Wednesday, January 24, 2018

ဘယ်သူ့ကိုမဲပေးမယ်ဆိုတာကိုမှန်မှန်ကန်ကန်ရွေးချယ်ဖို့ပါ။

,
နိုင်ငံရေးကင်းတဲ့ ကျောင်းသားအဖွဲ့ဆိုပြီး ရွေးကောက်ပွဲ အတွက် မဲဆွယ်တဲ့ ကိုယ်တော်များအား အံ့သြမိပါကြောင်း...

ကျွန်မဖြင့် လုံးဝနားမလည်တော့ပါဘူး။ ကျွန်မကဒဂုံတက္ကသိုလ်ကျောင်းသူဟောင်းတစ်ဦးဖြစ်သလို ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့အမှုဆောင်ဟောင်းလည်းဖြစ်ပါတယ်။ ကျွန်မတို့ တုန်းက ကျောင်းသားသမဂ္ဂတွေက အခုလိုပွင့်လင်းလွတ်လပ်စွာဖွဲ့စည်းခွင့်မရှိသေးသလို ကျောင်းမှာဘယ်သူကမှလည်းအသိအမှတ်မပြု ပါဘူး။ ဦးသိန်းစိန်အစိုးရ နဲ့ ပါချုပ်ဟောင်းဦးလှဌေး လက်ထက်ကိုး။ အဲ့တော့ ကျောင်းမှာဘာလုပ်ချင်ချင် အမြဲ ကျောင်းနဲ့အတိုက်အခံလုပ်ရတယ်။ ဘာမဟုတ်တဲ့ကိစ္စသေးသေးလေးတွေကအစ တိုက်ပွဲအကြီးကြီးသဖွယ် ဆန္ဒတွေပြ သပိတ်တွေမှောက်ရင်း မိဘလည်းအခေါ်ခံရသလို ပါမောက္ခရုံးခန်းလည်းခဏခဏရောက်ပါတယ်။ အမျိုးသားပညာရေးဥပဒေကို ဆန့် ကျင်ဆန္ဒပြရင်း လက်ပတ်နီတွေအရိုက်ခံရသလို ပုံမှန်ကျောင်းလာတက်တာတောင် ထောက်လှမ်းရေးတွေလိုက်တာခံခဲ့ရတဲ့အချိန်ပေါ့။ ကျောင်းထဲမှာဆို သမဂ္ဂလို့ ပြောလိုက်ရင် သူပုန်တွေပဲ ဆရာမအများစုက စာမလုပ်တဲ့ကောင်တွေ အာခံတဲ့ကောင်တွေ အပေအတေတွေ လို့ မြင်တယ်။အတန်းဖော်တွေက ခပ်ခွာခွာပေါင်းတယ်။ သူတို့ အဲ့လိုမြင်တာကိုလည်းအပြစ်မမြင်ပါဘူး။ ကိုယ်တွေကလည်း အဲ့အချိန်မှာ စာသင်ခန်းထဲ ဘာမှနားမလည်တဲ့စာကိုတစ်နာရီလောက်ထိုင်နားထောင်နေတာထက် ကန်တင်းမှာထိုင်ရင်း စာအုပ်အထူကြီးတွေဖတ်ပြီး ဒဿန   အကြီးကြီးတွေအကြောင်းပေါက်ကရဆွေးနွေးနေရတာကို ပိုနှစ်ခြိုက်ခဲ့တာကိုး။အဲ့တုန်းက သမဂ္ဂဆိုတာကို ဒုတိယ မိသားစုသဖွယ်ချစ်ကြတယ်။ အဖွဲ့ဝင်တွေကလည်း အရမ်းစည်းလုံးကြတယ် တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြတယ်။ အစည်းအဝေးလုပ်ရင်တော့ ထသတ်ကြတယ် အစည်းအဝေးပြီးသွားရင်တော့ ပုခုံးဖတ်ပြီး ဆေးလိပ်သောက်တယ်။ အားလုံးက သမဂ္ဂဆိုတာကို ကိုယ့်ဘဝရဲ့လေ့ကျင့်ကွင်းသဖွယ်သဘောထားကြတယ်။ သမဂ္ဂမှာ စာဖတ်ရတယ် သမဂ္ဂမှာ ဆွေးနွေးရတယ် သမဂ္ဂမှာ တရားမျှတတဲ့ရွေးကောက်ပွဲတွေရှိတယ် သမဂ္ဂမှာ ဒီမိုကရေစီအလေ့အကျင့်တွေရှိတယ်။ကျွန်မကတော့ ကျောင်းသားသမဂ္ဂတွေကို နိုင်ငံရေးဆိုတဲ့ စကားလုံးနဲ့လုံးဝခွဲခြားပြီးမမြင်နိုင်ဘူး။ အဲ...အဲ့ဒီမှာ နိုင်ငံရေး politics ဆိုတော့ စကားလုံးရဲ့အနှစ်သာရကိုရှင်းရှင်းလင်းလင်းနားလည်ထားဖို့ လိုတယ်။ နိုင်ငံရေးဆိုတိုင်း လက်သီးလက်မောင်းတန်းပြီး ဆန္ဒပြ အစိုးရကိုဆဲနေတာမဟုတ်ဘူး။ Macmillanတို့  Cambridge တို့ လိုdictionary မျိုးတွေထဲမှာတောင်ရှာကြည့်လို့ ရတယ်။ နိုင်ငံရေးဆိုတာ အာဏာရအောင်လုပ်တာပဲ။ decision making တွေလုပ်ရတယ် negotiationတွေလုပ်ရတယ်။ ဒါတွေအားလုံးက နိုင်ငံရေးရဲ့အခြေခံသဘောတရားတွေပဲ။ ဒါ့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းတောင်ပြောသွားသေးတာပဲ။ စားမှု သောက်မှု နေမှု ထိုင်မှု သွားမှု လာမှုအားလုံးဟာ နိုင်ငံရေးပဲတဲ့။ ကျွန်မတို့ မွေးကတည်းက နိုင်ငံရေးလုပ်နေခဲ့ကြတာပဲ။ စဉ်းစားကြည့်လေ ။ မိဘနဲ့ အပေးအယူတွေလုပ်တယ်။ သူငယ်ချင်းတွေနဲ့ ညှိနှိုင်းဆွေးနွေးတယ်။ ပြောရရင် နေ့ စဉ်ဘဝမှာကို decision making ပေါင်းများစွာလုပ်နေရတာ
နိုင်ငံရေးပဲ။ တက္ကသိုလ်ကျောင်းသားတွေ ကျောင်းသားအကျိုးဆောင်ရွက်ဖို့ အတွက် ကျောင်းသားသမဂ္ဂတွေဖွဲ့တယ်။ အဲ့မှာ လုပ်ပိုင်ခွင့်အာဏာရဖို့  အတွက် ရွေးကောက်ပွဲလုပ်တယ်။ တစ်ကျောင်းလုံးဝိုင်းလုပ်လို့ မရတဲ့အတွက် ကိုယ်စားလှယ်တွေရွေးတယ် ခေါင်းဆောင်ခန့် တယ်။ အဲ့မှာ အာဏာရပြီဆို အလုပ်တွေစလုပ်ပြီ။ ကျောင်းနဲ့ညှိနှိုင်းရတော့မယ် အပေးအယူတွေလုပ်ရတော့မယ်။ ဒါတွေက
နိုင်ငံရေးဖြစ်စဉ်တွေပဲလေ။ ဒါကို ဘာ့ကြောင့် ကျောင်းသားသမဂ္ဂတွေ နိုင်ငံရေးလုံးဝမလုပ်ရဘူးတို့  နိုင်ငံရေးကင်းရှင်းတဲ့ကျောင်းသားသမဂ္ဂတို့ ဆိုပြီး ဟစ်ကြွေးနေကြတာလဲ။ သိပ်ကိုနိုင်ငံရေးကင်းရှင်းတယ်ဆိုရင် မင်းတို့ ရွေးကောက်ပွဲဝင်ပြိုင်စရာမလိုဘူးလေ။ ကုန်ကုန်ပြောရရင် ကျောင်းသားသမဂ္ဂဆိုပြီးတောင် နာမည်မခံနဲ့။
မင်းတို့ အစားရှက်လို့ ပါ။ အခု DUမှာ ကျောင်းသားသမဂ္ဂရွေးကောက်ပွဲလာတော့မယ်။ ပါတီနှစ်ခုရှိတယ်။ အပြိုင်အဆိုင်မဲဆွယ်ကြတယ်။ မဲဆွယ်ပါတယ်ဆိုမှတော့ ကိုယ့်အဖွဲ့ကောင်းကြောင်းပြောပြီး သူများအဖွဲ့ မကောင်းကြောင်းနဲ့ အားနည်းချက်တွေကိုပြောမှာပေါ့။ ဒါသဘာဝပဲလေ။အဲ့မှာ ethic အရ ဘာသာရေး လူမျိုးရေးနဲ့ခွဲခြားပြီးမပြောရတာတွေ ပုဂ္ဂို လ်ရေးမတိုက်ခိုက်ရတာတွေတော့ရှိတယ်။ အဲ့ဒါတွေကလွဲပြီး လုပ်ငန်းပိုင်းဆိုင်ရာ မှားနေတာ အားနည်းနေတာကို အားမနာလျှာမကျိုးပြောလို့ ရတယ်။ အဲ့ဒါမှ ဒီကိုယ်စားလှယ်လောင်းတွေကို မွေးကတည်းကတစ်သက်လုံးလိုက်ကြည့်နေတာမဟုတ်တဲ့ မဲဆန္ဒရှင်တွေက အများပြောစကားတွေ သမိုင်းကြောင်းတွေကို လိုက်လေ့လာပြီး ခွဲခြားသုံးသပ်မဲထည့်နိုင်မှာပေါ့။ အဲ့ဒါကို အဆင့်ရှိရှိမဲဆွယ်ပါ သူများအပြစ်တွေမပြောပါနဲ့ဆိုတာကတော့ လွဲနေတယ်။ ကျွန်မတို့ ပါတီကတော့ ဘာတွေလုပ်ခဲ့ပြီး နိုင်ရင်တော့ဘာတွေလုပ်ပေးမှာပါ။ အဲ...နောက်တစ်ဖွဲ့ကလည်း ဒီလိုပဲလာပြောမယ်။ အဲ့ဒါဆို သူတို့ ပြစ်ချက်ကိုမသိဘဲ ဘယ်လိုနှိုင်းယှဉ်မလဲ ဘယ်ဟာကိုယုံမှာလဲ။ တွေးကြည့်ပါ။
ကျွန်မကတော့ အကြိတ်အနယ်မဲဆွယ်ကြတာကို အားပေးတယ်။
ကျောင်းသားတွေ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုတက်လာတာကိုလည်း ကျေနပ်တယ်။ ဒါပေမဲ့ သူများပြောလို့ လိုက်ပြောတာ
ဆိုပြီး အခုခေတ်သုံးစကား popping လိုသဘောထားတာမျိုးတော့မဖြစ်စေချင်ဘူး။ တက္ကသိုလ်ကျောင်းသားတွေကို ကောင်းတာရော မကောင်းတာရောအကုန်သိစေချင်တယ်။ သမိုင်းကိုလည်းသိစေချင်သလို လက်ရှိအနာဂတ်မှာလည်း အတွေးအခေါ်တွေ ခေတ်မှီစေချင်တယ်။ ငါဘာမှမသိဘူး မဲလည်းမပေးဘူးကွာဆိုတာထက် ငါတော့နှစ်ဖွဲ့လုံးအကြောင်းအကုန်သိတယ် နှစ်ဖွဲ့လုံးကိုမကြိုက်လို့ မဲမပေးဘူးကွာ ဆိုတာက ပိုပြီးလက်ခံချင်စရာကောင်းပါတယ်။ နောက်ဆုံးအနေနဲ့အကြံပေးချင်တာက ဘယ်သူ့ ကိုမဲပေးမယ်ဆိုတာကိုမှန်မှန်ကန်ကန်ရွေးချယ်ဖို့ ပါ။ လက်ရှိရွေးကောက်ပွဲနိုင်အာဏာရအဖွဲ့ကတော့ နောက်ရွေးကောက်ပွဲအတွက်မဲဆွယ်ရင် သူတို့ အာဏာရစဉ်က ဒါတွေတော့လုပ်ပေးခဲ့ပါတယ်ဆိုပြီး မဲဆွယ်မှာပဲ ဒါကသူတို့ အပြစ်မဟုတ်ဘူး သဘာဝပဲ။ အဲ့ဒီမှာ မဲဆန္ဒရှင်
တွေကြည့်ရမှာက သူတို့ လုပ်ပိုင်ခွင့်အပြည့်အဝရစဉ်တုန်းက
ဘာတွေပြောင်းလဲသွားလဲ ကိုယ်ဖြစ်ချင်တာတွေ ကျောင်းကိုပြောင်းလဲစေချင်တာတွေ တကယ်လုပ်ပေးနိုင်ခဲ့လား။ ရွေးကောက်ပွဲမနိုင်
ခင်က ပေးခဲ့တဲ့ ကတိကဝတ်တွေ တကယ်တည်ခဲ့လို့ လား ဆိုတာ
တွေကို သုံးသပ်ကြပါ။ ရွေးကောက်ပွဲဝင်မဲ့ပါတီဆိုတာ မဲဆွယ်တုန်းက သူတို့ ပေးခဲ့တဲ့ကတိတွေ (ရွေးကောက်ပွဲကတိကဝတ်တွေ) ကို အသေအကြေ ဂရုစိုက်ရတယ်။ ဒါသူတို့ ရဲ့ အသက်သွေးကြောပဲ။ မဲဆွယ်စဉ် နိုင်ရင်ပြီးရောပြောခဲ့ပြီး သက်တမ်းကုန်ခါနီးအထိ ဘာမှမလုပ်ပေးနိုင်ခဲ့ရင် အဲ့အစိုးရကို ပြည်သူတွေစိတ်ပျက်တာ သဘာဝပဲ။ အတိုက်အခံပါတီအနေနဲ့လည်း ဒါတွေကိုပြစ်ချက်သဖွယ်ထောက်ပြပြီး မဲဆွယ်တာလည်း သဘာဝပဲ။ ဘာမှစိတ်ဆိုးစရာမရှိဘူး။ အဲ့တော့ ဒီတခါရွေးကောက်ပွဲအတွက် မဲလာဆွယ်ကြရင် သူတို့ ဘာတွေကတိပေးသွားတယ်ဆိုတာ သေချာ ရေးမှတ်ထား။
ပန်းဖလက်တွေသိမ်းထား။ အဲ့ဒါမှ ဘယ်ကောင်အလုပ်လုပ်ပြီး
ဘယ်ကောင်ကတော့ poppingတွေပဲလုပ်တယ်ဆိုတာ
ခွဲခြားသိနိုင်မှာ။
အိမ်းးး စာတော်တော်ရှည်သွားပြီ။ ဒီပို့ စ်ရေးရတာ ကျွန်မတန်ဖိုးထားတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ (DUSU) ဆိုတာကို
လူတကာတံတွေးခွက်ထဲကနေ ဆယ်ချင်လို့ ပါ။
ဒဂုံကျောင်းသား ကျောင်းသူတွေအနေနဲ့ လာမဲ့ရွေးကောက်ပွဲမှာ
မှန်မှန်ကန်ကန်နဲ့ ကျောင်းအတွက် တကယ်အလုပ်လုပ်မဲ့သူတွေကို ရွေးချယ်နိုင်ကြပါစေ။

ဆုရတနာမြင့်

https://m.facebook.com/story.php?story_fbid=1985140691726478&id=100006916986185

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ဘယ်သူ့ကိုမဲပေးမယ်ဆိုတာကိုမှန်မှန်ကန်ကန်ရွေးချယ်ဖို့ပါ။”

Post a Comment

Related Posts Plugin for WordPress, Blogger...