Friday, October 26, 2018
ARSA ဆိုတာ ဘယ်​သူလည်း
,
နောက်​​နေ့မနက်​ခင်းမှာ​တော့
ARSA​တွေအလစ်​အငိုက်​၀င်​တိုက်​ခဲ့တဲ့
ငါးခူရစခန်းကို​ရောက်​ခဲ့ပါတယ်​။
နေရာက​တော့အ​တော့်​ကိုဗျုဟာကျပြီး
တော်​ရုံနဲ့တိုက်​ဖို့မလွယ်​တဲ့အ​ခြေအ​နေပါ
အလစ်​အငိုက်​ယူဖို့ဆိုတာကလည်း
သူတို့လာရမဲ့​နေရာနဲ့ကွာ​ဝေးတာ​ကြောင့်
လုံခြုံ​ရေးအရသတင်းရနိင်​​လောက်​ပါတယ်
မောင်​​တော​ဒေသခံရခိုင်​တိုင်းရင်းသား
ခေါင်း​ဆောင်​​တွေနဲ့​တွေ့ ဆုံ​ဆွေး​နွေးခဲ့စဉ်
ကARSAသတင်းဟာတလ​လောက်​ကြိုပီး
ထွက်​​နေ​ကြောင်း၊တချို့​တွေဆိုဆန်​/ဆီ
ရိက္ခာစု​ဆောင်းထား​ကြောင်းသိရပါတယ်
အချိန်​ကိုက်​ကွက်​တိစီစဉ်​တဲ့တိုက်​ခိုက်​မူ
ဖြစ်​ပီး၊တကယ့်​​မြေပြင်​အ​ခြေအ​နေအရ
စခန်း​တွေကိုလာတိုက်​တာဟာသတ်​ကွင်း
တခုထဲဝင်​လာသလိုပါပဲ။
လက်​ရှိအ​နေအထားမှာသံဆူးကြိုး/၀ါးကပ်
သဲအိတ်​အရံအတား၃ထပ်​ကာရံထားပြီး၊
အရင်​အ​ခြေအ​နေအရ​တောင်​၊တုတ်​ဓား
မီးကျိုး​မောင်းပျက်​​လောက်​နဲ့​တော့၊​ကိုယ့်
သေတွင်းကိုယ်​တူးသလိုပါပဲ၊
မိုင်​ချီတဲ့ကွင်းကိုဖြတ်​လာရမယ်​၊တိုက်​ပီး
ပြန်​ဆုတ်​ရင်​ကွင်းပြင်​ကိုဖြတ်​ရမယ်​၊မလှမ်း
မကမ်းက​တောင်​တန်းကလည်း၊သစ်​​တော
ထူထပ်​လွန်းတာမဟုတ်​ပြန်​ဘူး၊​မေယု​ရဲ့
တောင်​​တွေကရဟတ်​ယာဉ်​ဖြတ်​ပျံရင်
တောင်​၊​အောက်​မြင်​ကွင်းကိုအတိုင်းသား
မြင်​​နေရတာပါ၊ဘယ်​နည်းနဲ့မှ့ မလွတ်​နိုင်​ပါ
တပ်​မ​တော်​မ​ပြောနဲ့၊ပြည်​သူ့စစ်​ကို​တောင်
ခေါင်းမ​ဖော်​ရဲ​အောင်​​ကြောက်​တယ်​၊ဖိနှိပ်
နိုပ်​ကွပ်​မူကအင်​မတန်​ဆိုးဝါးလွန်းတယ်​၊
စည်းရုံးမူ​ကြောင့်​ရွာခံတချို့ပါနိုင်​ရင်​လည်း
ကြောက်​လန့်​တကြားနဲ့မိုက်​ရူးရဲတာမျိုးပဲ
ဖြစ်​နိင်​တယ်​၊
 ပြည်​သူအတွင်းမှာကြိုရတဲ့သတင်းမျိုး၊
အင်​​ဖော်​မာများပြားစွာ​မွေးထားတဲ့​နေရာမှာ
မရနိုင်​ဘူးဆိုတာဟာဖန်​တီးမှုတခုပါပဲ၊
ARSAရဲ့​ခေါင်း​ဆောင်​ပိုင်းဟာ​ငွေ​ကြေးရဲ့
စည်းရုံးမူ​ကြောင့်​ဖြစ်​ဖွယ်​ရာရှိပီး၊သူတို့မှာ
တစုံတရာအာမခံချက်​အ​ပေးအယူ​တွေရှိ
ကောင်းရှိနိုင်​တယ်​၊ARSA​စစ်​​ရေး​ခေါင်း
ဆောင်​"အတွာအွလ္လာ"နဲ့​တွေ့ဖူးတဲ့ဂျာနယ်
လစ်​တဦးက​တော့၊သူ့မှာ​ငွေအင်​အားနဲ့ 
ကျော​ထောက်​​နောက်​ခံရှိ​ကြောင်း​ပြောခဲ့
တယ်​လို့၊​ရေးသားဖူးပါတယ်​၊
လက်​​အောက်​ငယ်​သားအသက်​စ​တေးတဲ့
သူ​တွေဟာ၊မြန်​မာပြည်​အစိုးရအဆက်
ဆက်​ရဲ့နှိပ်​ကွပ်​မူ၊ဘာသာ​ရေးအရစည်းရုံး
မူတို့​ကြောင့်​အလွယ်​တကူသိမ်းသွင်းနိုင်​ခဲ့
တာသာဖြစ်​ပြီး၊အခါ​တော်​​ပေး​တွေရဲ့
အမှတ်​စဉ်​​ရေတွက်​မူ​အောက်​မှာအသုံးချခံ
တွေသာဖြစ်​ပါတယ်​၊
ကင်းစခန်း​ပေါင်း၃၀ကိုတပြိုင်​တည်းတိုက်
နိုင်​တဲ့အရည်​အ​သွေး၊​ဒေသခံရိုဟင်​ဂျာ​တွေ
မှာလုံးဝမရှိပါဘူး၊စနစ်​တကျစီစဉ်​​ပေးသူ
များရဲ့လက်​ချက်​ပါ၊ရွာထဲကိုတရကြမ်းစစ်
ဆင်​​ရေးဝင်​လာတဲ့တပ်​မ​တော်​ကို​ကြောက်
လန့်​တကြားနဲ့၊ရရာနဲ့ပြန်​ခုခံတာပါ၊​ခြောက်
လှန့်​ထုတ်​ရင်းနဲ့၊တဖက်​ကကရိယာအင်
အားနဲ့တုံ့ပြန်​တဲ့အခါမှာအတုံးအရုံးကျဆုံး
ကုန်​ကြပါတယ်​၊
မသတ်​ပါဘူးလို့ငြင်းမရ​အောင်​အ​ထောက်
အထား​တွေ​ပေါ်ထွက်​လာခဲ့ပီဖြစ်​ပါတယ်​။
အကြမ်းဖက်​သမား​တွေလို့ဖမ်းမိခဲ့သူ​တွေ
ကို အင်းဒင်​ရွာ လူသတ်​ပွဲလို၊တူလာတူလီ
နဲ့အခြား​နေရာ​ပေါင်းများစွာမှာလုပ်​ခဲ့တယ်
လို့​​ပြောဆို​နေတာ​တွေကိုမကြာမီမှာ
ဖြေရှင်းရဖွယ်​ရာရှိပါတယ်​၊
ရခိုင်​တိုင်းရင်းသား​တွေရဲ့အမြင်​က​တော့
အာဆာဟာအတွင်းစည်းထဲကလာတာပါ
မကြာခင်​ကယခင်​ကြံခိုင်​​ရေးအမတ်​ဖြစ်​ခဲ့
သူ​အောင်​​ဇော်​၀င်း(ရှိုင်း)ကိုစွပ်​စွဲခဲ့​ပေမဲ့
အာဆာနဲ့နီးစပ်​သူလို့ထင်​ရသူတဦးဟာ
အမူတခုဖြစ်​ပွားခဲ့​ပေမဲ့၊အ​ရေးမယူပဲအံ့
အားသင့်​ဖွယ်​ရာ၊လွတ်​​မြောက်​ခဲ့ပြန်​တယ်
ဒါ့အပြင်​အာဆာနဲ့ဆက်​စပ်​တဲ့အ​ကြောင်း
တွေဟာတိမ်​မြုပ်​​နေခဲ့ပြန်​ပါတယ်​၊
ထို့အတူပဲကျဆုံးသွားကြရတဲ့ရဲတပ်​ဖွဲဝင်
တွေဟာ၊ဂျာမန်​ဗုံးကြဲမှာကိုသိ​ပေမဲ့၊စစ်​​ရေး
လှို့ဝှက်​ချက်​မ​ပေါက်​ကြား​စေဖို​အတွက်​၊
စ​တေးခံလိုက်​ရတဲ့အင်္ဂလန်​ရဲ့ဂလပ်​စကို
မြို့ကအပြစ်​မဲ့ပြည်​သူ​တွေပမာပါပဲ၊သနား
စရာပါ၊ရိုဟင်​ဂျာ​တွေလိုပါပဲ၊
ဒါ​ကြောင့်​နိဂုံးချုပ်​အ​နေနဲ့
ARSAဟာနိုင်​ငံ​ရေးအရလိုသလိုအသုံးချဖို့
အုပ်​စုကြီးတခုရဲ့ဖန်​တီးထားတဲ့အကြမ်း
ဖက်​အုပ်​စုတခုသာဖြစ်​ပြီး၊စစ်​ဘုရင်​​တွေရဲ့
ဘုရင်​မ​ဖြိုကစားကွက်​ထဲက၊နယ်​ရုပ်​မြင်း
တွေသာဖြစ်​​ကြောင်း၊​ရေးသားလိုက်​ရပါ
တယ်​ခင်​ဗျား။
https://m.facebook.com/story.php?story_fbid=630063494054255&id=100011518298916
0 ယောက်မှတ်ချက်ပြုခဲ့သည် to “ARSA ဆိုတာ ဘယ်​သူလည်း”
Post a Comment
Related Posts Plugin for WordPress, Blogger...