Thursday, January 25, 2018

ဖက္ဒရယ္စနစ္ဆိုသည္မွာ အဘယ္နည္း။

,
[Zawgyi]
• ဖက္ဒရယ္စနစ္ဆုိသည္မွာ ဖက္ဒရယ္ျပည္ေထာင္စုအဖြဲ႕ဝင္ျပည္နယ္မ်ားအေနျဖင့္ သက္ဆိုင္ရာမူဝါဒ နယ္ပယ္မ်ားတြင္ ဖြဲ႕စည္းပံုအေျခခံဥပေဒအရ အာမခံခ်က္႐ိွေသာ ကိုယ္ပိုင္ျပဌာန္းခြင့္(Self-determination) ကို က်င့္သံုးခြင့္႐ိွၿပီး အျခားမူဝါဒနယ္ပယ္မ်ားတြင္ သေဘာတူထားသည့္အုပ္ခ်ဳပ္ခြင့္ႏွင့္အညီ အာဏာ ကို ခြဲေဝက်င့္သံုးလ်က္ အစိုးရအဆင့္ဆင့္အၾကား အာဏာခြဲေဝျခင္း ႏွင့္ သက္ဆုိင္ေသာ ဖြဲ႕စည္းပံု အေျခခံဥပေဒဆိုင္ရာယႏၲရားတစ္ခုျဖစ္သည္။

ဖက္ဒရယ္စနစ္ကို အဘယ္ေၾကာင့္က်င့္သံုးသင့္သနည္း။

• ကိုယ္ပိုင္လကၡဏာ - ကိုယ္ပိုင္လကၡဏာ၊ တိုင္းရင္းသားမ်ဳိးႏြယ္စု၊ နယ္ေျမေဒသ သို႔မဟုတ္ ဘာသာ စကား မတူကြဲျပားေသာလူထုမ်ား နယ္ေျမေဒသအလိုက္ေနထိုင္ရာ ႏုိင္ငံမ်ားတြင္ တည္ၿငိမ္ေအးခ်မ္းစြာ အတူယွဉ္တြဲေနထိုင္ရန္ နည္းလမ္းတစ္ရပ္အျဖစ္လည္းေကာင္း က်င့္သံုးသင့္ပါသည္။

• အက်ိဳးျဖစ္ထြန္းမႈကို ေရွးရႈၿပီး လုပ္ကိုင္ေဆာင္႐ြက္ႏိုင္မႈ - ဆံုးျဖတ္ခ်က္မ်ားကို အသင့္ေလ်ာ္ ဆံုးအဆင့္တြင္ ခ်မွတ္ျခင္း၊ အာဏာခ်ဳပ္ကိုင္မႈလြန္ကဲျခင္းမွကာကြယ္ျခင္း ႏွင့္ ဒီမိုကေရစီ စနစ္အရ ပါဝင္ေဆာင္႐ြက္လာႏိုင္မည့္ အခြင့္အလမ္းမ်ားကို ပိုမိုဖန္တီးေပးျခင္းျဖင့္ အမ်ားျပည္သူ ဆိုင္ရာ ဝန္ေဆာင္မႈမ်ားကို ပိုမိုေကာင္းမြန္စြာ ေဆာင္႐ြက္မည့္နည္းလမ္းတစ္ရပ္အျဖစ္လည္းေကာင္း က်င့္သံုုးသင့္ပါသည္။

မည္သည့္ေနရာတြင္ ဖက္ဒရယ္စနစ္ကို က်င့္သံုးသင့္သနည္း။

• ဖက္ဒရယ္စနစ္မ်ားသည္ ယဉ္ေက်းမႈအရကြဲျပားျခားမႈမ်ားျပားေသာ သို႔မဟုတ္ နယ္ေျမအလြန္ က်ယ္ျပန္႔ႀကီးမားေသာႏိုင္ငံမ်ားႏွင့္ အမ်ားအားျဖင့္ ဆက္ႏႊယ္ေလ့႐ိွပါသည္။ ထင္႐ွားသည့္ ဖက္ဒရယ္ ႏိုင္ငံမ်ား ႏွင့္ ဖက္ဒရယ္မက်တက်ႏိုင္ငံမ်ား (Quasi- federal Countries) တြင္ အာဂ်င္တီးနား၊ ဘယ္လ္ဂ်ီယံ၊ ဘရာဇီး၊ ကေနဒါ၊ ဂ်ာမနီ၊ အိႏိၵယ၊ မေလး႐ွား၊ ႏိုင္ဂ်ီးရီးယား၊ ပါကစၥတန္၊ စပိန္၊ ေတာင္အာဖရိက ႏွင့္ အေမရိကန္ျပည္ေထာင္စုတို႔ ပါဝင္ပါသည္။

မည္သည္တို႔က အဓိကအခ်က္မ်ားျဖစ္သနည္း။

ဖက္ဒရယ္စနစ္ဆိုသည္မွာ အစိုးရအဆင့္ဆင့္အၾကား အာဏာကို ဖြဲ႕စည္းပံုအေျခခံဥပေဒအရ သတ္မွတ္ထား သည့္အတိုင္းခြဲေဝက်င့္သံုးေစေသာ အစိုးရစနစ္တစ္ရပ္ ျဖစ္ပါသည္။ အမ်ားအားျဖင့္ (၁) ႏိုင္ငံေတာ္အဆင့္၊ ဗဟိုအဆင့္ သို႔မဟုတ္ ဖက္ဒရယ္အဆင့္၊ ႏွင့္ (၂) ျပည္နယ္ သို႔မဟုတ္ ေဒသႏၲရအဆင့္ ဟူ၍ အဓိက အဆင့္ (၂) ဆင့္ ႐ိွသည္။ သို႔ရာတြင္ အခ်ဳိ႕ကိစၥရပ္မ်ား၌ ဖက္ဒရယ္စနစ္သည္ ေဒသႏၲရအစိုးရ၏ ဖြဲ႕စည္းပံုအေျခခံ ဥပေဒပါအာဏာမ်ားကို အသိအမွတ္ျပဳျခင္းျဖင့္ေသာ္လည္းေကာင္း (ဥပမာ - ေတာင္အာဖရိက)  နယ္ေျမ    ေဒသဆိုင္ရာ ႏွင့္ ဘာသာစကားဆိုင္ရာ ဖက္ဒရယ္စနစ္တို႔ေရာယွက္ေနေသာ ႐ႈပ္ေထြးသည့္ပံုစံတစ္ရပ္ကို ဖန္တီးျခင္းျဖင့္ ေသာ္လည္းေကာင္း (ဥပမာ - ဘယ္လ္ဂ်ီယံ) အဆင့္ (၃) ဆင့္ ခြဲေဝမႈတစ္ရပ္ ျဖစ္ႏိုင္ပါသည္။
ဖက္ဒရယ္စနစ္သည္ ကြဲျပားျခားနားသည့္လူမ်ဳိးစုမ်ားကို အားလံုးအတြက္အေရးႀကီးေသာကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ ခြဲေဝထားသည့္အာဏာကိုက်င့္သံုးလ်က္ ဖက္ဒရယ္ျပည္ေထာင္စု၏အစိတ္အပိုင္းအျဖစ္ ပါဝင္ ျခင္း  ေစျခင္းျဖင့္ သက္ဆိုင္ရာသတ္မွတ္နယ္ေျမမ်ားအလိုက္ မိမိတို႔အတြက္အေရးပါေသာအခ်ဳိ႕ကိစၥရပ္မ်ားႏွင့္ ပတ္သက္၍  အာမခံထားသည့္ကုိယ္ပိုင္အုပ္ျပ႒ာန္းအုပ္ခ်ဳပ္ခြင့္ကို က်င့္သံုးခြင့္ျပဳသည္။
ဖက္ဒရယ္စနစ္ကို က်င့္သံုးသင့္သည့္ အဓိကအေၾကာင္းရင္း ႏွစ္ရပ္႐ိွပါသည္ -
• ကိုယ္ပိုင္လကၡဏာအေပၚအေျခခံသည့္ ဖက္ဒရယ္စနစ္ -  ယဉ္ေက်းမႈအားျဖင့္၊ ဘာသာစကားအားျဖင့္၊ ကိုးကြယ္ယံုၾကည္ရာဘာသာတရားအားျဖင့္၊ သို႔မဟုတ္ အျခားနည္းအားျဖင့္ ကြဲျပားျခားနားသည့္ မ်ဳိးႏြယ္စု ႏွစ္စု သို႔မဟုတ္ ထိုထက္ပိုမိုမ်ားျပားေသာ မ်ဳိးႏြယ္စုမ်ားအေနျဖင့္ နယ္ေျမတစ္ခုတြင္ အတူ တကြေနထိုင္ရန္ အခ်ိဳ႔ေသာအက်ဳိးစီးပြားအရေသာ္လည္းေကာင္း၊ ကိုယ္ပိုင္လကၡဏာ အ ရေသာ္လည္းေကာင္း လံုေလာက္စြာ ဘံုတူညီမႈ႐ိွေသာ္လည္း အဆိုပါနယ္ေျမအတြင္း ကိုယ္ပိုင္အု ပ္ခ်ဳပ္ခြင့္ကို ေတာင္းဆိုႏိုင္သည္အထိ အခ်ိဳ႔ေသာအက်ဳိးစီးပြားအရေသာ္လည္းေကာင္း၊ ကိုယ္ပိုင္လကၡ ဏာအရ ေသာ္လည္းေကာင္း လံုေလာက္စြာ ကြဲျပားျခားနားမႈ႐ိွျခင္း (ဥပမာ - ကေနဒါ၊ ဆြစ္ဇာလန္) ၊

• အက်ိဳးျဖစ္ထြန္းမႈကို ေရွးရႈသည့္ ဖက္ဒရယ္စနစ္ - ယဉ္ေက်းမႈအရ တူညီေသာ္လည္း ပထဝီ အေနအထားအရ ႀကီးမားေသာႏိုင္ငံတစ္ႏိုင္ငံအေနျဖင့္ တစ္မ်ဳိးသားလံုးစည္းလံုး ညီညြတ္ေရးကို ထိန္းသိမ္းၿပီး အမ်ဳိးသားေရးမူဝါဒဆိုင္ရာကိစၥရပ္မ်ားကို အတူတကြပူးေပါင္း ေဆာင္႐ြက္လ်က္ အာဏာ မ်ားကို ခြဲေဝျခင္း ႏွင့္  အရင္းအျမစ္သယံဇာတမ်ားကို ပိုမိုထိန္းခ်ဳပ္ ေဆာင္႐ြက္     ခြင့္ျပဳျခင္း၊ ေဒသ ခံျပည္သူူလူထုမ်ားအေပၚ မူဝါဒမ်ားခ်မွတ္ခြင့္ျပဳျခင္းျဖင့္ ဒီမိုကေရစီအရ ကိုယ္စားျပဳ                           မႈႏွင့္ တာဝန္ယူတာဝန္ခံမႈတို႔ကို ျမႇင့္တင္ေပးႏိုင္ပါသည္။

ဖက္ဒရယ္စနစ္၏အျခားေပၚေပါက္လာႏိုင္ေသာ အက်ဳိးေက်းဇူးမ်ား

ဖက္ဒရယ္အစိုးရအဖြဲ႕သည္ ဖြဲ႕စည္းပံုအေျခခံဥပေဒကို ေလးစားလိုက္နာေသာဝါဒ (Constitutionalism) ႏွင့္ မတူကြဲျပားမႈမ်ားကို ေလးစားလက္ခံေသာဝါဒ (Pluralism) တို႔မွ ေပါက္ဖြားလာခဲ့ပါသည္။ ဖက္ဒရယ္စနစ္အရ ႏိုင္ငံေတာ္အဆင့္ ႏွင့္ ျပည္နယ္အဆင့္အစိုးရအဖြဲ႕မ်ားအၾကား လုပ္ပိုင္ခြင့္အာဏာခြဲေဝရေသာေၾကာင့္ မည္ သည့္အဆင့္အစိုးရအဖြဲ႕ထံတြင္မွ် အႂကြင္းမဲ့အာဏာမ႐ိွေပ။ စနစ္က်နၿပီးေကာင္းမြန္စြာအေကာင္အထည္ေဖာ္ ႏုိင္ေသာဖက္ဒရယ္စနစ္သည္ သေဘာတူထားသည့္ဖြဲ႕စည္းပံုအေျခခံဥပေဒဆိုင္ရာစည္းမ်ဉ္းစည္းကမ္းမူေဘာင္ ႏွင့္အညီ ဟန္ခ်က္ညီေသာ လုပ္ပိုင္ခြင့္အာဏာမ်ား ႏွင့္ လူနည္းစုသာ႐ိွေသာမ်ဳိးႏြယ္စုမ်ားကို အသိအမွတ္ ျပဳမႈတို႔အၾကား ေဆြးေႏြးညိႇႏိႈင္းမႈအေပၚမူတည္ေသာေၾကာင့္ အဓိပၸာယ္သတ္မွတ္ခ်က္အရ ဖြဲ႕စည္းပံုအေျခခံ ဥပေဒကို လိုက္နာၿပီး မတူကြဲျပားမႈမ်ားကို ေလးစားလက္ခံပါသည္။

(ဆက္လက္ေဖာ္ျပရန္ရွိသည္။)

 **************************************************
IDEA အဖြဲ႔အစည္းမွ ထုတ္ေ၀ထားေသာ ဖက္ဒရယ္ စာေစာင္မွ အခ်ိဳ႕ကို ကိုးကားၿပီး NCA-S EAO ရံုးမွာ ဘာသာ ျပန္သည္။

[Unicode]
• ဖက်ဒရယ်စနစ်ဆိုသည်မှာ ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအနေဖြင့် သက်ဆိုင်ရာမူဝါဒ နယ်ပယ်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာမခံချက်ရှိသော ကိုယ်ပိုင်ပြဌာန်းခွင့်(Self-determination) ကို ကျင့်သုံးခွင့်ရှိပြီး အခြားမူဝါဒနယ်ပယ်များတွင် သဘောတူထားသည့်အုပ်ချုပ်ခွင့်နှင့်အညီ အာဏာ ကို ခွဲဝေကျင့်သုံးလျက် အစိုးရအဆင့်ဆင့်အကြား အာဏာခွဲဝေခြင်း နှင့် သက်ဆိုင်သော ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာယန္တရားတစ်ခုဖြစ်သည်။

ဖက်ဒရယ်စနစ်ကို အဘယ်ကြောင့်ကျင့်သုံးသင့်သနည်း။
• ကိုယ်ပိုင်လက္ခဏာ - ကိုယ်ပိုင်လက္ခဏာ၊ တိုင်းရင်းသားမျိုးနွယ်စု၊ နယ်မြေဒေသ သို့မဟုတ် ဘာသာ စကား မတူကွဲပြားသောလူထုများ နယ်မြေဒေသအလိုက်နေထိုင်ရာ နိုင်ငံများတွင် တည်ငြိမ်အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန် နည်းလမ်းတစ်ရပ်အဖြစ်လည်းကောင်း ကျင့်သုံးသင့်ပါသည်။

• အကျိုးဖြစ်ထွန်းမှုကို ရှေးရှုပြီး လုပ်ကိုင်ဆောင်ရွက်နိုင်မှု - ဆုံးဖြတ်ချက်များကို အသင့်လျော် ဆုံးအဆင့်တွင် ချမှတ်ခြင်း၊ အာဏာချုပ်ကိုင်မှုလွန်ကဲခြင်းမှကာကွယ်ခြင်း နှင့် ဒီမိုကရေစီ စနစ်အရ ပါဝင်ဆောင်ရွက်လာနိုင်မည့် အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးခြင်းဖြင့် အများပြည်သူ ဆိုင်ရာ ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်မည့်နည်းလမ်းတစ်ရပ်အဖြစ်လည်းကောင်း ကျင့်သုုံးသင့်ပါသည်။

မည်သည့်နေရာတွင် ဖက်ဒရယ်စနစ်ကို ကျင့်သုံးသင့်သနည်း။
• ဖက်ဒရယ်စနစ်များသည် ယဉ်ကျေးမှုအရကွဲပြားခြားမှုများပြားသော သို့မဟုတ် နယ်မြေအလွန် ကျယ်ပြန့်ကြီးမားသောနိုင်ငံများနှင့် အများအားဖြင့် ဆက်နွှယ်လေ့ရှိပါသည်။ ထင်ရှားသည့် ဖက်ဒရယ် နိုင်ငံများ နှင့် ဖက်ဒရယ်မကျတကျနိုင်ငံများ (Quasi- federal Countries) တွင် အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊ ဘရာဇီး၊ ကနေဒါ၊ ဂျာမနီ၊ အိန္ဒိယ၊ မလေးရှား၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ စပိန်၊ တောင်အာဖရိက နှင့် အမေရိကန်ပြည်ထောင်စုတို့ ပါဝင်ပါသည်။

မည်သည်တို့က အဓိကအချက်များဖြစ်သနည်း။
ဖက်ဒရယ်စနစ်ဆိုသည်မှာ အစိုးရအဆင့်ဆင့်အကြား အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထား သည့်အတိုင်းခွဲဝေကျင့်သုံးစေသော အစိုးရစနစ်တစ်ရပ် ဖြစ်ပါသည်။ အများအားဖြင့် (၁) နိုင်ငံတော်အဆင့်၊ ဗဟိုအဆင့် သို့မဟုတ် ဖက်ဒရယ်အဆင့်၊ နှင့် (၂) ပြည်နယ် သို့မဟုတ် ဒေသန္တရအဆင့် ဟူ၍ အဓိက အဆင့် (၂) ဆင့် ရှိသည်။ သို့ရာတွင် အချို့ကိစ္စရပ်များ၌ ဖက်ဒရယ်စနစ်သည် ဒေသန္တရအစိုးရ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါအာဏာများကို အသိအမှတ်ပြုခြင်းဖြင့်သော်လည်းကောင်း (ဥပမာ - တောင်အာဖရိက)  နယ်မြေ    ဒေသဆိုင်ရာ နှင့် ဘာသာစကားဆိုင်ရာ ဖက်ဒရယ်စနစ်တို့ရောယှက်နေသော ရှုပ်ထွေးသည့်ပုံစံတစ်ရပ်ကို ဖန်တီးခြင်းဖြင့် သော်လည်းကောင်း (ဥပမာ - ဘယ်လ်ဂျီယံ) အဆင့် (၃) ဆင့် ခွဲဝေမှုတစ်ရပ် ဖြစ်နိုင်ပါသည်။
ဖက်ဒရယ်စနစ်သည် ကွဲပြားခြားနားသည့်လူမျိုးစုများကို အားလုံးအတွက်အရေးကြီးသောကိစ္စရပ်များနှင့် ပတ်သက်၍ ခွဲဝေထားသည့်အာဏာကိုကျင့်သုံးလျက် ဖက်ဒရယ်ပြည်ထောင်စု၏အစိတ်အပိုင်းအဖြစ် ပါဝင် ခြင်း  စေခြင်းဖြင့် သက်ဆိုင်ရာသတ်မှတ်နယ်မြေများအလိုက် မိမိတို့အတွက်အရေးပါသောအချို့ကိစ္စရပ်များနှင့် ပတ်သက်၍  အာမခံထားသည့်ကိုယ်ပိုင်အုပ်ပြဋ္ဌာန်းအုပ်ချုပ်ခွင့်ကို ကျင့်သုံးခွင့်ပြုသည်။
ဖက်ဒရယ်စနစ်ကို ကျင့်သုံးသင့်သည့် အဓိကအကြောင်းရင်း နှစ်ရပ်ရှိပါသည် -
• ကိုယ်ပိုင်လက္ခဏာအပေါ်အခြေခံသည့် ဖက်ဒရယ်စနစ် -  ယဉ်ကျေးမှုအားဖြင့်၊ ဘာသာစကားအားဖြင့်၊ ကိုးကွယ်ယုံကြည်ရာဘာသာတရားအားဖြင့်၊ သို့မဟုတ် အခြားနည်းအားဖြင့် ကွဲပြားခြားနားသည့် မျိုးနွယ်စု နှစ်စု သို့မဟုတ် ထိုထက်ပိုမိုများပြားသော မျိုးနွယ်စုများအနေဖြင့် နယ်မြေတစ်ခုတွင် အတူ တကွနေထိုင်ရန် အချို့သောအကျိုးစီးပွားအရသော်လည်းကောင်း၊ ကိုယ်ပိုင်လက္ခဏာ အ ရသော်လည်းကောင်း လုံလောက်စွာ ဘုံတူညီမှုရှိသော်လည်း အဆိုပါနယ်မြေအတွင်း ကိုယ်ပိုင်အု ပ်ချုပ်ခွင့်ကို တောင်းဆိုနိုင်သည်အထိ အချို့သောအကျိုးစီးပွားအရသော်လည်းကောင်း၊ ကိုယ်ပိုင်လက္ခ ဏာအရ သော်လည်းကောင်း လုံလောက်စွာ ကွဲပြားခြားနားမှုရှိခြင်း (ဥပမာ - ကနေဒါ၊ ဆွစ်ဇာလန်) ၊

• အကျိုးဖြစ်ထွန်းမှုကို ရှေးရှုသည့် ဖက်ဒရယ်စနစ် - ယဉ်ကျေးမှုအရ တူညီသော်လည်း ပထဝီ အနေအထားအရ ကြီးမားသောနိုင်ငံတစ်နိုင်ငံအနေဖြင့် တစ်မျိုးသားလုံးစည်းလုံး ညီညွတ်ရေးကို ထိန်းသိမ်းပြီး အမျိုးသားရေးမူဝါဒဆိုင်ရာကိစ္စရပ်များကို အတူတကွပူးပေါင်း ဆောင်ရွက်လျက် အာဏာ များကို ခွဲဝေခြင်း နှင့်  အရင်းအမြစ်သယံဇာတများကို ပိုမိုထိန်းချုပ် ဆောင်ရွက်     ခွင့်ပြုခြင်း၊ ဒေသ ခံပြည်သူူလူထုများအပေါ် မူဝါဒများချမှတ်ခွင့်ပြုခြင်းဖြင့် ဒီမိုကရေစီအရ ကိုယ်စားပြု                           မှုနှင့် တာဝန်ယူတာဝန်ခံမှုတို့ကို မြှင့်တင်ပေးနိုင်ပါသည်။

ဖက်ဒရယ်စနစ်၏အခြားပေါ်ပေါက်လာနိုင်သော အကျိုးကျေးဇူးများ

ဖက်ဒရယ်အစိုးရအဖွဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာသောဝါဒ (Constitutionalism) နှင့် မတူကွဲပြားမှုများကို လေးစားလက်ခံသောဝါဒ (Pluralism) တို့မှ ပေါက်ဖွားလာခဲ့ပါသည်။ ဖက်ဒရယ်စနစ်အရ နိုင်ငံတော်အဆင့် နှင့် ပြည်နယ်အဆင့်အစိုးရအဖွဲ့များအကြား လုပ်ပိုင်ခွင့်အာဏာခွဲဝေရသောကြောင့် မည် သည့်အဆင့်အစိုးရအဖွဲ့ထံတွင်မျှ အကြွင်းမဲ့အာဏာမရှိပေ။ စနစ်ကျနပြီးကောင်းမွန်စွာအကောင်အထည်ဖော် နိုင်သောဖက်ဒရယ်စနစ်သည် သဘောတူထားသည့်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာစည်းမျဉ်းစည်းကမ်းမူဘောင် နှင့်အညီ ဟန်ချက်ညီသော လုပ်ပိုင်ခွင့်အာဏာများ နှင့် လူနည်းစုသာရှိသောမျိုးနွယ်စုများကို အသိအမှတ် ပြုမှုတို့အကြား ဆွေးနွေးညှိနှိုင်းမှုအပေါ်မူတည်သောကြောင့် အဓိပ္ပာယ်သတ်မှတ်ချက်အရ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လိုက်နာပြီး မတူကွဲပြားမှုများကို လေးစားလက်ခံပါသည်။

(ဆက်လက်ဖော်ပြရန်ရှိသည်။)

 **************************************************
IDEA အဖွဲ့အစည်းမှ ထုတ်ဝေထားသော ဖက်ဒရယ် စာစောင်မှ အခ်ိဳ႕ကိုကိုးကားပြီး၊ NCA-S EAO ရုံးမှာ ဘာသာ ပြန်သည်။


https://m.facebook.com/story.php?story_fbid=290042971520579&id=251441225380754

0 ေယာက္မွတ္ခ်က္ျပဳခဲ့သည္ to “ဖက္ဒရယ္စနစ္ဆိုသည္မွာ အဘယ္နည္း။”

Post a Comment

Related Posts Plugin for WordPress, Blogger...