Wednesday, January 2, 2019

History of Modern Burma....11

,
ဒီ​နေ့တိုင်းပြည်​ကိုအုပ်​ချုပ်​​နေတဲ့အုပ်​ချုပ်​​ရေးကို
ကြည့်မယ်​ဆိုရင်​ဘာမှန်း​မသိဘူး။တပ်​ကပဲအုပ်​ချုပ်
နေသလိုလို အရပ်​သားအစိုးရကပဲအုပ်​ချုပ်​​နေသလိုလို
မကွဲမပြား​တွေဖြစ်​​နေတယ်​။တပ်​ကလုပ်​တာအရပ်​သား
အစိုးရကန့်​ကွက်​ဟန့်​တားလို့မရဘူး။အရပ်​အစိုးရ
လုပ်​တာတပ်​ကကန့်​ကွက်​လို့ရတယ်​။ဆို​တော့
ကမ္ဘာမှာယ​နေ့မြန်​မာနိုင်​ငံရဲ့ အုပ်​ချုပ်​​ရေးအတွက်
တပ်​စရာ​ခေါင်းစဉ်​​တောင်​မရှိဘူးဖြစ်​​နေတယ်​။
ဘယ်​လိုအုပ်​ချုပ်​​ရေးမျိုးလဲဆိုတာ ပြဖို့ဥပမာ
တောင်​ရှာမ​တွေ့ဘူး။လူထု၅၁သန်းရဲ့ ကံကြမ္မာကိုအစိုးရ
လက်​ထဲ ၀ကွပ်​အပ်​ပြီးအုပ်​ချုပ်​ခိုင်းထားတဲ့လူ့အဖွဲ့
စည်းတစ်​ခုအတွက်​ ဒီလိုအစိုးရဆိုသူ​တွေရဲ့ ဘာမှန်း
မသိတဲ့လမ်းစဉ်​ထဲ လိုက်​ပါနစ်​​မျှော​နေကြရတာ
ကြည့်လို့​တော့မ​ကောင်းဘူး။အစိုးရသစ်​ရဲ့ နိုင်​ငံ​ရေး
စီးပွား​ရေးဆိုင်​ရာ အလုပ်​သစ်​​တွေကိုလည်းမမြင်​မိ
သေးဘူး။အမျိုးသားရင်​ကြား​စေ့​ရေးဆိုတာကြီးလုပ်
နေလို့ကျန်​တာသာမညလို့ ခံယူထားတာများလား။
အဲဒီအမျိုးသားရင်​ကြား​စေ့​ရေးဆိုတာလည်း တကယ်
တော့ လက်​နက်​ကိုင်​အဖွဲ့များနဲ့ရင်​ကြား​စေ့​ရေးပဲဖြစ်
နေတယ်​။အမျိုးသား​ဆိုတဲ့​ခေါင်းစဉ်​​အောက်​မှာ
အားလုံးပါဝင်​မှအမျိုးသား​ရင်​ကြား​စေ့​ရေးဖြစ်​မှာပါ။
အခုက လက်​နက်​နဲ့ငြိမ်းချမ်း​ရေလဲလှယ်​တဲ့ပုံစံမျိုး
ထက်​မပိုဘူး။ဒါလည်းထိထိ​ရောက်​​ရောက်​ဖြစ်​မလာ
သေးဘူး။မြန်​မာလို​ငွေ​ကြေး၊နိုင်​ငံ​ရေး၊စီးပွား​ရေးနဲ့
ဘက်​​ပေါင်းစုံက အရာရာနိမ့်ကျ​နေတဲ့နိုင်​ငံမျိုးဟာ
နိုင်​ငံခြားအကူအညီမရဘဲကိုယ့်ဘာသာကိုယ်​ထရပ်
ဖို့ဆိုတာမဖြစ်​နိုင်​ဘူး။၂၁ရာစုလူသားကမ္ဘာကြီးဟာ
ကိုယ့်တစ်​ဦးတည်း​ပြေးလို့ရတဲ့​ခေတ်​မဟုတ်​​တော့ဘူး။
နိုင်​ငံတကာဆက်​ဆံ​ရေးဟာသိပ်​အ​ရေးပါ​လာ​ပါတယ်​။
နိုင်​ငံတကာနဲ့ထိုင်​ပြီးရန်​ဖြစ်​လတဲ့၁၉၆၂က​နေ ၂၀၁၅
အထိ စုစု​ပေါင်း၅၃နှစ်​မှာတိုင်းပြည်​ဘာတိုးတက်​ခဲ့တယ်
ဘာအကျိုးအမြတ်​​တွေရှိခဲ့ဖူးသလဲ။

ခင်​ဗျားတို့ကျ​နော်​တို့တိုင်းပြည်​မှာ နိုင်​ငံ​ရေးမ​ပြေလည်​မှု၊
စီးပွား​ရေးမ​ပြေလည်​မှု၊လူတန်းစားနိမ့်ကျ​နေမှု၊
ဆင်းရဲမွဲ​တေမှုအပြင်​ ပညာ​ရေးနိမ့်ပါး​နေတာ​တွေနဲ့
နိုင်​ငံသားရပိုင်​ခွင့်ဆုံးရှုံး​နေတာ​တွေအထိ ဘယ်​မျက်
နှာစာကိုပဲကြည့်ကြည့် အားရဖွယ်​မြင်​ရဖို့မရှိဘူး။
တစ်​ပြည်​​ထောင်​အမျိုးသားနိုင်​ငံတည်​​ထောင်​​နေတာခုထိ
မဖြစ်​​မြောက်​နိုင်​​သေးတဲ့အ​ကြောင်းကိုစဉ်းစားရင်
ဖက်​ဒရယ်​ပြည်​​ထောင်​စုဆိုတာလိုအပ်​လာတာ​ပေါ်
လွင်​​နေတယ်​။လစ်​ဘရယ်​ဒီမိုက​ရေစီကို လိုချင်​ရင်
လူ့အခွင့်အ​ရေးကိုနားလည်​ရမယ်​။နိုင်​ငံသားဖြစ်​သူ
တွေ​တောင်​ဒီ​နေ့ကျ​နော်​တို့နိုင်​ငံမှာလူ့အခွင့်အ​ရေး
မရ​သေးဘူး။အစိုးရအရာရှိတစ်​ချို့ကလွဲပြီးကျန်​တာ
ဘယ်​သူမှလူ့အခွင့်အ​ရေးမရကြ​သေးဘူး။ဒါလည်း
ကိုယ်​ပြု ​သောကံ ကိုယ်​ထံပြန်​တယ်​လို့ပဲယူဆရမယ်​။
မြန်​မာ​တွေဟာ လူ့အခွင့်အ​ရေးထက်​ ကိုယ့်အခွင့်
အ​ရေးပဲစိတ်​၀င်​စားကြသူ​တွေဖြစ်​တယ်​။လစ်​ဘရယ်
စံနှုန်း​တွေကိုနားမလည်​ဘူး။ဥပမာ မြန်​မာနိုင်​ငံတွင်းမှာ
မြန်​မာနိုင်​ငံလူ့အခွင့်အ​ရေး​ကော်​မရှင်​ဆိုတာရှိသလို
မြန်​မာအမျိုးသမီး​ရေးရာအဖွဲ့ဆိုတာရှိတယ်​။
အဲဒီလူ့အခွင့်အ​ရေးအဖွဲ့​တွေဟာ တကယ်​​တော့
အ​ပေါ်ယံဟန်​ပြအဖွဲ့​တွေပဲဖြစ်​တယ်​။မလွဲမ​ရှောင်​သာ
လုပ်​ရမယ်​ဆိုရင်​လည်း ဗမာ/ဗုဒ္ဓ ကိုပဲဦးစား​ပေးတဲ့ Racists ​အနိမ့်​တွေဖြစ်​​နေတာပါပဲ။မြန်​မာအမျိုး
သမီး​ရေးရာလည်း ဒီအတိုင်းပါပဲ။ဒီ​နေ့တိုင်းပြည်​တွင်း
မှာဖြစ်​​နေတဲ့ ပြည်​မ​ဒေသကလူ့အခွင့်အ​ရေးချိုး​ဖောက်
မှု​တွေ၊​တောင်​တန်း​ဒေသလူ့အခွင့်အ​ရေးချိုး​ဖောက်​မှု
တွေအပြင်​ရခိုင်​ပြည်​နယ်​ကလူ့အခွင့်အ​ရေးချိုး
ဖောက်​မှု​တွေကို နိုင်​ငံတွင်းက ဘယ်​လူ့အခွင့်အ​ရေး
သမားမှ အသံကျယ်​ကျယ်​​ပြောတာမကြားရဘူး။
ကျန်​တာအားလုံးကြားရချင်​ကြားရနိုင်​ပါ​သေးတယ်​။
ရခိုင်​ပြည်​နယ်​ကဗုဒ္ဓဘာသာမဟုတ်​တဲ့လူသား​တွေ
အတွက်​ဆိုရင်​​တော့ မြန်​မာပညာရှင်​ပညာရှိ၊သူ​တော်​စင်
အထိ ဘယ်​သူမှသမာမျှတတဲ့ စိတ်​ဓာတ်​၊လူသားစိတ်
မရှိကြတာထူးထူးခြားခြား​တွေ့ရတယ်​။ကိုယ်​ပြု ​သော
ကံကိုယ်​ထံပြန်​ဆိုသလို ကိုယ်​ဘယ်​လိုစိတ်​ထားမလဲ
ကိုယ်​လဲအဲဒီအ​ခြေ​နေအတိုင်းဖြတ်​သန်းရမှာက
တော့​သေချာတယ်​။ဒါဟာလူ့အခွင့်အ​ရေးနဲ့ပက်​သက်​ပြီး
မြန်​မာ့လူ့အဖွဲ့စည်းကိုတိုင်းတာကြည့်​တာပါ။
လူ့အခွင့်အ​ရေးဆိုတာ မြန်​မာပြည်​မှာ ဗုဒ္ဓဘာသာဝင်
တွေကိုအရင်​​ပေးပြီးမှကျန်​ဘာသာဝင်​​တွေကို​ပေးရ
မယ်​ဆိုတဲ့ ခပ်​တုံးတုံး ခပ်​ညံ့ညံ့ မုန့်​​ဝေတဲ့ တန်းစီတိုး
စနစ်​ပုံစံနဲ့ လူ့အခွင့်အ​ရေးကိုဖွင့်ဆိုထားကြပုံရတယ်​။
ဒါ​ကြောင့်လည်း ဒီ​နေ့အထိ တစ်​မျိုးသားလုံးဟာသူနဲ့
ထိုက်​တန်​တဲ့အရာကိုရ​နေကြတာဖြစ်​တယ်​လို့ထင်​တာ
ပါပဲ။တရားသ​ဘောဆိုတာ ​တောထွက်​တရားကျင့်မှ
ရတယ်​မထင်​ဘူး။လူ​တောထဲ​နေပြီးလူ​တွေရဲ့ ဖြစ်​စဉ်
တွေကိုကြည့်​ရင်​လည်းရနိုင်ပါတယ်​။

၁၉ရာစုအ​စောပိုင်းကပြင်​သစ်​သမ္မတနိုင်​ငံကို
တစ်​ပြည်​​ထောင်​အမျိုးသားနိုင်​ငံပုံစံနဲ့တည်​​ထောင်
ခဲ့ကြတယ်​။နိုင်​ငံသားအားလုံးကိုတစ်​ခုတည်း​သော
ယဉ်​​ကျေးမှုဓ​လေ့ထုံးစံနဲ့နိုင်​ငံ​ရေးအမှတ်​လက္ခဏာ
တစ်​ခုတည်း​အောက်​ကိုသွတ်​သွင်းဖို့အတွက်​မူဝါဒမျိုးစုံ
အင်​အားသုံးပြီးချမှတ်​ခဲ့တယ်​။ပြင်​သစ်​ဘာသာစကား
ကိုနိုင်​ငံတစ်​၀ှမ်းလုံးမှာအသုံးပြု တဲ့တစ်​ခုတည်း​သော
ဘာသာစကားအဖြစ်​ အတင်းအကြပ်​ပြဋ္ဌာန်းတယ်​။
ဒေသနဲ့လူမျိုးအ​ပေါ်အ​ခြေပြု တဲ့ဘယ်​ဘာသာစကား၊
ကိုးကွယ်​မှုကိုမှအာဏာပိုင်​​တွေကလက်​မခံဘူး။နိုင်​ငံ
ကိုစီမံအုပ်​ချုပ်​တဲ့အင်​စတီကျူးရှင်းအားလုံးမဖြစ်
မ​နေလိုက်​နာရမယ့် တစ်​ပြည်​​ထောင်​အမျိုးသားနိုင်​ငံ
ကိုသစ္စာ​စောင့်သိလာ​စေဖို့​ကျောင်းပညာ​ရေးမှာပါ
သွတ်​သွင်းတယ်​။ဝန်​ထမ်း​တွေကိုဖိအား​ပေးပြီး​ပြောင်း
လဲ​စေတယ်​။အဲဒီနည်းနဲ့ လူမျိုးဘာသာနဲ့​ဒေသ​ပေါ်
အ​ခြေခံတဲ့ကွဲလွဲမှုအားလုံးကိုအပြင်းအထန်​စုတ်​ဖြဲ
ဖျက်​သိမ်းပြီးတစ်​ခုတည်း​သောပြင်​သစ်​အမျိုးသား
ကြန်​အင်​လက္ခဏာကိုတည်​​ဆောက်​ယူခဲ့တယ်​။
အဲဒီတုန်းကဖက်​ဒရယ်​အ​ကြောင်း​ပြောရင်​နိုင်​ငံ
တော်​ပုန်​ကန်​မှုပဲ။မြန်​မာ​လောက်​ကွဲပြားမှုမများ
တာ​ကြောင့် ပြင်​သစ်​ရဲ့ တစ်​ပြည်​​ထောင်​အမျိုးသား
နိုင်​ငံတည်​​ထောင်​မှု​အောင်​မြင်​သွားတယ်​လို့ဆိုရပါမယ်​။
ဗြိတိန်​ဟာ နိုင်​ငံများစွာ ပြည်​နယ်​မင်း ​စော်​ဘွား​ပေါင်း
များစွာရဲ့ အိန္ဒိယနိုင်​ငံကိုသိမ်းပိုက်​ပြီးတဲ့​နောက်​  ဘာသာစကား၊ကိုးကွယ်​ယုံကြည်​မှု၊ဓ​လေ့ထုံးစံ၊
သမိုင်းအမှတ်​အသားမတူတဲ့ လူမျိုးတိုင်းအချုပ်​အခြာ
အာဏာပိုင်​စိုးတဲ့ သီးခြားအမျိုးသားနိုင်​ငံ​တွေအဖြစ်
တည်​ရှိ​နေတဲ့​တောင်​ဘက်​ အိန္ဒိယသမုဒ္ဒရာက​နေ 
မြောက်​ဘက်​ဟိမ၀န္တာ​တောင်​တန်း​တွေအထိ
အပြန့်​ကျယ်​တဲ့​တောင်​အာရှတိုက်​နယ်​ တစ်​နည်း
အားဖြင့် အိန္ဒိယတိုက်​ငယ်​(Indian Subcontinent)
တစ်​ခုလုံးက မင်းညီမင်းသားနဲ့တစ်​ဗိုလ်​တစ်​မင်းအုပ်
ချုပ်​​နေတဲ့ အမျိုးသားနိုင်​ငံ၅၆၈နိုင်​ငံကို စုစည်းပြီး
တစ်​ခုတည်း​သောနိုင်​ငံ​တော်​ဖွဲ့စည်းအုပ်​ချုပ်​ပုံစနစ်​၊
တစ်​ခုတည်း​သောစီမံအုပ်​ချုပ်​မှုဆိုင်​ရာဘုံဘာသာစကား
(အင်္ဂလိပ်​)၊အရပ်​သားအမှုထမ်း၊အရာထမ်း​တွေနဲ့ဖွဲ့စည်း
တဲ့တစ်​ပုံစံတည်း​သောဗျူ  ရိုကရက်​စီမံအုပ်​ချုပ်​မှုအစဉ်​အလာ၊တစ်​ခုတည်း​သောစစ်​တပ်​နဲ့အခြား​သောနိုင်​ငံကို
မောင်းနှင်​​နေတဲ့ယန္တရားအားလုံးကို အ​နောက်
လစ်​ဘရယ်​စံနှုန်း တန်​ဖိုး​တွေအတိုင်းတည်​​ဆောက်
ပေးပြီးအိန္ဒိယဆိုတဲ့ ​ခေတ်​သစ်​နိုင်​ငံကိုတည်​​ထောင်
ခဲ့တယ်​။အရင်​ကအိန္ဒိယဟာ ယ​နေ့ပုံစံမျိုးမဟုတ်​ဘူး။

မဂိုအင်​ပါယာက သူ့အပိုင်​သက်​သက်​။အခြား​စော်​ဘွား
တွေရဲ့ မြို့ပြအမျိုးသားနိုင်​ငံ​တွေကသက်​သက်​ မိမိ
တို့အချုပ်​အခြာအာဏာကိုယ်​စီနဲ့ ​နေထိုင်​​နေကြ
တာဖြစ်​ပါတယ်​။ဒါ​တွေအားလုံးကို​ပေါင်းပြီး အိန္ဒိယ
ကြီးတစ်​ခုလုံးကိုဗြိတိန်​က စုစည်းပြီးဖွဲ့စည်းခဲ့တယ်​။
သို့​သော်​ပြင်​သစ်​​လောက်​အ​ခြေ​နေမလှခဲ့ဘူး။တမိလ်
နားဒူးပြည်​နယ်​မှာ အစဉ်​အဆက်​​နေထိုင်​ခဲ့တဲ့
ဒြာဗီဒီးယန်းလူမျိုးစု​ခေါင်း​ဆောင်​​တွေကဗြိတိန်​က
ရေးဆွဲ​ပေးတဲ့ အိန္ဒိယနိုင်​ငံဖွဲ့စည်းအုပ်​ချုပ်​ပုံအ​ခြေခံ
ဥပ​ဒေကို စတင်​ပြဋ္ဌာန်းတဲ့​နေ့မှာပဲမီးရှို့ ဆန္ဒပြခဲ့ပြီး
လွတ်​လပ်​​ရေး​ကြေငြာတဲ့​နေ့မှာ အိန္ဒိယအမျိုးသား
အလံကိုမီးတင်​ရှို့ ခဲ့ကြတယ်​။ဒါ့အပြင်​ ပန်​ဂျပ်​၊
မီဇိုရမ်​၊နာရ်​ဂလင်း၊ကရှ်​မီးရ်​ (သို့မဟုတ်​)ကရှ်​မီးယား
ပြည်​နယ်​​တွေရဲ့ အမျိုးသားကိုယ်​ပိုင်​ပြဋ္ဌာန်းခွင့်နဲ့
သီးခြားလွတ်​လပ်​​ရေးအတွက်​လက်​နက်​ကိုင်​တိုက်​ပွဲ
ဝင်​​တော်​လှန်​မှု​တွေကိုယ​နေ့အထိရင်​ဆိုင်​​ဖြေရှင်း​နေရ
ဆဲဖြစ်​တယ်​။

ကျ​နော်​တို့မြန်​မာနိုင်​ငံကိုကြည့်​ရင်​လည်း ယ​နေ့​မြေပုံ
ပေါ်မြင်​​နေရတဲ့ ဧရိယာစတုရန်းမိုင်​၂သိန်း၆​သောင်း
ကျော်​ရှိတဲ့ က​ခြေသည်​ဟန်​ပန်​နဲ့မြန်​မာပြည်​​မြေပုံဟာ
ဗြိတိန်​က​ရေးဆွဲ​ပေးခဲ့တာဖြစ်​ပါတယ်​။ပ​ဒေသရာဇ်​​ခေတ်
အဆက်​ဆက်​ ကိုယ့်​မြေပြင်​​ရေပြင်​ပိုင်​နက်​အတိကျသိ
ခဲ့တာမဟုတ်​သလို ယ​နေ့မြင်​​နေရတဲ့​မြေပုံမျိုးလည်း
မဟုတ်​ဘူး။ဗမာပိုင်​ဆိုလို့ မန္တ​လေး၊စကိုင်း၊မ​ကွေး၊ပဲခူး
အထိပဲရှိတယ်​။ကျန်​တဲ့ မွန်​၊တနသာင်္ရီတို့ကယိုးဒယား
ပိုင်​လိုက်​ မွန်​ပိုင်​လိုက်​ဖြစ်​​နေခဲ့တာပါ။တောင်​တန်း
ဒေသကလည်းသိတဲ့အတိုင်းပဲ သက်​ဆိုင်​ရာ​စော်​ဘွား
တွေ ရှမ်းပ​ဒေသရာဇ်​​တွေနဲ့ နတ်​ကိုးကွယ်​တဲ့​ဒေသခံ
ခေါင်း​ဆောင်​​တွေရဲ့ အစဉ်​အဆက်​အုပ်​ချုပ်​မှု​အောက်
မှာရှိ​နေခဲ့တယ်​။ဗမာမင်းစစ်​အင်​အားရှိစဉ်​တက်​သိမ်း
ခဲ့ပြီးပြန်​လာရင်​ပုန်​ကန်​ခွဲထွက်​ရပ်​တည်​ကြနဲ့လုံးချာ
လည်​ လိုက်​​နေခဲ့တာဖြစ်​တယ်​။အဲဒီလိုမတူညီတဲ့လူမျိုး
တွေရဲ့  အုပ်​ချုပ်​​ရေး​တွေကိုစုဖွဲ့ပြီး ဗြိတိန်​က အိန္ဒိယ
ဗြိတိန်​အင်​ပါယာထဲသွတ်​သွင်းလိုက်​တာပဲဖြစ်​တယ်​။
မြန်​မာပြည်​နယ်​ထဲမှာ သူအုပ်​ချုပ်​စဉ်​က တစ်​ဆင့်
ခံပြီး ​တောင်​တန်းနဲ့ပြည်​မကိုခွဲခြားအုပ်​ချုပ်​​ရေးကျင့်
သုံးခဲ့ပြန်​တယ်​။ဒါ​ကြောင့်မြန်​မာပြည်​လွတ်​လပ်​​ရေးရ
တဲ့အခါ ဘယ်​တုန်းကမှ ပြည်​​ထောင်​မစုခဲ့တာ​ကြောင့်
ပုန်​ကန်​မှု​တွေ လက်​နက်​ကိုင်​တိုက်​ပွဲဝင်​မှု​တွေဖြစ်
ပေါ်ခဲ့ရတာဖြစ်​တယ်​။ပြည်​​ထောင်​စုဆိုတာ မြန်​မာ
ပြည်​မှာစာရွက်​​ပေါ်က စကားလုံးသက်​သက်​သာဖြစ်​တယ်​။

အားမရလို့ အမျိုးသားပြတိုက်​မှာရှိ​နေတဲ့ ပ​ဒေသရာဇ်
အာဏာရှင်​အကြီးစားရဲ့ ထိုင်​ခုံသီဟာသန
ပလ္လင်​ကို မြန်​မာ့အချုပ်​အခြာအာဏာရဲ့ သ​င်္ကေတ
ဆိုပြီး မရှက်​မ​ကြောက်​ ယ​နေ့အထိဆို​နေ​သေးတဲ့
ပညာရှင်​ရှိ​နေ​သေးတာပါ။ဒါလည်း သူတစ်​ပါးက
အလိုက်​တသိပြန်​​ပေးထားလို့ပြစရာကျန်​​နေခဲ့တာပါ။
အဲလိုမဟုတ်​ဘဲ ငါတို့​နေမ၀င်​အင်​ပါယာရဲ့ ကြီးကျယ်​မှု
ကို​ဖော်​ပြတဲ့သက်​​သေအဖြစ်​ ငါတို့မ​ပေးနိုင်​ဘူးဆို
ရင်​လည်းဘာမှလုပ်​လို့မရဘူး။ဒါကိုပ​ဒေသရာဇ်
အစွဲမစင်​တဲ့ပညာရှင်​က အဲဒီပလ္လင်​ကို မရှက်​မ​ကြောက်
၂၁ရာစုနိုင်​ငံ​ရေး​ဝေါဟာရနဲ့ နိုင်​ငံ​ရေးအာဏာဖြစ်​တဲ့
အချုပ်​အခြာအာဏာလို့သုံးပြီး သ​င်္ကေတအဖြစ်​​ရေး
သားထားတာ အံ့သြဖွယ်​ဖြစ်​ရတယ်​။ဘယ်​တုန်းကမှ
ပြည်​​ထောင်​မစုခဲ့ဘူး။ဘယ်​တုန်းကမှတိုင်းရင်းသား
ချစ်​ကြည်​ရင်းနှီးတာမရှိခဲ့ဘူး။ဒါကိုအတင်းလုပ်​ယူလို့
လဲမရဘူး။လွတ်​လပ်​​ရေးယူ​တော့ လစ်​ဘရယ်​စံနှုန်း
နဲ့ယူပြီး လက်​​တွေ့အ​ကောင်​အထည်​​ဖော်​​တော့
တစ်​ပြည်​​ထောင်​အမျိုးသားနိုင်​ငံအဖြစ်​​ဖော်​​တယ်​။

ဒါ​ကြောင့်လည်း လက်​နက်​ကိုင်​တိုက်​ပွဲဝင်​မှု​တွေဖြစ်
ပေါ်လာခဲ့ရတာပါ။မြန်​မာ​တွေအုပ်​ချုပ်​မှုအတတ်
ပညာမတတ်​တဲ့သာဓကပါပဲ။ပါလီမန်​​ခေတ်​က​နေ
ယ​နေ့အထိ ဖက်​ဒရယ်​ပြည်​​ထောင်​စု​တောင်းဆိုမှု
အားလုံးလစ်​လျူရှုခဲ့ကြတယ်​။ဖက်​ဒရယ်​ကို Confederal
ခွဲထွက်​ခွင့်ပါလို့စစ်​အစိုးရက လူထု
ကိုလိမ်​ညာဖြီးဖြန်းပြီးဝါဒဖြန့်​ထားတယ်။လူထုက
ပညာမတတ်​​တော့လိမ်​လို့ရတယ်​။လူထုဟာ
တကယ်​တမ်း အာဏာရှင်​စရိုက်​ အာဏာရှင်
အုပ်​ချုပ်​ရေးကိုပိုပြီးသ​ဘောကျတယ်​။ဒါ​ကြောင့်
လူထုဟာသူနဲ့ထိုက်​တန်​တဲ့အစိုးရ​တွေကိုရခဲ့
တာဖြစ်​ပါတယ်​။နိုင်​ငံ​ရေးမပီမပြင်​ဖြစ်​​နေရတဲ့အထဲ
ဘာသာ​ရေးပြသနာကိုပါ ယူထည့်​လာပြန်​တယ်​။

ကိုယ့်ထက်​ဆိုးတဲ့ ကိုယ့်ထက်​လူဦး​ရေ​ရော လူမျိုးစု
ရော ဘာသာစကား​ရောအားလုံးမှာများပြားလွန်းတဲ့
အိန္ဒိယကိုကြည့်​ပါ။၁၉၄၇ဗြိတိန်​အိန္ဒိယက​နေထွက်
မသွားခင်​ကတည်းက အိန္ဒိယ​ခေါင်း​ဆောင်​​တွေမှာ
နိုင်​ငံတည်​​ထောင်​ဖို့အစီအမံ​တွေချမှတ်​ထားပြီးပြီး။ဘာသာစကား ကိုးကွယ်​ယုံကြည်​မှုအလွန်​ကွဲပြားတဲ့
အပြင်​​ဒေသအများစုဟာ လူမျိုးစု​ဒေသ​တွေဖြစ်​​နေပြီး
ဖွံ့ဖြိုးမှု​နောက်​ကျ​နေတယ်​။လွတ်​လပ်​​ရေးယူမတတ်
ရင်​ တစ်​နိုင်​ငံလုံးအပိုင်းပိုင်းကွဲထွက်​သွားနိုင်​တဲ့နိုင်​ငံမျိုး
ဖြစ်​ပါတယ်​။ကမ္ဘာ​ပေါ်မှာရှိတဲ့ဘာသာစကား​ပေါင်း၁၄
မျိုး​လောက်​​ပြောဆို​နေကြတဲ့နိုင်​ငံလည်းဖြစ်​တယ်​။
ကမ္ဘာ​ပေါ်မှာရှိတဲ့ ကိုးကွယ်​ရာဘာသာအားလုံးအိန္ဒိယ
မှာရှိတယ်​။ဟိန္ဒူ၊အစ္စလာမ်​နဲ့ခရစ်​ယာန်​တို့ဟာ
ထုနဲ့ထည်​နဲ့ရှိတယ်​။အဲဒီနိုင်​ငံဟာ ၀င်​​ငွေမြင့်မားတဲ့
နိုင်​ငံလည်းမဟုတ်​ဘူး။ဖွံ့ဖြိုးဆဲရုန်းကန်​​နေရဆဲနိုင်​ငံ
သာဖြစ်​တယ်​။သို့​သော်​အခက်​အခဲအမျိုးမျိုးကို
ရင်​ဆိုင်​​ကျော်​လွှား​ပေးဆပ်​ပြီး အိန္ဒိယဖက်​ဒရယ်​ကို
တည်​​ထောင်​ခဲ့တယ်​။ဘာသာ​ရေးကိုးကွယ်​ယုံကြည်​မှုနဲ့
ပက်​သက်​ပြီး ဆုံးဖြတ်​လုပ်​ကိုင်​ထားတာ​တွေဟာ​လေးစားအတုယူဖွယ်​​တွေဖြစ်​တယ်​။ဘယ်​ဘာသာတရားကိုမှ
နိုင်​ငံ​တော်​ဘာသာအဖြစ်​မပြဋ္ဌာန်းရဘူးလို့တားမြစ်​လိုက်​တယ်​။တစ်​ဖက်​မှာဘာသာတရားအားလုံးကိုတန်းတူ
အသိအမှတ်​ပြုပြီးဘာသာ​ရေးအဖွဲ့အစည်း​တွေကို
ဝန်​​ဆောင်​မှု​ပေးတယ်​။အိန္ဒိယမှာလူများစုဟိန္ဒူ
ဘာသာဝင်​​တွေအတွက်​ ဘာသာ​ရေးရုံးပိတ်​ရက်​၅
ရက်​​ရှိ​နေစဉ်​ အခြားဘာသာဝင်​​တွေအတွက်​ ဘာသာ
ရေးရုံးပိတ်​ရက်​၁၀ရက်​ရှိပြီး အဲဒီထဲက၅ရက်​ဟာ
အစ္စလာမ်​ဘာသာဝင်​​တွေအတွက်​ ဘာသာ​ရေးအထွဋ့်
အမြတ်​ရက်​​တွေဖြစ်​တယ်​။အဲဒီလို ဘာသာ​ရေးဆိုင်​ရာ
သမာသမတ်​ကျမှုကို ဖွဲ့စည်းပုံ​အ​ခြေခံဥပ​ဒေနဲ့အကာ
အကွယ်​​ပေးထားတဲ့အတွက်​ ဘယ်​ပုဂ္ဂိုလ်​ ဘယ်​နိုင်​ငံ
ရေးအဖွဲ့စည်းကမှ မိမိတို့ကိုယ်​စားပြုတဲ့ဘာသာတရား
ကို ဦးစား​ပေးအ​ထောက်​အကူပြုတဲ့လုပ်​ရပ်​မျိုးမလုပ်
နိုင်​​တော့ဘူး။ဥပမာ ဟိန္ဒူ အမျိုးသား​ရေးဝါဒအ​ပေါ်
အ​ခြေခံတဲ့ ဘရာတီယာဂျာနာတာပါတီအနိုင်​ရပြီး
အစိုးရဖွဲ့နိုင်​ခဲ့တဲ့ကာလ​တွေမှာ​တောင်​အစ္စလာမ်​ဘာသာ
ဝင်​​တွေကိုမက္ကာဟ်​ဘုရားဖူးခရီစဉ်​အတွက်​အစိုးရ
က​ထောက်​ပံ့​ကြေး​ပေးတဲ့အစီစဉ်​ကိုဖျက်​သိမ်းတာ
မလုပ်​ခဲ့ဘူး။ဒါဟာစံပြု​လောက်​တဲ့အိန္ဒိယရဲ့ လူမျိုးစု
ဖက်​ဒရယ်​ဒီမိုက​ရေစီစနစ်​ပါပဲ။အဲဒါ​ကြောင့်
ဟိန္ဒူဘာသာနဲ့ဟိန္ဒူ ဘာသာဝင်​​တွေ​ပျောက်​ကွယ်
သွားကြလား?

လူမျိုးစုက၁၃၅မျိုးပါ၊ပြည်​တွင်းစစ်​ကလည်းရှိ​နေ​သေး
တယ်​။ပြည်​တွင်းစစ်​နှစ်​၆၀ရှိလာပြီးအခုထိမပြီး​သေး
ဘူး စတဲ့ ​သောက်​​ပေါ ဆင်​​ခြေ​တွေ​တစ်​ခု​ပေးတိုင်း
မြန်​မာထက်​ဆိုးတဲ့အခြားနိုင်​ငံများရဲ့ ဒုက္ခဖြစ်​စဉ်​​၃ခု
ယှဉ်​ပြလို့ရတယ်​။မျက်​ရည်​ခြူ လည်းအဆင့်အတန်း
ရှိရှိခြူပါ။အုပ်​ချုပ်​မတတ်​တာကို အခက်​အခဲအ​ကြောင်း
ပြပြီး ​ရှောင်​မထွက်​သင့်ဘူးထင်​တာပဲ။အုပ်​ချုပ်​​ရေး
ဟာ အဲ​လောက်​လွယ်​​နေရင်​ ခင်​ဗျားတို့ကုတစ်​လသိန်း
၅၀​ပေး​နေစရာမလိုဘူးထင်​တာပဲ။လူ​တွေဗျ ထမင်းစား
ကြီးလာတာ။အံ​တွေတို​နေပြီ။

ယှဉ်​တွဲစဉ်းစားကြည့်​ပါ။တစ်​နိုင်​ငံလုံး ​တော​တောင်
မချန်​​မြေပြန့်​​နေရာလွတ်​မရှိ​အောင်​ ဘုန်းကြီး​ကျောင်း
တွေ​ဆောက်​၊ဘုရား​တွေတည်​တယ်​။လမ်းလယ်​​ခေါင်​ခွပြီး
ဓမ္မာရုံဆိုတာ​တွေ ဂရန်​မလိုဘဲ​ဆောက်​တယ်​။
လမ်းနဲ့မလွတ်​လို့ လမ်းက ဓမ္မာရုံကို​ကွေ့ဝိုက်​ပြီး
ရှောင်​​ဖောက်​ရတဲ့အထိ ဓမ္မာရုံ​တွေ​ပေါ​နေခဲ့တာပါ။
တစ်​နိုင်​ငံလုံးရုံးပိတ်​ရက်​ဟာဗုဒ္ဓဘာသာနဲ့ဗမာကို
ကိုယ်​စားပြုတဲ့ရုံးပိတ်​ရက်​​တွေချည်းပဲ။အစိုးရသခင်
ကိုယ်​​တော်​မြတ်​​တွေသံဃာတစ်​ပါးကိုဆွမ်း​ကြွေးပြီး
သိန်း၁၀၀လှူ ဒါန်း​နေစဉ်​ ဗလီဆရာ​တွေ၊ချခ်ျ
ကျောင်းက ဖာသာ​တွေက သူတို့ဘာသာဝင်​​တွေရဲ့ 
ပေးစာကမ်းစာ​ကို​မျှော်​ကိုးစား​သောက်​​နေကြရတယ်​။
တောင်​ပို့မြင်​တာနဲ့ဘုရားတက်​တည်​တယ်​။ရှီခိုးမဲ့သူ
မရှိဘူး။ဟိုး​တောထဲမှာ ​တောင်​ထဲမှာ ဘုရား​တွေ 
ကျောင်း​တွေ​ဆောက်​တယ်​ တည်​တယ်​။လူမရှိဘူး။
တစ်​နိုင်​ငံလုံး​ ​ဝေဟင်​က၀င်​လာရင်​ပဲဖြစ်​ဖြစ်​ ​မြေပြင်
က၀င်​လာရင်​ပဲဖြစ်​ဖြစ်​ စုလစ်​မွန်​ချွန်​​ရွှေ​ကျောင်း
ပြောင်​​ပြောင်​​တွေကို မြင်​ရမှာမလွဲဘူး။ဒါကိုလည်း
ဂုဏ်​ယူကြတာပဲ​လေ။ကျောင်း​ပေါလို့ဗုဒ္ဓသာသနာစည်
ပင်​တယ်​ဆိုပဲ။အံ့သြပါရဲ့ ဗျာ။ရှီခိုးမယ့်လူမရှိလို့ ထု
ထားတဲ့ဗုဒ္ဓရုပ်​ပွား​တော်​သာ စကား​ပြောနိုင်​ရင်
ထွက်​သွားကြလို့​မောင်းထုတ်​မှာ​သေချာတယ်​။
လပြည့်လကွယ်​​နေ့​တွေအတွဲချိန်းဖို့ မ​တော်​မ​ရော်
လုပ်​ဖို့ ဘုရား​ပေါ်လာတယ်​။တော်​​တော်​တိုးတက်​ပါ
လိမ့်မယ်​။တရားစခန်းဝင်​သူ​တွေကိုကြည့်​ရင်​လည်း
အငြိမ်းစား​တွေ။အငြိမ်းစားဆိုတာ​သေခါနီး​တွေ။
သေခါနီးလာရင်​လူဟာအသုံးမ၀င်​​တော့ဘူး။
စီးပွားလည်းမရှာနိုင်​​တော့ဘူး။ကျားအိုကြီးကို​ခွေးအ
တွေမ​လေးစားကြ​တော့ဘူး။အဲဒီမှာကျားအိုကလည်း
သိတယ်​။ ​အေး​ဆေး သားသမီး​ကျေနပ်​​အောင်​ တရား
စခန်းဝင်​ပြီးနှပ်​မှန်​​အောင်​စား​သောက်​တာကပို​ကောင်း
တယ်​ဆိုတာပဲ။အဲဒီလိုသုံးစားမရ​တော့တဲ့အခါမှ
ဘုရား တရားလုပ်​ကြသူခပ်​များများပါ။လမ်းပိတ်​ပြီး
ပွင့်လင်းရာသီ၈လစလုံး တရားပွဲ​တွေကျင်းပတယ်​။
ဘယ်​ဘာသာခြားမှဘာမှမ​ပြောဘူး။နေ့ညပဋ္ဌာန်း
မပြတ်​​စေရဘူး။ကျောင်းမှာဆွမ်းကွမ်းအလျှံပယ်​။
တရားပွဲက ဓမ္မပူဇာ​တွေက ဆင်းရဲသား​တွေဆီ
မ​ရောက်​ဘူး။ကျောင်း​တော်​၀ိဟာရမှာ ​နောက်​ဆုံး
ပေါ်လဲန်​ခရူဇာကြီးစီးပြီး ဟင်းပွဲ၃၆၀​လောက်​နဲ့ပွဲ
တော်​တည်း​နေတဲ့ ပြည်​တွင်းပြည်​ပ Intrefaith
မဟာသာသနာပြုကြီး​တွေ​ ဒီဖီးကိုမသာယာပဲ​နေမလား။
ဒီထက်​​ကောင်းတဲ့​လောကစည်းစိမ်​နတ်​ပြည်​မှာ
တောင်​ရှိမယ်​မထင်​ဘူး။

ဘုန်းကြီး​ကျောင်းကအရာအားလုံးက​နေလွတ်​​မြောက်​ဖို့
ကြိုးစား​နေတဲ့ ဘုန်းကြီးကိုသွား​ပေးတဲ့ဓမ္မပူဇာ​တွေကို
ဆင်းရဲသား​ရပ်​ကွပ်​ထဲကဆင်းရဲသား​တွေဝမ်းဝဖို့
ခါးလှဖို့ သွား​ပေးတာပိုပြီးအကျိုးမရှိဘူးလား။
ဘုန်းကြီး​ကျောင်းဆိုတာ သိတဲ့အတိုင်းပဲ ကြွက်​တွင်း။
အ၀င်​ပဲရှိတယ်​အထွက်​မရှိဘူး။အဲဒီလိုသံဃာ၅သိန်း
စစ်​သား၅သိန်းစုစု​ပေါင်း၁၀သိန်းကို ကျန်​တဲ့
လူထုသန်း၅၀က နှစ်​စဉ်​​သေတစ်​ပန်​သက်​တစ်​ဆုံး
လုပ်​​ကြွေးပြု စု​နေဖို့ဆိုတာ တိုင်းပြည်​စီးပွား​ရေး​ကောင်း
မှဖြစ်​မှာပါ။အခြားဘာသာဝင်​​တွေရဲ့ ​ကျောင်းကန်​ကို
ဆောက်​လုပ်​ခွင့်တားမြစ်​ပြီး ဘုန်းကြီး​ကျောင်းအကြိုက်
ဆောက်​လို့ရ​အောင်​အနိုင်​ကျင့်တယ်​။အားမရလို့
ချခ်ျ​​တွေ ဗလီ​တွေကိုဖြို ချတယ်​။လူမိုက်​ငှါးပြီးဖြို
တယ်​။ခါးပိုက်​​ဆောင်​သံဃာ​တွေနဲ့ဖြိုတယ်​။တောင်​တန်း
ပေါ်ကခရစ်​ယာန်​ချခ်ျ​​အလုံး၁၀၀နီးပါးဖြို ချခံလိုက်
ရတယ်​။အင်္ဂလိပ်​​တွေပင်​ပင်​ပမ်းပမ်းသာသနာပြု ထား
လို့ ခရစ်​ယာန်​ဘာသာဝင်​​တွေဖြစ်​​နေတဲ့​တောင်​တန်း
သား​တွေကိုမနာလိုတိုရှည်​ဖြစ်​ပြီး ​တောင်​တန်းသာသ
နာပြု ဆိုတာကိုတီထွင်​တယ်​။ဘုန်းကြီး​ကျောင်း​တွေ
အကြိုက်​​ဆောက်​ပြီးသာသနာပြုတယ်​။အတင်းထိုး
ထည့်​​တယ်​။ကျ​နော်​​ပြောတာဟုတ်​လား မဟုတ်​လား
ခင်​ဗျားတို့သိပြီးသားပါ။ချခ်ျ​​တွေ ဗလီ​တွေခိုး​ဆောက်
ထားတယ်​လို့ရမ်းသမ်းမ​ပြောနဲ့​နော်​။တကယ်​တမ်း
မြေဂရန်​လိုက်​စစ်​ရင်​အရင်​ဆုံး ဓမ္မာရုံ​တွေ ဘုန်းကြီး
ကျောင်း​တွေပိတ်​သိမ်းခံလိုက်​ရမှာဗျ။သူတစ်​ပါးကို
ပိုးစိုးပက်​စက်​​ပြော အမာနာပ​တွေ​ပြော ရက်​ရက်
စက်​စက်​​စော်​ကား​တယ်​။ကိုယ့်ထက်​အားနည်းသူ​တွေ
ဝိတ်​နဲ့အနိုင်​ကျင့်ဖို့မြတ်​ဗုဒ္ဓသင်​​ပေးထားသလား?

စဉ်းစား​ပေါ့။ကမ္ဘာကို​အော်​​အော်​ပြီး​ပြောတယ်​။
ဘာသာ​ရေးလွတ်​လပ်​ခွင့်​ပေးထားပါတယ်​ဆိုပြီး။
ဒေါ်စု​ခေတ်​အထိ ဒီအတိုင်း​အော်​​နေတုန်းပဲ။သူတို့
လက်​ညိုးထိုးပြတဲ့ ဆူး​လေနားက ဧမာ​နွေလချခ်ျ​​တွေ
ဗလီ​တွေဟာ ဗမာအမျိုးသားအစိုးရ​ကောင်းမှု
မဟုတ်​ဘူးဗျ။မသိရင်​မှတ်​ထားပါ။
ကိုလိုနီအစိုးရ​ကောင်းမှု။မြန်​မာနိုင်​ငံမှာရှိတဲ့
ဘာသာခြားဘုရား​ကျောင်းကန်​စရင်း​ကောက်​လိုက်​။
အဲဒီစရင်းထဲက ကိုလိုနီ​ခေတ်​ကခွင့်ပြု မိန့်​နဲ့ရခဲ့တာ
တွေကိုဖယ်​ပြီး ဗမာအမျိုးသားအစိုးရလက်ထက်
ဘာသာ​ရေးဆိုင်​ရာတည်​​ဆောက်​ခွင့်​ပေးတာ
ဘယ်​နှစ်​ခုရှိမလဲဆိုတာစရင်း​ကောက်​ကြည့်​ရင်
အရှက်​ကွဲတာပဲအဖတ်​တင်​လိမ့်မယ်​။ကျုပ်​က
ground ကိုဆင်း​လေ့လာပြီမှစာကို​ရေးတယ်​။
ကြားဖူးနားဝ၊ဆရာ​တော်​စကား၊ငါ့အ​ဖေစကား၊
မျိုးချစ်​​သောက်​ပိန်းစကား၊ဘိုးဘွားစကား ဆိုပြီး
ယူသုံးတဲ့အ​လေ့အထမရှိဘူး။တိုက်​ဆိုင်​စစ်​​ဆေးပြီးမှ
သုံးတယ်​။ဘာလို့ဆို​တော့ ​ပေါက်​လွတ်​ပဲစား​ပြောတာ
မြန်​မာနိုင်​ငံလူထုကြီးတစ်​ခုလုံးရဲ့ စရိုက်​ဖြစ်​​နေလို့ပဲ။
နိုင်​ငံ​ရေးမပီပြင်​ရတဲ့ကြားထဲ ဘာသာ​ရေးအနိုင်​ကျင့်
ပြန်​တယ်​။ဆို​တော့ကျ​နော်​တို့နိုင်​ငံဘယ်​လိုလုပ်​ပြီး
စုစည်းညီညွတ်​တဲ့ပြည်​​ထောင်​စုနိုင်​ငံဖြစ်​မတုန်း။
ခင်​ဗျားတို့ဘာသာခင်​ဗျားတို့ပဲစဉ်းစား။ဒီနိုင်​ငံကို
ဗမာတစ်​မျိုးတည်းပိုင်​တာမဟုတ်​ဘူးဆိုတာ​ရော
သိကြလား။လွတ်​လပ်​​ရေးကိုယူတုန်းက ဗမာတစ်​မျိုး
တည်းမဟုတ်​ခဲ့ဘူး။လူမျိုးစုံပါတယ်​။အဲဒီသူအားလုံး
ပိုင်​တယ်​။ဒါကို​မောင်​ပိုင်​စီးပြီး ငါတို့​မြေ ငါ့တို့သာသနာ
ပဲရှင်​သန်​ရမယ်​။အခြားသာသနာငါတို့​မြေမှာရှင်​သန်
နေတာ ကြည့်​လို့မနိုင်​ဘူး၊အခြားလူမျိုးငါတို့နိုင်​ငံမှာ
ချမ်းသာ​နေတာ သာဓုမ​ခေါ်​နိုင်​ဘူး​ဟေ့ဆိုရင်​ ခင်​ဗျား
လူမလုပ်​နဲ့။တိရိစ္ဆာန်​ရုံက ​လေးဘက်​​လေးတန်​ကာ
ထားတဲ့ ပုံး ထဲသွားထိုင်​​နေလိုက်​တာပို​ကောင်းတယ်​။
တကယ်​​တော့ကိုယ်​ဒါ​တွေမ​ပြောချင်​ဘူး။အ​ကြောင်း
အရာဆက်​လာလို့​ပြောရတာပါ။လူမျိုးစု၊ကိုးကွယ်
ရာ ဘာသာ​တွေကိုအ​ခြေခံတဲ့နိုင်​ငံစနစ်​​တွေကိုဖီးမလာ
တော့တာကြာပြီ။လူခြင်းအတူတူ ပခုံးဖက်​ဖို့ကြိုးစား
လို့မရ​သေးတာ ၂၁ရာစုထဲလာဖြစ်​​နေတာကိုမမိုက်​​နေ
ဘူး။

ကိုယ့်ထက်​ရှုပ်​​ထွေးတဲ့အိန္ဒိယနိုင်​ငံမှာ ဟိန္ဒူ ဘာသာ
ကွယ်​​ပျောက်​သွားပြီးလား။ဟိန္ဒူ ​တွေဒီက ကတုံး​ပြော
သလို သား​ဖောက်​သာသနာပြု ခံလိုက်​ရပြီလား။
မွစ်​စလင်​ထဲကသမ္မတ​တွေအထိတက်​ဖြစ်​တယ်​။
အိန္ဒိယကိုပါကစ္စတန်​ဆီ​ရောင်းစားလိုက်​လား။နူးကလီး
လက်​နက်​ပိုင်​ရှင်​အဖြစ်​တွန်းပို့ခဲ့တာအစ္စလာမ်ပညာရှင်
တွေပဲ။လူမျိုးမတူ ဘာသာမတူ သူ​တွေဆီကအားကို
နိုင်​ငံ​အတွက်​အ​ကောင်းဆုံးအသုံးချသွားနိုင်​တယ်​။
ဒီက နှစ်​ပဲတစ်​ပြား သူတစ်​ပါး​ပေးစာကမ်းစာ စားပြီး
ကြီးပြင်းလူလား​မြောက်​လာတဲ့ ​ကျောင်းသင်္ခမ်းက
ကတုံးက ​ပေါက်​လွတ်​ပဲစား​ပြောတာလည်း ​အောက်​က
ငပိန်း​တွေက တင်​ပါ့ဖျားဆို​တော့ ပွဲကပြတ်​​ရော။
ဥာဏ်​​နဲ့ယှဉ်​ပြီးသုံးသပ်​တာမျိုး ဘယ်​​တော့မှမလုပ်​ဘူး။
တစ်​နိုင်​ငံလုံးက ဘယ်​​နေရာကိုပဲဖြစ်​ဖြစ်​ ခင်​ဗျားသွား
ခေါက်​ကြည့် ဗုဒ္ဓံသရဏံဂစ္စာမိဆိုပြီး အသံထွက်​လာ
လိမ့်မယ်​။အဲဒီ​လောက်​ဗုဒ္ဓစံနှုန်း​တွေကိုဋ္ဌာပနာထား
တာ​တောင်​ သာသနာ​ပျောက်​မယ်​ဆို​တော့ ဒါဟာ
မရိုးသားတာ​သေချာတယ်​။ခင်​ဗျားတို့ ဒီလို​ပြောလို့
စိတ်​မဆိုးနဲ့။ပေါ်တင်​​ဗြောင်​ကြီးခင်​ဗျားတို့ကိုဂျင်းထည့်
နေတာခံနိုင်​တယ်​ဆိုလည်း မတတ်​နိုင်​ဘူး။ဆက်ခံကြ
ရုံပဲရှိတယ်​။ပြည်​တွင်းမှာ​နေ ပြင်​ပကမ္ဘာကိုမသိဘဲ
ဝါးလုံး​ခေါင်းထဲလသာ​နေလို့က​တော့ ဘာမှဖြစ်​လာ
ဖို့မရှိဘူးဆိုတာမှတ်​သားထားဖို့လိုတယ်​။

ဆက်​ပါဦးမည်​။

https://m.facebook.com/story.php?story_fbid=380155719404437&id=100022300364681

0 ယောက်မှတ်ချက်ပြုခဲ့သည် to “History of Modern Burma....11”

Post a Comment

Related Posts Plugin for WordPress, Blogger...