Wednesday, January 2, 2019

History of Modern Burma......9

,
အေဒီ ၁၈ရာစုနှစ်အလယ်ပိုင်းမှာ ဗမာပဒေသရာဇ်
တွေရဲ့ နောက်ဆုံးမင်းဆက်ဖြစ်တဲ့ ကုန်းဘောင်ဘုရင်
အလောင်းမင်းဟာ ပြိုင်ဘက် ရှမ်းနဲ့ မွန်ပဒေသရာဇ်
တွေကို စစ်ပွဲတွေနဲ့အနိုင်ယူပြီး ယိုးဒယားကိုပါကျူးကျော်
နိုင်ခဲ့ပေမယ့် စစ်အင်အားနဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့
သူ့ရဲ့ နိုင်ငံကို အတိအကျ အမည်တပ်မသွားနိုင်ခဲ့ဘူး။
၁၈၆၀ပြည့်နှစ် ဗြိတိန်အရှေ့ အိန္ဒိယကုမ္ပဏီကိုရေးတဲ့
စာမှာ အလောင်းမင်းဟာ မိမိကိုယ်မိမိ တမ္ပရဒီပနဲ့
သုနာပရန္တတိုင်း ရာမညဒေသ နှင့် ကမ္ဘောဇတိုင်းတို့၏
ဘုရင်(The King of Tampradipa and Thunaparanta,of Ramannadesa and Kamboza)လို့ဖော်ပြခဲ့တယ်။၁၉ရာစုအလယ်ပိုင်း
ကစပြီး နန်းတော်က နိုင်ငံတော်အမည်ကို
မြန်မာနိုင်ငံ လို့ သုံးစွဲနေပြီးလို့ ဒေါက်တာသန်းမြင့်ဦး
က သူ့ရဲ့ The Manking of Burma မှာဆိုထား
တယ်။အဲဒီအချိန်ကစပြီး ဒီဌာနေဘာသာစကားဟာ
အပြောင်းအလဲမရှိတော့ပါဘူး။သို့သော် ဗမာလူမျိုးတွေ
နဲ့ခေတ်ပြိုင် လူ့ယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ မွန်​လူမျိုးရဲ့ 
မွန်အဘိဓာန်မှာမြန်မာဆိုတဲ့ ဝေါဟာရကိုတော့
ရှာမတွေ့ဘူး။မွန်တွေက မြန်မာကို ဗမယ်
(မွန်အသံထွက် Bamaue)လို့ယနေ့တိုင်ခေါ်ဆို
နေကြဆဲပါ။၁၆ရာစုနှစ်တွေအတွင်း ရာမညဒေသ
နဲ့ကူးလူးဆက်ဆံခဲ့ကြတဲ့ အနောက်တိုင်းသားအများစု
ရဲ့ မှတ်တမ်းတွေမှာ မွန်အသံထွက်အတိုင်းခေါ်ဝေါ်သုံး
စွဲထားတဲ့ ပထဝီဒေသ မြစ်ချောင်းနဲ့ မြို့အမည်တွေ
အများအပြားတွေ့ရတယ်။

ဥပမာ ပြည်( မွန်အသံထွက် Pronue) ၊မြိတ်
(မွန်အသံထွက် Mengue)၊သံလွင်(မွန်အသံထွက် Slonue)စသဖြင့် အင်္ဂလိပ်ဘာသာနဲ့အသံဖလှယ်
ခေါ်ဝေါ်ခဲ့ကြတာတွေ့ရတယ်။အလားတူ မွန်အသံထွက်
ဗမယ်ကို Burma လို့အသံဖလှယ်ယူဆခဲ့ဖွယ်ရှိ
တယ်လို့တစ်ချို့လေ့လာသူများကဆိုကြပါသေးတယ်။
ဒါကြောင့် ဗမာရော မြန်မာပါ ၁၉ရာစုနှောင်းပိုင်း
ကစပြီး ယခုမြန်မာပြည်နယ်နိမိတ်အတွင်းနိုင်ငံရေး
ဦးဆောင်မှုအခန်းကို ရယူနိုင်ခဲ့တဲ့ လူများစုလူမျိုးကို
ခေါ်တာပဲ ဖြစ်တယ်။သို့သော် စစ်အင်အားနဲ့အာဏာရ
ယူထားတဲ့ မဆလ အစိုးရဟာ ဗမာကိုလူမျိုးအမည်၊
မြန်မာကို အခြားသောဗမာမဟုတ်တဲ့ လူမျိုးအားလုံး
ကိုပေါင်းရုံးခေါ်ဆိုတဲ့ အများဆိုင်အမည်အဖြစ်
ဥာဏ်ကွန့်မြူးလိုက်ပါတယ်။ဒါ​ကြောင့်မြန်​မာဆိုတာ
တိုင်းရင်းသား​တွေအတွက်​ ဂျင်းပဲ။ဘာဂျင်းလဲ​မေးရင်
Burmanization သို့မဟုတ်​ Myanmarfication
ပဲ​ပေါ့။

အေဒီ ဒုတိယထောင်စုနှစ် စွန်းစကာလ တမ္ပရဒီပ
ဘုရင် အနုရုဒ္ဓါမင်းလက်ထက်မှာအစပြု ခဲ့ပြီး
ဗမာပဒေသရာဇ်တွေ၊ဗြိတိန်နယ်ချဲ့သမားတွေ၊
နယ်ချဲ့ ဆန်ကျင့်ရေးသမားဗမာမျိုးချစ်ခေါင်းဆောင်တွေ
လွတ်လပ်ရေးခေတ်ပါလီမာန်ဒီမိုခရက်တွေနဲ့
စစ်ခေါင်းဆောင်အဆက်ဆက်တို့ရဲ့ တစ်ပြည်ထောင်
ဗမာအမျိုးသားနိုင်ငံတည်ထောင်ရေးကြိုးပမ်းမှုကြီး
ဟာယနေ့တိုင် အပြီးမသတ်နိုင်သေးဘူးဆိုတာ ကွက်ကွက်
ကွင်းကွင်းမြင်ရတွေ့ရပါတယ်။

ယခု မြန်မာပြည်နယ်နိမိတ်တစ်ခုလုံးကို ဗမာလူမျိုးက
စစ်အင်အားနဲ့တိုက်ခိုက်သိမ်းပိုက်ပြီး နိုင်ငံတည်ထောင်ခဲ့
တာ မဟုတ်ဘူးဆိုတာတော့ အများသိပြီဖြစ်တာကြောင့်
ဘယ်သူမှ ငြင်းကြမယ် မထင်ဘူး။မွန်နဲ့ရခိုင်ပဒေသရာဇ်
တွေဟာ ဗမာပဒေသရာဇ် တွေကိုစစ်ရှုံးသွားကြပေမယ့်
အဲဒီသက်ဆိုင်ရာလူမျိုးစုတွေရဲ့ ပုန်ကန်နေမှုဟာ
ဗြိတိန်နယ်ချဲ့သမားတွေဝင်ရောက်လာတဲ့ကာလအထိ
ရပ်တန့်မသွားခဲ့ဘူး။ရှမ်းပဒေသရာဇ်နိုင်ငံတွေဟာ
ကုန်းဘောင်မင်းဆက်ရဲ့ ပဏ္ဍာဆက်နိုင်ငံဖြစ်ခဲ့ပေမယ့်
စစ်အာဏာသိမ်းမဆလအစိုးရ လက်ထက်ရောက်တဲ့
အထိ အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆုံးရှုံးမသွားခဲ့ဘူး။
ကချင် ချင်းတွေက မြန်မာပြည်လွတ်လပ်ရေးရချိန်ကျ
မှသာ နိုင်ငံနယ်နိမိတ်အတွင်းကိုဆွဲသွင်းခံရတာဖြစ်ပြီး
ကရင်နီ (ကယား)နယ်ဟာ မင်းတုန်းမင်းနဲ့ဗြိတိန်
အာဏာပိုင်အကြားထားရှိခဲ့တဲ့ သဘောတူညီမှုအရ
မြန်မာပြည်လွတ်လပ်ရေးရတဲ့အထိ လွတ်လပ်တဲ့
သီးခြားနိုင်ငံအဖြစ် ရှိနေခဲ့ပါတယ်။၁၉၆၀ပြည့်နှစ်
နောက်ပိုင်း ဗကပ တပ်တွေ ဝင်ရောက်လာချိန်ကျမှသာ
ဗမာတွေ ဝ နယ်ကို ဝင်ရောက်လာနိုင်ခဲ့တာဖြစ်ပြီး
၊ကိုးကန့်ဒေသဟာလည်း ယန်းစော်ဘွားမျိုးဆက်
(Young Dynesty)ရဲ့ အုပ်ချုပ်မှုအောက် ၂၀
ရာစုနှစ် အလယ်ပိုင်းအထိ တည်ရှိနေခဲ့တာပါ။
လွတ်လပ်ရေးနဲ့အတူ ဗြိတိန်ကပိုင်းခြားသတ်မှတ်
ပေးခဲ့တဲ့ ပထဝီဆိုင်ရာနယ်နိမိတ်သတ်မှတ်ချက်
အဖြစ်ကလွဲပြီး လူမျိုးစုဒေသအများစုဟာ ဘယ်သော
အခါကမှ မြန်မာအမျိုးသားနိုင်ငံရဲ့ အစိတ်အပိုင်း
မဟုတ်ခဲ့ဘူး။ဒါကိုသိထားဖို့လိုတယ်​။

ဗြိတိန်ဟာ သူတို့ကိုလိုနီအိန္ဒိယကို ယခုမြန်မာပြည်
နယ်နိမိတ်နဲ့​ရေမြေထိစပ်နေတဲ့ ပြင်သစ်ပိုင်
အင်ဒိုချိုင်းနားနယ်သားတွေ မကြာခဏထိပါးလာတဲ့
အပြင် နောက်ဆုံး၁၉ရာစုအစောပိုင်းကိုရောက်လာတဲ့
အခါ ဗမာပဒေသရာဇ် ရဲ့ နန်းတွင်းထဲကိုပါ ထိုးဖောက်
ဝင်ရောက်လာခဲ့ကြတာကို ဟန့်တားနိုင်ဖို့အတွက်
လုံခြုံ​ရေးကြားခံနယ်မြေအဖြစ် မြန်မာပြည်ကို
ထပ်တိုးသိမ်းပိုက်လိုက်​တာပါလို့ သုံးသပ်သူတွေလည်း
ရှိခဲ့ကြတယ်။ဗြိတိန်ဟာ သူ့အကျိုးစီးပွားအတွက်
မြန်မာပြည်ကိုသိမ်းခဲ့တာ မှန်ပေမယ့်တကယ်တမ်းမှာ
တော့ လောက်လောက်လားလားစီးပွားရေးအကျိုး
အမြတ်မရတဲ့ အပြင် တစ်စိုက်မတ်မတ်ခုခံဆန့်
ကျင်နေတဲ့ ပုန်ကန်သူတွေနဲ့ပါ ကြုံ​တွေ့ရတာကြောင့်
ဗမာပြည်ကို နိုင်ငံတစ်နိုင်ငံအဖြစ် ကြီးကြီးကျယ်​ကျယ်
တည်ထောင်ပေးဖို့စိတ်ကူးရှိခဲ့ပုံမရဘူး။ဘာလို့ဆိုတော့
အိန္ဒိယမှာ စရိတ်စက ကြီးတဲ့State building လို
လုပ်ငန်းနဲ့အခြားထူထောင်မှုတွေကို မြန်မာပြည်မှာ
တစ်ခုမှလုပ်ဆောင်ခဲ့ခြင်းမရှိဘူးလို့ ပညာရှင်အများစုက
ထောက်ပြကြတယ်။ဒေါက်တာသန်းမြင့်ဦးက
ဗြိတိန်ဟာ ကုန်ကျစရိတ်သက်သာပြီး လွယ်ကူတဲ့
အလွယ်လမ်းကိုလိုက်ခဲ့တယ်လို့ မှတ်ချက်ပြု ထားခဲ့
တယ်။ထို့အတူ ပုန်ကန်နေတဲ့ မြန်မာခုခံသူတွေကို
အိန္ဒိယ တပ်ဖွဲ့တွေစေလွှတ်ပြီး နှိမ်နင်းစေခဲ့ပြန်တယ်။
တစ်ခါ ပြည်မနဲ့ တောင်တန်းကို သီးခြားခွဲထုတ်လိုက်
ပြန်တယ်။နယ်ခြားဒေသအုပ်ချုပ်ရေးအဖြစ် သီးခြား
ပိုင်းပြီး သက်ဆိုင်ရာလူမျိုးစုတွေရဲ့ အစဉ်အလာ
အုပ်ချုပ်မှုအောက်မှာ ထားရှိစေခဲ့တယ်။တောင်ပေါ်
သားတွေရဲ့ စာပေနဲ့ ယဉ်ကျေးမှုအမှတ်အက္ခဏာ
(National Identity)ကိုစနစ်တကျဖြစ်ထွန်း
စေလိုက်တယ်။ဒါဟာ ဗမာမဟုတ်တဲ့ တိုင်းရင်းသား
တွေကို လွတ်လပ်စွာ ရှင်သန်ခွင့်ပေးလိုက်တာပါပဲ။
အဲ​တော့ တိုင်းရင်းသား​တွေအင်္ဂလိပ်​တမ်းတတာ မလွန်
ပါဘူး။လူဖြစ်​ဖြစ်​ တိရစ္ဆာန်​ဖြစ်​ဖြစ်​ကိုယ့်ကို ဒုက္ခ​ပေး
မယ့် ဘယ်​သူကိုမှမတမ်းတတတ်​ဘူး။အကိုကြီးအဖြစ်
ခံယူထားသူ​တွေစဉ်းစား​ပေါ့။

တစ်ဖက်မှာ ဗမာပဒေသရာဇ် တွေကို စစ်ရှုံးလို့
ဖိနှိပ်ခံနေကြရတဲ့ မွန်နဲ့ရခိုင်လူမျိုးတွေဟာ ဗြိတိန်
ကိုလိုနီနိုင်ငံတည်ထောင်ရေးစီမံကိန်းကြီး အောက်မှာ
ဘူးလေးရာဖရုံဆင့် ဆိုသလိုဖြစ်ခဲ့ကြပြန်တယ်။
အစဉ်အလာ လယ်ယာဟာ စီးပွားဖြစ်လယ်ယာစနစ်
ဖြစ်လာတာကြောင့် အုပ်ချုပ်ရေးနဲ့ စီးပွားရေး
အဆောက်အဦးတွေမွန်ဒေသကိုအလုံးအရင်းနဲ့
ဝင်ရောက်လာတယ်။အဲဒီတုန်းက မြန်မာပြည်
လူဦးရေဟာ ၁၄.၆၅ သန်းကျော်ရှိပါတယ်။
အိန္ဒိယတိုင်းရင်းသားတွေလည်းဝင်ရောက်လာကြတယ်။
အဲဒီမှာ မွန်တွေဟာ အခြားတိုင်းရင်းသားတွေလို
လူမျိုးဆိုင်ရာ အမှတ်အသားသရုပ်သကန်တွေ
စနစ်တကျဖြစ်ထွန်းခွင့်မရတော့ဘဲ အလွန်ကြီးမားတဲ့
ဗမာပြုမှုဖြစ်စဉ် (Burmanization)ကြီးနဲ့
ရင်ဆိုင်လိုက်ရပါတော့တယ်။အကျိုးဆက်အဖြစ်
လူမှုယဉ်ကျေးမှု ရောနှောခံရတဲ့ဒဏ်ကို မွန်လူမျိုး
တွေအပြင်းအထန်ခံကြရပါတော့တယ်။ဥပမာ
၁၈၅၆ခုနှစ် ဟင်္သာတခရိုင် သန်းခေါင်စရင်းမှာ
ခရိုင်လူဦးရေရဲ့ ထက်ဝက်ကျော်ဟာမွန်တွေဖြစ်တယ်လို့
ဖော်ပြထား​ပေမယ့် နောင်နှစ်၅၀အကြာ ၁၉၁၁ခုနှစ်
မှာကောက်ယူတဲ့ သန်းခေါင်စရင်းအရ ခရိုင်လူဦးရေ ၅၃၂၃၅၇ ဦးအနက် ၁၂၂၄ဦးသာ မွန်လူမျိုးအဖြစ်
အမည်ပေါက်ခဲ့ပြီး ၃၉၉ ဦးက မွန်စကားပြောတတ်
တယ်လို့ဆိုပါတယ်။မွန်စာ ရေးတတ်ဖတ်တတ်သူ
၅၀တောင်မပြည့်တော့ဘူးလို့၁၉၁၅ ခုနှစ်ဟင်္သာတ
ခရိုင်ဂေဇက် စာမျက်နှာ ၂၉-၃၀မှာဖော်ပြထားတယ်။

အဲဒီကတစ်ဆင့် ဂျပန်ခေတ်မှာလည်း ပဲ အလားတူ
ကြုံကြရပြန်တယ်။ဗမာအကြီးအကဲတွေရဲ့ ဖန်တီးမှု
အပေါ်မှာပဲလိုက်နာခဲ့ကြရပြန်တယ်။အဲဒီတုန်းက
နိုင်ငံတော်ဗမာအဓိပတိ ဒေါက်တာဗမော်က
ခေတ်အခြေနေအရ ဗမာမဟုတ်တဲ့လူမျိုးအားလုံးကို
တစ်မျိုးတည်းအဖြစ် ရောနှောပေါင်းစပ်ပြီး ပိုကြီးမား
တဲ့ဗမာအမျိုးသားနိုင်ငံတော်(Great Burma nation)
တည်ထောင်ဖို့ လိုအပ်တယ်လို့ သူကိုယ်တိုင်
ရေးသားတဲ့ ဗမာ့ထွက်ရပ်လမ်း(Breakthrough
In Burma)စာအုပ်စာမျက်နှာ ၂၈၀မှာ ရေးသား
ဖော်ပြထားတယ်။သူက ကိုလိုနီလက်အောက်မှ
လွတ်လပ်သွားပြီဖြစ်တဲ့အပြင် သမိုင်းစဉ်တစ်
လျှောက်ဖြစ်ပွားခဲ့တဲ့လူမျိုးစုပဋိပက္ခအတိတ်သမိုင်း
လည်းအဆုံးသတ်သွားပြီလို့ ယူဆခဲ့ပြီး ဗမာအမျိုး
သားနိုင်ငံတစ်ခု၊သမိုင်းသစ်တစ်ခု အခုအချိန်
အစပြုပြီလို့ ကြွေးကြော်ခဲ့တယ်။(Ba Maw, 1968
p.280)ဒါကြောင့် ဗမာလူမျိုးတစ်မျိုးတည်းအဖြစ်
တစ်သားတည်းရှိတဲ့ ဗမာအမျိုးသားနိုင်ငံတော်ကို
တည်ထောင်ရန်သာ လိုအပ်ပါတော့တယ်လို့ကောက်ယူ
ခဲ့ပုံရတယ်။ထို့ကြောင့် ဗာမဘာသာစကားကလွဲပြီး
အခြားလူမျိုးစုတွေရဲ့ ဘာသာစကား၊ယဉ်ကျေးမှုနဲ့
ဓလေ့ထုံးစံတွေကို အသုံးပြုဖို့မလိုအပ်တော့ဘူးဆိုတဲ့
အယူအဆကိုဦးဆောင်ချမှတ်ခဲ့သူကသူပဲ။
(Ba Maw p.281)

အလားတူဂျပန်ဖက်ဆစ်စနစ်ရဲ့ တစ်သွေးတစ်သံ
တစ်မိန့်အောက်မှာ ဗမာမဟုတ်တဲ့အခြားလူမျိုးစုတွေ
ရဲ့ ဘာသာစကား၊စာပေနဲ့ယဉ်ကျေးမှုတွေသင်ကြားပို့ချ
မှုနဲ့ အသုံးပြုမှုကိုပါ အလုံးစုံပိတ်ပင်လိုက်ပါ​တော့တယ်။
အဲလိုနဲ့ ခေတ်သစ်မြန်မာပြည်သမိုင်းတစ်လျှောက်
လူများစုဗမာလူမျိုးကို ပဓာနထားကိုယ်စားပြု
ခဲ့ကြတဲ့နိုင်ငံ့ခေါင်းဆောင်တွေနဲ့အစိုးရတွေဟာ
ပင်လုံစာချုပ်အရ အခြေတည်ခဲ့ပြီဖြစ်တဲ့
ပြည်ထောင်စုနိုင်ငံကို တစ်ပြည်ထောင်စနစ်နဲ့
ရုပ်လုံးဖော်ဖို့နည်းမျိုးစုံသုံးပြီးကြိးပမ်းခဲ့တာထင်
ထင်​ရှားရှားပဲ​တွေ့ရတယ်။အဲဒီကတစ်ဆင့်
စစ်အာဏာနဲ့နိုင်ငံ့အာဏာကိုရယူခဲ့တဲ့စစ်ခေါင်းဆောင်
တွေဦးဆောင်တဲ့ စစ်အစိုးရအဆက်ဆက်ဟာလည်း
ပြည်ထောင်စုမြန်မာနိုင်ငံကို တစ်ပြည်ထောင်
ဗမာအမျိုးသားနိုင်ငံအဖြစ် တည်ထောင်ဖို့ကိုသာ
တစ်စိုက်မတ်မတ်ကြိုးပမ်းနေခဲ့ကြတယ်ဆိုတာ
ငြင်းဖို့ အချက်အလက်ဘယ်တော့မှရှာတွေ့နိုင်ဖို့မရှိဘူး။
ဒီ​နေ့လည်း ဗမာပြုမှုဖြစ်​စဉ်​ကိုပဲအသား​ပေးလုပ်​နေ
ကြောင်းထင်​ရှားတဲ့သက်​​သေ မဘသပဲ။မဘသ
Study ကိုအ​သေးစိပ်​လုပ်​​နေတဲ့​ဘော်​ဒါ​တွေရဲ့ 
သတင်း​တွေအရ ​ကြောက်​စရာ​ကောင်းတဲ့ကွန်​ယက်
ကြီးတစ်​ခုတည်​​ဆောက်​​နေ​ကြောင်းကြားသိ​နေရတယ်​။

၁၉၉၀​ရွှေး​ကောက်​ပွဲမှာ NLD အနိုင်​ရပြီး စစ်​တပ်​က
အ​ရေးနိမ့်တယ်​။ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေမရှိလို့ဆိုပြီး
အာဏာပြန်​သိမ်းလိုက်​တယ်​။ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ
ရေးဆွဲဖို့ အချိန်​၁၅နှစ်​​ကျော်​ယူတယ်​။၂၀၀၈ခုနှစ်​မှာ
အဲဒီကမ္ဘာ့ ရှားပါးအ​ခြေခံဥပ​ဒေကိုတစ်​ဖက်​သတ်
အတည်​ပြု တယ်​။

မြန်မာနိုင်ငံဖွဲ့စည်းပုံ ​ခေတ်​သစ်​မှာ၃ခုရှိခဲ့တယ်​။
၁၉၄၇၊၇၄၊၂၀၀၈ ဆိုပြီးစာအုပ်​၃အုပ်​ရှိခဲ့တယ်​။
လျှော့​တော့မတွက်​နဲ့။ကမ္ဘာ့ ​အောက်​တန်း​နောက်​တန်း
သာ​ရောက်​သွားတယ်​။ဖွဲ့စည်းပုံက နှစ်​၇၀အတွင်း
၃ခု​​တောင်​ထုတ်​လုပ်​သွားနိုင်​ခဲ့ကြတာပါ။အထင်
တော့မ​သေးသင့်ဘူး။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၃ခုမှာ ပုဒ်မပေါင်း ၉၀၀တိတိရှိပါတယ်။၁၉၄၇ ဖွဲ့စည်းပုံဥပဒေမှာ
ပုဒ်မ စုစုပေါင်း ၂၃၄ခုရှိပါတယ်။၁၉၇၄ ဖွဲ့စည်းပုံ
ဥပဒေမှာ ပုဒ်မပေါင်း ၂၀၉ခုရှိပါတယ်။အလားတူ
၂၀၀၈ အခြေခံဥပဒေမှာ ပုဒ်မပေါင်း ၄၅၇ခု ရှိပါတယ်။
အဲ့​တော့နှိုင်းယှဉ်ချက်အရ ကမ္ဘာ့ရေးဆွဲချိန်အကြာဆုံး
ဥပဒေဟာ မြန်မာနိုင်ငံမှာ ပုဒ်မ အများဆုံးဥပဒေ
အဖြစ် မှတ်တမ်းဝင်ပြန်တယ်။ဖောင်းပွလွန်းတဲ့ပုဒ်မ
တွေကြား မလိုတာတွေထည့်ရေးပြီး အာဏာအတွက်
အချိန်ယူကာ ပိုင်နိုင်သေချာမှုကို တည်ဆောက်ရေးဆွဲ
ထားတယ်​လို့​ပြောရင်​မလွန်​ဘူးထင်​ပါတယ်​။
တကယ်​​တော့ ၂၀၀၈​ခြေဥဟာ အထက်​​ဖော်​ပြပါ
၄၇​ခြေဥ၊၇၄ မဆလ​ခြေဥ နှစ်​ခု​ပေါင်းထားသလား
အောက်​​မေ့ရတာပါပဲ။တစ်​ချို့ကာချုပ်​ကို​ပေးထား
တဲ့ဥ​ပ​ဒေတစ်​ချို့က​တော့ခြွင်းချက်​​ပေါ့​လေ။
အများစုကအရင်​စာအုပ်​ကကူး​ရေးတာ​တွေပါပဲ။

အာဏာသိမ်းပြီး န၀တ အစိုးရဟာ ​ဆောင်​ပုဒ်​​တွေ
ထုတ်​လာတယ်​။ပြည်​ပအားကိုးပုဆိန်​ရိုး
ပြည့်အင်​အားသည်​ ပြည်​တွင်း၌သာရှိသည်
အဆိုးမြင်​၀ါဒီများအားဆန့်​ကျင်​ကြ စတဲ့ စကားလုံး
သက်​သက်​နဲ့အဆံ​ချောင်​​တယ်​။၁၉၉၀က​နေ ၂၀၁၀
အထိ ဦးတည်​ချက်​၁၂ရပ်​ကိုအဓိကထားပြီးအ​ခြေခံ
ဥပ​ဒေမဲ့စစ်​အုပ်​ချုပ်​​ရေးနဲ့အုပ်​ချုပ်​ခဲ့တယ်​။
ကျောင်း​တွေကိုမြို့ ပြင်​ပို့ပစ်​တယ်​။ဒဂုံ၊သန်​လျင်​၊စတဲ့
တက္ကသိုလ်​​တွေ​ပေါ်လာတယ်​။ရန်​ကုန်​တက္ကသိုလ်​ကို
ပိတ်​လိုက်​တယ်​။တစ်​ချိန်​က RIT လို့​ခေါ်တဲ့ ပညာရှင်
တွေထွက်​​ပေါ်ရာ စက်​မှုတက္ကသိုလ်​ကိုမြို့ ပြင်​ပို့ပြီး
ပစ်​ထားလိုက်​တယ်​။ဒါ​တွေအားလုံးကိုခင်​ညွှန့်​လုပ်​ခဲ့
တာဖြစ်​တယ်​။Institute ​တွေကို collage အဖြစ်
အဆင့်​လျှော့ချပစ်​ခဲ့တယ်​။

အဲလိုနဲ့ပညာ​ရေးကဦးစိုက်​ပြီးထိုးဆင်းသွားတာ ဆင်းစရာ
မကျန်​​တော့တဲ့အထိဖြစ်​သွားတယ်​။အ​နောက်​အုပ်​စု
နိုင်​ငံ​တွေက၀ိုင်းပယ်​ထားတာမို့ တရုတ်​နဲ့ယိုးဒယားကို
ပဲ​ပေါင်းရတယ်​။နိုင်​ငံအမည်​​ပြောင်းတယ်​။Union of Myanmar လို့​ပြောင်းတယ်​။ဆိုရှယ်​လစ်​စနစ်​ကို
ဖျက်​သိမ်းပြီး ​ဈေးကွက်​စီးပွား​ရေးစနစ်​ကိုအ​ကောင်
အထည်​​ဖော်​တယ်​။န၀တ​ခေတ်​မှာ ဆိုရှယ်​လစ်​ဥပ​ဒေ
တွေကိုဖျက်​သိမ်းလိုက်​တာ​ကြောင့် ပုဂ္ဂလိကလုပ်​ငန်း
တွေ​ပေါ်လာတယ်​။ပုဂ္ဂလိကဘဏ်​​တွေ​ပေါ်လာတယ်​။
ဗဟိုဘဏ်​ကိုပြန်​ထူ​ထောင်​တယ်​။သို့​သော်​ ပညာရှင်
လုံးဝမရှိ​တော့ဘူး။ဒီ​နေရာမှသိရမှာတစ်​ခုရှိတယ်​။

မဆလ ​ခေတ်​မှာတိုင်းပြည်​မွဲသွားတာမှန်​တယ်​။
ဒါ​ပေမဲ့ သံယံဇာတကျန်​တယ်​။အဲဒီကျန်​တဲ့သံယံဇာတ
ကိုန၀တက တူး​ဖော်​ထုတ်​​ရောင်းပြီး ကိုယ်​ကျိုးရှာတယ်​။
နိုင်​ငံနဲ့လူမျိုးအတွက်​မလုပ်​ဘူး။န၀တ​ခေတ်​မှာနိုင်​ငံ
တကာက ဘဏ်​​တွေကကိုယ်​စားလှယ်​လာတယ်​။
ညှိနှိုင်းတယ်​။ဒါ​ပေမဲ့ ကမ္ဘာ့ ​ငွေ​ကြေး​ဈေးကွက်​ထဲ
ဘောင်​မ၀င်​​တော့တဲ့​ငွေစက္ကူ  နဲ့စစ်​အစိုးရကို
မယုံ​တော့တာ​ကြောင့်ပြန်​ထွက်​သွားလိုက်​ကြတယ်​။
မဆလ ​အစိုးရက သံယံဇာတထုတ်​မ​ရောင်းတာ
ခင်​ဗျားတို့ကိုချစ်​လို့မထင်​နဲ့။သူသိမ်းထားတဲ့​ငွေ​ကြေး
တွေများ​နေလို့ ဘာစီးပွား​ရေးမှလုပ်​စရာမလိုပဲ
အလကားရထားတာရယ်​၊အစိုးရကပဲအားလုံး​သော
စီးပွား​ရေးကိုလက်​၀ါးကြီးအုပ်​လုပ်​​နေလို့ ​ငွေက
အလွယ်​ရ​နေခဲ့​တာ​ကြောင့်ပါ။နေ၀င်းအာဏာ
သိမ်းချိန်​မြန်​မာနိုင်​ငံမှာ အ​ကြွေးဆပ်​ပြီး နိုင်​ငံ​တော်
အရံ​ငွေ အ​မေရိကန်​​ဒေါ်လာ ၂၂၈သန်းရှိ​နေတာ
ပါ။အားလုံး ​နေ၀င်းအကြိုက်​သုံးလို့ရသွားတယ်​။
အဲ​ဒီကရတဲ့​ငွေရယ်​ သိမ်းရတဲ့​ငွေရယ်​ နိုင်​ငံ​တော်
စီးပွား​ရေးအားလုံးသူ့လက်​ထဲမှာဆို​တော့သံယံဇာတ
တူး​နေစရာမလို​လောက်​​အောင်​ပြည့်စုံ​နေလို့မတူး
သွားခဲ့တာပါ။ကြံဖန်​​ကျေးဇူးတင်​​နေမှာဆိုးလို့
အဖြစ်​မှန်​ကိုတင်​ပြလိုက်​တာပါ။

တကယ်​​တော့ မြန်​မာ့သမိုင်းမှာမြန်​မာအစိုးရ​တွေ
နိုင်​ငံတကာနဲ့စီးပွား​ရေးစလုပ်​ပြီဆိုတဲ့​နေ့ကတည်း
က ပထမဆုံးလုပ်​တဲ့အလုပ်​က သံယံဇာတထုတ်
ရောင်းတဲ့အလုပ်​ပဲ။ဘိုး​တော်​ဘုရား၊ပုဂံ၊မင်းတုန်း၊
သီ​ပေါအားလုံး ကျွန်းသစ်​​တွေ၊ထုတ်​ထုတ်​​ရောင်းလို့
နောက်​ဆုံး ပ​ဒေသရာဇ်​အာဏာကိုအဲဒီသစ်​ကိစ္စ
ကိုအ​ကြောင်းခံပြီး ဗြိတိန်​အာဏာကလွှမ်းမိုးသွား
တာဖြစ်​ပါတယ်​။ဒါ​ကြောင့်မြန်​မာအစိုးရအလုပ်​ကို
မြန်​မာ့သမိုင်းက ဆည်​တူးတယ်​​ဖော်​တယ်​ဆိုတာ
အပြင်​အခြား​ရေးစရာမရှိ​နေတာပါ။

အဲဒီ​နောက်​ မြန်​မာအစိုးရဟာ တရုတ်​နဲ့တရုတ်​နွယ်​ဖွား
တွေနဲ့​ပေါင်းပြီး ဘိန်းရာဇာ​တွေကို​နေရာ​ပေးလာတယ်​။
အဲဒီဘိန်းရာဇာနဲ့ခရိုနီလူတန်းစားကို​မွေးထုတ်​ပြီး​တဲ့
နောက်​ ၂၀၀၂ခုနှစ်​မှာ ဘဏ်​အ​ရေအတွက်​၂၁ခုရှိလာ
တယ်​။အားလုံး ဘိန်းရာဇာ​တွေပါဝင်​ပက်​သက်​​နေတာ
ပါပဲ။အာရှဓနဘဏ်​၊ရိုးမဘဏ်​၊​မေဖလားဝါးဘဏ်​၊
က​မ္ဘောဇဘဏ်​နဲ့ မြန်​မာယူနီဗာဆယ်​ဘဏ်​တို့ဟာ
အဲဒီနှစ်​​ထောင်​ခုနှစ်​ဆန်းစမှာနာမည်​အကြီးဆုံးဘဏ်
တွေဖြစ်​လာတယ်​။ဘဏ်​အစုရှယ်​ယာအားလုံးကို
တရုတ်​လူမျိုး​တွေကပိုင်​ကြတယ်​။

မြန်​မာပြည်​မှာ မဆလ ​ခေတ်​တစ်​​လျှောက်​လုံးဦး​နေ၀င်း
ကိုယ်​တိုင်​ တရုတ်​ကပြားဖြစ်​တာ​ကြောင့် တရုတ်​​တွေ
ကိုဖိနှိပ်​သ​ယောင်​​ယောင်​နဲ့အထူးအခွင့်အ​ရေး​ပေးပြီး
အိန္ဒိယကပြား​တွေကိုဖိနှိပ်​ခဲ့တယ်​။အိန္ဒိယကပြား​တွေရဲ့ 
ပိုင်​ဆိုင်​မှုအ၀၀ကိုသိမ်းလိုက်​တာ​ကြောင့် န၀တ
တက်​လာချိန်​မှာ အိန္ဒိယကပြား​တွေမွဲ​နေပြီ။လူများစု
ဖြစ်​တဲ့ ဗမာနဲ့အိန္ဒိယကပြား​တွေမွဲ​နေချိန်​ န၀တ
တက်​လာပြီး တရုတ်​စစ်​စစ်​နဲ့ တရုတ်​ကပြား​တွေ
ကိုအားကိုးပြု ပြီး ​မှောင်​လိုလုပ်​ငန်း၊အရက်​လုပ်​ငန်း၊
ဘိန်းလုပ်​ငန်း၊ပြည့်​တန်​ဆာနဲ့ မ​ကောင်းမှုကို အဓိက
ထားတဲ့လုပ်​ငန်း​တွေကိုလုပ်​ကိုင်​ပြီး​ စီးပွားရှာလာကြ
တယ်​။ဗမာ​တွေ၊တိုင်းရင်းသား​တွေနဲ့အိန္ဒိယကပြား​တွေ
က အဲဒီအချိန်​မွဲ​နေပြီ။ဗမာနဲ့တိုင်းရင်းသား​တွေကို
စစ်​တပ်​က ဖိထားတယ်​။အိန္ဒိယကပြား​တွေကို ဗမာနဲ့
ရန်​တိုက်​​ပေးထားတယ်​။တရုတ်​နဲ့နယ်​စပ်​ကုန်​သွယ်​​ရေး
လမ်းပွင့်တဲ့အခါ တရုတ်​သူ​ဋ္ဌေး​တွေမြန်​မာပြည်​ကို
အလုံးအရင်းနဲ့ဝင်​လာဖို့အ​ကြောင်းဖြစ်​လာပြန်​တယ်​။
ကျောက်​စိန်​နဲ့တွင်းထွက်​​တွေကိုလိုင်​စင်​မဲ့ထုတ်​လာ
ကြတယ်​။မဆလ​ခေတ်​တုန်းက ကုန်​သွယ်​​ရေးပိတ်
ထားတာ​ကြောင့်မြန်​မာကုန်​သည်​​တွေဟာ ကုန်​သွယ်​မှု
ကိုနားမလည်​​တော့ဘူး။ထိုင်းနယ်​စပ်​ကုန်​သွယ်​​ရေးမှာ
လည်း အားနည်း​နေကြတယ်​။၁၉၉၅ ဧပြီလ ၃၀ရက်
နေ့မှာစတင်​ထူ​ထောင်​တဲ့အာရှဓနဘဏ်​ကို မတည်​​ငွေ
ကျပ်​ ၆၆၄သန်းနဲ့စတင်​ခဲ့တယ်​။ဖုန်းကြာရှင်​နဲ့ဦးအိုက်
ထွန်းတို့ဟာ မ​ကောင်းမှုအားလုံးက​နေ​ငွေကိုရသလို
ရှာပြီးမြုပ်​နှံထည့်​​​၀င်​ခဲ့ကြတယ်​။စစ်​အစိုးရက
ဘိန်းရာဇာ​တွေနဲ့​ပေါင်းပြီး ​လုပ်​စားတယ်​။ငွေမည်း
တွေကိုဘဏ်​က​နေတစ်​ဆင့်သန့်​စင်​​ပြီး​ငွေဖြူ  ပြန်​ထုတ်
တာပါပဲ။ဒါကို CIA ​ထောက်​လှမ်း​ရေးက အ​မေရိကန်
အစိုးရကို update သတင်း​ပေး​နေတယ်​။ဒီမူးယစ်
ရာဇာ​တွေအားလုံးဟာ တရုတ်​နဲ့တရုတ်​ကပြား​တွေကြီး
ပါဝင်​ပက်​သက်​လုပ်​ကိုင်​​နေတာဖြစ်​ပြီးအဲဒီမှာမြန်​မာစစ်​အစိုးရက၀င်​ပြီး ပူး​ပေါင်းလုပ်​ကိုင်​ခါ အာဏာနဲ့ထိန်း
ချုပ်​​ပေးထားတာဖြစ်​ပါတယ်​။

မြန်​မာပြည်​သမိုင်းအရ တရုတ်​နဲ့အိန္ဒိယဟာ ​ခေတ်
အဆက်​ဆက်​ကတည်းက ပါဝင်​ပက်​သက်​ခဲ့တာပါ။
အဲဒီထဲမှာ အိန္ဒိယကမြန်​မာနဲ့ပိုပြီးနီးကပ်​စွာပက်​သက်
တာ​တွေ့ရတယ်​။မြန်​မာပြည်​မှာရှိ​နေတဲ့ အိန္ဒိယကပြား
တွေရဲ့ သမိုင်းကိုကြည့်​ရင်​ တရုတ်​ထက်​ပိုခိုင်​မာတာ
တွေ့ရတယ်​။အိန္ဒိယကပြား၂အုပ်​စုရှိပါတယ်​။ပထမ
တစ်​အုပ်​စုက မြန်​မာပ​ဒေသရာဇ်​​ခေတ်​ကတည်းက 
နေထိုင်​စစ်​တိုက်​ပြီးကျွန်​ခံလာတဲ့အုပ်​စုနဲ့ကိုလိုနီ​ခေတ်
ကျမှအင်္ဂလိပ်​နဲ့အတူဝင်​လာတဲ့အုပ်​စုဆိုပြီး၂မျိုး​တွေ့
ရတယ်​။ပ​ဒေသရာဇ်​​ခေတ်​ကအိန္ဒိယန်းကပြား​တွေ
ကျ​တော့ တိုင်းရင်းသားစရင်းဝင်​ဖြစ်​ပြီး ဗမာတို့
ပုံစံမျိုး​တွေ့ရပြီး ကိုလိုနီ​ခေတ်​အင်​ဒီယန်း​တွေကျ​တော့
အင်​ဒီယန်းပုံစံနဲ့ပဲ​တွေ့ရတယ်​။တရုတ်​ကျ​တော့
ပ​ဒေသရာဇ်​​ခေတ်​မှာနည်းပါးတယ်​။ကိုလိုနီ​ခေတ်
တုန်းကအရမ်းဆင်းရဲတဲ့လူတန်းစားအဖြစ်​ရှိခဲ့တယ်​။
ဦး​နေ၀င်းတက်​လာတဲ့အခါ သူကတရုတ်​​သွေးဖြစ်​တာ
ကြောင့် မြန်​မာနိုင်​ငံကတရုတ်​​တွေကြီးပွားချမ်းသာဖို့
အိန္ဒိယကပြား​တွေ၊အင်္ဂလိပ်​ကပြား​တွေကို​ဖိနှိပ်​ပြီး
ဆင်းရဲမွဲ​တေ​အောင်​ စီးပွားဖျက်​လိုက်​လို့နိမ့်ဆင်း
သွားတယ်​။အိန္ဒိယသားစစ်​စစ်​​တွေကိုကျ​တော့
နှင်​ထုတ်​လိုက်​တယ်​။လူ၎သိန်း​ကျော်​ပြန်​သွားကြတယ်​။

အိန္ဒိယသား​တွေစီးပွားရှာတာနဲ့ တရုတ်​​တွေစီးပွားရှာ
တာမတူဘူး။အိန္ဒိယ​တွေစီးပွားရှာတာအဆင့်မြင့်တယ်​။
သူတို့ဟာ နိုင်​ငံတကာနဲ့ချိတ်​ဆက်​ထားတဲ့ဘဏ်
လုပ်​ငန်းကြီး​တွေ၊စက်​မှုကုန်​ထုတ်​လုပ်​ငန်း၊လျှပ်​စစ်
ပစ္စည်းထုတ်​လုပ်​တဲ့လုပ်​ငန်း၊စား​သောက်​ကုန်​နဲ့ဓာတု
ကုန်​ထုတ်​လုပ်​ငန်းကြီး​တွေကို စက်​ရုံကြီး​တွေတည်
ထောင်​ပြီးလုပ်​ကြတာ​ကြောင့်​ဒေသခံ​တွေအတွက်
အလုပ်​အကိုင်​အခွင့်အလမ်း​တွေ​ပေါများတယ်​။
တရုတ်​​တွေကစီးပွားရှာတဲ့အခါ ​ငွေရဖို့တစ်​ခု
တည်းကိုကြည့်တယ်​။ဘနဖူးသိုက်​တူးတယ်​။
ဒါ​ကြောင့်တိုင်းပြည်​သံယံဇာတကုန်​သွားတယ်​။
စက်​ရုံကြီး​တွေ အလုပ်​ရုံကြီး​တွေကိုတည်​တည်
တံ့တံ့တည်​​ထောင်​တယ်​မရှိဘူး။ဒီအတွက်​သက်​​သေက
ယ​နေ့ မြန်​မာပြည်​မှာအများဆုံးရင်းနှီးမြုပ်​နှံထားသူ
စရင်းမှာတရုတ်​ဟာထိပ်​ဆုံးမှာရှိတယ်​။အဲဒီတရုတ်
စီးပွား​ရေး​လောင်းရိပ်​​အောက်​မှာ မြန်​မာ​ဒေသခံ​တွေ
ဘယ်​​လောက်​အလုပ်​ရကြလဲ​စဉ်းစားကြည့်​ပါ။
ယ​နေ့မြန်​မာပြည်​မှာ ဘိန်း၊ဖာ၊ဖဲ၊အရက်​၊မာဆတ်​၊
ကေတီဗွီနဲ့လူကုန်​ကူးလုပ်​ငန်း​တွေအထိ အားလုံး
တရုတ်​မပါတာမရှိဘူး။မြန်​မာတစ်​နိုင်​ငံလုံးမှာ​လေ့
လာကြည့်​ပါ။အရက်​ဆိုင်​၊​လောင်းကစားလုပ်​ငန်း၊
နှစ်​လုံးချဲထီ၊၃လုံးချဲထီ၊ ပြည့်​တန်​ဆာလုပ်​ငန်း၊ဘီယာ
ဘား၊စသည့်အားလုံးမှာတရုတ်​နဲ့တရုတ်​နွယ်​ဖွား​တွေ
ကို​တွေ့ရမယ်​။ကိုလိုနီ​ခေတ်​မှာ တရုတ်​သူ​ဋ္ဌေးအနည်းငယ်
ပဲရှိတယ်​။သူတို့ဟာ အ​ပေါင်​ခံတဲ့လုပ်​ငန်း​တွေ၊ကုန်​ပစ္စည်း
သို​လှောင်​တဲ့လုပ်​ငန်း​တွေနဲ့ကုန်​စုံဆိုင်​လုပ်​ငန်း​တွေ
သာလုပ်​ကြတယ်​။ရိုးကုန်​တိုက်​က​နေစပြီးနိုင်​ငံအနှံ့မှာ
ရှိတဲ့ကုန်​တိုက်​ကြီး​တွေအားလုံးကိုအိန္ဒိယသား​တွေ
ကပိုင်​တယ်​။အ​ပေါင်​ခံလုပ်​ငန်း၊အတိုး​ပေးလုပ်​ငန်း
(ချစ်​တီးကလွဲပြီး)၊စတဲ့လုပ်​ငန်း​တွေမှာ အိန္ဒိယသား
မရှိဘူး။စက်​ရုံကြီး​တွေကို အင်္ဂလိပ်​နဲ့အိန္ဒိယသား​တွေ
ကပိုင်​တယ်​။တစ်​ဖက်​မှာလည်းချီးကြုံးတဲ့အိန္ဒိယသား
အထိရှိတယ်​။အဲဒီ​ခေတ်​ကတရုတ်​​တွေဟာ အ၀တ်
တစ်​ထည်​ကိုယ်​တစ်​ခုနဲ့မြန်​မာပြည်​ကို​ရောက်​လာ
တာပါ။အိန္ဒိယသား​တွေကျ​တော့​ငွေထုပ်​ပိုက်​ပြီးလာ
ကြသူ​တွေဖြစ်​တယ်​။ပြည်​သူပိုင်​သိမ်းတဲ့အခါသူတို့
စီးပွားပျက်​သွားတယ်​။အစိုးရကပြည်​သူပိုင်​သိမ်းပြီး
လုပ်​တဲ့အခါလုပ်​မတတ်​လို့မွဲပြန်​တယ်​။အဲဒီအထဲမှာ
ဦး​နေ၀င်း​ကောင်းမှုနဲ့ တရုတ်​ချစ်​တီး​တွေ၊အ​ပေါင်
ဆိုင်​​တွေနဲ့ကြွယ်​၀ချမ်းသာလာသူ​တွေကတရုတ်
တွေဖြစ်​သွားတယ်​။၁၉၈၀ပြည့်​လွန်​​ကာလ​တွေမှာ 
ရွှေတြိဂံ​ဒေသကဘိန်းလုပ်​ငန်းအားလုံးမှာတရုတ်​​သွေး​နှော
တွေပဲကြီးစိုး​နေပြီ။ကိုးကန့်​နဲ့ဝ​ခေါင်း​ဆောင်​​တွေ
ကြွယ်​၀ချမ်းသာလာတယ်​။ဘိန်းလုပ်​ငန်းနဲ့ချမ်းသာ
လာ​ပေမယ့် ရရှိလာတဲ့အရင်းအနှီးကိုတိုင်းပြည်​နဲ့
လူမျိုး​ကောင်းစား​ရေးအတွက်​လုပ်​ကိုင်​​ပေးတာ
မရှိခဲ့ဘူး။ဦးအိုက်​ထွန်းအာရှဓနဘဏ်​ကိုဦး​ဆောင်
ထားသလိုအခြားဘဏ်​​တွေမှာရှယ်​ယာဝင်​ထားတယ်​။
ဦးအိုက်​ထွန်းထက်​ပို​တောင့်တင်းသူက တရုတ်​လူမျိုး
ဦးသိမ်း​ဝေ​ခေါ်တဲ့ ဆာခ်ျ​ပန်း(Serge Pun)ဖြစ်​တယ်​။
သူက (FMI ,First Myanmar Investment Company)ကိုတည်​​ထောင်​တဲ့သူ။သူကတွင်းထွက်
ကျောက်​မျက်​ရတနာတူး​ဖော်​တဲ့​နေရာမှာအဓိက
ရင်းနှီးထားတယ်​။ရိုးမဘဏ်​အုပ်​စုက FMI City
ကိုတည်​​ထောင်​တယ်​။အကျိုးအမြတ်​များစွာရတယ်​။
ဒါ​တွေအားလုံးစစ်​အစိုးရနဲ့​ပေါင်းစား​နေကြတာ​တွေပဲ။

(မှ​တ်​ချက်​။ဒီမှာ ​ပြောတဲ့တရုတ်​ အိန္ဒိယဆိုတာ
ဟိုလူမျိုးသာတယ်​ ဒီလူမျိုးမ​ကောင်းဘူး​ပြောချင်​တာ
မဟုတ်​ပါ။ခေတ်​သစ်​မြန်​မာပြည်​မှာလူမျိုးနှစ်​မျိုး
အမှန်​တကယ်​ပါဝင်​ခဲ့တဲ့ကဏ္ဍကို ပါဝင်​ခဲ့တဲ့ပုံစံအတိုင်း
တင်​ပြတာပဲ။ကောင်းရာ​ကောင်း​ကြောင်းလုပ်​​နေတဲ့
တရုတ်​​တွေလည်းအများကြီးပါ။မြန်​မာလိုအစိုးရ
နဲ့ကြုံ​တွေ့လာတဲ့ ဘယ်​သူ​တော်​စင်​မဆို သူခိုးဖြစ်​သွား
စေဖို့လုံ​လောက်ပါတယ်​။)

၁၉၉၄မှာမြန်​မာ​မေဖလားဝါးဘဏ်​ကိုတည်​​ထောင်
တဲ့ဦး​ကျော်​၀င်းဟာတရုတ်​လူမျိုးခရစ်​ယာန်​ဘာသာ
ဝင်​ဖြစ်​တယ်​။သူ့ကိုမူးယစ်​​မှောင်​ခိုလုပ်​ငန်းနဲ့ကြီးပွား
လာသူလို့ အ​မေရိကန်​CIA ကခိုင်​လုံတဲ့အ​ထောက်​ထား
တွေနဲ့တင်​ပြ​ပေမယ့်စစ်​အစိုးရလက်​မခံဘူး။အဲဒီ​ခေတ်
က ဘဏ်​ကြီး၁၀ခု​လောက်​ဟာ မူးယစ်​ရာဇာ​တွေ၊
ဘိန်း​မှောင်​ခိုသမား​တွေပိုင်​ဆိုင်​တာချည်းပဲ။ဒါကို
စစ်​အစိုးရ အားလုံးသိပြီး အားလုံးကိုခွင့်ပြုထားခဲ့တယ်​။
ခရိုနီ​တွေပက်​သက်​ပြီးကျ​နော်​အထူးတင်​ပြမ​နေ​တော့ပါဘူး။စာဖတ်​သူ​တွေအားလုံးသိပြီးသာဖြစ်​မယ်​လို့ယူဆလို့ပါ။

တိုင်းပြည်​တစ်​ခုဖွံ့ဖြိုးတိုးတက်​ဖို့ဆိုတာ အစိုးရတစ်​ဖွဲ့
တည်းကလုပ်​လို့မရဘူး။ယ​နေ့​ခေတ်​ဟာ global 
ခေတ်​ဖြစ်​တဲ့အတွက်​အဲဒီအစိုးရဟာကမ္ဘာ့ အသိုင်း
အ၀ိုင်းကလက်​ခံတဲ့ အစိုးရဖြစ်​ဖို့လိုတယ်​။ဒါမှ
နိုင်​ငံတကာနဲ့ဆက်​သွယ်​ပြီးလုပ်​ကိုင်​နိုင်​မှာဖြစ်​တယ်​။
နိုင်​ငံတစ်​ခုမှာနိုင်​ငံသားတိုင်းချမ်းသာဖို့မဖြစ်​နိုင်​​ပေမယ့်
နိုင်​ငံသားအများစုချမ်းသာဖို့လိုတယ်​။ဥပမာ
အ​မေရိကန်​နဲ့အ​နောက်​အုပ်​စုနိုင်​ငံ​တွေမှာ
ဆင်းရဲသား​တွေရှိ​ပေမယ့်လူဦး​ရေအချိုးချကြည့်​ရင်
ဆင်းရဲသားအ​ရေအ​တွက်​နည်းတယ်​။လူချမ်းသာ
များတယ်​။လူလတ်​တန်းစားအများဆုံးရှိတယ်​။မြန်
မာပြည်​မှာချမ်းသာသူ လူဦး​ရေရဲ့ ၁%မပြည့်​ဘူး။
အများစုဆင်းရဲ​နေတယ်​။ပြီးခဲ့တဲ့ ရက်​ပိုင်းက
နိုင်​ငံခြားကပညာရှင်​တစ်​​ယောက်​နဲ့စကား​ပြောဖြစ်​တယ်​။သူက ​ထောက်​ပြတယ်​။မြန်​မာ​တွေရဲ့ ယဉ်​​ကျေးမှုဇစ်
မြစ်​ကိုအ​ခြေခံပြီးဆင်းရဲခြင်းက​မျှော်​လင့်ချက်​မဲ့​စေပြီး
ရိုင်းစိုင်းမှုဆီ​ခေါ်​ဆောင်​သွားတယ်​လို့ဆိုတယ်​။
တစ်​နိုင်​ငံမှာရှိတဲ့ Joke ​တွေအားလုံးခါး​အောက်​ပိုင်း
ကမတက်​တာကအစ ယဉ်​​ကျေးမှုအတွင်းသား​တွေအထိ
သူက​ထောက်​ပြ​တော့ကိုယ်​လည်းဆွံ့အ​နေရတယ်​။

စစ်​အစိုးရဟာ တရုတ်​နဲ့တရုတ်​​သွေး​နှော​တွေနဲ့​ပေါင်း
စားပြီး လူထုကို နှိပ်​ကွပ်​တယ်​။လူထုဆီကမတရား
သိမ်းပိုက်​လာတယ်​။နောက်​ဆုံးလူထုယဉ်​​ကျေးမှု
ပျက်​ပြားတဲ့အ​ခြေ​နေကိုဆိုက်​သွားတယ်​။ဒီ​နေ့မန္တ​လေး
မှာ​ပေါများလှတဲ့ KTV၊မာဆတ်​၊ပြည့်​တန်​ဆာလုပ်​ငန်း၊
အရက်​၊ဘီယာနဲ့​ဆေးစသည့်​အားလုံးမှာတရုတ်​​သွေး​နှော
တွေနဲ့တရုတ်​အစစ်​​တွေလုပ်​ကိုင်​​နေကြတာ​တွေ့ရတယ်​။
ဒါစစ်​အစိုးရ​ပေးခဲ့တဲ့အ​မွေပဲဖြစ်​တယ်​။၁၈၈၅မှာအင်္ဂလိပ်
သိမ်းပြီး​တော့ ၁၈၈၆ခုနှစ်​မှာစ​ပေါ်တာ မြန်​မာအရက်​ချက်​စက်​ရုံပဲ။

ဒါစိုဘာ​ကြောင့်ကပြားလူမျိုးဖြစ်​တဲ့အိန္ဒိယန်းနဲ့ကျီနား
ကိုလူထုလက်​ခံမှုကွာ​နေရတာလဲလို့​မေးစရာရှိတယ်​။
အ​ဖြေ​ပေးရမယ်​ ဆိုရင်​ လူထုဥာဏ်​ရည်​စံချိန်​မီလား
အရင်​ကြည့်ရမယ်​။မြင်းထိန်းငတာလိုလူမျိုး​တွေ
ချီးကျူးတာ ကဲ့ရဲ့ တာ တကယ်​​တော့ ဘာမှ​တော့
အ​ရေးမပါပါဘူး။

ကပြားနှစ်​မျိုးစလုံးဟာ ကိုလိုနီအ​မွေဖြစ်​​ပေမယ့်
အင်​ဒီယန်းကသာ ကိုလိုနီအ​မွေစစ်​စစ်​ဖြစ်​တယ်​။
တရုတ်​က ကိုလိုနီအ​မွေဆိုတာထက်​ စစ်​အစိုးရ
အ​မွေလို့​ပြောရင်​ပိုမှန်​မယ်​။အနက်​​ရောင်​ကာလာ
နဲ့အင်​ဒီယန်း​တွေတစ်​ချိန်​ကရန်​ကုန်​မြို့​ပေါ်ကြီးစိုး
ခဲ့ဖူးတာကိုလိုနီ​ခေတ်​ပါ။ရွှေမန်းသားအသစ်​ကျပ်​ချွတ်
ကိုမျက်​​မှေး မမျက်​​မှေးတို့ မန္တ​လေး ရတာနာ ပုံ
နေပြည်​​တော်​ကြီး မှာကြီးစိုးလာတာ ၁၉၉၀​ကျော်
နှစ်​ကာလ​တွေမှပါ။

စစ်​အစိုးရဟာ စီးပွား​ရေးကို​ကောင်း​ကောင်းမ
လုပ်​နိုင်​ဘူး။အ​နောက်​အုပ်​စုကပိတ်​ဆို့ထား​တော့
နူရာဝဲစွဲတယ်​။အဲဒီမှာစစ်​အစိုးရဟာ​မြေ​ပေါ်​မြေ​အောက်​ 
ရေ​ပေါ်​ရေ​အောက်​ သံယံဇာတ​တွေဖြစ်​တဲ့​ရေနံ၊ဓာတ်​​ငွေ့ 
ကျွန်း၊သစ်​၊သစ်​မာ၊ဓာတ်​သတ္တုမျိုးစုံနဲ့​ကျောက်​မျက်
ရတနာ တရုတ်​​တွေနဲ့ ​ပေါင်းပြီးအကြီးအကျယ်
ထု​တ်​လုပ်​​ရောင်းချလာတဲ့အခါ မြန်​မာနိုင်​ငံမှာ
တွင်းထွက်​ကုန်​ခမ်းလာတယ်​။

၂၀၀၂ခုနှစ်​ ဆာ​ဂျော့စ​ကော့်​(Sir George Scott)
က သူ့ခရီးစဉ်​မှာ​တွေ့မြင်​ခဲ့ရတာကို
........ကျွန်​​တော်​သည်​​တောင်​ကြီးမြို့ကိုလည်​ပတ်​ကြည့်
ရှု ပြီး​တော့ ​တောင်​တန်း​ပေါ်ကမြို့​လေးဟာ လွန်​စွာ
သာယာကြည်​နူးဖွယ်​​ကောင်းတာကို​တွေ့ရတယ်​။
စိတ်​ထဲရွှင်​လန်းခဲ့တယ်​။စိတ်​ထဲမရှင်းတဲ့အချက်​က 
တောင်​ကြီးမြို့ရဲ့ အချက်​အခြာ လမ်းမကြီးတစ်​​လျှောက်
မှာသစ်​လွင်​ခန့်​ညားလှတဲ့ဘဏ်​အ​ဆောက်​အဦးသစ်
လေးများကို​တွေ့ရတယ်​။ဘဏ်​အသစ်​​လေး​တွေက
လှပါတယ်​။အမှုထမ်းဘဏ်​၀န်​ထမ်းအမျိုးသမီး​တွေ
အားလုံးအနီ​ရောင်​မီနီစကပ်​​လေး​တွေနဲ့​တော်​​တော်​လှ
ပါတယ်​။တစ်​ခုစဉ်းစားမိတယ်​။တောင်​ကြီးမြို့ဟာ
အလွန်​လှ​ပေမယ့်မြို့ငယ်​​လေးသာဖြစ်​တယ်​။တောင်
ပေါ်အပမ်း​ဖြေမြို့​လေးတစ်​မြို့အဆင့်ထက်​မပိုဘူး။
အနီးနား​ကျေးရွာ​တွေမှာစိုက်​ပျိုး​ရေးလုပ်​ငန်းဖြစ်
ထွန်းတယ်​ဆို​ပေမယ့် တစ်​ပိုင်​တစ်​နိုင်​စီးပွား​ရေး
သာဖြစ်ပြီး​ ​ဒေသတွင်းအာဆီယံနိုင်​ငံများ​ဈေးကွက်​၊
နိုင်​ငံတကာ​ဈေးကွက်​အထိတင်​ပို့​နေတာ​ကြောင့်စီး
ပွားဖြစ်​စိုက်​ပျိုး​ရေးလုပ်​ငန်းကြီးလည်းမရှိပါ။
စက်​မှုကုန်​ထုတ်​လုပ်​ငန်းများလည်းမရှိပါ။အားလုံး
ကိုခြုံ ငုံသုံးသပ်​ရရင်​ ​ဒေသခံ​တွေအလွန်​ဆင်းရဲ
လွန်းလှတယ်​။ပုဂ္ဂလိကဘဏ်​​တွေဒီ​လောက်​အများ
ကြီးဖွင့်ထား​တော့လည်း ဆင်းရဲသား​တောင်​သူလယ်
သမား​တွေက ​ငွေသွင်း၊​ငွေထုတ်​၊​ငွေလွှဲ၊​ငွေစု၊​ငွေ​ချေး
ကြတဲ့အထိ စီးပွား​ရေးအလုပ်​အကိုင်​အခွင့်အလမ်း
ကောင်းမွန်​​သောအ​နေထားတွင်​မရှိပါ။
ဒီ​တော့ဖြစ်​နိုင်​တာတစ်​ခုပဲရှိ​တော့တယ်​။အ​မေရိကန်
ထောက်​လှမ်း​ရေးသတင်း​တွေကဆို​နေသလို
ဘိန်းဖြူ  နဲ့မူးယစ်​​ဆေးဝါးလုပ်​ငန်းကရတဲ့​ငွေမည်း​တွေ
ကို ​ငွေဖြူ  ဖြစ်​​စေဖို့ဘဏ်​​တွေကို ကြားခံအဖြစ်
အသုံးပြု​နေတယ်​ဆိုတာ ထင်​ရှား​နေပါတယ်​။.....
လို့​ရေးသားထားတယ်​။

ဆက်​ပါဦးမည်​။

https://m.facebook.com/story.php?story_fbid=379570649462944&id=100022300364681

0 ယောက်မှတ်ချက်ပြုခဲ့သည် to “History of Modern Burma......9”

Post a Comment

Related Posts Plugin for WordPress, Blogger...