Thursday, December 28, 2017

ကျောက်ပြင်တစ်ချပ်နဲ့ ထမီတစ်ထည်

,
သူများပိုင်နက်ထဲ ကျုးကျော်ဝင်ရောက်လာတဲ့ အင်္ဂလိပ်က မောက်မောက်မာမာနဲ့  သီပေါဘုရင်ထံ စာတစ်စောင် ပို့ တယ်

သက်ဦးဆံပိုင်ဘုရင်တွေလေ  ဝုန်းကနဲ ဒေါသမီး ထတောက်တာပေါ့

ဒီအရေး ညီလာခံမှာ ပညာရှိ အမတ်တွေနဲ့  တိုင်ပင်ကြတော့  တခြားသော အမတ်တွေက အင်္ဂလိပ်နဲ့ စစ်ဆင်နွှဲဖို့  သီပေါဘုရင်ကို မြှောက်ထိုးပင့်ကော် လုပ်တယ် ( ဒါဟာ ရေမြေ့သနင်း ပြည့်ရှင်မင်းကို မထီမဲ့မြင်လုပ်တာ ) ဘာညာ ဘာညာပေါ့

ကင်းဝန်မင်းကြီး ဦးကောင်းကတော့  - တိုင်းပြည်ဟာ လူမမာလိုပဲ အင်အားချိနဲ့ နေပါတယ်  ဒီအချိန်မှာ -  အကယ်၍ စစ်ဖြစ်ခဲ့မယ်ဆိုလျှင်  စစ်သည်ရဲမတ်များနဲ့  ပြည်သူတွေသာ အထိနာမှာ ဖြစ်သောကြောင့် အခုအချိန်မှာ ဥပါယ်တံမျဉ်သုံး၍ တစ်တိုင်းပြည်လုံးရဲ့ အသက်ဘေးကို ကယ်တင်တော်မူပါ   နောင်မှ တိုင်းပြည်အင်အားတောင့်တင်းလာမှသာ စစ်ရေးစစ်ရာကို စဉ်းစားတော်မူပါ / စစ်ဆိုသည်မှာ နိုင်ခြေရှိမှသာ ခင်းသင့်ပါကြောင်း  သီပေါဘုရင်ကိုလျှောက်ထားတော့

စုဖုရားလက်က  -  ဒီအဖိုးကြီး ပြောလိုက်ရင် ဒီလိုချည်းပဲ   နေရာတကာ ကြောက်သလိုလို ရွံ့သလိုလိုနဲ့    ဟဲ့ အထိန်းတော်တွေ  ညနေကြရင်  ဦးကောင်းအိမ်ကို  ကျောက်ပြင်တစ်ချပ်နဲ့ ထမီတစ်ထည်ပို့လိုက်တဲ့

နောက်ဆုံးတော့  သူတို့ ပဲ အင်္ဂလိပ်ဖမ်းခေါ်သွားတဲ့နောက် အိန္ဒိယနိုင်ငံ ရတနာဂီရိကို ပါသွားခဲ့ရတယ် မဟုတ်လား ?

**********

စစ်ကိုမုန်းလို့ နှစ်ခြောက်ဆယ်လောက် အရှုံးအနိုင်မပေါ်ပဲ ပြည်သူမြေဇာပင်ဘဝရောက်တဲ့အထိ တိုက်နေကြတဲ့ကောင်တွေ ကင်းဝန်မင်းကြီးချီးကို နည်းနည်းလောက် စားကြပါလား  ?

အသိအမြင် အမှန်လေးများ ရမလားလို့ ပါ...

Credit.. SwanHtet
Nyi Nyi Nyi


https://www.facebook.com/permalink.php?story_fbid=372793026499538&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ကျောက်ပြင်တစ်ချပ်နဲ့ ထမီတစ်ထည်”

Post a Comment

Related Posts Plugin for WordPress, Blogger...