Wednesday, February 7, 2018

အံသြလွန်းလို့ပါ

,
ခင်​ဗျားတို့​တွေ ဘာဖြစ်​လို့ တပ်​မ​တော်​ကို အဲသည်​​လောက်​အထိ မုန်းတီး​နေကြတာလဲ

ဘယ်​သူ့ကိုမုန်းတာလဲ သန်း​ရွှေလား ​နေဝင်းလား ခင်​ညွန့်​ အဆက်​ဆက်​ ကြိုက်​တဲ့သူကို ကြိုက်​သလို by nameတပ်​ပြီး စိတ်​ထဲရှိသ​လောက်​ ​ပြောပစ်​လိုက်​ပါ။
ဒါ​ပေမဲ့ ဝါးလုံးရှည်​ကြီးနဲ့ရမ်းပြီး ​ပြောချင်​ရာ​တော့​ လျှောက်​မ​ပြောပါနဲ့ စစ်​​ခွေးလို့လည်း မ​ခေါ်ပါနဲ့ ဒီအချိန်​မှာ ဘာမှန်မသိ​​​သေး​ပေမဲ့ တကယ့်​ အ​ရေးကြုံလာရင်​ ခင်​ဗျားတို့ အတွက်​ အ​သေခံတိုက်​ပွဲဝင်​​ပေးမည့်​သူ​တွေဟာ အဲဒီစစ်​သား​တွေပါ။ ​ရှေးများစွာကလည်း ​သေ​ပေးခဲ့ပြီးပါပြီ။

ဒီလို နိုင်​ငံ​တော်​ကို အလုပ်​အ​ကြွေးပြု​နေတဲ့သူ​တွေ တစ်​နည်းအားဖြင့်​ ခင်​ဗျားတို့အသက်​​တွေကို အ​သေခံကာကွယ်​​ပေးမည့်​ ခင်​ဗျားတို့ရဲ့ အသက်​သခင်​ ​ကျေးဇူးရှင်​​တွေကို ဘာ​ကြောင့်​ ​​ခွေးနဲ့မှနှိုင်းယှဉ်​ပြီး ​ပြောရတာလဲ

ခင်​ဗျားတို့တစ်​​တွေ မမြင်​ဖူးတာလည်း ဖြစ်​နိုင်​ပါတယ်​။ နယ်​ဘက်​မှာ လမ်းလုပ်​လည်းစစ်​သား တံတားလုပ်​လည်းစစ်​သား ​ရေကြီးလည်းသူတို​မ​​နေ မီး​လောင်​လည်း ကူညီဖို့အသင့်​ ​နောက်​ပြီး ရတဲ့လစာ တစ်​ပဲ​ခြောက်​ပြားနဲ့မတန်​​အောင်​ ​ဆင်းရဲကြီးစွာ ​ပေးဆပ်​​နေရတဲ့သူ​တွေပါ။ ခင်​ဗျားတို့လို အဲယားကွန်းခန်းထဲမှာ ဇိမ်​နဲ့ထိုင်​ပြီး အသက်​​မွေးကြရတာမဟုတ်​ပါဘူး။ ဒီလိုလူ​တွေ ​မြောက်​များစွာနဲ့ စုဖွဲ့ပြီး တည်​​ထောင်​ထားတဲ့ အမိတပ်​မ​တော်​ကြီးရဲ့ သား​ကောင်း စစ်​သည်​​တွေကို ခင်​ဗျားတို့ မ​ကျေနပ်​တဲ့သူတစ်​ချို့​အတွက်​နဲ့ အားလုံးသိမ်းကြုံးပြီး ဝါးလုံးရှည်​နဲ့ သိမ်းကျုံးပြီး စစ်​​ခွေးဆိုပြီး ​ကျေးဇူးရှင်​ကို ​ပြော​ပြောင်​တင်းတင်းကြီး အဆင့်​နိမ့်​တဲ့ ​ခွေးနဲ့မှ နှိုင်​ရ​လေသလားဗျာ။

ဒီနိုင်​ငံအတွက်​က တပ်​မ​တော်​မရှိလို့ လုံးဝကိုမဖြစ်​ပါဘူး။ အရပ်​ဆယ်​မျက်​နှာမှာ ခြိမ်း​ခြောက်​မှု​တွေက အပြည့်​ပါ။ အစစတိုးတက်​လာ​နေတဲ့ ​ခေတ်​ကြီးမှာ သူများက အဆင့်​မြင်​စနိုက်​ပါ​တွေကိုင်​​နေချိန်​ ကျုပ်​တို့က တစ်​​တောင့်​ထိုးရိုင်​ဖယ်​နဲ့ တိုင်းပြည်​ကို ကာကွယ်​​နေရမှာလား ​ရေတပ်​ ​လေတပ်​လည်း ထိုနည်းတူပဲ ၂၁ရာစုမှာ အ​ရေအတွက်​ထက်​ အရည်​အ​သွေးက ပဓာနကျလာပါပြီ။ စစ်​ဆို​တာ ကြိုတင်​ခန့်​မှန်းလို​မရတဲ့ ​အရာတစ်​ခုပါ။ ဘယ်​​ဗေဒင်​ နက္ခတ်​ဆရာ​တွေမှ မတားဆီးနိုင်​တဲ့အရာပါ။ ဒီ​တော့ ဘယ်​​တော့လာမှန်းမသိတဲ့ အန္တရာယ်​​တွေအတွက်​ အချိန်​အခါ ​နေရာမ​ရွေး တုံ့ပြန်​စစ်​ဆင်​နိုင်​ဖို့ ကြိုတင်​ပြင်​ဆင်​ထားရမှာမဟုတ်​ဘူးလား။ 
တိုင်းပြည်​မွဲ​နေတာ အားလုံသိတယ်​။ ဒါ​ပေမဲ့ အဲဒါက မရှိလို့မွဲ​နေတာမဟုတ်​ပဲ မတတ်​လို့ ငတ်​​နေရတာပါ။ အဲဒီအတွက် လက်​ရှိအစိုးရ လုပ်​​ဆောင်​​နေပါတယ်။  အစိုးရရဲ့ ​ခေတ်​မှီ ပြုပြင်​​ပြောင်းလဲ​ရေး​တွေမှာ တပ်​မ​တော်​အင်းအားကလည်း ထပ်​ကြပ်​မကွာ တစ်​ပါတည်း လိုက်​ပါ​ပြောင်းလဲသွားရမှာမဟုတ်​ဘူးလား။

တစ်​ချို့​ပြောကြတယ်​ စစ်​တပ်​မရှိတဲ့ နိုင်​ငံ​တွေ​ပေါဆိုပဲ။ ဟုတ်​တယ်​ အဲနိုင်​ငံ​တွေမှာ ဒီလို ပြည်​တွင်းလက်​နက်​ကိုင်​အဖွဲ့​တွေမ​ပေါဘူး၊  လူမျိုး​ပေါင်းစုံ ​နေထိုင်​​နေတာမဟုတ်​ဘူး၊ ပတ်​ဝန်းကျင်​ကလည်း ဒီမိုက​ရေစီနဲ့ လူအခွင့်​အ​ရေး အပြည့်​အဝ ဖွံဖြိုး​နေတဲ့ နိုင်​ငံ​တွေပါ။ ဒီလိုနိုင်​ငံ​တွေ​ဘေးမှာ​နေရတာ မြန်​မာပြည်​လို အန္တရာယ်​မကြီးပါဘူး။ ပြီး​တော့ အဲနိုင်​ငံ​တွေက လက်​သီးဆုပ်​​လောက်​ပဲကရှိတာပါ။ ကာကွယ်​​ ရေးကို တိုင်းပြည်​ ​တော်​ဝင်​ရဲတပ်​ဖွဲ့က တာဝန်​ယူ​ပေးကြရတယ်​။ သူတို့ရဲတပ်​ဖွဲ့ဆိုတာ မြန်​မာပြည်​ကလို ကချူ ကချာတပ်​ဖွဲ့မဟုတ်​ဘူး ​ခေတ်​အမီဆုံးဆိုတဲ့ လက်​နက်​ နည်းပညာ ကိရိယာ​တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းပါ။

ဘယ်​​ဘောမှကျုပ်​မမဘူး  မြန်​မာပြည်​ကိုချစ်​တဲ့ သာမန်​အရပ်​သားတစ်​​ယောက်​သာပါ။ ၂၀၁၅မှာ NLDကို မဲ​ပေးခဲ့တယ်​။ လာမည့်​၂၀၂၀မှာလည်း သူ့ကိုပဲ​ပေးဦးမယ်​။ ​ဒေါ်စုကို ယုံကြည်​တယ်​ ၊​လေးစားတယ်​ ၊ တန်​ဖိုးထားတယ်​ ၊ ချစ်​တယ်​ ၊ သူ​သေသွားမှာအရမ်း​ကြောက်​တယ်​တယ်​။ ဒီလို​တွေဆိုတိုင်း တပ်​မ​တော်​ကို​တော့ ကျုပ်​မမုန်းနိုင်​ဘူးဗျာ။

ခင်​ဗျားတို့မကြိုက်​တဲ့သူ သန်း​ရွှေ ​နေဝင်း အစရှိသည်​ဖြင့်​ မ​ကျေနပ်​သူကို By name တပ်​ပြီး ​ပြောပါ ကျုပ်​လည်း အဲလူ​တွေကို ​မကြိုက်​ဘူး
စစ်​​ခွေးလို့မ​ခေါ်ပါနဲ့ ၊ ​တပ်​မ​တော်​ကိုလည်း မ​ဆော်​ကားမပုတ်​ခတ်​ပါနဲ့။

တပ်​မ​တော်​ နှင့်​ ကြံ့ဖွတ်​ကို ကွဲပြားစွာဖြင့်​ ခွဲခြားသိမြင်​ နိုင်​ပါ​စေဗျာ။

https://m.facebook.com/story.php?story_fbid=2054852791463601&id=100008167002737

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ အံသြလွန်းလို့ပါ”

Post a Comment

Related Posts Plugin for WordPress, Blogger...