Wednesday, February 21, 2018

သာသနာတော်ကို အကြည်ညိုပျက်စေတဲ့ ကာယကံမှု၊ ၀စီကံမှု ကျူးလွန်နေကြတဲ့ ရဟန်းသာမဏေအချို့ကို အာဏာစက်နဲ့ဆောင်ရွက်နိုင်ဖို့ နိုင်ငံတော်သံဃနာယကဆရာတော်ကြီးများအား သာသနာရေးဝန်ကြီးလျှောက်ထား

,
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၀

အချို့ သော ရဟန်းသာမဏေများဟာ သာသနာတော်ရဲ့ ကျေးဇူးဂုဏ်ကိုမစောင့်ဘဲ ကြည်ညိုဖွယ်မဖြစ်တဲ့ ကာယကံမှု၊ ၀စီကံမှုတို့ကို ကျူးလွန်နေကြလို့ အောက်ခြေသံဃအဖွဲ့ အစည်းအဆင့်ဆင့်တို့ ရဲ့ ဓမ္မစက်ကို အာဏာပိုင်အဖွဲ့ အစည်းအဆင့်ဆင့်တို့ ရဲ့ အာဏာစက်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ထပ်မံညွှန်ကြားသင့်တယ်လို့ ဒီကနေ့ ကမ္ဘာအေးမှာ ပြုလုပ်တဲ့ သတ္တမအကြိမ် နိုင်ငံတော်သံဃနာယကအဖွဲ့၊ (၄၇)ပါး စုံညီ သောဠသမ အစည်းအဝေးမှာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဆရာတော်ကြီးများကို လျောက်ထားခဲ့ပါတယ်။

''အချို့ သော ရဟန်းသာမဏေများဟာ သာသနာတော်ရဲ့ ကျေးဇူးဂုဏ်ကိုမစောင့်၊ မိမိတို့ နောင်ရေးကိုလည်း သတိမရောက်ဘဲ သာသနာတော်တစ်ရပ်လုံးကို မထီမဲ့မြင်ပြုမူနေထိုင်ပြီး သာသနာ့ဝန်ထမ်း ရဟန်းအချင်းချင်းကိုလည်း မငဲ့၊ ဒါယကာ ဒါယိကာမများရဲ့ သဒ္ဓါတရားကို ဖျက်ဆီးလျှက် သာမဏသာရုပ္ပမဖြစ်တဲ့ ကာယကံမှု၊ ၀စီကံမှုတို့ ကို ကျူးလွန်နေကြပါတယ်ဘုရား။ ထိုသို့ကျူးလွန်နေခြင်းကြောင့် အခြားသီတင်းသုံးဖော် ရဟန်းကောင်း၊ သာမဏေကောင်းတို့ရဲ့ အကျင့်သိက္ခာကို မှေးမှိန်ရာရောက်စေတဲ့အပြင် မြတ်စွာဘုရားသာသနာတော် အဓွန့် ရှည်မှုကိုလည်း အန္တရာယ်ပြုရာ ရောက်နေပါတယ်ဘုရား။ သို့ ဖြစ်ပါ၍ နိုင်ငံတော်သံဃနယကအဖွဲ့  ကြီးက ထုတ်ပြန်ပြီးဖြစ်တဲ့ ညွှ့န်ကြားလွှာအမှတ်(၇၂) နဲ့ အညီ အောက်ခြေသံဃအဖွဲ့  အစည်းအဆင့်ဆင့်တို့ ရဲ့ ဓမ္မစက်ကို အာဏာပိုင်အဖွဲ့ အစည်းအဆင့်ဆင့်တို့ ရဲ့ အာဏာစက်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ထပ်မံညွှ့န်ကြားသင့်ပါကြောင်း လျှောက်ထားလိုပါသည်ဘုရား'' လို့ သူရဦးအောင်ကိုက နိုင်ငံတော်သံဃနာယကဆရာတော်များကို လျှောက်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် ယခုကာလမှာ အချို့ သောဘုရားစေတီိဂေါပကအဖွဲ့ များဟာ ဘုရားစေတီတော်များအတွက် လှူဒါန်းထားတဲ့ အလှူငွေများကို သြ၀ါဒစရိယဆရာတော်ကြီးများရဲ့ သြ၀ါဒကို မခံယူဘဲ မိမိတို့ ကိုယ်ကျိုးအတွက် သုံးစွဲနေကြတယ်လို့ကြားသိရတဲ့အတွက် ညွှန်ကြားလွှာ အမှတ်(၃၆)နဲ့အညီ ဖွဲ့စည်းဆောင်ရွက်နိုင်ရေးနဲ့ ဗုဒ္ဓဘဏ္ဍာတော်များမဆုံးရှုံးစေရေးအတွက် ကြပ်မတ်ကွပ်ကဲနိုင်ဖို့ သံဃအဖွဲ့ အစည်းအဆင့်ဆင့်ကို ညွှန်ကြားပေးဖို့ ကိုလည်း အကြံပြုလျှောက်ထာားခဲ့တာကိုတွေ့ ရပါတယ်။

မြန်မာနိုင်ငံမှာ ၁၃၇၉ ခုနှစ် ၀ါဆိုသံဃာစာရင်းအရ ရဟန်းသာမဏေ စုစုပေါင်း ၅၂၀၃၂၆ ပါးရှိတယ်လို့ သာသနာရေးဝန်ကြီးရဲ့လျောက်ထားချက်အရ သိရပါတယ်။

အဆိုပါရဟန်း သာမဏေများတွင် ရဟန်းသိက္ခာ၊ သာမဏေသိက္ခာတွေကို စောင့်စည်းပြီး ပရိယတ္တိသာသနာ၊ ပဏ္ဍိပတ္တိသာသာ ထွန်းကားပြန့်ပွားအောင် ဆောင်ရွက်လျှက်ရှိတဲ့ ရဟန်းသာမဏေအရေအတွက်ဟာလဲ အလွန်များပြားပါကြောင်း ၀န်ကြီးက လျှောက်ထားခဲ့ပါတယ်။ ရဟန်း၊ သာမဏေ အချို့ကသာ သာမဏသာရုပ္ပမဖြစ်တဲ့ ကာယကံမှု၊ ၀စီကံမှုတွေကို ကျူးလွန်နေကြတယ်လို့ ၀န်ကြီးကလျှောက်ထားတင်ပြခဲ့တာဖြစ်ပါတယ်။

ဖြိုးထက်အောင်

https://m.facebook.com/story.php?story_fbid=2076643505684767&id=287336421282160

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ သာသနာတော်ကို အကြည်ညိုပျက်စေတဲ့ ကာယကံမှု၊ ၀စီကံမှု ကျူးလွန်နေကြတဲ့ ရဟန်းသာမဏေအချို့ကို အာဏာစက်နဲ့ဆောင်ရွက်နိုင်ဖို့ နိုင်ငံတော်သံဃနာယကဆရာတော်ကြီးများအား သာသနာရေးဝန်ကြီးလျှောက်ထား”

Post a Comment

Related Posts Plugin for WordPress, Blogger...