Wednesday, February 7, 2018

ျပည္ထဲေရးဝန္ႀကီးဌာန၏ ေဖ့ဘြတ္စာမ်က္ႏွာမွ လူမ်ိဳးေရးထည့္သြင္းေဖာ္ျပကာ သတင္းလႊင့္တင္

,
ေမာ္လၿမိဳင္ၿမိဳ႕၌ မြတ္ဆလင္အမ်ိဳးသား ၁ ဦးထံမွ ဘုရားဆင္းတုေတာ္မ်ား သိမ္းဆည္းရမိ
******************************************************************
 ၂၀၁၈ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔ ၂၂၀၀ အခ်ိန္ ေမာ္လၿမိဳင္ၿမိဳ႕၊ ေျမနီကုန္းရပ္ကြက္ရွိ နဝရတ္တည္းခိုခန္း၌ မြတ္ဆလင္လူမ်ိဳး ၁ ဦး ဗုဒၶဆင္းတုေတာ္မ်ားႏွင့္အတူ လာေရာက္ တည္းခိုေနေၾကာင္း သတင္းအရ မြန္ျပည္နယ္ရဲတပ္ဖြဲ႕မွ သြားေရာက္စစ္ေဆးရာ အခန္းအမွတ္ (၁၁၈)တြင္ ေအာင္ေက်ာ္ထြန္း(ခ)ေအာင္ထြန္း(ခ)မူတူး(၄၅)ႏွစ္အား ေတြ႕ရွိၿပီး ၎ထံမွ ဉာဏ္ေတာ္ ၁ လက္မမွ ၁ ေပခန္႔အတြင္းရွိ အဂၤေတ၊ သစ္သား၊ ေက်ာက္စိမ္းတို႔ျဖင့္ ျပဳလုပ္ ထားေသာ ထိုင္ေတာ္မူ ဆင္းတုေတာ္ ၆ ဆူ၊ ဉာဏ္ေတာ္ ၄ လက္မခန္႔ရွိ ေရႊေရာင္အုတ္ခြက္ ဆင္းတုေတာ္ ၁ ဆူ၊ ဉာဏ္ေတာ္ ၄ လက္မခန္႔ရွိ ရွင္ဥပဂုတၱမ ေထရ္႐ုပ္ပြားေတာ္ ၁ ခု၊ ဉာဏ္ေတာ္ ၅ လက္မခန္႔ရွိ ရွင္သီဝလိ ႐ုပ္ပြားေတာ္ ၁ ခု၊ ျခေသၤ့႐ုပ္ပုံ ေအာက္ခံ ပုလႅင္ ၂ ခု သိမ္းဆည္းရမိခဲ့ပါသည္။
 ေအာင္ေက်ာ္ထြန္း(ခ)ေအာင္ထြန္း(ခ)မူတူးအားစစ္ေမးရာ ဘုရားဆင္းတုေတာ္မ်ားအား ေဖေဖာ္ဝါရီလ ၃ ရက္ေန႔ ၁၇၀၀ အခ်ိန္ ေမာ္လၿမိဳင္ၿမိဳ႕၊ ေျမနီကုန္းရပ္ကြက္ မိဘေမတၱာ လက္ဖက္ရည္ဆိုင္၌ ရင္းႏွီးသူ ဦးျမဒင္ (စိစစ္ဆဲ)ေမာ္လၿမိဳင္ၿမိဳ႕ေနသူ ထံမွ ၁၀၀,၀၀၀ က်ပ္ျဖင့္ ျမဝတီၿမိဳ႕တြင္ ျပန္လည္ေရာင္းခ်ရန္ ဝယ္ယူခဲ့ေၾကာင္း ထြက္ဆိုသျဖင့္ ေဖေဖာ္ဝါရီလ ၆ ရက္ေန႔ ၀၁၀၀ အခ်ိန္ ေအာင္ေက်ာ္ထြန္း(ခ)ေအာင္ထြန္း (ခ)မူတူး(ဖမ္းမိ)အား ဒိုင္းဝန္ကြင္း နယ္ေၿမ ရဲစခန္း(ပ)၈၈/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၈၀/၂၉၅/က်င့္ ၅၄(ခိုးမွု၊ ဘာသာသာသနာ ေစာ္ကား မွု၊ မသကၤာမွု)ျဖင့္ အမွုဖြင့္ၿပီး ဆက္လက္စစ္ေဆးစုံစမ္းလ်က္ရွိပါသည္။

[Unicode Version]

မော်လမြိုင်မြို့၌ မွတ်ဆလင်အမျိုးသား ၁ ဦးထံမှ ဘုရားဆင်းတုတော်များ သိမ်းဆည်းရမိ
*****************************************************************
 ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ ၂၂၀၀ အချိန် မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်ရှိ နဝရတ်တည်းခိုခန်း၌ မွတ်ဆလင်လူမျိုး ၁ ဦး ဗုဒ္ဓဆင်းတုတော်များနှင့်အတူ လာရောက် တည်းခိုနေကြောင်း သတင်းအရ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးရာ အခန်းအမှတ် (၁၁၈)တွင် အောင်ကျော်ထွန်း(ခ)အောင်ထွန်း(ခ)မူတူး(၄၅)နှစ်အား တွေ့ရှိပြီး ၎င်းထံမှ ဉာဏ်တော် ၁ လက်မမှ ၁ ပေခန့်အတွင်းရှိ အင်္ဂတေ၊ သစ်သား၊ ကျောက်စိမ်းတို့ဖြင့် ပြုလုပ် ထားသော ထိုင်တော်မူ ဆင်းတုတော် ၆ ဆူ၊ ဉာဏ်တော် ၄ လက်မခန့်ရှိ ရွှေရောင်အုတ်ခွက် ဆင်းတုတော် ၁ ဆူ၊ ဉာဏ်တော် ၄ လက်မခန့်ရှိ ရှင်ဥပဂုတ္တမ ထေရ်ရုပ်ပွားတော် ၁ ခု၊ ဉာဏ်တော် ၅ လက်မခန့်ရှိ ရှင်သီဝလိ ရုပ်ပွားတော် ၁ ခု၊ ခြင်္သေ့ရုပ်ပုံ အောက်ခံ ပုလ္လင် ၂ ခု သိမ်းဆည်းရမိခဲ့ပါသည်။
 အောင်ကျော်ထွန်း(ခ)အောင်ထွန်း(ခ)မူတူးအားစစ်မေးရာ ဘုရားဆင်းတုတော်များအား ဖေဖော်ဝါရီလ ၃ ရက်နေ့ ၁၇၀၀ အချိန် မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက် မိဘမေတ္တာ လက်ဖက်ရည်ဆိုင်၌ ရင်းနှီးသူ ဦးမြဒင် (စိစစ်ဆဲ)မော်လမြိုင်မြို့နေသူ ထံမှ ၁၀၀,၀၀၀ ကျပ်ဖြင့် မြဝတီမြို့တွင် ပြန်လည်ရောင်းချရန် ဝယ်ယူခဲ့ကြောင်း ထွက်ဆိုသဖြင့် ဖေဖော်ဝါရီလ ၆ ရက်နေ့ ၀၁၀၀ အချိန် အောင်ကျော်ထွန်း(ခ)အောင်ထွန်း (ခ)မူတူး(ဖမ်းမိ)အား ဒိုင်းဝန်ကွင်း နယ်မြေ ရဲစခန်း(ပ)၈၈/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၂၉၅/ကျင့် ၅၄(ခိုးမှု၊ ဘာသာသာသနာ စော်ကား မှု၊ မသင်္ကာမှု)ဖြင့် အမှုဖွင့်ပြီး ဆက်လက်စစ်ဆေးစုံစမ်းလျက်ရှိပါသည်။

www.myanmarmoha.org

https://m.facebook.com/story.php?story_fbid=2228987810460154&id=1170507682974844

0 ေယာက္မွတ္ခ်က္ျပဳခဲ့သည္ to “ျပည္ထဲေရးဝန္ႀကီးဌာန၏ ေဖ့ဘြတ္စာမ်က္ႏွာမွ လူမ်ိဳးေရးထည့္သြင္းေဖာ္ျပကာ သတင္းလႊင့္တင္”

Post a Comment

Related Posts Plugin for WordPress, Blogger...