Saturday, January 6, 2018

မြန်မာ့စီးပွားရေးတိုးတက်ဖို့ ပြင်သင့်ပြင်ထိုက်သည်ကို အချိန်မှီပြင်ခြင်း မပြင်ခြင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲ

,
အဆိုတော် ဆောင်းဦးလှိုင်ရဲ့ ပို့စ်တစ်ခု လူမှုကွန်ရက်မှာ တွေ့ရသည်။ ကျွန်တော် အဆင်မပြေပါဘူး အမေဟု ဆိုသည်။ ကျွန်တော် အိမ်လေးငှားပြီး အများအကျိုးသယ်ပိုးလာခဲ့ရင်း အခု အိမ်လေး မငှားရတာ တစ်နှစ်ရှိပါပြီ အမေဟုဆိုသည်။ ဆရာကန်တော့ပွဲတိုင်း ရက်ရက်ရောရော လှူနေခဲ့တာ ငွေ ၃ သိန်းလောက်ကို မနည်းလှူနေ ရသည်ဟုဆိုသည်။ ကျွန်တော် မညဉ်းငြူတတ်တာ အမေ သိပါတယ် ဟုဆိုသည်။ တကယ်အဆင်မပြေလို့ ရိုးသားပွင့်လင်းစွာ ဝန်ခံတာကို အမေတစ်နေရာက ကြားသိပါစေ။ သာဓု ခေါ်ဆိုနိုင်ပါစေ ခင်ဗျားဟု ဆိုသည်။
 ဒီပို့စ်ကို လေ့လာရသလောက် အိမ်မငှားရတာ ဆယ်လကျော်ပြီ ဆိုတော့ ယခင်က အိမ်တွေငှား ဈေးကောင်းတွေရတဲ့ သဘောဆိုလို ဟန်ရှိသည်။ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ ဦးသိန်းစိန် အစိုးရတက် လာကာစမှာ စီးပွားရေးနိုင်ငံရေးနဲ့ပတ်သက်ပြီး အကြီးအကျယ် အပြောင်း အလဲတွေ ပြုလုပ်ခဲ့သည်။ ပြောတဲ့အတိုင်း ပြောင်းပေးခဲ့သည်။ ကြိုးနီ စနစ်တွေ အားလုံးဖြေလျော့ပေးခဲ့သည်။ ကြိုးနီစနစ် ဖြေလျော့အောင် လည်း ဖိအားပေးအကောင်အထည်ဖေါ်ခဲ့သည်။ ကြိုးနီစနစ်ကို ကျင့် သုံးသူတွေကိုလည်း အရေးယူခဲ့သည်။ ဒီလိုရုတ်တရက် ဖွင့်ပေးလိုက် တော့ နိုင်ငံခြားကနေ ရင်းနှီးမြှုပ်နှံမည့် သူတွေလာကြသည်။ လေ့ လာသည့် ရင်းနှီးမြှုပ်နှံသူတွေလည်း ရှိသည်။ စောင့်ကြည့်နေကြသူ တွေလည်း ရှိသည်။ ဒီလိုနိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေလာသလို ကမ္ဘာ့ လှည့်ခရီးသွားတွေလည်း အလုံးအရင်းဝင်လာသည်။ ဒီလိုဝင်လာတော့ ရန်ကုန်မြို့မှာရှိသမျှ ဟိုတယ်တွေအကုန် အခန်းပြည့်သည်။ အခန်းက ကြိုတင်မငှားရင် အခန်း မရတတ်၊ ဆီဒိုးနားတို့ Trader တို့ဆိုရင် ယခင်က တစ်ခန်းဒေါ်လာ ၆၀ ကနေ တစ်ခန်းဒေါ်လာ ၂၀ဝ ဖြစ် သွားသည်။ တချို့ ကြာကြာနေမည့် နိုင်ငံခြားသားတွေက ဟိုတယ် ဈေးကြီးတော့အိမ်တွေ ခြံတွေငှားကြသည်။
 ဒီမှာ ယခင်က ဒေါ်လာတစ်ထောင်တောင် ငှားရခဲတဲ့ ခြံနဲ့ တိုက်တွေက ဒေါ်လာ ၄၀ဝ၀ ဖြစ်သွားတယ်။ ဒီနေ့ကြည့်ပြီး ပဲများနေရင် နောက်နေ့မှာ ငှားဖို့သွားကြည့်ရင် မရှိတော့၊ ဒီလိုနဲ့ ရင်းနှီးမြှုပ်နှံ သူတွေ လာကြသည်။ တယ်လီနောတို့ အူရီဒူးတို့တွေ ဝင်လာခါစမှာ ဒေါ်လာတွေ ယူလာပြီး ရင်းနှီးမြှုပ်နှံတော့ ဒေါ်လာဈေးက ၈၀ဝ ကျော်ပဲ ဗီယက်နမ်ကုမ္ပဏီတွေလည်း ဝင်တယ်၊ ဂျပန်က သီလဝါစက်မှုဇုန် မှာ ရင်းနှီးမြှုပ်နှံတယ်။ ဘီယာစက်ရုံတွေ၊ ကားစက်ရုံတွေ ဝင်လာတယ်။ ဒီလိုအရှိန်ရနေရာကနေ ၂၀၁၄ ၂၀၁၅ လောက်မှာ ဟိုတယ်တွေ နေရာတကာ ပေါ်လာသည်။ ကွန်ဒိုတွေ ကန်ထရိုက်တိုက်တွေ အပြိုင် အဆိုင်ပေါ်လာတယ်။ ဒီတော့ ယခင်က ရောင်းသူဈေးကွက်ကနေ ဝယ်သူဈေးကွက်ဖြစ်လာတယ်။ တိုက်ခန်းတွေ ဈေးကျလာတယ်။ အိမ်ငှားမည့်သူတွေအတွက် ရွေးချယ်စရာတွေ များလာတယ်။ ငှားရမ်း ခတွေ ဈေးကျလာတယ်။ ယခင်က ဒေါ်လာ ၃၀ဝ၀ ရတဲ့နေရာက ယခုဒေါ်လာ ၂၀ဝ၀ တောင် သိပ်မရချင်တော့ ဒီကြားထဲမှာ ရခိုင်ကိစ္စ ဖြစ်တယ်။ EU တို့ အမေရိကန်တို့ ဗြိတိန်တို့ကနေ ဖိအားတွေပေးတယ်။ EU ကနေ လာတဲ့ အထည်ချုပ်အော်ဒါတွေ ရုပ်သိမ်းသွားတယ်။ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံသူတွေက မူဝါဒနဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ကုမ္ပဏီဥပဒေ တွေကို စောင့်ကြည့်ကြသည်။ ဒီကြားထဲမှာ အခွန်အကောက်က ယခင် ကထက် ပိုများလာသည်။ တိုက်ခန်းတွေ ကွန်ဒိုတွေ အိမ်ခြံမြေတွေကို အခွန် ၃၀ ရာခိုင်နှုန်းလောက်တော့ အရောင်းအဝယ်တွေ အေးကုန် သည်။ ဈေးကွက်ထဲ ငွေကြေးလည်ပတ်မှု နည်းလာသလို နှေးကွေးလာ သည်။ မြန်မာနိုင်ငံက စီးပွားရေးပညာရှင်တွေက ဘာတွေ အကြံပေးနေ လည်းတော့ မသိ၊ စီးပွားရေးဆောင်းပါးတွေမှာ အောက်က ရေးတဲ့ comment မှတ်ချက်တွေမှာတော့ စီးပွားရေးမကောင်းလို့ ငြီးတွားနေသူ တွေ၊ ကျိန်ဆဲနေသူတွေ ဆုတောင်းနေသူတွေရဲ့ အသံတွေ ဆူညံနေ သည်။ ယခင်က လက်မထောင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ကြီးတွေ ဘဏ်တိုးတောင် မပေးနိုင်တော့လို့ ရှေ့ဆက်ဘာလုပ်ရမှန်း မသိဖြစ်နေသည်။ နိုင်ငံရဲ့စီးပွားရေး ဦးမော့လာဖို့ အစီအမံတွေကို ချပြ ဖို့ ပြည်သူတွေက ဆန္ဒရှိနေကြသော်လည်း ဘယ်လိုစီမံပြီး ဘယ်လှိုဗျူဟာတွေကို ဘယ်လိုချပြီး ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုတှဲ့Scheduleကို ပြည်သူတွေကို ချပြမည့် အစီအစဉ် အရိပ်အယောင် တော့ မတွေ့ရသေး။ စင်္ကာပူလို နိုင်ငံဆိုရင် စီးပွားရေးကပ်ဆိုက်တဲ့ ၂၀ဝ၈ မှာ ကမ္ဘာ့စီးပွားရေးကပ်ဆိုက်လို့ အမေရိကန် ဘဏ္ဍာရေးအဖွဲ့ အစည်းတွေ ပြိုလဲချိန်မှာ တိုင်းပြည်စီးပွားရေးကို ကယ်ဆယ်ဖို့ ဘယ်အချိန်မှာ ဘာလုပ်ပြီး ဘာတွေကို ဘယ်လိုဖြေလျော့ပေးမယ်ဆိုတာ ပြည်သူတွေကို အသိပေးခဲ့သည်။ ငွေကြေးလည်ပတ်မှုနှေးကွေးနေ တာကို အရှိန်မြှင့်လာအောင် ပြည်သူတွေ လက်ထဲ ငွေထည့်ပေးပြီး အရောင်းအဝယ်ကောင်းလာအောင်Economic Stimulus Packageအစီအမံတွေကို ပြည်သူတွေကို ချပြခဲ့သည်။ မြန်မာနိုင်ငံမှာလည်း ဒီလိုမျိုးအစီအမံတွေကိုချပြလာ ပြည်သူတွေ မြင်တွေ့လိုသည့် အစိုးရ ဘက်က အခက်အခဲဘဏ္ဍာရေး အခက်အခဲတွေကိုလည်း ပြည်သူတွေ က နားလည်ပါတယ်။ ဒါပေမယ့် အိမ်ထောင်စုတစ်စုမှာ စီးပွား မကောင်းရင် ချွေတာစိစစ်ရေးအစီအစဉ်ကို ကျင့်သုံးရသည်။ အသား ဟင်းကို ယခင်က တစ်ပတ် ၅ ရက် စားရင် ယခုတစ်ပတ် တစ်ရက် စား၊ ကြားရက်တွေမှာ ဘဲဥတစ်ရက်၊ ကန်စွန်းရွက်တစ်ရက်၊ ငပိရည် တစ်ရက်စားပြီး ချွေတာသင့် ချွေတာရမည်။ နိုင်ငံရဲ့  ဘတ်ဂျက်လိုငွေများ နေလို့ အခွန်တိုးတောင်းရင် ပြည်သူတွေ ဝန်ထုပ်ဝန်ပိုး ပိမည်။ ဒီလိုစီး ပွားရေးကျပ်တည်းချိန်မှာ ပြည်သူတွေ အပေါ်ပိနေတဲ့ ဝန်ထုပ်ဝန်ပိုးတွေ ဖြေလျော့ပေးမှ ပြည်သူတွေ အသက်ရှုချောင်မည်။ ဘတ်ဂျက်လိုငွေ အတွက် ငှာနဆိုင်ရာတွေက ဝင်ငွေတွေကို စိစစ်လိုက်ရင် ထွက်လာ မှာပါ။ တစ်လောက စွမ်းအင်ဘက်က ဝင်ငွေတွေကို စိစစ်ရာမှာ ဝေဖန်မှု တွေရှိသလို မြင်းခြံ သံမဏိစက်ရုံတွင် ဘတ်ဂျက်ငွေတောင်းခံတာတွေ များလွန်၍ ဝေဖန်သံတွေ ထွက်လာည်။ ယခင်ကအစိုးရတက်စမှာ စစ်အစိုးရခေတ်က ဆည်တွေ ဆောက်ပြီး ငွေဖြုန်းတီးခဲ့လို့ လယ်ဆည် ဝန်ကြီး ဌာနကိုဘတ်ဂျက်ဇီးရိုးလုပ်လိုက်တော့ ဘတ်ဂျက်လိုငွေတွေ နည်းသွား တယ်။ ဒီလိုပဲ လျော့သင့်လျော့ထိုက်သည့် ဘတ်ဂျက်တွေကို ရဲရဲတင်းတင်းလျှော့ပြီး ထိန်းညှိလိုက်ရင် အဆင်ပြေနိုင်သည်။ စီးပွား ရေးအဆင်ပြေမှ ဆောက်၍ရသော အဆောက်အဦး ဘတ်ဂျက်တွေ လျှော့လိုက်ရင်လည်း ဒီဘတ်ဂျက်ငွေအတွက် အဆင်ပြေနိုင်ပါတယ်။ မဖြစ်မနေ သုံးရမည့်ဘတ်ဂျက်သာ ဒီလိုအခြေအနေမှာသုံးရင် အဆင် ပြေသွားနိုင်ပါတယ်။ သေချာစိစစ်ပြီး ယခင်ကာလ ကစ၍ ဘတ်ဂျက် ဇီးရိုးလုပ်သလို ဖြတ်သင့်ဖြတ်ထိုက်တာကို ဖြတ်လိုက်ရင် အဆင်ပြေ သွားမှာပါ။ လောလောဆယ်ကျပ်တည်းနေတဲ့ ပြည်သူတွေကို ကူညီ ရာရောက်ပေလိမ့်မည်။
 ဒီလို ကျပ်တည်းနေချိန်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ စီးပွား ရေးနည်းလမ်းတွေ ပိတ်ပင်မည့်ကိစ္စမျိုးကိုတော့ လက်ရှောင်တာ ကောင်းပါတယ်။ တစ်ဦးတစ်ယောက်ကောင်းစားရေးထက် လူအများ ကောင်းစားရေး ဦးစားပေးသင့်ပါတယ်။ ရန်ကုန်မှာ ကျောင်းကား ပိုင်ရှင်တွေမှာ ညာမောင်းဘဲရှိတာကို ဘယ်မောင်းပဲလုပ်ရမည်ဆို၍ ကျောင်းကားပိုင်ရှင်တွေ စီးပွားပျက် သွားခဲ့ပါတယ်။ အခုအချိန်မှာ ဒီလိုမျိုှးနြ တွေကို အညွန့်ချိုးသလိုဖြစ်သွားစေမည့်ကိစ္စတွေ ရှောင် ကြဉ်သင့်ပါတယ်။ တိုင်းပြည်စီးပွားကောင်းလာချိန်မှာ တင်းကျပ်တာက တော့ မပြောလိုပါ။ ယခု လက်ရှိတာဝန်ရှိသူတွေအနေနဲ့ အချိန် ၂ နှစ်ပြည့်တော့မှာပါ။ နောက်ထပ် ၃ နှစ်ကျော်ပဲ လိုပါတော့တယ်။ အချိန်မီပြင်ပြီး ဖြေလျော့ပေးရင် အချိန်ရပါသေးတယ်။ အချိန်မီမပြင်၊ အချိန်မီမဖြေ လျှော့လို့ တိုင်းပြည်စီးပွားရေး Domino Effect  လိုမျိုး ဆက်တိုက်ပြိုလဲမှ ပြင်ရင် အချိန်မမီတော့ပါဘူး။ ပြည်သူတွေရဲ့ အစာ အိမ်ကို ထိခိုက်လာရင်တော့ တန်ပြန်သက်ရောက်မှုတွေ အနည်းနဲ့အများ ရှိလာမှာပါ။ ဘယ်သူမှ ကိုယ့်အစာအိမ် ထိခိုက်လာရင် အကောင်းမြင်မှာ မဟုတ်ပါဘူး။ ဝင်ငွေနည်း ဆင်းရဲသားအများစုရှိတဲ့ မြန်မာပြည်မှာ မဲရဖို့ စိန်ခေါ်ခံရမှာ သေချာပါတယ်။ ဆရာအောင်သင်းပြောသလို တိုင်း ပြည်အုပ်ချုပ်တာ မခက်ပါဘူး။ ဘယ်သူက တတ်တယ်ဆိုတာသိ ဖို့နဲ့ ဒီလူတွေကို အသုံးချတတ်ဖို့ပဲလိုပါတယ်။ ပြည်သူတွေရဲ့အသံကို နား ထောင် ဖို့လိုပါတယ်။ လုပ်ငန်းရှင်တွေက အလုပ်မရပ်အောင် မနည်း ကြိုးစားနေရတယ်။ ထပ်တိုးချဲ့ဖို့ဆိုတာ စဉ်းစားလို့မရဘူး။ လက်ရှိ အလုပ်ပြုတ် မသွားအောင်တောင် မနည်းလုပ်နေရပါပြီ။
 အခြေအနေမှန်တွေကို မြေပြင်ကွင်းဆင်း Surveyလုပ်ပြီး သက်ဆိုင်ရာPolicy Maker တွေကို အမှန်အတိုင်း တင်ပြချိန်တန် ပါပြီ။ ပညာရှင်တွေကလည်း သီအိုရီ တစ်ခုတည်းမဟုတ်ဘဲ တကယ် ထိရောက်မည့် မဟာဗျူဟာတွေကို စိတ်ရင်းစေတနာမှန်နဲ့တင်ပြချိန် တန်ပါပြီ။ အချိန်သိပ်မရှိတော့ပါဘူး။ တွေဝေနေရမည့်အချိန်လည်း မဟုတ်တော့ပါဘူး။ ဘယ်လိုအန္တရာယ်ရှိတယ်ဆိုတာ ကျွမ်းကျင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ စီးပွားရေးပညာရှင်တွေ သိပါတယ်။ ဒီနေရာမှာ လုပ်သင့်လုပ်ထိုက်တာကို လုပ်သင့်ပါတယ်။ အဖြေမထွက်ရင်တော့ ၂၀၂၀ အထိပဲ အချိန်ရမည့် စာမေးပွဲပါ။ ပြည်သူတွေဆိုတာ ကိုယ့်ရဲ့ စားဝတ်နေရေးထိခိုက်လာပြီဆိုရင်တော့ ၂၀၂၀မှာ ပြည်သူတွေရဲ့ ပကတိ ခံစားချက်ကို တွေ့မြင်ရမှာပါ။

https://m.facebook.com/story.php?story_fbid=1615494531830437&id=680238028689430

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ မြန်မာ့စီးပွားရေးတိုးတက်ဖို့ ပြင်သင့်ပြင်ထိုက်သည်ကို အချိန်မှီပြင်ခြင်း မပြင်ခြင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲ”

Post a Comment

Related Posts Plugin for WordPress, Blogger...