Thursday, December 26, 2013

တရုတ်သန်းကြွယ်သူဌေး ရဟတ်ယာဉ်ပျက်ကျ၍ ပျောက်ဆုံး

,
ဟောင်ကောင်အခြေစိုက် ဟော်တယ်များ ပိုင်ဆိုင်သော ဘီလီယံအုပ်စုပိုင်ရှင် အသက်(၄၆)နှစ်အရွယ် တရုတ်သန်းကြွယ်သူဌေးကြီး Lam Kok ဟာ ပြင်သစ်နိုင်ငံ Bordeaux တွင် ၎င်းအသစ်စက်စက် ဝယ်ယူထားသော vineyard ဝိုင်ထုတ်လုပ်သည့် စပျစ်စိုက်ခင်းဧရိယာကို ရဟတ်ယာဉ်ဖြင့် လှည့်ပတ်ကြည့်ရှုရာ Dordogne မြစ်ထဲသို့ ရဟတ်ယာဉ်ပျက်ကျသွားခဲ့ရာ ယခုအချိန်အထိ သေသည် ၊ ရှင်သည် သိရသည့်အခြေအနေ မရှိသေးပေ။
ထိုသို့ ပျက်ကျသည့် ရဟတ်ယာဉ်ပေါ်တွင် Lam Kok နှင့်အတူ Lam Kok ၏ (၁၂)နှစ်အရွယ် သားလည်း ပါဝင်စီးနင်းလိုက်ပါခဲ့ကာ Lam Kok ၏ စကားပြန်သည်လည်း ထိုရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာခဲ့သည်။
Lam Kok ၏ ဇနီးမှာမူ ရဟတ်ယာဉ်ထွက်ခွါခါနီး နောက်ဆုံးမိနစ်အချိန်မှ ၎င်းဟာ ရဟတ်ယာဉ် လိုက်ပါစီးနင်းရမှာ ကြောက်သည်ဟု ဆိုကာ ကျန်ရစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် သောကြာနေ့ နေ့လည်ပိုင်းတွင် Lam Kok ၏ ထိုစိုက်ခင်းပိုင်ဆိုင်မှုကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီးနောက် ညနေပိုင်းတွင် ထိုသို့ ရဟတ်ယာဉ် ပျက်ကျမှု ကြုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Lam Kok ဝယ်ယူခဲ့သော ထိုစိုက်ခင်းပိုင်ရှင်ဟောင်း Gregoire က စိုက်ခင်းကို ရဟတ်ယာဉ်ဖြင့် လှည့်ပတ်ကြည့်ရှုရန် Lam Kok အား ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ထိုရဟတ်ယာဉ် မိနစ်(၂၀)ကြာသည်အထိ ပြန်မရောက်လာသောအခါ စပျစ်စိုက်ခင်းရှိ Lam Kok ၏ ဝန်ထမ်းများက အရေးပေါ်ဝန်ဆောင်မှုသို့ ဆက်သွယ်ရာမှ မြစ်ထဲသို့ ထိုရဟတ်ယာဉ် ပျက်ကျသည့်အဖြစ်ကို သိရှိခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ယခုအချိန်အထိ တရုတ်သူဌေးကြီး Lam Kok အပါအဝင် ရဟတ်ယာဉ်ပျက်ကျရာ၌ ပါဝင်သည့် ပျောက်နေသူသုံးဦးအား ပြင်သစ်ကယ်ဆယ်ရေး ရဲတပ်ဖွဲ့က အနံ့ခံခွေးများဖြင့် ရဟတ်ယာဉ်ပျက်ကျသည့် မြစ်ကြောတလျောက် ပိုက်စိတ်တိုက် လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။
Lam Kok ဝယ်ယူခဲ့သော ဝိုင်စိုက်ခင်းပိုင်ရှင်ဟောင်းဖြစ်သည့် ပြင်သစ်လူမျိုး Gregoire က ထိုရဟတ်ယာဉ်မောင်းနှင်သူဖြစ်ကြောင်း သိရသည်။ Gregoire ထိုစိုက်ခင်း မဝယ်ယူခင် ပိုင်ဆိုင်သည့်သူလည်း ပြီးခဲ့သည့် (၉)နှစ်က ထိုသို့လေယာဉ်ပျက်ကျ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့လေးဦးအနက် Lam Kok ၏ (၁၂)နှစ်အရွယ် သားဖြစ်သူအား ပြီးခဲ့သည့်သည့် သောကြာနေ့နှောင်းပိုင်းတွင် ရဲများက မြစ်ထဲမှ ဆယ်ယူရရှိခဲ့ပြီးကြောင်း သိရသည်။
ဧက(၁၆၀) အကျယ်အဝန်းရှိသော ထိုစပျစ်စိုက်ခင်းဧရိယာကို Lam Kok က ယူရိုငွေ သိန်း(၃၀၀) ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒါဟာ ပြင်သစ်နိုင်ငံတွင် တရုတ်လူမျိုးတစ်ဦး၏ ကြီးမားသော ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း သိရသည်။
Source : Peopledaily
ပုံရိပ်(burmesehearts.com)

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တရုတ်သန်းကြွယ်သူဌေး ရဟတ်ယာဉ်ပျက်ကျ၍ ပျောက်ဆုံး”

Post a Comment

Related Posts Plugin for WordPress, Blogger...