Wednesday, February 7, 2018

ဆဲချင်ရင် ကျွန်တော့်ကိုဆဲပါ

,
ယဉ်ကျေး လိမ္မာ သင်တန်းက ပြန်လာတဲ့ သမီး က မျက်နှာညှိုး လာပြီး ကျနော့် ကို မေးတယ်

``ဖေဖေ ၊ ကဲကဲ တို့ ဒီဘဝ မှာ မချမ်းသာတာ ဟို ဘဝက မလှူ ခဲ့ လို့ ဆို ၊ အဲ့ဒါ ဟုတ်လား ´´

မေးပြီး မျက်ရည် ဝဲ နေတယ်

``သမီး ဘာဖြစ်လာလို့ လဲ ဖေဖေ့ ကို သေချာပြန်ပြော ပြပါအုံး ´´

``ဒီနေ့ ဘုန်းဘုန်း က ဟောတယ်
အခု ဘဝဆင်းရဲ နေတဲ့ လူတွေ ဟာ ဟို ဘဝက မလှူ ခဲ့ လို့ တဲ့ ၊
နောက်ဘဝ အဲ့လိုမဖြစ်အောင် ဒီ ဘဝမှာ များများ လှူ ရမယ်တဲ့
 အခု ဘဝ ခြေလက် အင်္ဂါ ချို့ယွင်း နေတဲ့ လူတွေဟာ ဟိုဘဝ က သူတစ်ပါး ကို ညှည်း ပန်း နှိပ်စက်ခဲ့ လို့ ဝဋ်ကြွေး ခံ ရတာတဲ့
နောက် ဘဝ အဲ့လို မဖြစ်အောင် ဒီဘဝ မှာ သူများအသက်မသတ်ရဘူး ၊ မညှင်းဆဲ ရဘူးတဲ့ ´´

``ကျောင်းက ပြန်တော့ ဝေယံတိုး က
ကဲကဲ နဲ့ အောင်ဘု ကို ပြောတယ် ´´

`` ဘယ်လို ပြောလို့လဲ သမီးကို ´´

`` ဝေယံတိုး က ကဲကဲ ကို ပြောတယ်
နင့်အဖေ ကားနဲ့ လာမကြို နိုင်တာ နင် အရင်ဘဝက မလှူ ခဲ့လို့တဲ့
ငါ့ အဖေ ကားနဲ့ လာကြိုတာ ၊ ရွှေဆိုင်ပိုင်တာ ၊ ငါတို့ ချမ်းသာတာ ၊ ငါအရင်ဘဝ က လှူ ခဲ့လို့တဲ့

ပြီးတော့ ပိုလီယို ဖြစ်ပြီး ခြေထောက် မသန်တဲ့ အောင်ဘု ကို လဲ ပြောတယ်
မင်းက အရင်ဘဝတုန်း က သူတစ်ပါး ကို နှိပ်စက်ခဲ့ တဲ့ ကောင်တဲ့´´

``ကဲကဲ က  အရင်ဘဝက မလှူ ခဲ့တဲ့ အပြစ်ရှိပြီး
အောင်ဘု က အရင်ဘဝက သူတစ်ပါး ကို နှိပ်စက်ခဲ့တဲ့ အပြစ် ရှိတာလား ဖေဖေ´´

🙂  ``သေချာ နားထောင် ဖေဖေ ပြောပြမယ်´´

``သမီး ရဲ့ အရင်ဘဝ ဆိုတာ မရှိပါဘူး ၊ အရင်ဘဝဆိုတာ မရှိတဲ့ အတွက် မလှူ ခဲ့ တဲ့ အပြစ်လဲ မရှိပါဘူး
သမီး မှာ ဘာအပြစ် မှ မရှိပါဘူး
ချမ်းသာအောင် မလုပ် နိုင်သေးတဲ့ ဖေဖေ့ မှာပဲ အပြစ်ရှိတာပါ

နောက်ဘဝဆိုတာလဲ မရှိဘူး သမီး
အဲ့ဒါကြောင့် နောက်ဘဝကိုမျှော်ပြီး လှူ စရာ လဲ မလို ဘူး
သမီး လှူ တော့ လှူ ရမယ်

နောက်ဘဝချမ်းသာဖို့ အတွက် မဟုတ်ဘူး
တကယ် လိုအပ် တဲ့ လူတွေ အတွက် လှူ ရမယ်

စားစရာ မရှိ တဲ့ သက်ကြီး ရွယ်အိုတွေကို လှူ ရမယ်
ဘေးဒုက္ခ ရောက်နေသူ ကို လှူ ရမယ်

သမီး ရဲ့ အလှူ အတွက် ပီတိ က လွဲပြီး ဘာမှ ပြန်မရဘူး လို့ မှတ်ထားပါ
သူတို့ ကိုကြည့်ပြီး ပီတိဖြစ်ပါ ´´

`` ခြေထောက်မသန်တဲ့ အောင်ဘု မှာလဲ အပြစ်မရှိဘူး သမီး
ပိုလီယို ကာကွယ် ဆေးမတိုက် တဲ့ သူ့ မိဘ တွေမှာ သာ အပြစ်ရှိတာ

ဝဋ်ကြွေး ဆိုတာလဲ မရှိဘူး သမီး
သမီး က တစ်ခြား လူတစ်ယောက်ကို ရိုက်တယ်
သူက ပြန် ရိုက်တယ်
အဲ့ဒါ အကြောင်း ကြောင့် အကျိုး ဖြစ်တာ
ဝဋ်ကြွေး ကြောင့် မဟုတ်ဘူး

ဒါပေမယ့်

လူတွေ ၊ သတ္တဝါ တွေ ကို မညည်းပန်း မနှိပ်စက် ရဘူး
မသတ် ရဘူး
အဲ့ဒါ ဝဋ်လည် မှာ ကြောက်လို့ မသတ်တာ ၊ မနှိပ် စက်တာ မဖြစ်ရဘူး
သမီး ရင်ထဲက ချစ်ခြင်းမေတ္တာ ၊ အကြင်နာတရား နဲ့ ကိုယ်ချင်းစာ စိတ် ကြောင့်ပဲ ဖြစ်ရမယ်

သူတစ်ပါး ကို မနှိပ်စက်တာ ဟာ သမီးရင်ထဲ က တစ်ကယ် မလုပ်ချင်လို့ မလုပ် တာပဲ ဖြစ်ရမယ်

ဝဋ်ကြွေးကို ကြောက်လို့ မလုပ်တာ မဖြစ်ရဘူး
သဘောပေါက် ရဲ့လား´´

``ဟုတ်ကဲ့ ပါ ဖေဖေ ၊ ကဲကဲ အသားကို ရိုက်ရင် နာတယ်လေ
ခွေးလေး လုံးလုံး လဲ သူ့ကိုရိုက် ရင် နာမှာ ပေါ့
မရိုက်ပါ ဘူးဖေဖေ´´

`` နောက်တစ်ခု မေးချင်သေးတယ်
နတ်ပြည်ဆိုတာ တကယ်ရှိလား ဖေဖေ´´

``နတ်ပြည်ဆိုတာ တကယ်မရှိပါဘူး သမီးရယ်
သမီး ဘဝကို တော့ နတ်ပြည်ဖြစ် အောင် အခု ချက်ခြင်း လုပ်လို့ ရပါတယ်´´

``ဘယ်လို လုပ်မှာလဲ´´

``ဖေဖေ တို့ သီချင်းတွေ အော်ဆိုကြမှာပေါ့ ´´
``ဖေဖေ တို့ ခိုလေးတွေ ကို အစာကြွေးကြမယ် ၊
စက်ဘီး လိုက်စီးကြမယ်
ကဗျာ တွေ အော်ဆိုမယ်
အဘိုး အဘွား တွေ ကို ကူညီမယ်
တိမ်တွေ ကိုကြည့်ပီး အရုပ်ရေးမယ်
မြက်ခင်းပေါ် မှာ ခွေးကလေး လုံးလုံး နဲ့ ပြေးဆော့မယ်
လိပ်ပြာလေး တွေ လိုက်ကြည့်မယ်
နောက်ပီး ဘာလုပ် ချင်သေးလဲ ပြော´´

``ရေခဲမုန့် စားချင်တယ် ´´

``လာသွားစားကြမယ်´´

သမီး က ပြုံးရွှင် တဲ့ မျက်နှာနဲ့ ကျနော့် ကို ပွေ့ဖက်တယ်

သူ့ ကမ္ဘာဟာ အားလုံးပြည့်စုံသွားသလိုမျိုး ပေါ့

https://m.facebook.com/story.php?story_fbid=389330908179083&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဆဲချင်ရင် ကျွန်တော့်ကိုဆဲပါ”

Post a Comment

Related Posts Plugin for WordPress, Blogger...