်အခြာအာဏာပိုင်စိုးမှု၏သင်္ကေတဖြစ်သည် ။
      မိမိနိုင်ငံအလံတော်ကို မိမိနိုင်ငံသားများးကကာကွယ်စောင့်ရှောက်ရပေမည် ။နိုင်ငံရေးပါတီကြီးတစ်ခု၏ပါတီညီလာခံတွင် နိုင်ငံတော်အလံကို ပြောင်းပြန် ဇောက်ထိုးလွှင့်ထူခဲ့သည်ကိုလည်း မြင်ဖူးပါသည် ။ တမင်လုပ်သည်လား ၊ မတော်တဆ မှားသည်လားတော. ကာယကံရှင်များပဲသိပေလိမ့်မည် ။ စင်စစ်သော်ကား မမှားသင့်သည့်အမှားဖြစ်ပေသည် ။ ပြောလိုရင်းကား ပြည်သူလူထုသည် ဘာအကြောင်းကြောင့်ပဲဖြစ်စေ တရားဝင် တည်ရှိနေသော ကိုယ့်နိုင်ငံတော်အလံကို လေးစားတန်ဖိုးထားသင့်ပါ၏ ။ရုပ်ရှင်ရုံထဲမှာပင်ဖြစ်စေ မထီမဲ့မြင်မပြုလုပ်သင့်ပေ ။

         နောက်တစ်ခါ ပြောစရာရှိသည်မှာ အစိုးရဘက်ကဖြစ်သည် ။ နိုင်ငံတစ်နိုင်ငံ၏ အခြုပ်အခြာ အာဏာ သင်္ကေတဖြစ်သော အလွန်မြင်.မြတ်သည်. နိုင်ငံတော်အလံနှင်. နိုင်ငံတော်သီချင်းကို ရုပ်ရှင်ရုံထဲသို.သွင်းသင်.သလားဟူ၍ မေးခွန်းထုတ်စရာ ရှိသည် ။ နိုင်ငံတော်သီချင်းဆိုသည် မှာ နိုင်ငံခြားခေါင်းဆောင်ကြီးများကို ဂုဏ်ပြုတပ်ဖွဲ.မှ ကြိုဆိုရာတွင် လည်းကောင်း၊နိုင်ငံတကာအဆင်.အားကစားပြိုင်ပွဲများတွင် ပွဲမစမီ သီဆိုတီးမှုတ်ရာတွင်သော်လည်းကောင်း၊ဆုရရှိသောအသင်း၏ နိုင်ငံတော်အလံကို လွှင်.ထူရာ၌သော်လည်းကောင်း ၊ နံနက်တိုင်း ကျောင်းရှေ.အလံတင်အခမ်းအနားတွင်လည်းကောင်း၊ စစ်တပ် ၊ ရဲစခန်းများတွင် ကတိသစ္စာဆိုကြရာတွင်လည်းကောင်း သီဆိုတီးမှုတ်ကြရိုး ထုံးစံရှိပါသည် ။ ရုပ်ရှင် ရုံထဲတွင် နိုင်ငံတော် အလံကို အလေးပြုစေခြင်းမှာ ကွန်မြူနစ် ၊ဆိုရှယ်လစ်စသောခေတ်ဟောင်းက နိုင်ငံရေးအရိပ်များ ထိုးနေသလိုဖြစ်နေပါသည် ။ ကွန်မြူနစ်နိုင်ငံများတွင် သူတို.၏ ပါတီမူဝါဒကို နိုင်ငံသားများကြိုက်သည်ဖြစ်စေ၊မကြိုက်သည်ဖြစ်စေ အတင်းအဓမ္မ၀ါဒဖြန်.လေ.ရှိသည်ဖြစ်ရာ ထိုအထဲမှတစ်ခုမှာ ရုပ်ရှင်ရုံမရှောင် ၊ စက်ရုံ အလုပ်ရုံမရှောင် အလံတော်ကိုအလေးပြုရခြင်း လည်းပါဝင်ပေသည် ။
             ဒီမိုကရေစီနိုင်ငံကြီးများတွင်မူကား ပြည်သူက ရွေးကောက်သောအစိုးရက ပြည်သူ.ကိုယ်စား အုပ်ချုပ်နေသည်ဖြစ်ရာ အစိုးရက ပြည်သူလူထုအား ဇွတ်အဓမ္မ ရုပ်ရှင်ရုံထဲအထိ ၀ါဒဖြန်.နေစရာမလိုတော.ပေ။ ကျွန်တော် သည် အင်္ဂလန်နိုင်ငံ လန်ဒန်မြိုနှင်. စကော.တလန်နိုင်ငံ အီဒင်ဘရာမြို.များတွင် ရုပ်ရှင် ၀င်ကြည်.ဖူးရာ ကျွန်တော်ကြည်.သော ရုပ်ရှင်ရုံအားလုံးပင် နိုင်ငံတော်အလံကိုပြသခြင်း မရှိကြောင်းသတိပြုမိပါသည် ။ နိုင်ငံခြားတိုင်းပြည်များသို.ရောက်ဖူးသူများအားမေးကြည်.ရာ သူတို.ကြည်.ခဲ.ဖူးသမျှ ပြည်ပ ရုပ်ရှင်ရုံများတွင် နိုင်ငံတော်အလံ နှင့်အမျိုးသားသီချင်းပြသခြင်းမရှိကြောင်း တညီတညွတ်တည်းပြောပြကြပါသည် ။ကျူးဘား၊မြောက်ကိုရီးယား စသောအာဏာရှင်နိုင်ငံများမှာတော. ပြသလားသေသေချာချာမသိပါ။

         နောက်တစ်ချက်မှာ ခေတ်ကာလ ကွာဟချက်ဖြစ်ပါသည် ။ မြန်မာနိုင်ငံလွတ်လပ်ရေးရစဉ် ၁၉၄၈ ခုနှစ်ခန်.က ရုပ်ရှင်ဆိုသည်မှာ အလွန်ထူးဆန်းသော ကိစ္စဖြစ်ပါသည် ။ ကမ္ဘာပေါ်၌ အခြား ဖျော်ဖြေရေးများလည်းများများစားစားမရှိရာ ရုပ်ရှင်မှာ အထွတ်အမြတ်ဖြစ်ပေသည် ။ ရုပ်ရှင်ရုံဆိုသည် မှာ ထူးခြားဆန်းပြားသောနေရာတစ်ခု ဖြစ်သည် ။  မြန်မာနိုင်ငံ တွင်လည်းရုပ်ရှင် သည်ထိုခေတ်ထိုအခါက ကြီးမားဆန်းပြားသော ပွဲလမ်းသဘင်ကြီးဖြစ်နေပေသည် ။ ထို.ကြောင်. လွတ်လပ်ကာစ မျိုးချစ်စိတ်ပြင်းထန်နေသော နိုင်ငံအသစ်တစ်ခုသည် သူတို.နိုင်ငံ၏အမျိုးသားသင်္ကေတဖြစ်သော နိုင်ငံတော်အလံနှင်. အမျိုးသားသီချင်းကို ရုပ်ရှင်ရုံအထဲထိ သွတ်သွင်းခဲ.ကြခြင်းဖြစ်ဟန်တူပေသည် ။သူ.ခေတ်သူ.အခါနှင်.မှားသည်ဟုဆို၍ မရပါ ။
        သို.သော်အချိန်ကာလရေစီးကြောင်းနှင်.အတူခေတ်သည်ပြောင်းခဲ.ပြီဖြစ်သည် ။ ယနေ.ခေတ်သည် လွတ်လပ်ရေးရခါစ ၁၉၄၈ ခုနှစ်မဟုတ်တော. သလို၊ စစ်အေးတိုက်ပွဲကာလ ဖြစ်သော ၁၉၇၀ -၁၉၈၀ ကာလများလဲ မဟုတ်တော.ပါ ။ ကမ္ဘာပေါ်တွင် ကွန်မြူနစ်ဝါဒ ၊ အာဏာရှင်ဝါဒများလည်းခေတ်မစားတော.ပါ ။ မျိုးချစ်စိတ်ကို ရုပ်၇ှင်ရုံထဲအထိ ဆွဲခေါ်ရမည်.ခေတ်မဟုတ်တော.ပါ ။အီးမေးလ်ခေတ် ၊အင်တာနက်ခေတ် ၊ အိုင်တီခေတ်တွင်  ရုပ်ရှင်ကြည်.သည်ဆိုသည်မှာလည်း ဘာမှထူးဆန်းသောကိစ္စမဟုတ်တော.ပါ ။ ရုပ်ရှင်ရုံထဲသို.ရောက်လာကြသူများမှာလည်း မျိုးချစ်စိတ်ဓါတ် ရှိခြင်းမရှိခြင်းထက် ခေတ္တခနအပန်းဖြေရန် ပေါ.ပေါ.ပါးပါး ရောက်လာကြခြင်းဖြစ်သည် ။ထိုအနေအထားများကြောင်. ရုပ်ရှင်ရုံထဲတွင် နိုင်ငံတော်သီချင်းဖွင်.ပြ၍ နိုင်ငံတော်အလံအားအလေးပြုစေခြင်းမှာ သင်.တော်ပါလေစဟု တွေးမိပါသည် ။နဂိုကတန်ဖိုးကြီးမားသော နိုင်ငံတော်သီချင်းနှင်.အလံမှာ အလေးမထားသူများ၏ကြားသို.ရောက်သွားသောအခါ နေရင်းထိုင်ရင်း တန်ဖိုး ကျသွားသလိုဖြစ်နေပေသည် ။

      မြန်မာစကားပုံတွင် ငရုတ်သီးနှင်.ပေါင်း၍ ကြက်သွန်မှာရောအထောင်းခံရသည် ဟူသောစကားပုံရှိသည် ။ထိုင်နေအကောင်းသားထသွားမှ ကျိုးမှန်းသိဟူသော စကားလည်းရှိသည် ။ ဒူးနေရာဒူး တော်နေရာတော် ဟူသော စကားပုံလည်းရှိသည် ။နမ်းပါများတောပြယ် မြင်ပါများတော့ငယ် ဟူသောစကားလည်းရှိ၏ ။ ထိုစကားအားလုံးကိုသုံးသပ်ကြည်.သောအခါ ပစ္စည်းတစ်ခုသည် မည်မျှပင်ကောင်းသော်လည်းနေရာမှားပြီးရောက်လာပါက တန်ဖိုးယုတ်လျော့သွားတတ်သည်ဆိုခြင်းကိုညွှန်ပြနေပေသည် ။

    နိုင်ငံတော်အလံကိစ္စတွင်လည်း ပြည်သူလူထုဖက်က ကိုယ့်နိုင်ငံတော်အလံကို မည်သည်.အခြေအနေမှာပဲဖြစ်ဖြစ်လေးစားဖို့လိုမှာဖြစ်သလို အစိုးရဘက်ကလည်း အမှောင်ထဲမှာ ပြနေသော အလံကို တင်.တင်.တယ်တယ် အလင်းရောင်အောက်သို.ခေါ်ထုတ်ကာ လိုအပ်သည်.အခမ်းအနားလောက်တွင်မှတည်တည်တန်.တန်.အသုံးချသင်.ပါကြောင်း တင်ပြလိုက်ရပေသည် ။

 သရ၀ဏ် (ပြည်)

https://m.facebook.com/story.php?story_fbid=380019572443550&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မှောင်ထဲကအလံတော်-သရ၀ဏ်(ပြည်) ”

Post a Comment

Related Posts Plugin for WordPress, Blogger...