Friday, January 26, 2018

ဖိလစ်ပိုင် သမ္မတ ဒူတာတေးမှ ဒေါ်အောင်ဆန်းစုကြည်အား ကုလသမဂ္ဂ သည် အသုံးမ၀င်ကြောင်းနှင့် လူ့အခွင့်ရေးသမား များကို ဂရုမစိုက်ရန် ပြောကြားခဲ့

,
MANILA - ဖိလစ်ပိုင် သမ္မတ ဒူတာတေးက သူ၏မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွင် ဝေဖန်သူများကို သူက ပယ်ပယ်နယ်နယ်တွယ်ခဲ့သည့်အတိုင်း လူ့အခွင့်ရေးအဖွဲ့စည်များ၏ ဝေဖန်မှုများကို (သောက်) ဂရုမစိုက်ရန်  ဒေါ်အောင်ဆန်းစုကြည်အား အကြံပေးခဲ့ကြောင်း သောကြာနေ့က ပြောဆိုလိုက်သည်။

သူမအပေါ်ဝေဖန်သူများကို နောင်တွင် စိတ်ထဲမထားရန် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောဆိုခွင့်ရခဲ့သည့်အခါ တိုက်တွန်းပြောကြားခဲ့ကြောင်း ဒူတာတေးက ပြောပြခဲ့သည်။

"အောင်ဆန်းစုကြည်ဟာ ကျနော်တို့နှင့်အတူ ရှိနေပါတယ်။ ကျနော် သူမကို တကယ်သနားပါတယ်။ ဘာကြောင့်လဲဆို တော့ သူမဟာ နိုဗလ်ဆုရှင်တစ်ယောက်ဖြစ်ထားတော့ ချောင်ပိတ်မိနေလို့ပါ။ သူမအတော်လေးကို ဝေဖန်ခံနေရစဉ်မှာ ဆူညံပွက်လောရိုက် နေပါတယ် " လို့ နယူးဒေလီက အိန္ဒိယစီးပွားရေးသမားများအား မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။

"လူ့အခွင့်ရေးသမားတွေကို (သောက်)ဂရုမစိုက်ပါနဲ့၊ သူတို့ကောင်တွေက အုပ်စုလိုက်မှ ဆူဆူညံညံလုပ်တတ်တဲ့ ကောင်တွေပါ။" လို့ ကျနော်သူမကို ပြောခဲ့ပါတယ်။

Duterte says UN useless, tells Suu Kyi to ignore human rights critics

http://news.abs-cbn.com/news/01/26/18/duterte-says-un-useless-tells-suu-kyi-to-ignore-human-rights-critics

https://m.facebook.com/story.php?story_fbid=1268412426626074&id=100003719851229

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ဖိလစ်ပိုင် သမ္မတ ဒူတာတေးမှ ဒေါ်အောင်ဆန်းစုကြည်အား ကုလသမဂ္ဂ သည် အသုံးမ၀င်ကြောင်းနှင့် လူ့အခွင့်ရေးသမား များကို ဂရုမစိုက်ရန် ပြောကြားခဲ့”

Post a Comment

Related Posts Plugin for WordPress, Blogger...