Thursday, February 1, 2018

ဒေါ်အောင်ဆန်းစုကြည်ရရှိထားသော ဗြိတိန်နိုင်ငံ၏ဘရိုက်တန်နှင့် ဟိုဗ်မြို့တော်ကောင်စီ လွတ်မြောက်ရေးဆုများ ပြန်လည်ရုပ်သိမ်းခံရဖွယ်ရှိ

,
အင်္ဂလန်နိုင်ငံရှိ ဘရိုက်တန်နှင့် ဟိုဗာမြို့တော်ကောင်စီနှစ်ခုလုံးက အထူးအစည်းဝေးခေါ်၍  မြို့တော်ကောင်စီအဖွဲ့ဝင်များက မြန်မာ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားပေး အပ်ထားသည့် လွတ်မြောက်ရေးဆုများကို ပြန်လည်ရုပ်သိမ်းရန် တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံက ရိုဟင်ဂျာတို့အား သုတ်သင်ခံရခြင်းအပေါ် သူမ၏ တုန့်ပြန်ပုံကို မကြေနပ်သောကြောင့် တုန့်ပြန်သော အားဖြင့် အကယ်၍ ဘုတ်အဖွဲ့ဝင် ၅၄ ဦး၏ သုံးပုံနှစ်ပုံက သဘောတူညီခဲ့ပါလျှင် ၂၀၁၁-ခုနှစ်က ချီးမြင့်ထားသည့် ဆုကို ပြန်ရုတ် သိမ်းမည်ဖြစ်သည်။

နေအိမ်အကျယ်ချုပ်ကျစဉ်က နိုင်ငံရေးအကျဉ်းသမားတစ်ဦးအနေဖြင့် ချီမြင့်ထားသောဆုဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ဘရိုက် တန်ပွဲတော်၏ ဧည့်သည်တော် ဒါရိုက်တာ အဖြစ် အမည်စာရင်းတင်သွင်းခံရပြီး မြို့တော် လွတ်မြောက်ရေးဆုအဖြစ် ဂုဏ် ပြုချီးမြင့်ခံခဲ့ရခြင်းဖြစ်သည်။

ဆုအားပြန်ရုတ်သိမ်းရန် ဂရိန်းနှင့် လေဘာပါတီ ကောင်စီဝင်များပူးပေါင်း၍ ယခင်လကတည်းက အဆိုပြုထားခဲ့ခြင်းဖြစ်ပြီး ကွန်ဆာဗေးတစ်ပါတီဝင်များ၏ ထောက်ခံမှုကိုလည်း ရရှိထားပြီဖြစ်သည်။

ဂရိန်းပါတီ ကောင်စီဝင်အဖြစ် နှစ်ရှည်လများ ထမ်းဆောင်ခဲ့သူ Pete West က "ဂရိန်းအဖွဲ့ဝင်တွေရဲ့ အစကတည်းက အယူဆကတော့ ရှင်းပါတယ်- ကျယ်ကျယ်ပြန့်ပြန့် ဖိနှိပ်မှုတွေ၊ ဂျီနိုဆိုဒ်လုပ်နေတာတွေ၊ နဲ့ နှိပ်စက်ညင်းပန်းမှုလုပ်နေ တာတွေ ရင်ဆိုင်နေရတဲ့ အချိန်မှာ နှုတ်ပိတ်နေတဲ့သူတစ်ယောက်အတွက် ဘရိုက်တန်နဲ့ ဟိုဗ်မှာ နေရာမရှိပါဘူး ။"

"မြန်မာအစိုးရကို အကြံပေးနေတဲ့ အဓိက အမေရိကားသံတမန်ကလည်း ရိုဟင်ဂျာတွေအပေါ်မှာ ကျူးလွန်နေတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ရာဇ၀တ်မှုတွေကို ငြင်းဆန်ပယ်ချနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်း တဲ့ အပြုအမူတွေကြောင့် နှုတ်ထွက်ခဲ့ပါပီ။"

" တစ်ခြားမြို့တော်ကောင်စီတွေကလည်း သူတို့တန်ဘိုးတွေနဲ့ မတန်မရာ ဆုတွေ ချီးမြင့်ခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို မြို့တော်လွတ်မြောက်ရေး အမျိုးသမီးဆုတွေကို အလျင်အမြန်ပဲ ပြန်လည် ရုတ်သိမ်းပြီးကြပီး ပါပီ။" ဟု ပြောကြားခဲ့သည်။

Councillors urged to strip Aung San Suu Kyi of the freedom of Brighton and Hove

http://www.brightonandhovenews.org/2018/01/31/councillors-urged-to-strip-aung-san-suu-kyi-of-the-freedom-of-brighton-and-hove/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဒေါ်အောင်ဆန်းစုကြည်ရရှိထားသော ဗြိတိန်နိုင်ငံ၏ဘရိုက်တန်နှင့် ဟိုဗ်မြို့တော်ကောင်စီ လွတ်မြောက်ရေးဆုများ ပြန်လည်ရုပ်သိမ်းခံရဖွယ်ရှိ”

Post a Comment

Related Posts Plugin for WordPress, Blogger...