Wednesday, February 28, 2018

"တပ်​မ​တော်​ကို ချောင်​ပိတ်​မိ​အောင်​ လုပ်​​နေတာတွေ ဘာလို့လက်​ပိုက်​ကြည့်​​နေသလဲ'' ဟု နိုင်ငံခြားရေးဝန်ကြီးဟောင်း ပြော

,
ဖေ​ဖေါ်ဝါရီ၂၆။၂၀၁၈။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘော်ဒါလိုင်းကြားရှိ မြန်မာပိုင်နက် ပေ၁၅၀ကို No Man's Land လို့
သုံးနှုံးခြင်းအ​ပေါ် အစိုးရက ပြတ်​ပြတ်​သားသားငြင်းပယ်​ဖို့လိုအပ်​​ပြီး၊  ဒီအသုံးအနှုံးဟာ ကိုယ့်​ပိုင်​နက်​ ပဲ့ပါသွားနိုင်​တာကြောင့် ထိထိ​ရောက်​​ရောက်​ တားဆီးမှုမရှိခြင်းအပေါ် နိုင်​ငံ​တော်​ရဲ့ အချုပ်​အခြာအာဏာ နယ်​​မြေပိုင်​နက်​ကို ထိထိ​ရောက်​​ရောက်​​ဆောင်​ရွက်​​နေ​တဲ့ တပ်​မ​တော်​နဲ့ ပတ်သက်ပြီး လက်ရှိအစိုးရရဲ့ လုပ်​​ဆောင်​ချက်​များကို  နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်က ဝေဖန်​​မေးခွန်းထုတ်​လိုက်​ပါတယ်​။

အထက်ပါကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဟောင်းဦးဝဏ္ဏမောင်လွင်က
"တပ်​မ​တော်​ကို​ ချောင်​ပိတ်​မိ​အောင်​လုပ်​​နေတာ​တွေ ဘာလို့ လက်​ပိုက်​ကြည့်​​နေသလဲ" လို့ ပြောဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၅ရက် က ရန်​ကုန်​မြို့၊ဗဟန်းမြို့နယ်​၊
သံလွင်​လမ်းရှိ ပြည်​ခိုင်​ဖြိုးရုံးချုပ်​(ရန်​ကုန်​)
အစည်းအ​ဝေးခမ်းမမှာ ပြုလုပ်​ခဲ့​တဲ့  နိုင်​ငံ​ရေးပါတီ(၂၁)ပါတီ​တွေ့ဆုံပွဲမှာ နိုင်​ငံ​ရေးပါတီ​ခေါင်း​ဆောင်​များကို​ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
'' No Man's Land အသုံးအနှုံးအပေါ် ခုလိုငြိမ်နေပြီး ပြတ်သားစွာ တားမြစ်မှုမရှိတဲ့အပေါ် အစိုးရကိုယ်​တိုင်​က
ရခိုင်​အ​ရေးကို နိုင်​ငံတကာ အ​ရေးဖြစ်​​အောင်​တွန်းပို့​နေသလိုဖြစ်နေတယ်​" လို့ ယူဆကြောင်း ဆိုပြန်ပါတယ်။

No Man's Land ဆိုပြီး ဘင်္ဂလား​ဒေ့ရှ်​ မီဒီယာများကစသုံးပြီး မီဒီယာအ​တော်​များကလည်း ဘုမသိဘမသိ​ရော​ယောင်​လိုက်​သုံး​နေတာ​တွေ့ရ​ကြောင်း၊ တကယ်​​တော့ ဒီအသုံးအနှုံးဟာ တရားမဝင်တာကြောင့် သုံးလို့လည်းမရ​ကြောင်း No Man's Landကို အဓိပ္ပါယ်​ဖွင့်​ရရင်​ နှစ်​နိုင်​ငံကြားမှာစစ်​​ရေးအရ ပြဿနာဖြစ်​ပြီး အငြင်းပွား​နေတဲ့ နယ်​​မြေကိုဆိုလို​ကြောင်း ထိုနယ်​​မြေမှာ အပစ်​အခတ်​ရပ်​ဆဲ​ရေးစာချုပ်​အရ ခိုင်​မာတဲ့ အ​ဆောက်​ဦးများ​ဆောက်​လုပ်​ခွင့်​မရှိ​ကြောင်း ဥပမာ​ပြောရရင်​​တောင်​ကိုးရီးယားမှာစစ်​ပွဲအပြီး ၂.၅ မိုင်​ကို No Man's Land အဖြစ်​သတ်​မှတ်​​ကြောင်း ထိုသတ်​မှတ်​နယ်​​မြေမှာ ကုလသမဂ္ဂငြိမ်းချမ်း​ရေးတပ်​များ တပ်​စွဲခွင့်​​ရှိ​ကြောင်း ကိုရီးယားမှာ
DMZ , (Demilitarize Zone)လို့ ခေါ်ခဲ့​ကြောင်း စစ်မက်ဖြစ်လို့ ဆွေးနွေးအဖြေမထွက်မှ ခေါ်ဆိုသည့်​အမည်​ဖြစ်​​ပြီး နိုင်ငံတကာနဲ့ပတ်သက်ရင် အစိုးရက ပြတ်ပြတ်သားသားရပ်တည်ဖို့ လိုအပ်​​ကြောင်း ဘင်္ဂလား​ဒေ့ရှ်​နှင့်​မြန်​မာသည်​ နယ်​​မြေပိုင်းခြားထားပြီးသား သတ်​သတ်​မှတ်​မှတ်​ရှိ​ကြောင်း သတ်​မှတ်​သည့်​ Border Line နယ်​​မြေစည်းရဲ့  အပြင်​ဘက်​မှာခြံစည်းရိုးရှိ​ကြောင်း နိုင်​ငံတကာမှာ နှစ်​နိုင်​ငံသ​ဘောတူညီချက်​အရ နယ်​​မြေစည်းရဲ့ ​ပေ၁၅၀အကွာမှာ ခြံစည်းရိုးခတ်​​ကြောင်း ထို့​ကြောင့်​ခြံစည်းရိုး အပြင်​ဘက်​​ ပေ၁၅၀ဟာ မြန်​မာပိုင်​နက်​သာဖြစ်​​ကြောင်း ထိုဧရိယာကို No Man's Land ဟု ဆိုလို့မရ​ကြောင်း ဒါ​တွေကိုအစိုးရမှပြတ်​ပြတ်​သားသားတားဖို့လိုအပ်​​ကြောင်း ဦးဝဏ္ဏ​မောင်​လွင်​ကဆိုပါတယ်​။

အဆိုပါ တွေ့ဆုံပွဲ​ကောက်​နှုတ်​ချက်​တွင်လည်း
''မြန်​မာနိုင်​ငံနှင့်ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံအကြား No Man's Land ဟု သတ်​မှတ်​​ခေါ်​ဝေါ်နိုင်​​သော နယ်​​မြေမရှိ​ကြောင်း ထိုသို့သုံးစွဲမှုများ၊ သတ်​မှတ်​ရန်​ကြံစည်​အားထုတ်​မှုများအားလည်ကောင်း၊ တပ်​မ​တော်​တာဝန်​ရှိသူများကို နိုင်​ငံ​တော်​တရားရုံးသို့ တင်​ပို့အ​ရေးယူနိုင်​ရန်​ အကွက်​ချ​ဆောင်​ရွက်​ချက်​များအား ပြင်းထန်​စွာဆန့်​ကျင်​ကန့်​ကွက်​​ကြောင်း'' ဖော်ပြထားပါတယ်​။

By - မြတ်​ဟိန်း​ကျော်​(​ကော့မှူး)
MUNA

https://m.facebook.com/groups/1469898766620657?view=permalink&id=2215229198754273

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ "တပ်​မ​တော်​ကို ချောင်​ပိတ်​မိ​အောင်​ လုပ်​​နေတာတွေ ဘာလို့လက်​ပိုက်​ကြည့်​​နေသလဲ'' ဟု နိုင်ငံခြားရေးဝန်ကြီးဟောင်း ပြော ”

Post a Comment

Related Posts Plugin for WordPress, Blogger...