Friday, November 2, 2018
အုပ်​ချုပ်​​ရေး​ပြောင်းပြီ...၂
,
အပိုင်း၁မှာတင်​ပြခဲ့တဲ့အတိုင်း ပြန်​တမ်း၁၇ချက်​နဲ့ မြန်​မာ
ပြည်​ကိုသိမ်းပိုက်​ခဲ့တာ​ကြောင့်အဲဒီအချိန်​ ဟမ်​နိုဗာမင်း
ဆက်​( House of Hanover)​တွေဖြစ်​တဲ့
George Louis(1660-1727)က GeorgeI-13နှစ်
George Augustus(1683-1760)II-33နှစ်
George William Frederik(1783-1820)III-
နန်းစံသက်​၆၀
George Augustus Freferik(1762-1830)IV-
၁၀နှစ်
Willaim(1765-1837)Willaim IV-၇နှစ်
Victoria(1820-1910)Victoria-64နှစ်
တို့လက်​ထက်​မှာ
 မုဆိုးဘိုမြို့အ​ရှေ့ ဘက်​အ​လောင်းစည်​သူဆည်​ထား
 တယ်​ဆိုတဲ့ ကုန်​​ဘောင်​ရိုး ရှိတာကိုအစွဲပြုပြီး
 ကုန်း​ဘောင်​ဆက်​ လို့​ခေါ်တဲ့
 အ​လောင်းဘုရား(၁၇၅၂-၆၀)၈နှစ်​နန်းစံ
 ဆင်​ဖြူ  ရှင်​-​မောင်​ရွ(၆၃-၇၆)၁၃နှစ်
 စဉ့်​ကူး-​မောင်​ရဲလှ(၇၆-၈၂)၆နှစ်
 ဘိုး​တော်​ဘုရား-​မောင်​၀ိုင်း(၈၂-၁၈၁၉)၃၇နှစ်
 ဘကြီး​တော်​-​မောင်​ဇင်​(၁၉-၃၇)၁၈နှစ်
 သာယာဝတီ/​ရွှေဘိုမင်း-​မောင်​ခင်​(၃၇-၄၆)၉နှစ်
 ပုဂံမင်း(၄၆-၅၃)၆နှစ်
 မင်းတုန်း-​မောင်လွန်(​​၅၃-၇၈)၂၆နှစ်
 သီ​ပေါ(၇၈-၈၅)၇နှစ်​  စုစု​ပေါင်း၁၁ပါးရဲ့၁၃၂နှစ်​ကြာ
 အုပ်​ချုပ်​​ရေးကိုနိဂုံးချုပ်​​ပေးခဲ့တယ်​။
အဲလိုသိမ်းပိုက်​ပြီးဘုရင်​ခံချုပ်​ဒပ်​ဖရင်​၊သူ့မိန်းမ Archie
သူ့သားMackezie Wallace,Lord William Bere
sford,Mr.Mc Ferran ဆရာဝန် Findlay,Lord
Cladeboye, Maj.Coopeတို့ပါဝင်​တဲ့အဖွဲ့ S.S Clive
သ​ဘောင်္နဲ့​ဖေ​ဖော်​၀ါရီ၃ရက်​​နေ့ကာလကတ္တားက​နေ ထွက်
ခဲ့ပြီး ၇ရက်​​နေ့မှာရန်​ကုန်​​ရောက်​ကြတဲ့အခါ မြစ်​အတွင်း
တယ်​။၉ရက်​​နေ့ပြည်​ကိုမီးရထားနဲ့ထွက်​လာပြီးပြည်
ဆိပ်​ကမ်းက မင်းတုန်းမင်းအမည်​တပ်​ထားတဲ့သ​ဘောင်္နဲ့
အထက်​ကိုဆန်​တက်​​တော့​ဖေ​ဖော်​၀ါရီ၁၂ရက်​​နေ့
မန္တ​လေးကို​ရောက်​တယ်​။
ကာနယ်​Sladen ရဲ့ အကြံပြုချက်​ဖြစ်​တဲ့လွှတ်​​တော်​နဲ့
အုပ်​ချုပ်​ရန်​ဆိုတဲ့အချက်​ကိုပယ်​ချပြီးလွှတ်​​တော်​ကို
ဖျက်​သိမ်းတယ်​။ဒပ်​ဖရင်​ကို ဂုဏ်​ပြု တဲ့အ​နေနဲ့ မန္တ​လေး
နန်း​တော်​ကို Fort Dufferin လို့ မှည့်​ခေါ်တယ်​။၁၀.၁၂
၁၈၈၈အိန္ဒိယဘုရင်​ခံချုပ်​ရာထူးက​နေ စွန့်​လွှတ်​တဲ့အခါ
သူ့ကို Marquis of Ava ဘွဲ့ကို ဗစ်​တိုးရီးယားဘုရင်​မက
ချီးမြင့်ခဲ့တယ်​။တိုင်းတာမင်းကြီးကို ဒီဇင်​ဘာ၂၇ရက်​​နေ့မှာ
ဖမ်းပြီးနယ်​နှင်​တယ်​။
မြန်​မာဟာဗြိတိသျှအင်​ပါယာထဲတရားဝင်​​ရောက်​ရှိသွား
တဲ့ ​အေဒီ၁၈၈၆ခုနှစ်​မှာ ကမ္ဘာ့ အလုပ်​သမား​နေ့​ပေါ်​ပေါက်
ဖို့စတင်​တယ်​။၁၈၆၉ အ​မေရိကန်​ပြည်​​ထောင်​စု ဖီလာဒယ်
ဖီးယားမှာ Uriah S. Stephens ​ခေါင်း​ဆောင်​တဲ့
စက်​မှုအလုပ်​သမားအဖွဲ့က Knights of Labour
အမည်​ရှိတဲ့ လျှို့ဝှက်​အလုပ်​သမားအဖွဲ့ ဖွဲ့ပြီး၁၈၇၉ခုနှစ်
မှာ ဒီအဖွဲ့အစည်းကို တရားဝင်​ပြန်​ဖွဲ့တဲ့အခါ အဖွဲ့ဝင်
၉၂၈၇​ယောက်​ ရှိခဲ့ပြီး ၁၈၈၆ခုနှစ်​မှာ​တော့ အဖွဲ့ဝင်
၇သိန်း၂​သောင်း၉​ထောင်​​ကျော်​ရှိလာခဲ့တယ်​။၈၆ ​မေလမှာ
အလုပ်​သမားဖွဲ့ကဦးစီးပြီးချီကာဂို မြို့ Hypermarket
Square တစ်​​နေ့အလုပ်​ချိန်​၈နာရီသတ်​မှတ်​ဖို့ဆန္ဒပြတဲ့
အခါ ဗုံး​ပေါက်​ကွဲပြီး ရဲ၁​ယောက်​​သေပြီး လူ၇ဦးဒဏ်​ရာ
ရခါ လူ၅၀​ကျော်​ဒဏ်​ရပြင်းပြင်းထန်​ထန်​ရခဲ့ကြတယ်​။
အဲဒီကိစ္စကိုအ​ကြောင်းပြု ပြီး ၁၈၈၉မှာကျင်းပတဲ့ ဒုတိယ
အကြိမ်​​မြောက်​ Socialist International က
မေလ၁ရက်​​နေ့ကို ကမ္ဘာ့ အလုပ်​သမား​နေ့လို့သတ်​မှတ်
ပြီးကမ္ဘာတစ်​၀ှမ်းကျင်းပခဲ့တာ ယခုဆိုရင်​ ၁၂၉နှစ်​တိုင်
ခဲ့ပြီ။
အင်္ဂလန်​ဟာမြန်​မာနဲ့စစ်​၃ကြိမ်​ဖြစ်​ခဲ့ရာမှာ ပထမ၂ကြိမ်
ဟာ အ​ရှေ့ အိန္ဒိယကုမ္ပဏီအ​နေနဲ့စစ်​ဖြစ်​ခဲ့တာဖြစ်​ပြီး
နောက်​ဆုံးတစ်​ကြိမ်​သာလျှင်​ အင်​ပါယာနဲ့စစ်​ဖြစ်​ခဲ့တာ
ဖြစ်​ပါတယ်​။၁၈၅၇ ​မေလ၁၀ရက်​​နေ့ အိန္ဒိယနိုင်​ငံမှာ
Sepoy Revolution ဖြစ်​ပြီးMeerut မှာရှိတဲ့ 
ခြေလျင်​တပ်​ရင်း၃ရင်းပုန်​ကန်​​တော့ ​ဒေလီ၊လက်​က​နောင်​၊
ကန်​ဘူရီစတဲ့မြို့​တွေမှာ​ထောင်​​ပေါင်းများစွာ​သော အင်္ဂလိပ်
တွေအသတ်​ခံကြရလို့ အ​ရှေ့ အိန္ဒိယကုမ္ပဏီရဲ့ စစ်​​ရေး၊
အုပ်​ချုပ်​​ရေးနဲ့နိုင်​ငံ​ရေးအာဏာ​တွေကို
...and all rights bested in, or which if this
Act had not been passed might have been
excercised by the said company in relation to any territories shall become
vested in Her Majesty and be excercised
in her name.....ဆိုတဲ့
၁၈၅၈ခုနှစ်​မှာပြဌာန်းတဲ့အိန္ဒိယဥပ​ဒေအရ အင်္ဂလိပ်
လန်​ဒန်​အစိုးရကလွှဲ​ပြောင်းယူခဲ့ပြီးဗစ်​တိုးရီးယားဘုရင်​မ
ကိုယ်​တိုင်​ Empress of India ဘွဲ့ကိုခံယူပြီး အုပ်​ချုပ်
လာတယ်​။ဒီပုန်​ကန်​မှု​ကြောင့်မဂို​နောက်​ဆုံးဘုရင်​ အဘူ
ဇဖရ်​ ဗဟာဒရ်​ရှားဟ်​(Abu Zafar Bahadur Shah)
ကို မြန်​မာပြည်​ပို့ပြီးနယ်​နှင်​ခဲ့တာ​ကြောင့် ရှားဟ်​ဇဖရ်
ဘုရင်​ဟာ ​အေဒီ၁၈၆၂ ခုနှစ်​ရန်​ကုန်​မြို့မှာကွယ်​လွန်​ခဲ့
တယ်​။ဒီလိုနှစ်​​ပေါင်း၂၅၀​ကျော်​တိုင်း​အောင်​အိန္ဒိယတိုက်​ငယ်
ရဲ့ နိုင်​ငံ​ရေး၊အုပ်​ချုပ်​​ရေး၊စစ်​​ရေးကိစ္စ အ၀၀ကို
Governor of Company of Merchants of
London Trading to the East Indies က တာ
ဝန်​ယူပြီး​ဆောင်​ရွက်​တဲ့​နေရာမှာ Secretatry of
State For India in Council နဲ့အစားထိုးလာခဲ့
တယ်​။ဒါ​ကြောင့် တတိယအင်္ဂလိပ်​-မြန်​မာစစ်​ပွဲဟာ
လန်​ဒန်​အစိုးရနဲ့ဖြစ်​တဲ့စစ်​ဖြစ်​တယ်​လို့​ပြောရတာပါ။
ကွက်​ကွက်​က​လေးသာကျန်​​တော့တဲ့ အထက်​မြန်​မာပြည်
ကိုအပြီးအပိုင်​သိမ်းယူပြီး ဗစ်​တိုးရီးယားဘုရင်​မ
(1837-1901)ရဲ့ ၁၈၈၇ခုနှစ်​ ဇွန်​လ၂၁ရက်​​နေ့မှာ ကျ
ရောက်​မယ့် နန်းသက်​နှစ်​၅၀ပြည့်အထိမ်းအမှတ်
နယ်​ပယ်​သစ်​တစ်​ခုကို ရခဲ့တာဖြစ်​ပြီးဘုရင်​မကို ဂုဏ်​ပြု
တဲ့အ​နေနဲ့ ရန်​ကုန်​မှာ Jubilee Hall တည်​​ဆောက်​ခဲ့ပြီး
အင်းယားကန်​ကို Vitoria Lake လို့​ခေါ်တွင်​​စေခဲ့တယ်​။
အသစ်​​ဖောက်​တဲ့လမ်းကို Queen Victoria Avenue
လို့နာမည်​​ပေးပြီး Victoria Mamorial Garden
ကိုဖွင့်လှစ်​ခဲ့တယ်​။၁၈၉၆ခုနှစ်​ Messrs Balthazar
လှူဒါန်းတဲ့ဗစ်​တိုးရီးယားဘုရင်​မ​ကြေးရုပ်​ ကို
Fytche Square(ယခု ဗန္ဓုလပန်းခြံ)မှာစိုက်​ထူပြီး
မင်းတပ်​နယ်​မှာရှိတဲ့​ ၁၀၀၁၈ ​ပေမြင့်တဲ့​တောင်​ကို
Mt. Victoria လို့နာမည်​​ပေးခဲ့ကြတယ်​။မြန်​မာပြည်
တောင်​ဘက်​စွန်း​ကော့​သောင်းကိုလည်း Victoria Point
လို့​ခေါ်တွင်​​စေခဲ့ပြီး ၁၉၀၈ခုနှစ်​ဥပ​ဒေအမှတ်​၁ဖြစ်​တဲ့
Rangoon Victoria Memorial Act ဆိုပြီးနာမည်
တပ်​ပြဌာန်းခဲ့တယ်​။ဗစ်​တိုရီးယားဘုရင်​မဟာ ၁၈၁၉ခုနှစ်
မှာ​မွေးပြီး ၁၉၀၁ခုနှစ်​ သူမအသက်​ ၈၂နှစ်​အရွယ်
၂၂.၁၁.၁၉၀၁ခုနှစ်​မှာ ကွယ်​လွန်​ခဲ့ကာ စုစု​ပေါင်းနန်းစံ
သက်​ ၆၃နှစ်​ ၇လနဲ့ ၃ရက်​ ရခဲ့တယ်​။ဗြိတိန်​သမိုင်းမှာ
နန်းသက်​အရှည်​ဆုံးရခဲ့တဲ့ ရှင်​ဘုရင်​ အမ ကြီးပဲဖြစ်​ပါ
တယ်​။
၁၈၈၅ ဒီဇင်​ဘာ၃ရက်​​နေ့အမိန့်​​ကြေငြာစာမှာ
....မန္တ​လေးမြို့ကို​ပေးအပ်​ရရှိပြီဖြစိသည့်အတိုင်းမြန်​မာ
ပြည်​နှင့်တတိယစစ်​ဖြစ်​ကြသည့်အရာကို ဘုရားသခင်
၏တန်​ခိုး​တော်​ဖြင့်လူသူအများ​သေ​ကြေပျက်​စီးခြင်းမရှိ
ဘဲ ​ကောင်းမွန်​စွာထ​မြောက်​​အောင်​မြင်​ပြီဖြစ်​၍.......စသ
ဖြင့်​ဖော်​ပြချက်​ဟာ တကယ်​​အတည်​ဖြစ်​ပါတယ်​။
အင်္ဂလိပ်​ဟာ မြန်​မာပြည်​ကိုသိမ်းတာ လူထုထိခိုက်​​စေမယ့်
လုပ်​ရပ်​မျိုးကျူးလွန်​ခဲ့တာမရှိဘူး။ဒါ​ကြောင့်မန္တ​လေးမြို့
သိမ်းပွဲဟာ ​ဂေါ်ဝိန်​ဆိပ်​မှာဟယ်​ရီစစ်​တပ်​၀န်းရံပြီး
အာဏာရှင်​ကိုလက်​နက်​ချဖမ်းဆီးကာ​ခေါ်သွားတာဖြစ်​လို့
လူထု​နေအိမ်​အ​ဆောက်​အဦးနဲ့ဘ၀​တွေထိခိုက်​ပျက်​စီးမှု
မရှိခဲ့ဘူး။စစ်​ပွဲ၃ကြိမ်​ဖြစ်​တယ်​ဆိုတာလည်းတကယ်​​တော့
တူတူတန်​တန်​တိုက်​တာဆိုလို့၁ပွဲပဲရှိတယ်​။ပထမစစ်​ကပဲ
စစ်​လို့​ခေါ်နိုင်​စရာရှိပြီး ကျန်​စစ်​၂ကြိမ်​ကို စစ်​လို့​ခေါ်နိုင်
စရာမရှိ​တော့ပါဘူး။ရန်​သူဟာ အရပ်​မျက်​နှာ​ပေါင်းစုံက
နေ၀ိုင်းပတ်​ထားပြီဖြစ်​တာမို့ လက်​နက်​ချအညံ့ခံရုံမှတပါး
အခြားမရှိဘူး။
အင်္ဂလိပ်​မြန်​မာ တတိယစစ်​ပွဲမှာကုန်​ကျခဲ့တဲ့စတာလင်
ပေါင်​​ငွေ၃သိန်းကို အင်္ဂလိပ်​အစိုးရကကုန်​ကျခံဖို့
သို့မဟုတ်​ အိန္ဒိယအင်္ဂလိပ်​အစိုးရက ကုန်​ကျခံဖို့
ကိစ္စကို ဗြိတိန်​ပါလီမန်​မှာ ၁၈၈၆ ​ဖေ​ဖော်​၀ါရီလ၂၂ရက်
နေ့မှာ ​ဆွေး​နွေးကြတဲ့အခါ ၁၈၅၈ အိန္ဒိယဥပ​ဒေအရ
ုမြန်​မာပြည်​တိုက်​ပွဲကဲ့သို့စစ်​ပွဲမျိုးကို Under urgent
and unforseen necessity Govt. Of India
not required to obtain priar consent of
Parliment for such action as burma
campaing.
အ​ရေး​ပေါ်မ​မျှော်​လင့်တဲ့ကိစ္စအတွက်​ အိန္ဒိယအစိုးရက
ဗြိတိန်​ပါလီမန်​ရဲ့ ကြိုတင်​သ​ဘောတးညီမှုရဖို့မလိုဘဲ
ဆောင်​ရွက်​နိုင်​တယ်​လို့ ပါရှိတဲ့အတွက်​ စစ်​ပွဲဟာ
ကူးသန်း​ရောင်းဝယ်​​ရေးကိစ္စ​ကြောင့်​ပေါ်​ပေါက်​လာရတာ
မဟုတ်​ဘဲ အိန္ဒိယတိုက်​ရဲ့ လုံခြုံ​ရေးလိုအပ်​ချက်​အရ
ဖြစ်​ပွားရတဲ့စစ်​ဖြစ်​တာ​ကြောင့် ဒီစစ်​ပွဲကုန်​ကျစရိတ်​ကို
အိန္ဒိယအစိုးရဘတ်​ဂျက်​မှကုန်​ကျခံ​စေရန်
(History of Modern Burma)၁၈၈၆ ​ဖေ​ဖော်​၀ါရီ
၂၂ရက်​​နေ့မှာ လန်​ဒန်​မြို့ပါလီမန်​က ​ထောက်​ခံမဲ၂၉၇မဲ
ကန့်ကွက်​မဲ ၈၂မဲနဲ့ ဆုံးဖြတ်​ခဲ့တယ်​။
ဒီ​နေရာကျ​နော်​တို့တစ်​ခုသတိထားမိရမှာက အင်္ဂလိပ်​ဟာ
မြန်​မာပြည်​ကိုစတင်​သိမ်းပိုက်​စဉ်​ကတည်းက ဥပ​ဒေနဲ့
သာအရာအားလုံးကိုကိုင်​တွယ်​​နေတာ​တွေ့ရမှာပါ။
အသိမ်းခံရတဲ့တိုင်းပြည်​မှာ​တော့ မင်းပါးစပ်​ကထွက်​တဲ့
ပေါက်​ကရ​တွေအားလုံးကိုဥပ​ဒေလို့သတ်​​မှတ်​​နေချိန်
ဖြစ်​တယ်​။ဒါ​ကြောင့် ၁၈၈၅ မြန်​မာနဲ့လန်​ဒန်​ နိုင်​ငံ​ရေး
စနစ်​ဇယား ဘယ်​​လောက်​ကွာဟ​နေတယ်​ဆိုတာ သတိ
ထားမိကြလိမ့်မယ်​လို့ယူဆရတယ်​။ယ​နေ့အဲဒီကွပ်​လပ်
ကိုဖြည့်ဆည်း​နေပြီးလားလို့ကြည့်လိုက်​တဲ့အခါမှာလည်း
သီ​ပေါ​ခေတ်​ကအတိုင်းပဲဆက်​လက်​စခန်းသွား​နေ​ကြောင်း
၀မ်းနည်းစွာ​တွေ့ရှိလိုက်​ရပြန်​တာပါပဲ။
ဆက်​ပါဦးမည်​။
https://m.facebook.com/story.php?story_fbid=349399112480098&id=100022300364681
0 ယောက်မှတ်ချက်ပြုခဲ့သည် to “အုပ်​ချုပ်​​ရေး​ပြောင်းပြီ...၂”
Post a Comment
Related Posts Plugin for WordPress, Blogger...