Thursday, January 25, 2018

သေဒဏ်ပေးတဲ့ဥပဒေပြဌာန်းရန်အချိန်တန်ပါပြီ

,
ပြီးခဲ့တဲ့ ၅ ရက်အတွင်းမှာ ရန်ကုန်မြို့တော်လို နေရာမှာအသက် ၃၀ အောက် အမျိုးသမီးနှစ်ယောက်
အဓမ္မအကျင့်ခံရသလို ရက်ရက်စက်စက်အသတ်လည်းခံခဲ့ရတယ် ဆိုတဲ့သတင်းက ကြားရသူတိုင်း
အတွက် အတော်လေး တုန်လှုပ်ချောက်ခြားစရာဖြစ်သလို ပြည်သူတစ်ဦးချင်းရဲ့ လုံခြုံရေးအတွက်လည်း
စိုးရိမ်ပူပန်စရာ ကောင်းလှပါတယ်။

ယခုအစိုးရလက်ထက်မှ မဟုတ်ပါဘူး၊ မြန်မာပြည် အစိုးရအဆက်ဆက်မှာ ခိုးမှု၊ ဓါးပြမှု၊ လူသတ်မှု၊ မုဒိန်းမှုတွေဖြစ်နေတယ်၊ အရေးလဲယူနေပါရဲ့က လျော့ပါးသွားမှု မရှိပဲ
ဆက်လက် ဖြစ်ပေါ်နေတုန်းပဲ ဆိုရင်တော့ နိုင်ငံခေါင်းဆောင်တွေ အနေနဲ့ အလေးအနက်ထားပြီး
အဖက်ဖက်က စဉ်းစားသင့်ပါပြီ ...

ဗုဒ္ဓဘာသာကို အများစု ကိုးကွယ်ကြတဲ့ မြန်မာနိုင်ငံမှာတစ်ဦးအပေါ်မှာ တစ်ဦး အကြင်နာ မေတ္တာတွေ
ကိုယ်ချင်းစာစိတ်တွေ လျော့နည်းနေကြပြီး အတ္တတွေ မာနတွေ မနာလိုဝန်တိုမှုတွေ လူ့အသိုင်းအဝိုင်းမှာ
အမြစ်တွယ်နေတာကလည်း မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးအများစုဟာ အခြားတိုင်းပြည်တွေထက်
စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ နိမ့်ကျပါတယ်။

အဲ့ဒီ့စိတ်တွေကနေပဲ ကိုယ့်အကျိုး အတ္တတစ်ခုအတွက်ကိုယ်ချင်းစာစိတ် ကင်းမဲ့ကုန်ကြပြီး ကိုယ့်အတွက်
ကိုယ့်မိသားစု အတွက်သာ သိတော့တဲ့ တကိုယ်ကောင်းအတ္တစိတ်တွေ ကို လူ့အသိုင်းအဝိုင်းမှာ ရှက်စရာလို့မမြင်တော့တဲ့အချက်ကလည်း ယခုလို ပြစ်မှုတွေဖြစ်ပေါ်လာစေတဲ့
အခြေခံအကြောင်းတရားပါပဲ။

နောက်တစ်ချက်အနေနဲ့ ဘာသာရေး လေ့လာလိုက်စားမှုတွေကို လူငယ်တွေ တော်တော်များများမှာ လျော့ကျနေတာကလည်းဘုရားအဆုံးအမတွေနဲ့ ကင်းကွာပြီး ယခုလို ပြစ်မှုတွေ
လွယ်လွယ်ကျူးလွန်စေနိုင်ဖို့အတွက် အချက်တစ်ချက် ဖြစ်စေပါတယ်။

အဓိက အရေးကြီးဆုံး အချက်ကတော့ တရားဥပဒေစိုးမိုးမှုပါပဲ။ တရားဥပဒေ စိုးမိုးမှု ဆိုရာမှာ ငွေရှိသူနဲ့
ငွေမရှိသူ ပြစ်မှုခြင်း တူရင်တောင် ပြစ်ဒဏ်ခြင်း ကွာခြားနေတာ၊ တရားလိုကနေ တရားခံ ပြန်ဖြစ်ရတာ၊
မဖြစ်တော့လို့ အကျဉ်းကျခဲ့ရင်တောင်တက်နိုင်ရင်ထောင်ထဲမှာ လိုချင်တာအကုန်ရပြီးမင်းသားလိုနေနိုင်တာ
စတဲ့ ငွေမျက်နှာ အသိုင်းအဝိုင်း မျက်နှာ လိုက်ကြတဲ့မညီမျှမှုတွေကလည်း လွယ်လွယ်နဲ့ပြစ်မှုကျူးလွန်စေနိုင်
ဖို့အကြောင်းအရင်းတစ်ခု ဖြစ်စေပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ အရေးကြီးဆုံးပါပဲနေ့စဉ်လို ဖြစ်ပေါ်နေတဲ့ ဒုစရိုက်မှု မျိုးစုံကို နှိမ်နင်းနိုင်ဖို့က
ဒုစရိုက်သမားတွေ ကြောက်ရမယ့် ဥပဒေမျိုး မရှိတာပါပဲမြန်မာနိုင်ငံလို အရာရာ နောက်ကျနေတဲ့ ဖွံဖြိုးဆဲနိုင်ငံမှာလူ့အခွင့်အရေးကို ဦးစားပေးပြီး ဖွံ့ဖြိုးပြီး အသိဉာဏ်
ရှိတဲ့ ဥရောပလို အမေရိကန်ကလို ပြစ်ဒဏ်မျိုးတွေနဲ့ အပြစ်ပေး အရေးယူနေယုံနဲ့ ယခုလို ဥပဒေမဲ့ လုပ်ရပ်မျိုးတွေ ရပ်သွားမှာ မဟုတ်ပါဘူး

ကွန်မြူနစ် နိုင်ငံတွေလို သေဒဏ်တွေကို ရာဇဝတ်မှုကျူးလွန်မယ့်သူတွေ ကြောက်ရွံ့လာအောင် ပြင်ဆင်
ပြဌန်းပေးဖို့ လိုပါလိမ့်မယ်။ သက်ငယ်မုဒိန်း သေဒဏ်၊မုဒိန်းကျင့်ယုံသာမက လူပါသတ်မှု သေဒဏ် ၊ မူးယစ်ဆေးရောင်းမှု သေဒဏ် ၊ တစ်ယောက်ထက် ပိုသတ်မှု
သေဒဏ် စသည်ဖြင့် မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက်လုံခြုံစိတ်ချမှုရှိအောင်၊ ဥပဒေကို ချိုးဖောက်မယ့်သူတွေအတွက် ဥပဒေဆိုတာကို
လေးစားမှုရှိအောင် သေဒဏ်ပေးတဲ့ဥပဒေကိုမဖြစ်မနေ ပြဌန်းပေးဖို့လိုအပ်နေပြီ ဖြစ်ပါတယ်။

ယခင်အစိုးရ လက်ထက်မှာ သက်ငယ်မုဒိန်းမှုကို သေဒဏ်ပေးဖို့အတွက် တောင်းဆိုတဲ့ အဆို လွှတ်တော်မှာ ပယ်ဖျက်ခံခဲ့ရဖူးပါတယ်။ ယခု ပြည်သူတင်တဲ့ အစိုးရနဲ့
ပြည်သူရွေးကောက်တင်မြှောက်လိုက်တဲ့ ဥပဒေပြုခွင့်ရ
အမတ်တွေနဲ့ လွှတ်တော်မှာ ပြည်သူတွေရဲ့အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုအတွက် လိုအပ်နေတဲ့
သေဒဏ်ဥပဒေကို မဖြစ်မနေ ပြဌန်းပေးဖို့  အကြံပြုတိုက်တွန်းလိုက်ပါတယ်

လူစိတ်ကင်းမဲ့နေသူတွေအတွက် လူ့အခွင့်အရေးဆိုတဲ့အကာအကွယ်နဲ့ မထိုက်တန်ပါဘူး ...

ZN.H

https://m.facebook.com/story.php?story_fbid=384414315337409&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “သေဒဏ်ပေးတဲ့ဥပဒေပြဌာန်းရန်အချိန်တန်ပါပြီ”

Post a Comment

Related Posts Plugin for WordPress, Blogger...