Thursday, March 22, 2018

ဒီချုပ်ထိပ်ပိုင်းခေါင်းဆောင် ဦးထွန်းထွန်းဟိန် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌဖြစ်လာ

,
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌအဖြစ် ဦးထွန်းထွန်းဟိန် ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်တင်မြှောက်လိုက်ပါပြီ။

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် နုတ်ထွက်သွားပြီးတဲ့နောက် ဒီကနေ့ မတ် ၂၂ ရက် လွှတ်တော်ဒုဥက္ကဌ ရွေးချယ်တင်မြောက်ပွဲ ကျင်းပရာမှာ ဦးထွန်းထွန်းဟိန်ဟာ ထောက်ခံမဲ ( ၂၇၀မဲ ) ဖြင့် ရွေးချယ်တင်မြှောက်ခံခဲ့ရခြင်း ဖြစ်သည်။

ဦးထွန်းထွန်းဟိန်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အမာခံ ပါတီဝင်တစ်ဦးဖြစ်ပြီး အထက်တန်းရှေ့နေတစ်ဦးလည်းဖြစ်ခဲ့သည်။

လက်ရှိတွင် ပါတီ၏ဗဟိုအလုပ်အမှုဆောင် အဖြစ် တာဝန်ယူထားသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် ၊ နောင်ချို မဲဆန္ဒနယ်မှဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သူ ဖြစ်သည်။

အဲဒီနောက်မှာတော့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီရဲ့ ဥက္ကဌ အဖြစ် တာဝန်ပေးခြင်းခံခဲ့ရပြီး ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့အချိန်တွင် အသက် ၆၉ နှစ်ရှိပြီ ဖြစ်သည်။

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌလောင်းအဖြစ် အမည်စာရင်းတင်သွင်းခံရသူများ ဖြစ်သည့် ဒီချုပ်ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန်နှင့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ဒေါက်တာမောင်သင်းတို့ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်တင်မြောက်ရာတွင် ဦးထွန်းထွန်းဟိန်က ထောက်ခံမဲ၂၇၀မဲ ၊ ဒေါက်တာမောင်အေးက ထောက်ခံမဲ ၁၄၃ မဲ ရရှိခဲ့ခြင်း ဖြစ်သည်။
.
7Day News Journal
.

https://m.facebook.com/story.php?story_fbid=276457606225313&id=100015832272209

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဒီချုပ်ထိပ်ပိုင်းခေါင်းဆောင် ဦးထွန်းထွန်းဟိန် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌဖြစ်လာ”

Post a Comment

Related Posts Plugin for WordPress, Blogger...