Monday, March 19, 2018

နာမကျန်းဖြစ်သွားသည့်အတွက် သြစတြေးလျတွင် ဒေါ်အောင်ဆန်းစုကြည် စကားပြောမည့်အစီစဉ် ဖျက်သိမ်း

,
ဒေါ်အောင်ဆန်းစုကြည် နာမကျန်းဖြစ်သွားသည့်အတွက် ဆစ်ဒီနီမြို့တွင် ကျင်းပမည့် စကားပြောပွဲတစ်ခုကို ရုတ်တရက် ဖျက်သိမ်းလိုက်ရသည်။

အင်္ဂါနေ့တွင် Lowy Institute ၌ ကျင်းပရန်မည့် စကားပြောပွဲတစ်ခုတွင် ပရိတ်သတ်များအား ဒေါ်အောင်ဆန်း စုကြည်က မိန့်ခွန်းပြောကြားရန်နှင့် မေးမည့်မေးခွန်းများကို ဖြေကြားရန် အစီစဉ်ရှိနေသည်။

သို့သော် ယင်းပွဲအစီစဉ်ကို ဖျက်သိမ်းပေးလိုက်ရကြောင်း ပွဲစီစဉ်သူများက ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။

"ဒီကနေ့ နေ့လည်မှာပဲ မြန်မာသံရုံးက Lowy Institute ကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နေထိုင်မကောင်း ဖြစ်လာတဲ့အတွက် ကျင်းပမဲ့ပွဲကို ပါဝင်နိုင်တော့မှာ မဟုတ်တဲ့ အကြောင်း အကြောင်းကြားခဲ့ ပါတယ်။" ဟု ပွဲစီစဉ်သူများက ထုတ်ပြန်သော ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

သို့သော် ယင်းပွဲအစီစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်အား ယခု စနေ-တနင်္ဂနွေ ရက်များအတွင်း ဆန္ဒပြသွားသည့် ဆန္ဒပြသမားများအတွက် ကန့်ကွက်ဆန္ဒပြရန် မျက်စေ့ကျစရာ ဖြစ်နေကြာင်း အေဘီစီ သတင်းဌာနက နောက်ဆက်တွဲရေးသားထားသည်။

Suu Kyi cancels Sydney speaking event

https://www.9news.com.au/national/2018/03/19/16/56/suu-kyi-cancels-sydney-speaking-event


https://m.facebook.com/story.php?story_fbid=1304766356324014&id=100003719851229

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ နာမကျန်းဖြစ်သွားသည့်အတွက် သြစတြေးလျတွင် ဒေါ်အောင်ဆန်းစုကြည် စကားပြောမည့်အစီစဉ် ဖျက်သိမ်း”

Post a Comment

Related Posts Plugin for WordPress, Blogger...