Thursday, January 4, 2018

လှိုင်သာယာမြို့နယ်တွင် ၂၀၀၈ခြေဥဖျက်သိမ်းရေး စာရွက်ဖြန့်ဝေမှု ပြုလုပ်

,
၎/၁/၂၀၁၈
ရန်ကုန်။

၎.၁.၂၀၁၈ရက်နေ့တွင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး စာရွက်ဖြန့်ဝေခြင်းလှုပ်ရှားမှုကို လှိုင်သာယာမြို့နယ်၊ သမကုန်းအဝိုင်းထိပ်နှင့် မီးခွက်ဈေးတို့တွင် ၂၀၀၈အခြေခံဥပဒေဆန့်ကျင်သူများမှ ပြုလုပ်ခဲ့ကြသည်။
နေ့လည် ၁၂း၀၀နာရီတွင် လှိုင်သာယာသမကုန်းအဝိုင်းထိပ်တွင် လည်းကောင်း၊ နေ့လည် ၁း၀၀နာရီတွင် လှိုင်သာယာမီးခွက်ဈေးတွင် လည်းကောင်း ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး ပန်းဖလက် Campaginကို ပြုလုပ်ခဲ့ကြသည်။

"ပန်းဖလက်မှာ
၂၀၀၈အခြေခံဥပဒေပါ ပုဒ်မ (၁၀)ခုပါဝင်တယ်။ လူထုသဘောပေါက်နားလည်အောင် အကျဉ်းချုပ်ရေးထားတယ်၊ ၂၀၀၈ခြေဥ အပေါ် ဘဘဦးဝင်းတင်နဲ့ ဦးကိုနီတို့ရဲ့သဘောထားတွေလည်း ပါဝင်တယ်"
ဟု Campagin ပြုလုပ်သူတစ်ယောက်ကပြောပါသည်။

-စစ်အာဏာရှင်စနစ်(လုံးဝ)ကျဆုံးရမည်။
-ပြည်တွင်းငြိမ်းချမ်းရေး ရရှိရမည်။
-တိုင်းရင်းသားအားလုံး လွတ်လပ်ရေး၏ အနှစ်သာရကို ရရှိခံစားရမည်။
ဆိုသည့် အချက်(၃)ချက်လည်း ထည့်သွင်းရေးသားထားပါသည်။
Maung Tun Wai

#Dn
#Update_News
#Shareခြင်း_Copyယူခြင်းပြုလုပ်နိုင်သည်။

https://m.facebook.com/story.php?story_fbid=375747119537462&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “လှိုင်သာယာမြို့နယ်တွင် ၂၀၀၈ခြေဥဖျက်သိမ်းရေး စာရွက်ဖြန့်ဝေမှု ပြုလုပ်”

Post a Comment

Related Posts Plugin for WordPress, Blogger...