စစ်အာဏာရှင် န၀တ လက်ထက်က နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့၊ ပြည်သူ့ဝန်ထမ်းတွေ ကြောက်လန့်စွာ ဖြေခဲ့ရတဲ့ မေးခွန်း ၃၃ခုပါ။
၁။ သင်သည် သောင်းကျန်းသူ အုပ်စုများဖြစ်သည့် KIA, KNU, ABSDF, မွန်ပြည်သစ်ပါတီတို့ရဲ့ အုပ်ချုပ်မှုအောက်မှာ နေလိုပါသလား။
၂။ သင်သည် ဗကပ၊ တကသ (သို့မဟုတ်) တကသ မြေအောက် အဖွဲ့အစည်းများရဲ့ အုပ်ချုပ်မှုအောက်မှာ နေလိုပါသလား။
၃။ သင်သည် ပြည်ပနိုင်ငံတစ်ခု၏ အုပ်စိုးမှုအောက်မှာ နေထိုင်လိုပါသလား။
၎။ CIA က မြန်မာ့ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်တာ သင်လက်ခံပါသလား။
၅။ ပြည်ပရောက် ပြည်ပြေးစိန်ဝင်းအစိုးရကို သင် ထောက်ခံသလား။
၆။ ဦးနုရဲ့ စဉ်ပြိုင်အစိုးရကို ထောက်ခံလား။
၇။ သင်သည် ပြည်ပအသံလွှင့်ဌာနများဖြစ်တဲ့ VOA, BBC တို့ကို ကြိုက်နှစ်သက်သူလား။
၈။ သင်ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေး ဆုံးရှံးသွားမှာ အလိုရှိသူလား။
၉။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များ ဖြစ်သည့် ဦးတင်ဦး၊ ဒေါ်စုကြည်၊ ဦးကြည်မောင် နဲ့ ဦးချစ်ခိုင်တို့ကို ထောက်ခံပါသလား။
၁၀။ ပြည်ပြေးစိန်ဝင်း၊ ပီတာလင်းပင်၊ မောင်အောင် နဲ့ ဦးစိန်မြကို ထောက်ခံပါသလား။
၁၁။ မြန်မာနိုင်ငံကို ၁၉၈၈ တုန်းကလို အခြေအနေမျိုး သင်မြင်တွေ့လိုပါသလား။
၁၂။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီး အပြီးသတ် မရေးဆွဲမီ၊ တပ်မတော်ဟာ နိုင်ငံတော်ကို ကာကွယ်ဖို့ ရှိနေဖို့ လိုအပ်တယ်လို့ ထင်ပါသလား။
၁၃။ ခိုင်မာတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် ဖြစ်ထွန်းလာစေဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်ဆိုတာ သဘောတူလား။
၁၄။ လက်နက်ကိုင် တပ်ဖွဲ့တွေအပါအ၀င် အစိုးရ၀န်ထမ်းတွေ အကုန်လုံး ပါတီနိုင်ငံရေးမှာ လုံးဝ ပါဝင်မပတ်သက်သင့်ဆိုတာ သဘောတူသလား။
၁၅။ သဘောမတူရင်၊ ဘာကြောင့်သဘောမတူလဲ ရှင်းပြပါ။
၁၆။ သင်ဟာ မဆလပါတီဝင် ဖြစ်ခဲ့ဖူးသလား။
၁၇။ ဖြစ်ခဲ့ဖူးရင် ပါတီဝင်နံပါတ် ဖော်ပြပေးပါ။
၁၈။ ပါတီမှာ နောက်ဆုံး ထမ်းဆောင်ခဲ့တဲ့ အဆင့်၊ ရာထူး ဖော်ပြပေးပါ။
၁၉။ အစိုးရ၀န်ထမ်းများ နိုင်ငံရေးပါတီများနှင့် ကူးလူးဆက်ဆံခြင်းသည် တရားဥပဒေကို ချိုးဖောက်ရာရောက်သည်ဆိုတာ သင်သိပါသလား။
၂၀။ ပြည်သူ့ဝန်ထမ်း တယောက်သည် ပြဌာန်းထားသော ပြည်သူ့ဝန်ထမ်း ဥပဒေနှင့် နည်းဥပဒေများကို မလိုက်နာလျှင် အလုပ်မှ ရပ်ဆိုင်းခံမည်ဆိုတာ သင် သိရှိနားလည် သဘောပေါက်ပါသလား။
၂၁။ သင့် လက်ရှိ တာဝန်ခံမှုက ဘာလဲ။
၂၂။ ၁၉၉၀ ရွေးကောက်ပွဲမှာ တပ်မတော်က ဘက်လိုက်မှုရှိခဲ့တယ်လို့ မြင်လား။
၂၃။ နိုင်ငံတစ်ခုမှာ နိုင်ငံရေးစနစ်တခုကနေ တခုပြောင်းဖို့ အချိန်ဘယ်လောက်ကြာကြာ ယူသင့်လဲ။
၂၄။ ဘယ်အဖွဲ့အစည်းက နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာရေးကို အာမခံနိုင်မယ်လို့ မြင်သလဲ။
၂၅။ ဘယ်လို နိုင်ငံရေးစနစ်က မြန်မာနိုင်ငံနဲ့ အသင့်တော်ဆုံးလဲ။
၂၆။ သမ္မတကို ဘယ်လိုရွေးချယ်မလဲ။
၂၇၊ နိုင်ငံခြားသားနဲ့ လက်ထပ်ထားသူဟာ နိုင်ငံတော် အကြီးအကဲအဖြစ် ရွေးချယ်သင့်သလား။
၂၈။ ရွေးချယ်သင့်တယ်လို့ ဖြေခဲ့ရင်၊ မြန်မာနိုင်ငံကြီး ဘာဖြစ်သွားနိုင်လဲဆိုတာ ရှင်းလင်းဖော်ပြပေးပါ။
၂၉။ တပ်မတော်နဲ့ နိုင်ငံတော်ကို ခြိမ်းခြောက် သွေးကွဲအောင် ကြံစည်နေသူများကို ဘယ်လို အပြစ်ဒဏ်မျိုးပေးသင့်ပါသလဲ။
၃၀။ အမျိုးသား အကျိုးစီးပွားက ပဓါနလား၊ တသီးပုဂ္ဂလ က ပဓါနလား။
၃၁။ တပ်မတော်ဟာ ဒီနေ့ ဘယ်သူ့ကောင်းကျိုးတွေ ဖော်ဆောင်နေတာလဲ။
၃၂။ နိုင်ငံ့အကျိုး သယ်ပိုးနေတဲ့ တပ်မတော်ကို ရန်သူလို သဘောထားနေတဲ့ အဖွဲ့အစည်းတွေကို ဘယ်လိုတုံ့ပြန်သင့်သလဲ။
၃၃။ တပ်မတော်ကို ဆန့်ကျင်တိုက်ခိုက်နေတာဟာ မှန်ကန်တယ်လို့ ယူဆပါသလား။
https://m.facebook.com/story.php?story_fbid=10158592854375747&id=222960585746

