Saturday, June 16, 2018

KIA နယ်မြေထဲက ဒုက္ခသည်တွေကို ကူညီဖို့ တားမြစ်ခံရ

,
ကေအိုင်အေနယ်မြေထဲက ကချင်စစ်ဘေးဒုက္ခသည်တွေကို စားနပ်ရိက္ခာ မကူညီဖို့နဲ့ ကူညီခဲ့ရင် မတရားသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ နဲ့ ငြိစွန်းမှာဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်ထံ စာပေးပို့ တားမြစ်ထားပါတယ်။

KIA ထိန်းချုပ်နယ်မြေထဲကို မသွားဖို့ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းလောက်က တားမြစ်စာပေးပို့လာတာ လို့  မြစ်ကြီးနားမြို့ KBC အဖွဲ့ချုပ်က ဒေါက်တာဆမ်ဆွန်ကပြောပါတယ်။

‘’နယ်လုံကနေ စာရေးလာတာ၊ လွန်ခဲ့တဲ့မေလတုန်းက အဲဒီဝိုင်းမော်က ခရစ်ယာန်အဖွဲ့ချုပ်အဖွဲ့ဝင်တွေ က အဲဒီမှတ်တိုင် ၆ နဲ့ ၈ မှာရှိတဲ့နေရာကို မသွားနဲ့ပေါ့၊ အဲဒီနေရာက KIA နယ်မြေဖြစ်တာကိုမသွားဖို့၊ အကြောင်းကြား အသိပေးအပ်တယ်ဆိုတာကို အကြောင်းကြားတဲ့စာရောက်လာတာပေါ့ ’’

ဝိုင်းမော်မြို့နယ်ထဲက မှတ်တိုင် ၆ နဲ့ ၈ မှာရှိတဲ့ ဒုက္ခသည်စခန်းမှာ မူလက စစ်ဘေးဒုက္ခသည် ငါးထောင်နီးပါးလောက် ရှိပြီး မေလအတွင်းက တိုက်ပွဲတွေကြောင့် နောက်ထပ်စစ်ဘေးဒုက္ခသည်တွေ ထပ်တိုးလာခဲ့ရတာဖြစ်ပါတယ်။ အဲဒီစစ်ဘေးဒုက္ခသည်စခန်းကို ဝိုင်းမော် KBC အဖွဲ့က စားနပ်ရိက္ခာ သွားရောက်ကူညီပေးနေတာဖြစ်ပါယတ်။ ထပ်မသွားဖို့နဲ့ သွားရင် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁)နဲ့ ငြိစွန်းမယ်ဆိုပြီး ကချင်ပြည်နယ် နယ်လုံဝန်ကြီးက အသိပေးအကြောင်းကြားစာ ပေးပို့ခဲ့တယ်လို့ ပြောပါတယ်။

ဝိုင်းမော်ဒုက္ခသည်စခန်းဟာ တရုတ်-မြန်မာနယ်စပ်နေရာမှာရှိပြီး ကချင်လွတ်မြောက်ရေးအဖွဲ့  KIA ထိန်းချုပ်ရာနယ်မြေဖြစ်ပါတယ်။

အခုလို မိုးတွင်းကာလမှာ ဒုက္ခသည် ငါးထောင်နီးပါးရဲ့ နေထိုင်စားသောက်ရေး စိုးရိမ်ရတဲ့အတွက် သွားရောက်ကူညီပေးနိုင်ဖို့ ပြည်နယ်အစိုးရဆီကို ပြန်လည်တင်ပြဖို့ စီစဉ်နေတယ်လို့ ဒေါက်တာဆမ်ဆွန် က ပြောပါတယ်။


source : RFA


https://www.rfa.org/burmese/news/ban-help-kachin-refugees-06152018061733.html

0 ယောက်မှတ်ချက်ပြုခဲ့သည် to “KIA နယ်မြေထဲက ဒုက္ခသည်တွေကို ကူညီဖို့ တားမြစ်ခံရ”

Post a Comment

Related Posts Plugin for WordPress, Blogger...