Monday, October 15, 2018

မြိုင်ကြီးငူဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ကို (၄၅)ရက် အပူဇော်ခံမည်

,
မြိုင်ကြီးငူဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်တော်ကို ရက်ပေါင်း(၄၅)ရက် အပူဇော်ခံသွားမှာဖြစ်ပြီး လာမယ့်နိုဝင်ဘာ (၂၇)ရက်မှာ မီးသင်္ဂြိုဟ်သွားမယ်လို့ ဆရာတော်ကြီးရဲ့ အန္တိမဈာပနအခမ်း အနားကျင်းပဖို့အတွက် ပြုလုပ်တဲ့ အစည်းအဝေးကနေသိရပါတယ်။

မြိုင်ကြီးငူဆရာတော်ဘုရားကြီးဘဒ္ဒန္တသုဇနရဲ့ ကြွင်းကျန်ဥတု ဇရုပ်ကလာပ်တော် အန္တိမဈာပနအခမ်းနားကျင်းပဖို့အတွက် အစည်အဝေးကို မြိုင်ကြီးငူအထူးဒေသက ဘေသဇ္ဇမုနိကြေးသွန်း ဘုရားကြီးပရ၀ုဏ်အတွင်း အောက်တိုဘာ(၁၅)ရက် မနက်(၁၁)နာရီ မိနစ်(၄၀)ကကျင်းပခဲ့ပါတယ်။အစည်းအဝေးမှာမြိုင်ကြီးငူတိုက်အုပ်ဆရာတော်ဘဒ္ဒန္တဉာဏိတနဲ့ ဇွဲကပင်တောင် ဆရာတော်ဘုရား ဘဒ္ဒန္တကဝိဓဇတို့က အဖွင့်မှာစကားနဲ့သြ၀ါဒစကား မိန့်ကြားခဲ့ကြ ပါတယ်။

အစည်းအဝေးမှာ BGFကွပ်ကဲရေးဥက္ကဋ္ဌဗိုလ်မှူးကြီး စောထွန်းလှိုင်၊ BGF ကွပ်ကဲရေးဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးကြီးစောဖနွီး၊ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူနဲ့ရွှေသံလွင်ကုမ္ပဏီ MD ဦးမောင်မောင်တို့ကအသီးသီးအကြံပြုဆွေးနွေးကြပါတယ်။

လက်ရှိမှာဆရာတော်ကြီးရဲ့ကိစ္စအ၀၀အတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့က ငွေကျပ်သိန်း(၃၀၀)၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကြည်း၊ ရေ၊ လေတပ်မိသားစုက ငွေကျပ်သိန်း(၁၀၀)၊ ရွှေသံလွင် ကုမ္ပဏီက ငွေကျပ်သိန်း(၁၀၀၀) အသီးသီးလှူဒါန်းကြပါတယ်။

သတင်း- မျိုးမင်း(ဘားအံ)၊ အာကာကျော်ထွန်း

https://m.facebook.com/story.php?story_fbid=2087604241554111&id=1515097075471500

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မြိုင်ကြီးငူဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ကို (၄၅)ရက် အပူဇော်ခံမည်”

Post a Comment

Related Posts Plugin for WordPress, Blogger...