Friday, June 1, 2018

ဒုကၡသည္စခန္းမွ လုပ္အားေပးဆရာမတစ္ဦး ရခိုင္မွ ရန္ကုန္သို႔လာစဥ္ လဝကဥပေဒျဖင့္ အဖမ္းခံရၿပီး ေထာင္တစ္ႏွစ္က်

,

ရခုိင္ေဒသမွ ႏိုင္ငံသားစိစစ္မႈ သက္ေသခံကတ္ျပားသာရိွသည့္ လုပ္အားေပးဆရာမ ရန္ကုန္ခရီးစဥ္တြင္ ဖမ္းဆီးခံရၿပီး ရက္ပိုင္းအတြင္း ေထာင္တစ္ႏွစ္က်သြားသည္  (သတင္း အစ အဆံုး)

[Zawgyi][Unicode below]
 ေရးသားသူ - ၿဖိဳးသီဟခ်ိဳ

(ရန္ကုန္) — ရခိုင္ျပည္နယ္ရွိ ဒုကၡသည္စခန္းတစ္ခုမွ ႏိုင္ငံသားမျဖစ္ေသးသည့္ လုပ္အားေပး ေက်ာင္းဆရာမတစ္ဦးသည္ ခရီးသြားခြင့္ လက္မွတ္ မပါဘဲ ခရီးသြားလာမႈျဖင့္ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္တစ္ႏွစ္ ခ်မွတ္ခံခဲ့ရသည္ဆိုေသာ သတင္းမွာ မွန္ကန္ေၾကာင္း ေတာင္ကုတ္ၿမိဳ႕နယ္ရဲစခန္းမွ အမည္မေဖာ္လိုသူ ရဲအရာရွိတစ္ဦးက ေျပာသည္။

ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕နယ္ ေက်ာက္တစ္လုံး ဒုကၡသည္စခန္းတြင္ ေနထိုင္သည့္ အသက္ ၂၆ ႏွစ္အ႐ြယ္ရွိ မလွျဖဴ သည္ ေမလ ၂၃ ရက္ေန႔က ရန္ကုန္သို႔ ထြက္ခြာလာစဥ္ ေတာင္ကုတ္ၿမိဳ႕အနီး၌ ဖမ္းဆီးခံရၿပီး ၎ကို ျပည္ေထာင္စုျမန္မာႏိုင္ငံအတြင္း ေနထိုင္သူမ်ား မွတ္ပုံတင္ေရးအက္ဥပေဒ ပုဒ္မ ၆(၃) အရ ေတာင္ကုတ္ ၿမိဳ႕နယ္တရား႐ုံးက ေမလ ၂၅ ရက္ေန႔တြင္အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္တစ္ႏွစ္ခ်မွတ္ကာ သံတြဲအက်ဥ္းေထာင္သို႔ ပို႔ေဆာင္လိုက္သည္ဟု ေက်ာက္တစ္လုံးဒုကၡသည္စခန္းႀကီးၾကပ္ေရးေကာ္မတီ ဥကၠ႒ ဦးျဖဴေရွက ေျပာသည္။

၁၉၄၉ ခုႏွစ္က ျပ႒ာန္းခဲ့သည့္ အဆိုပါ အက္ဥပေဒသည္ ႏိုင္ငံအတြင္းေနထိုင္သူမ်ားအား မွတ္ပုံတင္ရန္ ျပ႒ာန္းထားသည့္ ေယဘုယ်ဥပေဒျဖစ္သည္။ ထိုဥပေဒအရ မွတ္ပုံတင္၌ မမွန္ကန္ေသာအခ်က္ကို ေဖာ္ျပျခင္း၊ ကာယကံရွင္မဟုတ္သူကို ကိုင္ေဆာင္ေစျခင္း၊ ဆင္တူယိုးမွား ကတ္ျပားကို ကိုင္ေဆာင္ျခင္း စသည့္ျပစ္မႈမ်ား အတြက္ ပုဒ္မ ၆(၃)တြင္ ႏွစ္ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ကို အလုပ္ၾကမ္းျဖင့္ ျဖစ္ေစ၊ အလုပ္မဲ့ျဖင့္ ျဖစ္ေစ ခ်မွတ္ႏိုင္သည္ဟု ျပ႒ာန္းထားသည္။

မလွျဖဴကို ထိုဥပေဒပုဒ္မျဖင့္ အေရးယူခဲ့ေသာ္လည္း ၎သည္ NVC ကတ္ ေခၚ ႏိုင္ငံသားစိစစ္မႈ သက္ေသခံကတ္ျပားကို ကိုင္ေဆာင္ထားသူ ျဖစ္သည္ဟု သိရၿပီး ၎၏ ကတ္ကို ႐ိုက္ယူထားသည့္ ဓာတ္ပုံမွာလည္း လူမႈကြန္ရက္စာမ်က္ႏွာမ်ားထက္တြင္ ေတြ႕ရသည္။

လူဝင္မႈႀကီးၾကပ္ေရးအရာရွိတစ္ဦးကမူ မလွျဖဴကို အေရးယူခဲ့ျခင္းမွာ ခရီးသြားခြင့္မရဘဲ စခန္းမွ ထြက္ခြာသြား၍ ျဖစ္သည္ဟု Myanmar Now ကို ေျပာသည္။

“ကၽြန္ေတာ္တို႔က ဒီေဒသမွာက ခြင့္ျပဳခ်က္တင္ရတာေပါ့။ ျပည္နယ္အစိုးရကို ခြင့္ျပဳခ်က္တင္ၿပီးေတာ့ သြားရတာမ်ိဳးရွိပါတယ္။ၿပီးေတာ့မွ ၫွိႏႈိင္းၿပီးေတာ့မွ သူတို႔လိပ္စာ မွန္ကန္မႈရွိမရွိ၊ စိစစ္ၿပီး ေသခ်ာတယ္ ဆိုရင္ေတာ့ သြားခြင့္ေပးပါတယ္”ဟု ေက်ာက္ျဖဴၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႕အင္အားဦးစီးဌာန ၿမိဳ႕နယ္မႉး ဦးတင္ထူးက ေျပာသည္။

NVC ကတ္ ေခၚ ႏိုင္ငံသားစိစစ္မႈသက္ေသခံကတ္ျပားကို ကိုင္ေဆာင္ထားသူမ်ား အေနျဖင့္ လြတ္လပ္စြာ သြားလာခြင့္၊ က်န္းမာေရးေစာင့္ေရွာက္မႈႏွင့္ ပညာသင္ယူခြင့္ စသည္တို႔ကို ခြင့္ျပဳမည္ ဟု လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးက ယခုလ အေစာပိုင္းက သတင္းစာရွင္းလင္းပြဲတစ္ခုတြင္ ေျပာခဲ့ဖူးသည္။

NVC ကတ္ ကိုင္ဆိုင္ထားသူမ်ား လြတ္လပ္စြာ သြားလာလႈပ္ရွားခြင့္ ျပဳမည္ဟု အစိုးရကေျပာသည့္ေနာက္ အတိုက္အခံ ျပည္ေထာင္စု ႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီက ျပင္းထန္စြာ ကန္႔ကြက္ခဲ့သည္။

မလွျဖဴမွာ ခရီးသြားခြင့္ကို ႏွစ္ႀကိမ္ေလၽွာက္ထားခဲ့ေသာ္လည္း ခ႐ိုင္လဝကက ထုတ္မေပးခဲ့ေၾကာင္း ဒုကၡသည္ ဦးျဖဴေရွက ေျပာသည္။

မလွျဖဴမွာ ခရီးသြားလာခြင့္ကို ခ႐ိုင္လဝကမွတစ္ဆင့္ ျပည္နယ္ လဝကဦးစီးထံသို႔ ၂၀၁၇ ခုႏွစ္တြင္ တစ္ႀကိမ္၊ ယခုႏွစ္ ေဖေဖာ္ဝါရီလတြင္ တစ္ႀကိမ္၊ ႏွစ္ႀကိမ္တင္ခဲ့ေသာ္လည္း တစ္စုံတစ္ရာ အေၾကာင္းျပန္ၾကားခဲ့ျခင္း မရွိေၾကာင္း ၎က ေျပာသည္။

“သူခရီးသြားခြင့္တင္တာ တစ္ႏွစ္ေလာက္ၾကာၿပီေလ။ အဲဒါကို ခြင့္မွမျပဳတာ။ အဲဒါေၾကာင့္သူထြက္သြားတာ”ဟု ၎ကေျပာသည္။

မလွျဖဴမွာ တရားစြဲဆိုခံရၿပီး ေနာက္တစ္ရက္အၾကာမွာပင္ တရား႐ုံးတင္ အမိန္႔ခ်ခံခဲ့ရျခင္းျဖစ္ၿပီး ဥပေဒ၏ အကူအညီကို မရရွိခဲ့ဟု ဦးျဖဴေရွက ေျပာသည္။

“ေရွ႕ေနငွားရမ္းခြင့္ရဖို႔ ေနေနသာသာ တရား႐ုံးတင္တာနဲ႔ တစ္ခါတည္း အမိန္႔ခ်လိုက္တာ” ဟု၎ကေျပာသည္။

“NVC ကိုင္ရင္ ခရီးသြားလာခြင့္ရမယ္ဆိုၿပီး သူတို႔က ကၽြန္ေတာ္တို႔ကို အာမခံခ်က္ေပးတယ္ေလ။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔က NVC ကတ္ကို ကိုင္တာ”ဟု ၎က ဆက္ေျပာသည္။ ဦးျဖဴေရွသည္လည္း NVC ကတ္ ကိုင္ေဆာင္ထားသည့္ အစၥလာမ္ဘာသာဝင္ တစ္ဦးျဖစ္သည္။

မလွျဖဴမွာ ၂၀၁၂ ခုႏွစ္ ေအာက္တိုဘာလက ျဖစ္ပြားခဲ့သည့္ လူမ်ိဳးေရးပဋိပကၡမ်ား မတိုင္မီအထိ ေက်ာက္ျဖဴၿမိဳ႕ အေနာက္ဘက္ရွိ တိုးခ်ဲ႕ရပ္ကြက္တြင္ မိသားစုႏွင့္အတူေနထိုင္ခဲ့ၿပီး ပဋိပကၡမ်ားအတြင္း ၎တို႔ မိသားစု ေနအိမ္မွာ ဖ်က္ဆီးခံခဲ့ရသည့္ေနာက္တြင္ ညီမတစ္ဦး၊ ေက်ာင္းသားအ႐ြယ္ ေမာင္ႏွစ္ဦး၊ မိဘႏွစ္ဦးတို႔ႏွင့္ ေက်ာက္တစ္လုံးဒုကၡသည္စခန္းသို႔ ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ၾကသည္ဟု မလွျဖဴ၏ ညီမျဖစ္သူ အသက္ ၂၂ ႏွစ္ရွိသည့္ မလွလွျဖဴက Myanmar Now ကိုေျပာသည္။

မလွျဖဴသည္ ေက်ာက္ျဖဴၿမိဳ႕ အေျခခံပညာအထက္တန္းေက်ာင္းမွ တကၠသိုလ္ဝင္တန္း ေအာင္ျမင္ထားသူျဖစ္ၿပီး ျမန္မာစာအထူးျပဳျဖင့္ တကၠသိုလ္ပထမႏွစ္တက္ေရာက္ခြင့္ရရန္ ေစာင့္ဆိုင္းေနသူျဖစ္သည္ဟု ဦးျဖဴေရွက ေျပာသည္။ ဒုကၡသည္စခန္းအတြင္းရွိ အစိုးရကဖြင့္ေပးထားသည့္ စာသင္ေက်ာင္းတြင္ လုပ္အားေပး ဆရာမအျဖစ္ လက္ရွိလုပ္ကိုင္လ်က္ရွိၿပီး ထိုေက်ာင္းတြင္ ဆရာဆရာမ ၁၈ ဦးရွိကာ ေက်ာင္းသား၊ ေက်ာင္းသူ ၂၃၅ ဦးရွိသည္ဟု ဦးျဖဴေရွက ေျပာသည္။

မလွျဖဴ၏ ညီမ မလွလွျဖဴကမူ ၎၏မိဘႏွစ္ပါးစလုံး ေက်ာက္ျဖဴၿမိဳ႕မွာပင္ ေမြးဖြားခဲ့ေၾကာင္း၊ ၎တို႔ ေမာင္ႏွမအားလုံးကိုလည္း ေက်ာက္ျဖဴမွာပင္ေမြးဖြားခဲ့ေၾကာင္း ေျပာသည္။

၎၏အစ္မျဖစ္သူသည္ ေမလ ၂၃ ရက္ေန႔ နံနက္ ၆ နာရီ အခ်ိန္တြင္ စခန္းမွ “ဘာမွမေျပာဘဲ” ထြက္ခြာသြားခဲ့ျခင္း ျဖစ္ၿပီး ဖမ္းဆီးခံရခ်ိန္ထိ အာဏာပိုင္မ်ားက ဆက္သြယ္ေျပာဆိုျခင္းမရွိဟု ေျပာသည္။

၎တို႔မိသားစုသည္ အစ္မျဖစ္သူ၏ လစာက်ပ္တစ္သိန္းေက်ာ္ျဖင့္ မိသားစုတစ္စုလုံး မွီခိုေနရၿပီး အစ္မျဖစ္သူႏွင့္ ေတြ႕ခြင့္မရ ေသးေၾကာင္း ၎က ေျပာသည္။

“သြားေတြ႕လို႔မရေသးတာပါ။ အေဖကေတာ့ သြားေတြ႕ခြင့္ရဖို႔အတြက္ စခန္းတာဝန္ခံကို ေျပာထားပါတယ္။ ဒါေပမယ့္ ထြက္လို႔မရဘူးေလ ဒီထဲက” ဟု၎ကေျပာသည္။

အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ အေနျဖင့္ ဒုကၡသည္ စခန္းရွိ ဒုကၡသည္မ်ားႏွင့္ပတ္သက္ၿပီး တပ္မေတာ္ႏွင့္ ၫွိႏႈိင္းအေကာင္အထည္ေဖာ္ရန္လိုအပ္ေနၿပီး အတိုက္အခံပါတီျဖစ္သည့္ ႀကံခိုင္ေရး ပါတီ၏ ႏိုင္ငံေရးအရ ထိုးႏွက္မႈမ်ားမွာလည္း တပ္မေတာ္ႏွင့္ၫွိႏႈိင္းႏိုင္ပါက ေျပလည္သြားႏိုင္သည္ဟု ‘ယေန႔ေခတ္’ မဂၢဇင္း အယ္ဒီတာခ်ဳပ္ ကိုသက္ဇင္က သုံးသပ္သည္။

“အခုလို ျဖစ္ေနတဲ့ကိစၥက NLD ပါတီလည္းသိကၡာက်မယ္။ ေဒၚေအာင္ဆန္းစုၾကည္လည္း သိကၡာက်မယ္။ အစိုးရလည္း သိကၡာက်ၿပီးေတာ့ ဒီကိစၥႀကီးကလည္း ေျပၿငိမ္းမသြားဘဲ ပိုၿပီးႀကီးထြားလာႏိုင္တယ္လို႔ ထင္ပါတယ္။ ႏိုင္ငံတကာမွာလည္း ပိုၿပီး သိကၡာက်စရာရွိပါတယ္” ဟု၎ကေျပာသည္။

ေက်ာက္ျဖဴၿမိဳ႕၊ ေက်ာက္တစ္လုံး ဒုကၡသည္စခန္းတြင္းမွ ခရီးသြားခြင့္မရွိဘဲ ထြက္ခြာသြားခဲ့ျခင္းေၾကာင့္ ၂၀၁၇ ခုႏွစ္အတြင္း အမ်ိဳးသမီး ႏွစ္ဦးအဖမ္းဆီးခံခဲ့ရသည္ဟု ဦးျဖဴေရွက ေျပာသည္။

၂၀၁၂ ခုႏွစ္က က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္ပြားခဲ့သည့္ ပဋိပကၡမ်ားေနာက္ပိုင္းတြင္ တျခား ရခိုင္တိုင္းရင္းသားမ်ား အပါအဝင္ ရခိုင္ျပည္နယ္ေန အစၥလာမ္ဘာသာဝင္ အေျမာက္အျမားတို႔သည္ ဒုကၡသည္စခန္းမ်ားတြင္ ေနထိုင္ ေနၾကရသည္။ ထို႔ျပင္ ၂၀၁၆ ႏွင့္ ၂၀၁၇ ခုႏွစ္မ်ားအတြင္း အာရကန္ ႐ိုဟင္ဂ်ာကယ္တင္ေရး တပ္ (ARSA) ၏တိုက္ခိုက္မႈမ်ားေၾကာင့္ တပ္မေတာ္၏ နယ္ေျမရွင္းလင္းစစ္ဆင္ေရးမ်ား ေနာက္ပိုင္းတြင္လည္း ရခိုင္ေျမာက္ပိုင္းေန အစၥလာမ္ဘာသာဝင္ သိန္းႏွင့္ခ်ီကာ ဘဂၤလားေဒ့ရွ္ဘက္ရွိ ဒုကၡသည္စခန္းမ်ားတြင္ ခိုလႈံေနရသည္။

ျမန္မာအစိုးရကမူ အျငင္းပြားဖြယ္ျဖစ္ေနသည့္ ထိုအစၥလာမ္ဘာသာဝင္မ်ား၏ ႏိုင္ငံသားအဆင့္အတန္းႏွင့္ ပတ္သက္ၿပီး စိစစ္ရန္ NVC ကတ္ကို ထုတ္ေပးမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံသားျဖစ္သင့္ျဖစ္ထိုက္သူမ်ားကို ႏိုင္ငံသားအခြင့္အေရးေပးမည္ျဖစ္ေၾကာင္း ေၾကညာထားသည္။
###
=====================================
(Unicode)

(ရန်ကုန်) — ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုမှ နိုင်ငံသားမဖြစ်သေးသည့် လုပ်အားပေး ကျောင်းဆရာမတစ်ဦးသည် ခရီးသွားခွင့် လက်မှတ် မပါဘဲ ခရီးသွားလာမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရသည်ဆိုသော သတင်းမှာ မှန်ကန်ကြောင်း တောင်ကုတ်မြို့နယ်ရဲစခန်းမှ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး ဒုက္ခသည်စခန်းတွင် နေထိုင်သည့် အသက် ၂၆ နှစ်အရွယ်ရှိ မလှဖြူ သည် မေလ ၂၃ ရက်နေ့က ရန်ကုန်သို့ ထွက်ခွာလာစဉ် တောင်ကုတ်မြို့အနီး၌ ဖမ်းဆီးခံရပြီး ၎င်းကို ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေ ပုဒ်မ ၆(၃) အရ တောင်ကုတ် မြို့နယ်တရားရုံးက မေလ ၂၅ ရက်နေ့တွင်အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်ချမှတ်ကာ သံတွဲအကျဉ်းထောင်သို့ ပို့ဆောင်လိုက်သည်ဟု ကျောက်တစ်လုံးဒုက္ခသည်စခန်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဖြူရှေက ပြောသည်။

၁၉၄၉ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် အဆိုပါ အက်ဥပဒေသည် နိုင်ငံအတွင်းနေထိုင်သူများအား မှတ်ပုံတင်ရန် ပြဋ္ဌာန်းထားသည့် ယေဘုယျဥပဒေဖြစ်သည်။ ထိုဥပဒေအရ မှတ်ပုံတင်၌ မမှန်ကန်သောအချက်ကို ဖော်ပြခြင်း၊ ကာယကံရှင်မဟုတ်သူကို ကိုင်ဆောင်စေခြင်း၊ ဆင်တူယိုးမှား ကတ်ပြားကို ကိုင်ဆောင်ခြင်း စသည့်ပြစ်မှုများ အတွက် ပုဒ်မ ၆(၃)တွင် နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ကို အလုပ်ကြမ်းဖြင့် ဖြစ်စေ၊ အလုပ်မဲ့ဖြင့် ဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

မလှဖြူကို ထိုဥပဒေပုဒ်မဖြင့် အရေးယူခဲ့သော်လည်း ၎င်းသည် NVC ကတ် ခေါ် နိုင်ငံသားစိစစ်မှု သက်သေခံကတ်ပြားကို ကိုင်ဆောင်ထားသူ ဖြစ်သည်ဟု သိရပြီး ၎င်း၏ ကတ်ကို ရိုက်ယူထားသည့် ဓာတ်ပုံမှာလည်း လူမှုကွန်ရက်စာမျက်နှာများထက်တွင် တွေ့ရသည်။

လူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦးကမူ မလှဖြူကို အရေးယူခဲ့ခြင်းမှာ ခရီးသွားခွင့်မရဘဲ စခန်းမှ ထွက်ခွာသွား၍ ဖြစ်သည်ဟု Myanmar Now ကို ပြောသည်။

“ကျွန်တော်တို့က ဒီဒေသမှာက ခွင့်ပြုချက်တင်ရတာပေါ့။ ပြည်နယ်အစိုးရကို ခွင့်ပြုချက်တင်ပြီးတော့ သွားရတာမျိုးရှိပါတယ်။ပြီးတော့မှ ညှိနှိုင်းပြီးတော့မှ သူတို့လိပ်စာ မှန်ကန်မှုရှိမရှိ၊ စိစစ်ပြီး သေချာတယ် ဆိုရင်တော့ သွားခွင့်ပေးပါတယ်”ဟု ကျောက်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်မှူး ဦးတင်ထူးက ပြောသည်။

NVC ကတ် ခေါ် နိုင်ငံသားစိစစ်မှုသက်သေခံကတ်ပြားကို ကိုင်ဆောင်ထားသူများ အနေဖြင့် လွတ်လပ်စွာ သွားလာခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာသင်ယူခွင့် စသည်တို့ကို ခွင့်ပြုမည် ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ယခုလ အစောပိုင်းက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့ဖူးသည်။

NVC ကတ် ကိုင်ဆိုင်ထားသူများ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် ပြုမည်ဟု အစိုးရကပြောသည့်နောက် အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။

မလှဖြူမှာ ခရီးသွားခွင့်ကို နှစ်ကြိမ်လျှောက်ထားခဲ့သော်လည်း ခရိုင်လဝကက ထုတ်မပေးခဲ့ကြောင်း ဒုက္ခသည် ဦးဖြူရှေက ပြောသည်။

မလှဖြူမှာ ခရီးသွားလာခွင့်ကို ခရိုင်လဝကမှတစ်ဆင့် ပြည်နယ် လဝကဦးစီးထံသို့ ၂၀၁၇ ခုနှစ်တွင် တစ်ကြိမ်၊ ယခုနှစ် ဖေဖော်ဝါရီလတွင် တစ်ကြိမ်၊ နှစ်ကြိမ်တင်ခဲ့သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားခဲ့ခြင်း မရှိကြောင်း ၎င်းက ပြောသည်။

“သူခရီးသွားခွင့်တင်တာ တစ်နှစ်လောက်ကြာပြီလေ။ အဲဒါကို ခွင့်မှမပြုတာ။ အဲဒါကြောင့်သူထွက်သွားတာ”ဟု ၎င်းကပြောသည်။

မလှဖြူမှာ တရားစွဲဆိုခံရပြီး နောက်တစ်ရက်အကြာမှာပင် တရားရုံးတင် အမိန့်ချခံခဲ့ရခြင်းဖြစ်ပြီး ဥပဒေ၏ အကူအညီကို မရရှိခဲ့ဟု ဦးဖြူရှေက ပြောသည်။

“ရှေ့နေငှားရမ်းခွင့်ရဖို့ နေနေသာသာ တရားရုံးတင်တာနဲ့ တစ်ခါတည်း အမိန့်ချလိုက်တာ” ဟု၎င်းကပြောသည်။

“NVC ကိုင်ရင် ခရီးသွားလာခွင့်ရမယ်ဆိုပြီး သူတို့က ကျွန်တော်တို့ကို အာမခံချက်ပေးတယ်လေ။ ဒါကြောင့် ကျွန်တော်တို့က NVC ကတ်ကို ကိုင်တာ”ဟု ၎င်းက ဆက်ပြောသည်။ ဦးဖြူရှေသည်လည်း NVC ကတ် ကိုင်ဆောင်ထားသည့် အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သည်။

မလှဖြူမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလက ဖြစ်ပွားခဲ့သည့် လူမျိုးရေးပဋိပက္ခများ မတိုင်မီအထိ ကျောက်ဖြူမြို့ အနောက်ဘက်ရှိ တိုးချဲ့ရပ်ကွက်တွင် မိသားစုနှင့်အတူနေထိုင်ခဲ့ပြီး ပဋိပက္ခများအတွင်း ၎င်းတို့ မိသားစု နေအိမ်မှာ ဖျက်ဆီးခံခဲ့ရသည့်နောက်တွင် ညီမတစ်ဦး၊ ကျောင်းသားအရွယ် မောင်နှစ်ဦး၊ မိဘနှစ်ဦးတို့နှင့် ကျောက်တစ်လုံးဒုက္ခသည်စခန်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်ဟု မလှဖြူ၏ ညီမဖြစ်သူ အသက် ၂၂ နှစ်ရှိသည့် မလှလှဖြူက Myanmar Now ကိုပြောသည်။

မလှဖြူသည် ကျောက်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူဖြစ်ပြီး မြန်မာစာအထူးပြုဖြင့် တက္ကသိုလ်ပထမနှစ်တက်ရောက်ခွင့်ရရန် စောင့်ဆိုင်းနေသူဖြစ်သည်ဟု ဦးဖြူရှေက ပြောသည်။ ဒုက္ခသည်စခန်းအတွင်းရှိ အစိုးရကဖွင့်ပေးထားသည့် စာသင်ကျောင်းတွင် လုပ်အားပေး ဆရာမအဖြစ် လက်ရှိလုပ်ကိုင်လျက်ရှိပြီး ထိုကျောင်းတွင် ဆရာဆရာမ ၁၈ ဦးရှိကာ ကျောင်းသား၊ ကျောင်းသူ ၂၃၅ ဦးရှိသည်ဟု ဦးဖြူရှေက ပြောသည်။

မလှဖြူ၏ ညီမ မလှလှဖြူကမူ ၎င်း၏မိဘနှစ်ပါးစလုံး ကျောက်ဖြူမြို့မှာပင် မွေးဖွားခဲ့ကြောင်း၊ ၎င်းတို့ မောင်နှမအားလုံးကိုလည်း ကျောက်ဖြူမှာပင်မွေးဖွားခဲ့ကြောင်း ပြောသည်။

၎င်း၏အစ်မဖြစ်သူသည် မေလ ၂၃ ရက်နေ့ နံနက် ၆ နာရီ အချိန်တွင် စခန်းမှ “ဘာမှမပြောဘဲ” ထွက်ခွာသွားခဲ့ခြင်း ဖြစ်ပြီး ဖမ်းဆီးခံရချိန်ထိ အာဏာပိုင်များက ဆက်သွယ်ပြောဆိုခြင်းမရှိဟု ပြောသည်။

၎င်းတို့မိသားစုသည် အစ်မဖြစ်သူ၏ လစာကျပ်တစ်သိန်းကျော်ဖြင့် မိသားစုတစ်စုလုံး မှီခိုနေရပြီး အစ်မဖြစ်သူနှင့် တွေ့ခွင့်မရ သေးကြောင်း ၎င်းက ပြောသည်။

“သွားတွေ့လို့မရသေးတာပါ။ အဖေကတော့ သွားတွေ့ခွင့်ရဖို့အတွက် စခန်းတာဝန်ခံကို ပြောထားပါတယ်။ ဒါပေမယ့် ထွက်လို့မရဘူးလေ ဒီထဲက” ဟု၎င်းကပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အနေဖြင့် ဒုက္ခသည် စခန်းရှိ ဒုက္ခသည်များနှင့်ပတ်သက်ပြီး တပ်မတော်နှင့် ညှိနှိုင်းအကောင်အထည်ဖော်ရန်လိုအပ်နေပြီး အတိုက်အခံပါတီဖြစ်သည့် ကြံခိုင်ရေး ပါတီ၏ နိုင်ငံရေးအရ ထိုးနှက်မှုများမှာလည်း တပ်မတော်နှင့်ညှိနှိုင်းနိုင်ပါက ပြေလည်သွားနိုင်သည်ဟု ‘ယနေ့ခေတ်’ မဂ္ဂဇင်း အယ်ဒီတာချုပ် ကိုသက်ဇင်က သုံးသပ်သည်။

“အခုလို ဖြစ်နေတဲ့ကိစ္စက NLD ပါတီလည်းသိက္ခာကျမယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း သိက္ခာကျမယ်။ အစိုးရလည်း သိက္ခာကျပြီးတော့ ဒီကိစ္စကြီးကလည်း ပြေငြိမ်းမသွားဘဲ ပိုပြီးကြီးထွားလာနိုင်တယ်လို့ ထင်ပါတယ်။ နိုင်ငံတကာမှာလည်း ပိုပြီး သိက္ခာကျစရာရှိပါတယ်” ဟု၎င်းကပြောသည်။

ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး ဒုက္ခသည်စခန်းတွင်းမှ ခရီးသွားခွင့်မရှိဘဲ ထွက်ခွာသွားခဲ့ခြင်းကြောင့် ၂၀၁၇ ခုနှစ်အတွင်း အမျိုးသမီး နှစ်ဦးအဖမ်းဆီးခံခဲ့ရသည်ဟု ဦးဖြူရှေက ပြောသည်။

၂၀၁၂ ခုနှစ်က ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနောက်ပိုင်းတွင် တခြား ရခိုင်တိုင်းရင်းသားများ အပါအဝင် ရခိုင်ပြည်နယ်နေ အစ္စလာမ်ဘာသာဝင် အမြောက်အမြားတို့သည် ဒုက္ခသည်စခန်းများတွင် နေထိုင် နေကြရသည်။ ထို့ပြင် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွင်း အာရကန် ရိုဟင်ဂျာကယ်တင်ရေး တပ် (ARSA) ၏တိုက်ခိုက်မှုများကြောင့် တပ်မတော်၏ နယ်မြေရှင်းလင်းစစ်ဆင်ရေးများ နောက်ပိုင်းတွင်လည်း ရခိုင်မြောက်ပိုင်းနေ အစ္စလာမ်ဘာသာဝင် သိန်းနှင့်ချီကာ ဘင်္ဂလားဒေ့ရှ်ဘက်ရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရသည်။

မြန်မာအစိုးရကမူ အငြင်းပွားဖွယ်ဖြစ်နေသည့် ထိုအစ္စလာမ်ဘာသာဝင်များ၏ နိုင်ငံသားအဆင့်အတန်းနှင့် ပတ်သက်ပြီး စိစစ်ရန် NVC ကတ်ကို ထုတ်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံသားဖြစ်သင့်ဖြစ်ထိုက်သူများကို နိုင်ငံသားအခွင့်အရေးပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။
###

https://m.facebook.com/story.php?story_fbid=1084742955006775&id=518067831674293

0 ေယာက္မွတ္ခ်က္ျပဳခဲ့သည္ to “ ဒုကၡသည္စခန္းမွ လုပ္အားေပးဆရာမတစ္ဦး ရခိုင္မွ ရန္ကုန္သို႔လာစဥ္ လဝကဥပေဒျဖင့္ အဖမ္းခံရၿပီး ေထာင္တစ္ႏွစ္က်”

Post a Comment

Related Posts Plugin for WordPress, Blogger...