Thursday, February 8, 2018

မြုပ်​​နေတဲ့ဆဲလ်​​တွေ ယုတ်​ကြ​လေပြီ

,
MRTV ကအယ်​ဒီတာချုပ်​နှင့်​အ​ပေါင်းပါတစ်​စုအား လွှတ်​​တော်​သတင်းကို လိုရာတည်းဖြတ်​မမှန်​သတင်းထုတ်​လွှင့်​မှု့နဲ့အ​ရေးယူပြီ

ပြန်​ကြား​ရေးဝန်​ကြီးဌာနမှလဲ အများပြည်​သူကို​တောင်းပန်​သွားပါတယ်​ မြန်​မာပြည်​မှာမည်​သည့်​မီဒီယာမှယုံကြည်​စရာမရှိ​တော့  ELEVENတို့လို့ပြင်​ပမီဒီယာ​တွေကကျ မင်းသားကြီးမလုပ်​ရလို့ပတ်​မကြီးထိုးတယ်​  စစ်​အာဏာရှင်​ဆဲလ်​​တွေမြုပ်​​နေတဲ့MRTVလိုနိုင်​ငံပိုင်​မီဒီယာကကျ လက်​ရှိအစိုးရနှင့်​ လွှတ်​​တော်​ကို​ချောက်​ချတယ်​  ​ကောင်းကျ​သေးရဲ့လား  NLDမှာ ရန်​သူ​တွေဝိုင်း​နေ​လေပြီ

# MRTVမှလုပ်​ကြံတည်းဖြတ်​မမှန်​သတင်းလွှင့်​တာ  ​အောက်​ပါသတင်းပါ  #

မနေ့ကက MRTV MRTV4 စသည့်ရုပ်သံလိုင်းတွေ ညနေခင်းသတင်းလာချိန်မယ် လွှတ်တော်တွင်းသတင်းတရပ်ကြေငြာရာမှာ ရခိုင်အမတ်တဦးတင်သွင်းတဲ့ အဆိုတခုကို လွှ​တ်​တော်​က ပယ်ချခဲ့တဲ့အကြောင်း ၊ လွှတ်တော်ထဲ တိုင်းရင်းသားကိုယ်စားလှယ်တွေတင်သွင်းလာသမျှ အဆိုများအား လွှတ်​​တော်​မှ ပယ်ချလေ့ရှိကြောင်း ထည့်သွင်းကြေငြာသွားတယ်။

လွှတ်​​တော်​ဥက္ကဌဦးဝင်းမြင့်မှ အထက်ပါအဆိုကို ဆွေးနွေးရန်မသင့်ကြောင်း ဆုံးဖြတ်တဲ့​နေရာရုပ်သံကို ကွက်ကွက်လေးဖြတ်တောက်ပြသသွားတာကို တွေ့ရတယ်။

မည်သည့်အတွက်ကြောင့် ဆွေးနွေးရန်မသင့်ကြောင်းကိုတော့ ဖော်ပြသွာခြင်းမရှိဘူး။

အမှန်​က ၁၈၆၁ခုနှစ် အင်္ဂလိပ်အုပ်ချုပ်စဉ်အခါက ပြဌာန်းခဲ့သည့် ကလေးသူငယ်များဆိုင်ရာ ရာဇသတ်ကြီးဆိုတာ အင်္ဂလိပ်လိုရေးသားပြဌာန်းခဲ့တာပါ ၊ ဒါကို အဆိုရှင်မှ မြန်မာဘာသာဖြင့်ဖော်ပြရှင်းလင်းပြင်ဆင်ရန်ဆွေးနွေးခဲ့တာကြောင့် အဆိုပါကလေးသူငယ်များဆိုင်ရာ ရာဇသတ်ကြီးကို ပြင်ဆင်ဆွေးနွေမည်ဆိုပါက အင်္ဂလိပ်ဘာသာဖြင့်သာ စီလျော်အောင်ရေးသားမှသာ သင့်လျော်မည့်အကြောင်း ထို့ကြောင့်မြန်မာဘာသာဖြင့်ရေးသား၍ အဆိုတင်သွင်းမှုကို လက်ခံဆွေးနွေးရန်မရှိကြောင်းဆုံးဖြတ်ခဲ့ကြတယ်လို့ မနေ့က လွှတ်တော်အပြီးသတင်းထောက်များ၏ မေးမြန်းမှုများကို လွှတ်​​တော်​အမတ်​များကပြန်​လည်​​ဖြေကြားတာကိုကြည့်ရင်းဖြင့် သိခဲ့ရပါတယ်။
     
ဆက်လက်ပြီး ကာယကံရှင်ကိုယ်စားလှယ်အမျိုးသမီးကိုင်တိုင်က မိမိအားနည်းချက် လိုအပ်ချက်ကြောင့်သာယခုလို မိမိအဆိုအား လွှတ်​​တော်​မှဆွေးနွေးရန်မသင့်ဟု ဆုံးဖြတ်ခြင်းခံရတာဖြစ်ကြောင်း ဒါပေမယ့်လိုအပ်ချက်များကို ပြင်ဆင်ပြီး နောက်တစ်ကြိမ်ထပ်မံတင်ပြသွားပါမည့်အကြောင်း ဖြေကြားထားတာကိုလည်း ကြည့်ရှုခဲ့ရပါတယ်။

သို့ပါလျက် ပြည်တွင်းရုပ်သံမီဒီယာများအနေဖြင့် သတင်းကိုပြည့်ပြည့်စုံစုံ ဖော်ပြခြင်းမရှိပဲ ထင်ယောင် ထင်မှားဖြစ်စေနိုင်သော ထုတ်လွှင့်မှူမျိုးကိုမည်သည့်အတွက်ကြောင့် ထုတ်လွှင့်ခဲ့တယ်ဆိုတာ ...........။

Hlwan Wai Lwin

https://m.facebook.com/story.php?story_fbid=389876121457895&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ မြုပ်​​နေတဲ့ဆဲလ်​​တွေ ယုတ်​ကြ​လေပြီ”

Post a Comment

Related Posts Plugin for WordPress, Blogger...