Friday, May 10, 2019

မြန်​မာ့ဒုတိယအင်​ပါယာ.. .၅

,
တကယ်​​တော့တပင်​​ရွှေထီးဟာသူကိုယ်​တိုင်​ထီးဖြူ
စိုက်​ရာ အချက်အခြာဖြစ်​တဲ့ ဟံသာဝတီကို မုတ္တမစစ်​ပွဲ
မတိုင်​ခင်​၂နှစ်​အရင်​ ​အေဒီ၁၅၃၈ခုနှစ်​ကတည်းကလက်ရ
သိမ်းပိုက်​ရရှိခဲ့ပြီဖြစ်​တာ​တောင်​ ဘိသိက်​မခံခဲ့ဘူး။ဘာလို့
လဲ။နောက်​၂နှစ်​အကြာ ​အေဒီ၁၅၄၀မုတ္တမကို ​အောင်​မြင်
ပြီးရာမညတိုင်းတစ်​ခုလုံးသူ့လက်​​အောက်​​ရောက်​မှ
ဧကရာဇ်​အဖြစ်​ ရာဇဘိ​သေကမင်္ဂလာဘိသိက်​ကိုခံပါ
တယ်​။ဒါဟာ တပင်​​ရွှေထီးကသူကိုယ်​တိုင်​တစ်​ခါမှ
မကြားဖူးတဲ့ ဒုတိယမြန်​မာနိုင်​ငံ​တော်​ရဲ့ ဧကရာဇ်​ဟာ
ငါပဲလို့​မော်​ကွန်းထိုး​နေတာမဟုတ်​ဘူး။အစဉ်​အလာ
သမိုင်းဆရာ​တွေက​တော့ဒီအတိုင်း​ရေးကြမှာဖြစ်​​ပေမယ့်
ဒါဟာ ဧရာဝတီလွင်​ပြင်​နဲ့ဝန်းကျင်​တလွှားမှာ ဖက်​ပြိုင်
သူမရှိ​တော့တဲ့​တောင်​ပိုင်းနိုင်​ငံ​တော်​(ဟံသာဝတီ)ကို
ငါထူ​ထောင်​လိုက်​ပြီးလို့ အများသိ​ကြွေး​ကြော်​လိုက်​တဲ့
သ​ဘော၊ဟိန်းသံ၊​ဟောက်​သံ၊နှာမှုတ်​သံ​၊စိန်​ခေါ်
သံ​ပေးလိုက်​တာပါပဲ။တစ်​နည်းအားဖြင့် ဧရာဝတီ​မြောက်
ပိုင်းအညာတစ်​ခွင်​က မည်​မည်​ရရရှိသမျှ ထီးဖြူရှင်
အကြီးဆုံးက​နေ မှိုပွင့်သာသာ​လောက်​ရှိတဲ့ထီး​ဆောင်း
မင်းအပါအ၀င်​အားလုံး လက်​​ဆောင်​ပဏ္ဏာ ပူ​ဇော်​ပသ
စရာ​တွေနဲ့ ပျာယီးပျာယာ ဦးခိုက်​လာကြ​တော့လို့ သတိ
ပေး​ကြေငြာချက်​(Notice)ထုတ်​လိုက်​တာပဲ။

ဒါ​ကြောင့်ဒီမုတ္တမ​အောင်​ပွဲရတဲ့ ​အေဒီ၁၅၄၀ကို မြန်​မာ
ဒုတိယအင်​ပါယာရဲ့ အစလို့​ရှေ့ မှာ​ပြောခဲ့တာပါ။နိုင်​ငံ
တော်​အဆင့်ကို​ရောက်​ဖို့ ​နောက်​ဆုံးတက်​လှမ်းခဲ့တဲ့
လှေးခါးထစ်​ဟာမုတ္တမစစ်​ပွဲပဲ။

မဟာရာဇ၀င်​အားလုံးမှာ​တွေ့ရတဲ့စစ်​​ရေးအချက်​အလက်
အားလုံးကိုစုစည်းပြီးဇယားတစ်​ခုလုပ်​ကြည့်ရင်​မြန်​မာ့
သမိုင်းတစ်​​လျှောက်​မြို့ကိုဝိုင်းရံပိတ်​ဆို့(Siege)ပြီး
စီးနင်းသိမ်းပိုက်​တဲ့စစ်​ပွဲ​ပေါင်းများစွာထဲမှာ မုတ္တစစ်​ပွဲဟာ
အဆိုးဝါးဆုံး အရက်​စက်​ဆုံးနံပါတ်​စဉ်​၁ မဟုတ်​ရင်​​တောင်
ထိတ်​တန်းစရင်းဝင်​ဖြစ်​မှာက​တော့​သေချာတယ်​။စစ်​အင်
အား၁သိန်း၃​သောင်း​ကျော်​ရှိတဲ့ တပင်​​ရွှေထီးရဲ့ တပ်​မ
တော်​ကြီးဟာ မုတ္တမနဲ့ကီလိုမီတာ ၂၅၀ ခန့်​သာ​ဝေးတဲ့
ဟံသာဝတီက​နေ ချီတက်​လာတာပါ။ငါးစခန်းထက်​ပိုမချီ
ဘဲ​ရောက်​မယ်​။တပ်​​ထောက်​လက်​လှမ်းမီတဲ့အကွာအ​ဝေး
ဖြစ်​တဲ့အပြင်​ကြားမှာလည်းစစ်​​တောင်းမြစ်​ကလွဲပြီး
ဘာအခက်​အခဲအတားအဆီးမှမရှိတဲ့ မြစ်​၀ှမ်း​လွင်​ပြင်
ဒေသဖြစ်​​နေတယ်​။အယုဒ္ဓယလို နိုင်​ငံ​တော်​တစ်​ခုရယ်
လို့ နမူနာပြစရာ​တောင်​မရှိ​သေးတဲ့ ၁၆ရာစု ​စော​စော
ပိုင်း မြန်​မာပြည်​မှာ ၁သိန်း၃​သောင်း​ကျော်​ဆိုတဲ့အ​ရေ
အတွက်​ဟာနည်းတဲ့အင်​အားမဟုတ်​ဘူး။

ဒီလိုအင်​အားကြီးပြီးပြည့်စုံ​နေတဲ့တပ်​နဲ့ ၀ိုင်းရံပိတ်​ဆို့
တိုက်​ခိုက်​တာ​တောင်​ဘယ်​လိုမှတိုးမ​ပေါက်​တဲ့​စောဗညား
ရဲ့ မုတ္တမမြို့ဟာ ခိုင်​ခံ့လုံခြုံရုံမက လက်​နက်​ရိက္ခာနဲ့
ခုခံတဲ့စစ်​သည်​အင်​အားလည်း​တောင့်တင်းမယ်​ဆိုတာ
မြင်​သာပါတယ်​။အဲဒါဆို အဲဒီအချိန်​ကမုတ္တမမှာ မူလ
နေထိုင်​သူ​ဒေသခံ​ရော ​ပြောင်း​ရွှေ့ ခိုလှုံလာသူအရပ်
သား​တွေနဲ့မြို့တွင်းသူမြို့တွင်းသား​တွေလူသူဘယ်​​လောက်
များ​နေမလဲဆိုတာ​တွေးလို့ရပြီ။မွန်​နိုင်​ငံသစ်​ကိုထုဆစ်
မယ့်​ရေ​မြေ့ရှင်​ဧကရာဇ်​​လောင်းအဖြစ်​ ကိုယ့်ဘာသာ
ကိုယ်​ချီးမြင့်အပ်​နှင်းထားတဲ့​စောဗညားလည်းသူ့​ကျေး
တော်​မျိုးကျွန်​​တော်​မျိုးတို့​မျှော်​လင့်သလိုလက်​​ဆောင်
ပဏ္ဏာများစွာနဲ့တပင်​​ရွှေထီးကိုအ​လျှော့​ပေးပြီးပန်​ကြား
အ​ရေးဆိုတာ မလုပ်​ဘူး။သူဟာ လူထုအသံကိုနားဆင်​ပြီး
လူထုဘ၀ကို ငဲ့ကွက်​ရ​ကောင်းမှန်းမသိရုံသာမက ရှုံး
နိမ့်ပြီးမြို့ပြိုလို့ရန်​သူ​တွေဝင်​လာတဲ့အခါ မြို့ထဲမှာ
ဆင်​စီးခုခံဆဲပဲဆို​တော့ ခံစစ်​ပျက်​တဲ့​နောက်​ဆုံးတစ်​ရက်
တည်း​သောအချိန်​က​လေးမှာ အပြစ်​မဲ့ဒုက္ခသည်​ပြည်​သူ
တွေရဲ့ အသက်​​တွေ ​သွေး​တွေနဲ့ရှိစုမဲ့စုပိုင်ဆိုင်​မှုက​လေး
တွေအပြင်​ မိသားစုဘ၀​ပေါင်း အနည်းဆုံး​သောင်းနဲ့
ချီပြီး​ပေးဆပ်​စ​တေးလိုက်​ရမယ့်တကယ့်ဖြစ်​ရပ်​မြင်​ကွင်း
ဟာ ဘယ်​လိုရှိမလဲဆိုတာ ​တွေးမကြည့်ဝံ့စရာပါပဲ။
ပ​ဒေသရာဇ်​​ခေတ်​ကဖြစ်​လို့ လူထုကိုငဲ့ကွက်​တာမရှိ
ဘူးဆိုရင်​ ယ​နေ့​ရော လူထုကိုငဲ့ကွက်​တဲ့မြန်​မာအစိုးရ
ဆိုတာ​ပေါ်ပြီလာ?။

ဒါဟာ စစ်​​သွေးကြွတပင်​​ရွှေထီးနဲ့​စောဗညားတို့တက်​ညီ
လက်​ညီ တင်းပုတ်​ကိုယ်​စီကိုင်​ပြီးရိုက်​သွင်းခဲ့ကြတဲ့
ဒုတိယမြန်​မာနိုင်​ငံ​တော်​ကြီးရဲ့ ပန္နက်​ ပန္နက်​ ပန္နက်​ ပဲ။
ဘာလို့ ပန္နက်​ လို့သုံးတာလဲဆိုရင်​ အစမ​ကောင်းဘဲ
အ​နှောင်းမ​သေချာနိုင်​တဲ့အ​ကြောင်းရှိလို့ပဲ။Structure
တစ်​ခုကို အ​ခြေအမြစ်​(Foundation) ခိုင်​​အောင်​မတည်
ဆောက်​ဘဲ အ​ပေါ်မှာ အထပ်​ထပ်​တက်​ချင်​လို့မရတာ
လူတိုင်းသိတယ်​။အစ​ကောင်းမ​ကောင်းဆိုတာ ဒါကို
ပြောတာပဲ။အ​ခြေမြစ်​မ​သေချာတဲ့အ​ဆောက်​အအုံဟာ
ဘယ်​လိုအ​ဆောက်​အအုံမျိုး(စိတ်​အ​ဆောက်​အအုံ၊ရုပ်
အ​ဆောက်​အအုံ၊လူ့အ​ဆောက်​အအုံ စသဖြင့်)ပဲဖြစ်​ဖြစ်
အ​ခြေအမြစ်​မ​သေချာရင်​ပြိုမှာပါပဲ။ဒါကိုထပ်​တလဲလဲ
ပြန်​ပြင်​ ပြန်​တင်​ လုပ်​လို့ရနိုင်​မှာပါ။မြန်​မာ့သမိုင်းဟာ
ဒီအတိုင်း လုပ်​ခဲ့ကြတဲ့ အစဉ်​အလာကြီးပါတယ်​။ဒီ​နေ့
အထိလည်း ဒီလိုလုပ်​ဖို့ကြိုးစား​နေကြတာ မျက်​၀ါး
ထင်​ထင်​ပဲ​လေ။..စိတ်​ချပါ ကြံစည်​ကြိုးစားသမျှ အတိုင်း
အတာတစ်​ခုအထိ ​ရောက်​​ကောင်း​ရောက်​ပါလိမ့်မယ်​။
ဒါ​ပေမဲ့ အမြစ်​​ဟောင်း​ပေါ်မှာသာဆိုရင်​​တော့ အသစ်
တစ်​ဖန်​ပြိုကွဲဦးမယ့် သမိုင်းဇာတာကြီးကို​တော့ တားဆီး
လို့မရနိုင်​ဘူး။

ပုဂံဖြစ်​တယ်​ ပြီး​တော့ပျက်​တယ်​။အင်းဝဖြစ်​တယ်
၎ခါဖြစ်​ပြီး၎ခါပျက်​တယ်​။စစ်​ကိုင်းဖြစ်​ပြီးပျက်​တယ်​။
ဟံသာဝတီဖြစ်​တယ်​ ပြီး​တော့ပျက်​တယ်​။ညောင်​ရမ်း
ဆက်​ဖြစ်​တယ်​ ပြန်​ပျက်​တယ်​။ကုန်း​ဘောင်​ဖြစ်​တယ်
ပျက်​တာပဲ။လွတ်​လပ်​ပြီး​ခေတ်​ ဓနအင်​အား​ကောင်း​ကောင်း
နဲ့ ပထမဆုံး အမျိုးသားနိုင်​ငံကြီးဖြစ်​​ပြန်​တယ်​။၁၉၈၈မှာ
ပျက်​တာပဲမဟုတ်​ဘူးလား။ဒါပဲ။ဒါသမိုင်းအစဉ်​အလာပဲ။
ဖုတ်​ပူမီးတိုက်​သူတစ်​ပါးမျက်​ရည်​ကြီးငယ်​​တွေနဲ့နိုင်​ငံ
တော်​ကိုပန္နက်​ရိုက်​တာခံပါ့မလားစဉ်းစား​ပေါ့။အတိတ်​တုန်း
က စစ်​နဲ့ယှဉ်​​မွေးလားပြီး မြန်​မာအစိုးရအားလုံး စစ်​​သွေး
ကြွအစိုးရဖြစ်​လို့ စစ်​ကိုသာအဓိကထားပြီး တိုက်​တာ
အခြားအစိုးရနဲ့ပြည်​သူလူထုပါဘ၀​တွေပျက်​ခဲ့ကြရသလို
မျက်​ရည်​​ပေါက်​ကြီးငယ်​​တွေ ဘယ်​နှစ်​စက်​​လောက်
မြေပြင်​ထဲကျဆင်းသွားမယ်​ထင်​ပါသလဲ။ကံကံ၏အကျိုး
ပဲ စစ်​နိုင်​သူ​မောင်​ကြီးလည်း နှစ်​၅၀​လောက်​အကြာမှာ
အဲဒီသူအနိုင်​ကျင့်ခဲ့တဲ့ တိုင်းပြည်​ကဖြစ်​စဉ်​မျိုးနဲ့ကြုံ
တွေ့သွားရတာပဲမဟုတ်​ပါလား။လွတ်​လပ်​ပြီး​ခေတ်
မှာ အ​ရှေ့ ​တောင်​အာရှက အချမ်းသာဆုံးနဲ့အတိုးတက်
ဆုံးတိုင်းပြည်​ ပြည်​​ထောင်​စုဗမာနိုင်​ငံ​တော်​ဆိုတာကို
ဖွဲ့စည်းချိန်​မှာလည်းပဲ ဒီသင်​ခန်းစာကိုမယူနိုင်​ခဲ့ကြဘူး။
မိုက်​တွင်းဟာ အ၀ီစိနဲ့နှိုင်းရ​လောက်​နက်​ကြတဲ့မြန်​မာ
အစိုးရ​တွေပါပဲ။လူမျိုး​ရေးအားသာချင်​တဲ့စိတ်​နဲ့
ဗမာလက်​ထဲမှာသာ နိုင်​ငံ​တော်​အာဏာရှိ​နေရမယ်​ဆိုတဲ့
အပုန်းစိတ်​​ကြောင့် မစဉ်းစားမဆင်​ခြင်​နိုင်​​တော့​လောက်
အောင်​ ​မှောင်​မဲသွားပြီးထင်​ရာလုပ်​တာ လွတ်​လပ်​​ရေး
ရပြီး ၃လ ၃လ ၃လ မပြည့်​သေးဘူး ​ပြည်​တွင်းစစ်​ကြီး
ဖြစ်​​တော့တာပါပဲ။ကရင်​​တွေတစ်​နိုင်​ငံလုံးကိုသိမ်းလိုက်
တယ်​။ဦးနုအစိုးရဟာ ရန်​ကုန်​အစိုးရဖြစ်​သွားတဲ့အထိ
ဖြစ်​ပြီး ၁၉၆၂မှာ​တော့ ပ​ဒေသရာဇ်​စစ်​အာဏာရှင်​နိုင်​ငံ
တော်​စရင်းထဲပြန်​၀င်​သွားတာယ​နေ့အထိပဲ။ဘာ​ကြောင့်
ဖြစ်​တာလဲ။ရှင်းရှင်း​လေးပါပဲ။ပြည်​​ထောင်​စုဗမာနိုင်​ငံ
ဆိုတဲ့ သမိုင်းမှာ ပထမဆုံး​သော အမျိုးသားနိုင်​ငံကို
တည်​​ဆောက်​​နေစဉ်​အချိန်​မှာ ဘယ်​လိုနိုင်​ငံမျိုးကိုတည်
ဆောက်​ကြမလဲ၊အတိတ်​နိုင်​ငံ​တော်​​တွေရဲ့ သမိုင်းမှာ
ဘယ်​လို​တွေရှိခဲ့သလဲ၊ဘာ​တွေပြင်​ဆင်​ရမလဲ၊ဘယ်​လို
လူ့အဖွဲ့အစည်း​တွေရှိ​နေသလဲ၊အဲဒါအားလုံးကို အင်္ဂလိပ်
ဆီကတာဝန်​ခံပြီးငါတို့ နိုင်​ငံကို ဘယ်​လိုတည်​​ဆောက်​မလဲ
ဆိုတာကို တစ်​စက်​က​လေးမှမစဉ်းစားဘဲ ဗမာဟာ
အရင်​က ဘယ်​လိုလာတာ ဘယ်​လိုတန်​ခိုးကြီးတာ
ဘယ်​ကဲ့သို့ဘယ်​ချမ်းသာ ယူဆသတ်​မှတ်​ကြပြီး
ရာဇ၀င်​ထဲ စစ်​​သွေးကြွအာဏာရှင်​ ကိုယ့်နှမကိုယ်​ပြန်​ယူ
ပြီး​ပေါက်​ဖွားလာတဲ့ မျိုးဆက်​​တွေကို ​နောင်​ပွင့်မယ့်
ဘုရား​လောင်းလိုလို ကယ်​တင်​ရှင်​ကြီးလိုလို မဟာသူ​တော်
စင်​ကြီး​တွေလိုလို ပုံမ​ပေါ်​ပေါ်​အောင်​ သခင်​ကိုယ်​​တော်
မှိုင်းလို ပညာရှိတဲ့ ပ​ဒေသရာဇ်​​နောက်​မြီးဆွဲကြီး​တောင်
စာဖတ်​နိုင်​စွမ်းမရှိခဲ့လို့ အမျိုး ဘာသာ သာသနာ ပညာ
ဆိုတဲ့ အဆံမရှိဘဲ​သောက်​ဟန်​တစ်​ခွဲသားနဲ့လူလုံးထွက်​ပြ
တဲ့သီ​ပေါအစိုးရ ​မူဝါဒကို အနာဂတ်​နိုင်​ငံ​တော်​​ရှေ့ ဆက်
သွားမယ့်မူဝါဒအဖြစ်​ လက်​ခံလိုက်​ကြစဉ်​မှာပဲ အားလုံး
လွဲသွားခဲ့​တော့တာပါပဲ။ဘာ​ကြောင့်လဲဆို​တော့ ယ​နေ့
တိုင်းပြည်​ထဲမှာ ​အော်​​နေတဲ့ ၁၉၄၈ တုန်းကလည်း ဒီလို
ပဲ ​အော်​ခဲ့တဲ့ အမျိုး ဘာသာ သာသနာဆိုတာ ရန်​လိုတဲ့
အယူအဆဖြစ်​​နေလို့ပဲ။၁၉၄၈ လွတ်​လပ်​​ရေးရချိန်​က
တည်းက ဘယ်​နိုင်​ငံနဲ့မှမတည့်တာ ယ​နေ့အထိပဲ။

ဒါပဲ။အတိတ်​​ခေတ်​တုန်းကမြန်​မာအစိုးရဟာ သူ့ကို
ကောင်း​ကြောင်း​ပြောတဲ့​တေးထပ်​၊ရတု၊ပိုဒ်​စုံ​တွေနဲ့ဘုန်း
တော်​ဘွဲ့​တွေရွတ်​ပြရင်​သ​ဘောက ​ဘောနဲ့မှားပြီးကျ
သလားမ​မေးနဲ့။လက်​ရှိမြန်​မာအစိုးရ​ရော မြန်​မာပြည်​သား
တွေပါ နိုင်​ငံတကာက အ​ကောင်း​ပြောရင်​နှုတ်​ခမ်းနှုတ်
ခေါင်းတက်​ချိပ်​မတက်​ ပြုံးလိုဖြီးလို့။ဒါ​ပေမဲ့ နိုင်​ငံတကာ
က​ဝေဖန်​ပြီဆိုရင်​​တော့ ​ခေါင်းသုံးစဉ်းစားရ​ကောင်းမှန်း
နားမလည်​ဘဲ တို့ အမျိုး တို့ဘာသာ တို့သာသနာ ကို
နားမလည်​လို့​ပြောတာလို့ အလွယ်​တကူပဲသူများကို
အထင်​​သေးစွာယိုးစွပ်​​တော့တာပါပဲ။ဗီဇပါအားနည်းချက်
ဆိုတာဒါပဲ။မြန်​မာ​တွေရဲ့ အမျိုးဂုဏ်​ ဇာတိဂုဏ်​ဆိုတာ
ကြီးကိုက တကယ့်​သောက်​တလွဲကြီးပါ။ဘာလို့ဆို​တော့
မြန်​မာ​တွေ​ပြောတဲ့အမျိုးဂုဏ်​ ဇာတိဂုဏ်​ဆိုတာ
စစ်​ဘုရင်​နဲ့စစ်​အာဏာကို ရင်​ထဲက​နေ မသိမသာ
အားကျတတ်​တဲ့စိတ်​အခံပဲ။

ဆက်​ပါဦးမည်​။


https://m.facebook.com/story.php?story_fbid=134480447694162&id=100033966230641

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မြန်​မာ့ဒုတိယအင်​ပါယာ.. .၅”

Post a Comment

Related Posts Plugin for WordPress, Blogger...