Tuesday, January 23, 2018

FDA ဝန်ထမ်း အမျိုးသမီး အဓမ္မကျင့်အသတ်ခံခဲ့ရဟု မိသားစုပြော အမှုကို စီအိုင်ဒီပါ ပေါင်းစစ်နေ

,
အသတ်ခံရသော FDA ဝန်ထမ်းအမျိုးသမီးသည် အဓမ္မ ပြုကျင့်ခံရပြီးနောက် သတ်ဖြတ်ခံ ရကြောင်း ဆေးစစ်ချက်များအရ သိရသည်ဟု မိသားစုဝင်တစ်ဦး ကပြောကြားသည်။
ဇန်နဝါရီ ၂၂ ရက် နံနက် ၉ နာရီမှ ၁၂ နာရီ အထိ မြောက်ဥက္က လာပဆေးရုံတွင် ရင်ခွဲစစ်ဆေးပြီး နောက် မိသားစုဝင်များကို ငါးမိနစ်ခန့် အလောင်းကြည့်ရှုခွင့် ပေးခဲ့ကြောင်း သေဆုံးသူနှင့် တစ်အိမ် တည်းနေထိုင်သူအစ်ကိုဝမ်းကွဲက ဆိုသည်။

‘‘အလောင်းကိုတော့ မထိ ခိုင်းဘူး။ မိန်းမအင်္ဂါနဲ့ နောက်စ အိုဘက်တွေကို ထိုးသွင်းထားတဲ့ ဒဏ်ရာတွေ တွေ့ရတယ်။ ခုလို ရက်ရက်စက်စက် ဘာကြောင့် သတ်ရတာလဲဆိုတာတော့ မသိရ သေးဘူး။ ရဲတပ်ဖွဲ့ကတော့ စုံစမ်း စစ်ဆေးနေတယ်လို့ ပြောတယ်’’ ဟု ၎င်းကပြောသည်။

 အမှုနှင့် ပတ်သက်၍ မသင်္ကာသူအချို့ကို ခေါ်ယူစစ် ဆေးနေပြီး ဆေးစစ်ချက်များကို ရန်ကုန်အင်းစိန် (CID) ရဲဌာနသို့ ပို့ဆောင်ထားကြောင်း ရန်ကုန် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအ ရာရှိတစ်ဦးက ပြောသည်။

သေဆုံးသူ အမျိုးသမီးအ လောင်းကို ဇန်နဝါရီ ၂၃ ရက် (ယနေ့) ညနေ ၅ နာရီတွင် ရေဝေး သုသာန်၌ သင်္ဂြိုဟ်မည်ဖြစ်ပြီး အမှုကို မြောက်ဒဂုံရဲစခန်းက လူသတ်မှု၊ မုဒိမ်းမှုဖြင့် အမှုဖွင့်ကာ တရားခံကို ရှာဖွေနေသည်။

လူပျောက်တိုင်ထားသော FDA ဝန်ထမ်းအမျိုးသမီးငယ်၏ အလောင်းကို ဒဂုံမြို့သစ်မြောက် ပိုင်း (၃၃) ရပ်ကွက် ငမိုးရိပ်ချောင်းဘေးရှိ ဖူဆယ်အားကစားရုံအနီး ချောင်း ရေကျော်တံတားအစပ် တွင် ရပ်ကွက်နေ ပြည်သူတစ်ဦး က တွေ့ရှိပြီးနောက် ရဲစခန်းသို့ အကြောင်းကြားခြင်းဖြစ်သည်။

သေဆုံးသူ အသက် (၂၅) နှစ်အရွယ် အမျိုးသမီးသည် လည် ပင်းညိုမည်း၊ မျက်နှာဖူးရောင် ဒဏ်ရာများဖြင့် အောက်ပိုင်းအ ဝတ်မပါဘဲ သေဆုံးနေခြင်းဖြစ် သည်။

‘‘အိမ်ကထွက်သွားတဲ့နေ့က ဝတ်သွားတာက အလောင်းမှာ တွေ့ရတဲ့ အင်္ကျီနဲ့စကတ်အမည်း ပါ။ ရွှေဆွဲကြိုး၊ နားကပ်နဲ့ခြေ ထောက်မှာ ဖုချိန်းဝတ်ထား တယ်။ အဲဒါတွေပျောက်နေတယ်။ ပိုက်ဆံအိတ်ထဲမှာတော့  ငွေဘယ် လောက်ပါသွားလဲတော့ မသိဘူး။ လက်ကိုင်ဖုန်းနဲ့ မျက်မှန်လည်း ပျောက်နေပါတယ်’’ ဟု မိသားစု ဝင်တစ်ဦးက ပြောသည်။

အသတ်ခံရသော အမျိုး သမီးသည် ဇန်နဝါရီ ၁၉ ရက် ည ၁၁ နာရီတွင် နေပြည်တော်မှ ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ နေအိမ် သို့ ပြန်လည်ရောက်ရှိလာပြီး နောက် ဇန်နဝါရီ ၂၀ ရက် နံနက် ၌ အလုပ်ကိစ္စနှင့် နေအိမ်မှ ပြန်ထွက်သွားခဲ့သည်။

ဇန်နဝါရီ ၂၀ ရက် ညအထိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာ ခြင်းမရှိသဖြင့် ည ၁၁ နာရီကျော် တွင် မိသားစုက ဒဂုံမြို့မရဲစခန်း ၌ လူပျောက်အမှုဖွင့်တိုင်ကြားခဲ့ သည်။ သို့သော် လူပျောက်တိုင် ကြားပြီး ခုနစ်နာရီကျော်အကြာ ဇန်နဝါရီ ၂၁ ရက် နံနက်တွင် အ လောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

‘‘အခုထိတော့ သူ့အမှုကစစ် နေတုန်းပဲ။ စစ်နေတုန်းဆိုတာက တော့ စုံစမ်းဆဲပဲ။ အခုကိုယ့်ဝန် ထမ်းလည်းဖြစ်တယ်။ ဌာနရဲ့အ တွက်ကြောင့်မို့ လုပ်ကြံတာလိုလို၊ ဘာလိုလို သတင်းတွေက လျှောက်ပြီး ပလူတွေပျံနေတာ လေ။ အခုထိတော့ ဘာမှမသိရ သေးဘူး။ မုဒိမ်း၊ လူသတ်မှုလေ။ မုဒိမ်းကျင့်ပြီးမှ သတ်ထားတာ။ သတ်ပြီးတော့မှ အဲဒီဘက်ကို သွားပစ်တာပေါ့’’ ဟု နေပြည်တော်အ စားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေး ဦးစီးဌာနမှ (FDA) ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာထွန်း လင်းအောင်က ပြောကြားသည်။

အဆိုပါလူသတ်မှုသည် တစ်ဦးတည်း မဟုတ်ဘဲ အဖွဲ့လိုက် ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

‘‘သူက မာနကြီးပြီး အရမ်း စွာတဲ့ အထဲတော့ မပါဘူး။ အေး အေးဆေးဆေးသမားပဲ။ သဘော လည်းကောင်းတယ်။ ပေါင်းသင်းဆက်ဆံရေးရော  အထက်၊ အောက်  လူကြီးတွေအပေါ်မှာ ရော ရိုရိုကျိုးကျိုးရှိတယ်။  နာမည် ဆိုးမရှိတဲ့ဝန်ထမ်းပါ။ အဲဒီလိုဝန် ထမ်းကိုမှ  အခုလိုဖြစ်တယ်ဆို တော့  စိတ်မကောင်းဖြစ်ရပါ တယ်’’  ဟု ဒေါက်တာထွန်းလင်း အောင်က  ပြောသည်။

===========

7Day News Journal
ဖေအောင်/Lin Lin(မအူပင်)

ZN.H

https://m.facebook.com/story.php?story_fbid=383470655431775&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ FDA ဝန်ထမ်း အမျိုးသမီး အဓမ္မကျင့်အသတ်ခံခဲ့ရဟု မိသားစုပြော အမှုကို စီအိုင်ဒီပါ ပေါင်းစစ်နေ”

Post a Comment

Related Posts Plugin for WordPress, Blogger...