Tuesday, March 27, 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ၊ သမီးတို့ နှင့် လဝက ဝန်ကြီး ဦးသိန်းဆွေ၏ သား Social Media တွင် အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွား

,
လဝက ဝန်ကြီး ဦးသိန်းဆွေ၏ သား ဦးဘုန်းပိုင်ဦး နှင့် တပ်ချုပ်၏ ဇနီး ဒေါ်ကြူကြူလှ ၊ သမီး ခင်သီရိသက်မွန် တို့နှင့် Social Media တွင်စစ်ကိုမုန်း၍တိုက်ခဲ့သည်ဇာတ်ကား နှင့်ပက်သက်၍ အငြင်းပွားကာ တစ်ဖက် နှင့် တစ်ဖက် အပြန်အလှန် တိုက်ခိုက်နေကြခြင်းဖြစ်သည်။

၂၅.၀၃.၂၀၁၈ ရက်နေ့ ညတွင်ထုတ်လွှင့်သော " စစ်ကိုမုန်း၍ တိုက်ခဲ့သည် ရုပ်သံဇာတ်လမ်းနှင့်ပက်သက်၍ ဦးသိန်းဆွေ၏ သားမှ တပ်မတော်မှ အုပ်ချုပ်မှု ၊ သတင်းရရှိမှု နှောင့်နှေးကြံ့ကြာ၍ ယခုကဲ့သို့ တပ်စခန်းအားဝင်ရောက်စီးနင်းခံရခြင်းဖြစ်ကြောင်း ၊ အဆင့်ဆင့်ကွပ်ကဲမှု ညံ့ဖျင်းကြောင်း ၊ ရဲမေများ စစ်တိုက်ခြင်လျှင်စစ်ထဲဝင်မည်ဖြစ်ကြောင်း ၊ လက်နက်ကိုင်၍ ပြန်လည်တိုက်ခိုက်နေရသည်မှာ မဖြစ်သင့်ကြောင်း ဒေါသတကြီးဖြင့် တပ်မတော်အား ဝေဖန်ပြောကြားခဲ့သည်။

လဝက ဝန်ကြီးဖြစ်သူမှာ စစ်အစိုးရလက်ထက်တွင် ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်မတော်တွင် လည်း ဗိုလ်ချုပ်အဆင့်ထိတာဝန်ထမ်းဆောင်ဖူးကာ ယခုအခါ NLD အစိုးရလက်ထက်တွင် ဝန်ကြီးတာဝန်ပြန်လည်ထမ်းဆောင်နေသူလည်းဖြစ်သည်။

ဦးသိန်းဆွေမှာ တပ်မတော်အပေါ် သစ္စာဖောက်ကာ NLD အစိုးရအဖွဲ့တွင်ဝင်ရောက်လုပ်ကိုင်နေသူ ဖြစ်သည့်အားလျော်စွာ ယခုကဲ့သို့ တပ်မတော်အား ပြင်းထန်စွာဝေဖန်မှုက သူ၏ သစ္စာမရှိမှု နှင့် သာကူးစိတ်ဓာတ်အား ပို၍ သေချာစေသညတပ်မတော် အသိုင်းအဝိုင်းနှင့် နှီးစပ်သူတစ်ဦးက ဟြေကြားခဲ့ပါသည်။

" တပ်ကပေးခဲ့သည့်အစိုးရရာထူးနှင့် တဝစားသွားတဲ့ သာကူးတဲ့လူတွေရဲ့သားက နာမည်အရင်းနဲ့ လာတိုက်နေတာလေ။ သိတာပေါ့။ သူမရှက်ပေမယ့် ရှက်တတ်ရင် ရှက်စရာ။ ထမင်းကျေးတဲ့လက်ကိုပြန်ကိုက်တဲ့ ခြေလေးချောင်းသတ္တဝါတွေ " ဟု ခွေးနှင့်နှိုင်းကာ တပ်ချုပ်ဇနီးမှမှတ်ချက်ပြုထားသည်။

တပ်မတော် အပေါ် နားမလည်နိုင်င်ပဲ သိက္ခာကျအောင်ပြောကြား နေခြင်းဖြစ်ကြောင်းနှင့် တပ်မတော်တွင်ကြီးပြင်းလာသူတစ်ယောက်၊ ပဲဟင်းစား၍ ကြီးပြင်းလာသူတစ်ယောက်အနေဖြင့် ယခုကဲ့သို့ တပ်မတော်အပေါ်စော်ကားပြောဆိုခြင်းမှာ လက်မခံနိုင်စရာပင်ဖြစ်ကြောင်း၊ သာကူးတို့ထုံစံအတိုင်း ပြောင်းလဲသွားခြင်းဖြစ်ကြောင်း တပ်ချုပ်၏ သမီးဖြစ်သူမှ  ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပါသည်။

ဝန်ကြီး၏ သားဖြစ်သူမှာ အိမ်ထောင်ရေးဖောက်ပြန်သဖြင့် အိမ်တွင်းရေး အရှုပ်အရှင်းကြောင့် တစ်လင်တစ်မယား ဥပဒေ ဖြင့် အရေးယူခံရရန် နီးစပ်နေသူလည်းဖြစ်ပါသည်။

Credit : Truth Media Myanmar

https://m.facebook.com/story.php?story_fbid=610819669260080&id=100009961565407

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ၊ သမီးတို့ နှင့် လဝက ဝန်ကြီး ဦးသိန်းဆွေ၏ သား Social Media တွင် အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွား ”

Post a Comment

Related Posts Plugin for WordPress, Blogger...