Saturday, January 5, 2019

ရခိုင်တွေ R2P အိပ်မက်မက်နေပြီလော

,
ပြည်ထောင်စုအမည်ခံမှ ခွဲထွက်လို၍ ရေးတဲ့စာ

ဘူးသီးတောင် |ဇန်နဝါရီလ ၅

မနေ့က ဘူးသီးတောင်မြောက်ပိုင်းက နယ်ခြားစောင့်စခန်း ၄ ခုကို AA က ဝင်တိုက်လိုက်တော့ AA နဲ့ရခိုင်တွေကို ဆဲဆိုအပြစ်တင်တာ တွေ့ရပါတယ်။

လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ကို တိုက်ခိုက်တာဟာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ်။ဒါပေမယ့် မနေ့ကဖြစ်စဉ်အပြီးမှ မြန်မာပြည်ပြိုကွဲတော့ မလိုလို|မြန်မာပြည်တည်မြဲဖို့ ရခိုင်လူမျိုးအားလုံးကို သတ်ပစ်ရတော့မလိုလိုပြောဆိုရေးသားကြ
တာတွေကို တွေ့ရဖတ်ရပါတယ်။

ဒီအပြင် AA ကို ASRA နဲ့ပေါင်းသွားသလိုလို ပေါင်းတိုက်သလိုလို ရေးသားပြောဆိုကြတာ ကိုလည်း တွေ့ရပါတယ်။တကယ်လိုသာ AA ဟာ ASRA နဲ့ပေါင်းသွားတယ်ဆိုရင် မြန်မာအစိုးရနဲ့မြန်မာစစ်တပ်ကို တိုက်စရာမလိုဘဲ R2P ဝင်လာစေနိုင်တဲ့အခြေအနေ တွေရှိနေပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ မြန်မာအစိုးရနဲ့မြန်မာစစ်တပ်ကို ခေါင်းခဲစေတဲ့ ဘင်္ဂလီအရေးကို ရခိုင်လူမျိုးတွေက ပိုသိပိုနားလည်သလို ၂၀၁၆ ၂၀၁၇မောင်တောဒေသက ဘင်္ဂလီပြဿနာ တွေတုန်းက မြန်မာစစ်တပ်နဲ့မြန်မာအစိုးရရဲ့လုပ်ရပ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရခိုင်တွေ အသိဆုံးဖြစ်သလို သက်သေအထောက်အထားတွေဟာလည်း ရခိုင်တွေလက်ထဲမှာ ရှိနေဆဲပါဘဲ။

AA အပါအဝင် ရခိုင်လူမျိုးတွေသာ ပြည်ထောင်စုစိတ်ဓါတ်မရှိရင်ဒီအချိန် မြန်မာအစိုးရ နဲ့မြန်မာစစ်တပ်ကို အများကြီးပြဿနာ တက်အောင် လုပ်လို့ရတဲ့အခွင့်အရေးဟာ ရခိုင်တွေလက်ထဲမှာပါ။

မောင်တောမှာ ၂၀၁၆ တိုက်ခိုက်ခံခဲ့ရတုန်းက မြန်မာစစ်တပ်က ဘင်္ဂလီတွေကို လေယာဉ်ပေါ်က စက်သေနတ်နဲ့ပစ်ခဲ့ဖူးတာတွေကိုမြန်မာစစ်တပ်က ဝန်ခံထားပေမယ့် မနေ့ကဖြစ်စဉ်မှာ လေယာဉ်ပေါ်က ဗုံးမကြဲခဲ့ပါဘူးလို့ မပြောသေးပါလား။

၂၀၁၇ ဖြစ်စဉ်မှာ မောင်တောဒေသက တူလာတူလီ ချွတ်ပြင် ဂူတာပြင် ဖောင်တော်ပြင် အပါအဝင် ကွမ်းသီးပင်ချောင်းဝဖြစ်စဉ်ကအစ မျက်မြင်သက်သေနဲ့သက်သေအထောက် အထားတွေဟာ ရခိုင်လူမျိုးတွေ ရခိုင်လူမျိုးတွေဆီမှာပါပဲ။

ရခိုင်လူမျိုးတွေသာ ဘင်္ဂလီတွေ AA သာ ASRAနဲ့ပေါင်းသွားရင် မြန်မာစစ်တပ်နဲ့မြန်မာအစိုးရကို တိုက်စရာမလိုဘဲ မြန်မာပြည်ထဲက ခွဲထွက်လို့ရပါတယ်။ မြန်မာစစ်တပ်နဲ့မြန်မာအစိုးရရဲ့ ဘင်္ဂလီတွေအပေါ်အပြစ်ကျူးလွန်မှုတွေကို နိုင်ငံတကာမှာ သက်သေခံလိုက်ယုံပါပဲ။

နောက်တစ်ချက်က AA ကို အမြစ်ပြတ်ချေမှုန်းရအောင် AA ဟာ သစ်တစ်ပင်မ ဟုတ်တော့ ပါဘူး။ရခိုင်လူမျိုးတွေရဲ့သဘာဝသစ်တောကြီးဖြစ်သွားပါပြီ။ဆိုလိုတာက ရခိုင်ပြည်နယ်ထဲက မြန်မာစစ်တပ်ရဲ့ စုစုပေါင်း လက်နက်အင်အား လူအင်အားကို AA က သိနေပြီးသားဖြစ်
သလို မြန်မာစစ်တပ်ရဲ့စစ်ရေးလှုပ်ရှားမှုအများစုသတင်းဟာ AA ဆီကို အချိန်တိုင်း ရောက်နေပါတယ်။Facebook ကို ထိန်းဖို့မလွယ်ဘူးဆိုတာသတိထားမိရင် သိကြမှာပါ။

တကယ်လိုသာ ရခိုင်လူမျိုးတွေ ပြည်ထောင်စုအမည်ခံမှ ခွဲထွက်လိုတ ယ်ဆိုရင် ဒီအချိန်မှာ အခွင့်အရေးဟာ ရခိုင်လူမျိုးတွေ လက်ထဲမှာရှိနေပေမယ့် ရခိုင်လူမျိုးတွေဟာ ပြည်ထောင်စုစိတ်ဓါတ်ရှိတာကြောင့် နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာဖို့ ကြိုးစားနေတာပါ။

ပြည်ထောင်စုအမည်ခံမှ ရခိုင်လူမျိုးတွေကို ခွဲထွက်သွားစေချင်ကြရင်တော့ များများအပြစ်တင် များများဖိနှိပ် များများပိတ်ပင်ထားပါ။ရခိုင်ပြည်နယ်ထဲက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြောင့် တာဝန်ရှိသူတွေ ICC မရောက်ပါစေနဲ့လို့ ဆုတောင်းပါတယ်။

ကောင်းမြတ်နိုင်
ရခိုင်လူမျိုး
ဘူးသီးတောင် ။

(ဓါတ်ပုံ_ရခိုင်စစ်ဘေးရှောင်တွေ)


https://m.facebook.com/story.php?story_fbid=2346265198982089&id=100007958955147

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရခိုင်တွေ R2P အိပ်မက်မက်နေပြီလော”

Post a Comment

Related Posts Plugin for WordPress, Blogger...