Saturday, January 13, 2018

တစ်တိုင်းပြည်လုံးကို မီးလောင်တိုက် ထပ်သွင်းအုံးမယ့် စစ်တပ်၏ အကြံယုတ်

,
တောင်ကုတ်မှာ ကြိုတင်ကြံစည်ပြီး သွေးအေးအေးနဲ့

အစုလိုက်အပြုံလိုက် အကြမ်းဖက်သတ်ဖြတ်မှုကြီးနဲ့

အင်းဒင်မှာ ကြိုတင်ကြံစည်ပြီး သွေးအေးအေးနဲ့

အစုလိုက်အပြုံလိုက် အကြမ်းဖက်သတ်ဖြတ်မှုကြီးကို

တစ်ယောက်တည်း တစ်ဖွဲ့တည်းက လုပ်တာ၊ ရေးတာဖြစ်နိုင်တယ်။

တိုင်းပြည်မီးလောင်တိုက်သွင်းအုံးမယ့် အကြံယုတ်လည်း ထပ်တူပါပဲ။

မသီတာထွေးအသတ်ခံရမှုရဲ့ အဓိကတရားခံ ကိုထက်ထက်က ရခိုင်လူမျိုး။ သူ့ကို ထောင်ထဲမှာ ကိုယ့်ကိုကိုယ် သတ်သေတယ်ဆိုပြီး သတ်ပစ်လိုက်တယ်။

မသီတာထွေး အသတ်ခံရစဉ် ကိုထက်ထက်က ကျမနဲ့အတူရှိနေပါတယ်ဆိုတဲ့ သူ့ဇနီး ရခိုင်အမျိုးသမီးရဲ့ အလောင်းကို ရေတွင်းထဲမှာ တွေ့ရတယ်။

မသီတာထွေးဟာ မုဒိန်းကျင့် မခံရဘူးလို့ သူ့အလောင်းကိုစစ်တဲ့ ဆရာဝန် ဒေါက်တာအောင်စစ်ထွန်း ပြောခဲ့ကြောင်းကို ကိုဇာဂနာက ဒေါက်တာဇာနည်ကို ပြောခဲ့တယ်။ ဒေါက်တာဇာနည်ရဲ့ ကိုဇာဂနာထံရေးတဲ့ အီးမေး(၂၀၁၃ ဇွန် ၈)ကိုလည်း ပူးတွဲတင်ပေးထားတယ်။

ထိုင်းမှာ အင်္ဂလန်လူငယ်စုံတွဲကို မုဒိန်းကျင့် သတ်ဖြတ်ခဲ့တဲ့ ရခိုင်တွေအတွက် အထောက်အထား အသည်းအသန်ရှာနေတဲ့ ရခိုင်အစွန်းရောက်တွေက မသီတာထွေးသတ်မှုကို စစ်စရာမလိုပဲ အခုထုတ်ပေး၊ အခုသတ်မယ်လို့ တောင်းဆိုခဲ့တယ်။

လူသတ်မုဒိန်း ရခိုင်နှစ်ယောက်ကို အပြင်းအထန် ကာကွယ်နေတဲ့ စစ်တပ်ကလည်း မသီတာထွေး သတ်မှုကျတော့ လိုပြသက်သေမရှိ၊ အထောက်အထားမဲ့နဲ့ သေဒါဏ် အပြစ်ပေးခဲ့ကြတယ်။

မသီတာထွေး ဖြစ်ရပ်မှန်ကို ပြန်တင်ပေးလိုက်တယ်။

နာဇီစစ်တပ်နဲ့ နာဇီမစုကြည်ကို သတိထားကြ။

သူတို့ကြောင့် ဒီမိုကရေစီလည်း မရ။

ဖက်ဒရယ်လည်း မဖြစ်။

တိုင်းပြည်သာ ပျက်စီးမယ်။

=============

သီတာထွေး အဖြစ်မှန်

အမှန်တရားကို ချစ်တဲ့ မြန်မာပြည်သူများ၊ သိက္ခာသမာဓိက မြတ်နိုးတဲ့ မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီးများ၊ ကမ္ဘာသူ ကမ္ဘာသားများ သိစေဘို့၊ ရမ်းဗြဲမြို့နယ် သပြေချောင်းကျေးရွာမှ မသီတာထွေးရဲ့ ဖြစ်ရပ် မှန်ကို တင်ပြလိုက်ပါမယ်။
(ကျွန်တော်ဟာ ကျောက်နီမော်ကျေးရွာမှာ အကိုဖြစ်သူ ကိုသက်လွင်ဦးနဲ့အတူ အလယ်တန်း အထက်တန်းကလေးများကို စာသင်ပေးခဲ့တဲ့ ကျောင်းဆရာ တစ်ဦး ဖြစ်လို့ ရခိုင် ကလေးထဲကရော မွတ်ဆလင်ကလေးထဲကပါ၊ ချစ်ခင်လေးစားတဲ့ ဆရာတစ်ဦးအဖြစ် အသိမှတ်ပြုတဲ့ တပည့်ပေါင်း များစွာ ရှိပါတယ်။ ဒီသတင်းကို ကိုယ်တိုင် လေ့လာပြီး တင်ပြခြင်း ဖြစ်ပါတယ်။)
၂၈.၀၅.၂၀၁၂။ - ညနေ ၅း၃၀ မှ ရးဝဝ ကြားမှာ သပြေချောင်းကျေးရွာသူလေး မသီတာထွေးဟာ ကျောက်ထရံကျေးရွာထိပ်မှာရှိတဲ့ ပရဟိတဘုန်းကြီးကျောင်းနဲ့ မကျေးကုန်းကျေးရွာ ကြားမှာပစ္စည်းလု အသတ်ခံရ ပါတယ်။
၂၉.၀၅.၂၀၁၂ မနက်ခင်းဈေးရောင်းဘို့ လာကြတဲ့ ဈေးသည်များက မသီတာထွေးရဲ့ အလောင်းကို တွေရှိခဲ့တယ်။ အခြားရွာသား အဖိုးကြီးတစ်ဦးက မိမိသည် ကျောက်နီမော်ရွာမှ မိမိရွာကိုအပြန် ကျောက်ထရံရွာနဲ့ ပရဟိတဘုန်းကြီးကျောင်းကြား လောက်မှာ လူငယ်သုံးယောက်ကို တွေ့ခဲ့ကြောင်း ရဲစခန်းအားသတင်းပို့ ပါတယ်။
ပရဟိတဘုန်းကြီးကျောင်းဟာ ကျောက်ထရံရွာနဲ့ မကျေးကုန်းရွာကြားမှာ ရှိပြီး အဖိုးအိုမှ မွတ်ဆလင် လူငယ် ၃ ဦးအား ညနေ ၃း၃၀ ခန့်မှာ ကျောက်ထရံရွာနဲ့ ပရဟိတဘုန်းကြီးကျောင်းကြားရှိ လယ်ကွင်းပြင်မှာ တွေ့ခြင်း ဖြစ်လို့ နေရာက လွဲနေတဲ့ အပြင်၊ အဲ့ဒီ လူငယ်၃ဦးဟာ ညနေ ၄ နာရီကျော် မှာ ကျောက်ထရံရွာတွင်း နေအိမ်သို့ ပြန်ရောက်နေပြီ ဖြစ်တယ်။ မသီတာထွေးက ညနေ ၅နာရီခွဲနဲ့ ၇နာရီလောက် အတွင်းလောက်မှာ ပစ္စည်းလု အသတ်ခံရတာ ဖြစ်တယ်။
ကျေးရွာဥက္ကဋ္ဌ ဦးသိန်းထွန်းနဲ့ စခန်းမှုး ဦးသောင်းထွေးတို့ အဖွဲ့ ကျောက်ထရံရွာကို ရောက်လာပြီး ဒီကလေးတွေကို မေးမြန်းဘို့ ရွာသူကြီးတွေဆီမှာ အကူအညီ တောင်းခံတယ်။ ရွာသူကြီးများ အကူအညီနဲ့ ပထမ ကလေးနှစ်ယောက်ကို ခေါ်ပြီး ဥက္ကဋ္ဌဦးသိန်းထွန်းအိမ်မှာ စစ်ဆေးခဲ့တယ်။
အဲ့ဒီ အချိန်မှာ အချိန်- RNDP ဒေသခေါင်းဆောင် ညီပုနဲ့ အဖွဲ့ လူ ၁၀၀ လောက်က ဥက္ကဋ္ဌအိမ်ကို ရောက်လာပြီး လူငယ်နှစ်ဦးအား သူတို့လက်သို့ အပ်ရန် အော်ဟစ်တောင်းဆိုခဲ့တယ်။ ဒါပေမယ့် ဥက္ကဋ္ဌမှ လူငယ်နှစ်ဦးအား အသေအချာ မေးမြန်းပြီး၊ လူငယ်နှစ်ဦးမှာ ပြစ်မှု ကျူးလွန်ခြင်း အထောက် အထားမရှိကြောင်း၊ သူတို့နှစ်ဦးမှာ အပြစ်ရှိတယ်လို့ မယုံကြည်ကြောင်းပြောပြီး လူငယ်နှစ်ဦးကို ပြန်လွှတ်ပေးလိုက်တယ်။ ဒါကို မကျေနပ်လို့ RNDP ဒေသခေါင်းဆောင် ညီပုတို့က ဆူပူသောင်းကျန်းလို့ ၀ရုန်းသုန်းကား ဖြစ်ခဲ့ရတယ်။
ရဲစခန်းက နောက်ထပ်လူငယ်နှစ်ဦးကို ထပ်မံဖမ်ဆီးပြီး စစ်ဆေးပြန်တယ်။ နောက်လူငယ် နှစ်ဦးက ဗမာစကား အားနည်းမှုကြောင့် မွတ်ဆလင် လူလတ်ပိုင်း တဦးကို စကားပြန် ဆောင်ရွက်စေခဲ့တယ်။ ထိုနှစ်ဦးအား စစ်ဆေးရာ ထက်ထက် (ထောင်ထဲတွင် နှတ်ပိတ်သတ်ခံလိုက်ရသူ) နှင့် သူတို့ နှစ်ဦး (ပေါင်းသုံးဦး)ဟာ၊ ကျောက်ထရံရွာနဲ့ ပရဟိတ ဘုန်းကြီးကျောင်းကြားရှိ လယ်ကွင်းမှာ ငှက်ထောင်ရန် သွားခဲ့ကြောင်း ညနေ ၄ နာရီကျော်မှာ ရွာထဲမှာပြန်ရောက်နပြီ ဖြစ်ကြောင်း ထွက်ဆိုတယ်။ (၂၉၊ ၅၊ ၂၀၁၂ နေ့မှာ ထက်ထက်ဟာ မိသားစု ကိစ္စအမှုတစ်ခုနဲ့ မိခင်နဲ့အတူ ရမ်းဗြဲမြို့-ရုံးချိန်းကို ဆိုင်ကယ်နဲ့ သွားခဲ့တယ်။)
စခန်းမှုးက လူငယ်နှစ်ဦးအား နောက်ထပ် အနည်းငယ်စစ်ဆေးရန် ကျန်သေးကြောင်း၊ စစ်ဆေးပြီးရင် ပြန်လွှတ်လိုက်မယ်ဆိုပြီး စကားပြန်ကို ပြန်စေခဲ့ပြီး လူငယ်နှစ်ဦးကို ခေါ်ထားလိုက်ပါတယ်။ စကားပြန် ပြန်လာပြီး မကြာခင်မှာဘဲ၊  ရဲစခန်းက မွတ်ဆလင်ရွာထဲကို လာပြီး- ကောင်လေးတွေက အပြစ်ရှိတယ်လို့ ၀န်ခံကြောင်း- သူတို့ရဲ့ ၀န်ခံမှုက
၁။ သူတို့ဟာ သီတာထွေးကို ဖမ်းဆီးချုပ်နှောင်ပြီး တောစပ်ထဲကို ခေါ်သွားကြောင်း
၂။ ပြီးတော့ သူတို့က အလှည့်ကျ မသီတာထွေးကို အဓမ္မပြုကျင့် ကြောင်း- အဓမ္မပြုကျင့်နေစဉ် သူတို့ကိုယ်တိုင်ပဲ MP4 နဲ့ မှတ်တမ်းတင်ထားကြောင်း (ရဲတွေက MP4 နဲ့ ရိုက်ကူး မှတ်တမ်းတင်ထားတကို ကြည့်ပြီးပြီ ဖြစ်လို့ တရားခံတွေဟာ သေချာကြောင်း)၊ ရွာသား တွေကို ပြောခဲ့တယ်။
၃။ မသီတာထွေးရဲ့ လက်ဝတ်လက်စားတွေကို ယူပြီး သူမကိုဓါးနဲ့ ထိုးသတ်ပြစ်ခဲ့ကြောင်း-
၎။ ထက်ထက်က ရမ်းဗြဲမြို့မှာ ရွှေတွေသွားရောင်းနေတယ်။ ပြန်လာရင်သူတို့ တစ်ယောက်စီကို တစ် ယောက် ၃၀၀၀၀ ကျပ်စီ ပေးမယ်လို့ ပြောသွားကြောင်း-
၅။ သူတို့ နှစ်ယောက် မလုပ်ဘူးလို့ ငြင်းတာကို ထက်ထက်က မင်းတို့မလုပ်ဘူးဆိုရင် မင်းတို့ကို ငါအရင်ထိုးသတ်မယ်လို့ ခြိမ်းခြောက်တာကြောင့် ထက်ထက်ခိုင်းတဲ့အတိုင်း သူတို့ လုပ်ခဲ့ရကြောင်း၊ ထွက်ဆိုတယ်လို့ ရဲတွေက ပြောခဲ့တယ်။
ရဲတွေကိုယ်တိုင်က MP4 မှတ်တမ်းကို ကြည့်ပြီးပါပြီ ဆိုတော့ ရွာသားတွေမှာလည်း ဘာမှ မပြောနိုင်ခဲ့ပါ။
မကြာခင်မှာဘဲ ထက်ထက်ကို တရားခံသက်သေ ပစ္စည်းများ (ထိုးသတ်တဲ့ ဓါးနဲ့ ပစ္စည်းများကို) ရမ်းဗြဲမြို့မှာ လက်ပူးလက်ကျမိပြီ ဆိုတဲ့ သတင်းထွက်လာတယ်။ တစ်ပြိုင်နက်မှာ ကျောက်နီမော်ရဲ စခန်းရှေ့မှာ RNDP ဦးဆောင်တဲ့ လူအုပ်ကြီး ရောက်လာပြီး ဖမ်းထားတဲ့ ကောင်လေးနှစ်ယောက်ကို လူထုရှေ့မှောက်မှာ တရားစီရင်မယ် ခုချက်ချင်းထုတ်ပေးဆိုပြီး တောင်းဆိုတော့တယ်။ ထိန်းမနိုင် သိမ်းမရ ဖြစ်နေလို့ နောက်ဆုံးမှာ ရဲစခန်းက သေနတ်ဖောက်ပြီးလူ စုခွဲလိုက်ရတယ်။
နောက်နေ့မှာ ကောင်လေး နှစ်ယောက်ကိုရမ်းဗြဲကို ခေါ်သွားတယ်။ ရမ်းဗြဲရဲစခန်းကိုပါ လူတွေ လာဝိုင်းတော့တယ်။ နောက်ဆုံးမှာ ကောင်လေး သုံးယောက်လုံးကို ကျောက်ဖြူကို ခေါ်သွားခဲ့ပြီး ကျောက်ဖြူထောင်ထဲမှာ ထည့်ထားခဲ့တယ်။
အဓမ္မတရားခံအဖြစ် ဓားစာခံသုံးယောက်ကို ဆွဲထားဘို့ အတွက်-၊ ဒေသဆိုင်ရာ RNDP ခေါင်းဆောင် ဦးပုရဲ့ လက်ရုံး စံပြရပ်ကွက် လူငယ်သာရေးနာရေး အဖွဲ့ခေါင်းဆောင် မြသောင်းက ရဲစခန်းကို သွားခဲ့ပြီး စခန်းမှုး သောင်းထွေးကို လာဘ်ထိုးစည်းရုံးပြီး “စစ်ဆေးဘို့ ခေါ်ထားတဲ့ ကောင်လေးနှစ်ဦးကို စာရွက်အဖြူပေါ်မှာ အတင်းအဓမ္မ လက်မှတ် ရေးထိုးစေခဲ့တယ်။
ပြီးတော့ စခန်းမှုးသောင်းထွေးနဲ့ မြသောင်း အကွက်ချပြီး- တရားခံနှစ်ဦးထံမှ ထွက်ဆိုချက်ဆိုတဲ့ ဇတ်လမ်းကို စိတ်ကြိုက်ရေးသားဖန်တီးခဲ့တယ်။ ဒီအတွက် ကုန်ကျစားရိတ်အားလုံးကို RNDP ညီပုက ပေးခဲ့တယ်။
ကျောက်ဖြူမှာ စွပ်စွဲခံ တရားခံလေးများကို ပထမအကြိမ် ရုံးထုတ်တော့၊ တရားရုံးမှာ အဖြစ်မှန်ကို ကောင်လေးတွေက ပြောခဲ့ပြီး၊ သူတို့မှာ အပြစ်မရှိကြောင်း၊ တရားခံအဖြစ် ၀န်မခံနိုင်ကြောင်း ရုံးတော်မှာ ပြောခဲ့တယ်။ ဒုတိယ အကြိမ် စုံစမ်းစစ်ဆေးရေး အဖွဲ့ရှေ့မှာ စစ်ဆေးပြန်တော့လည်း ထက်ထက်က ရဲရဲဝံ့ဝံ့ပင် အဖြစ်မှန်အားလုံးကို လူကြီးတွေရှေ့မှာ ထပ်ဆင့်ပြောပြပြန်တယ်။
တရားသူကြီးနဲ့ ရဲတွေက မပြောပါနဲ့လို့ အကြိမ်ကြိမ်တားမြစ်ခဲ့တယ်။ ဒီလိုတားမြစ်တဲ့ ကြားထဲက၊ သူက အချုပ်ထဲမှာ အကြိမ်ကြိမ် ရိုတ်ထောင်းနှိပ်စက်ပြီး အတင်းအဓမ္မ ဝန်ခံခိုင်းကြောင်းကိုပဲ ထပ်ဆင့် ပြောခဲ့ပါတယ်။
အဲ့ဒီ ညမှာပဲ- ထောင်ထဲမှာ ထက်ထက်တစ်ယောက် အသတ်ခံလိုက်ရပါတော့တယ်။ ရုပ်အလောင်းကို ကျောက်ဖြူမြို့က အာမာရာပါရာ မွတ်ဆလင်သုတ်သန်မှာ အာဏာပိုင်များရဲ့ စေခိုင်းချက်အရ မွတ်ဆလင် လေးဦးက သူ့ရုပ်အလောင်းကို သင်္ဂြိုလ်ပေးခဲ့ရတယ်၊ အလောင်းမှာ မြင်မကောင်းလောက်အောင် ဒဏ်ရာတွေ ပြည့်နှက်နေပါတယ်။
မသီတာထွေးရဲ့ ရုပ်ကလပ်ကို ဆရာဝန် ဦးအောင်စစ်ထွန်းက ဆေးစစ်ချက်ယူခဲ့တယ်။ မသီတာထွေးဟာ ဓားဒဏ်ရာသက်သက်နဲ့ သေဆုံးခဲ့တာ ဖြစ်ပြီး၊ အဓမ္မပြုကျင့်ခံရတဲ့ လက္ခဏာ မရှိဘူးလို့ ဆေးစစ်ချက်မှာ ဆိုထားတယ်။ ပြီးတော့ ရုပ်အလောင်းကို ပြန်ယူသွားပြီး သင်္ဂြိုလ်မြေချနိုင်ပြီလို့ ပြောခဲ့တယ်။
RNDP ညီပုနဲ့ သူ့လက်ရုံးများက ဆေးရုံးကို လူအုပ်နဲ့ သိမ်းပိုက်လိုက်ပြီး၊ ရုပ်အလောင်းကို သင်္ဂြိုလ်ခွင့်မပြုဘဲ၊ သုံးရက်တိတိ ပြထားပြီး၊ အနယ်အနယ်အရပ်ရပ်ကို ဆက်သားလွှတ်ကာ ကုလားတွေ မုဒိန်းကျင့်လို့ သေဆုံးရတဲ့ ငါတို့ ရခိုင်သမီးပျိုလေးရဲ့အဖြစ်ကို လာကြည့်ကြလို့ လူထုစည်းရုံးပါတော့တယ်။
ပြီးတော့ ရောက်လာတဲ့ လူထုပရိသတ်ကိုလည်း ကုလားတွေကို ဒီနယ်မြေက မောင်းထုတ်ပစ်ရမယ်ဆိုပြီး၊ မွတ်ဆလင် ဆန့်ကျင်ရေး မိန့်ခွန်းတွေကို ဟောကြားစည်းရုံးပါတော့တယ်။ နောက်ဆုံး ခရိုင်ရုံးမှ အမိန့်ပေးတော့မှ- အလောင်းကိုသင်္ဂြိုလ်ခဲ့ပါတော့တယ်။
အလောင်းကို မှတ်တမ်းတင်ဘို့ ဓါတ်ပုံဆရာ ခိုင်မြင့်အောင်ကို ရဲစခန်းက ခေါ်ယူခဲ့တယ်။ ဒီဓါတ်ပုံကို ခိုင်မြင့်အောင်နဲ့ မောင်မောင်ဦးတို့ နှစ်ယောက်က ဓါတ်ပုံပညာ၊ ကွန်ပြူတာပညာနဲ့ လူအမြင်မတော်အောင် ဖန်တီးလိုက်ပြီး၊ မွတ်ဆလင် ဆန့်ကျင်ရေးအတွက် အသုံးချလိုက်ပါတော့တယ်။ ပေါက်တောမြို့ဇာတိ NLD စည်းရုံးရေးမှု။ အောင်ဇံဝေက ရမ်းဗြဲမြို့ အင်တာနက်ဆိုင်မှ တစ်ဆင့် ဒီဖန်တီးပြီး ဓါတ်ပုံများကို ရခိုင်သတင်းဌာနများကို ပေးပို့ခဲ့တယ်။ ပြည်ပသတင်းဌာနများနဲ့လည်း အင်တာဗျူးများ ပြုလုပ်ခဲ့တယ်။
ပြီးတော့ အောင်ဇံဝေဟာ တောင်ကုတ်မြို့ကို တက်သွားပြီး၊ ဝံသာနုရက္ခိတ အသင်းနဲ့ ပူးပေါင်းကာ မွတ်ဆလင် ဆန့်ကျင်ရေးများ စည်းရုံးလှုံ့ဆော်ခဲ့တယ်။ ကျောက်နီမော်ရွာကို မြန်မာပြည်မမှ လာတဲ့ ကုန်ပစ္စည်းများက တောင်ကုတ်မြို့ကို ဖြတ်ပြီး သယ်ယူရတဲ့အတွက်၊ တောင်ကုတ်မြို့ကို ရောက်ပြီးဖြစ်တဲ့ ကျောက်နီမော်ရွာက ကုန်သည်များရဲ့ ပစ္စည်းများကို ဆက်လက်သယ်ယူခွင့် မပြုခဲ့ဘူး။ တောင်ကုတ်မြို့မှ- ကျောက်နီမော်ရွာအတွက် ကုန်ပစ္စည်း ကိုယ်စားလှယ်လုပ်ငန်း လုပ်ဆောင်သူ ရခိုင်ဗုဒ္ဓ ဘာသာဝင် ဦးလှရွှေကိုလည်း မွတ်ဆလင်တို့ရဲ့ ပစ္စည်းများကို မပို့ရဘူးလို့ လူအုပ်နဲ့ အတင်းခြိမ်းခြောက်ခဲ့တော့တယ်။ တောင်ကုတ်လူမှုဟာ NLD အောင်ဇံဝေရဲ့ မီးစနဲ့ စတင်ခဲ့ခြင်းဖြစ်တယ်။ ဒီနေ့ထိ အောင်ဇံဝေကို တရားခံအဖြစ် မတွေ့ရသေးပါ။
ဒါဆို မသီတာထွေးကို ဘယ်သူ သတ်သလဲ။
ဆရာဝန်ရဲ့ စစ်ချက်မှာ မသီတာထွေးရဲ့ ဓားဒဏ်ရာများဟာ သေစေနိုင်တဲ့ သေချက်တည့်တည့်ကို ထိုးတာကြောင့် အတွေ့အကြုံရှိတဲ့သူက ထိုးတဲ့ ဓါးချက် ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့တယ်။ ရိုးသားပြီး အမှန်ကို ကြိုက်တဲ့ ရခိုင်ဗုဒ္ဓဘာသာများ အပါအဝင် လူအများက တရားခံအစစ်လို့ သံသယ ဖြစ်နေသူက ရခိုင်ဗုဒ္ဓဘာသာ ညီအစ်ကိုနှစ်ဦး ဖြစ်တယ်။ သူတို့ ညီအစ်ကို နှစ်ဦးဟာ မသီတာထွေး အမှုမဖြစ်မှီ သုံးရက်အလိုမှ သူတို့ရဲ့ အဖေ ဦးမောင်သောင်းစိန်ကို ဓားနဲ့ခုတ်ပြီး ထွက်ပြေးခဲ့တယ်။ ဒီနှစ်ယောက်ထဲက အကြီးလူက လူသတ်မှုနဲ့ ထောင်ကျခဲ့ဘူးသူ ဖြစ်တယ်။ သူတို့မှာ ထွက်ပြေးဘို့ စားရိတ်မရှိလို့ နေဝင်ရီတရောအချိန်မှာ မိန်းမငယ်တစ်ဦးတည်း လက်ဝတ်လက်စားများနဲ့ တွေ့တော့၊ သူ့ကိုသတ်ပြီး ပစ္စည်းများ ယူသွားတာ ဖြစ်တယ်လို့၊ လူအများက မှတ်ချက်ချနေကြတယ်။ ဒါပေမယ့် ရဲစခန်းက အခုအချိန်ထိ တရားခံအစစ်ကို မဖမ်းနိုင်သေးပဲ၊ အတင်းအဓမ္မစွပ်စွဲတဲ့ တရားခံကိုသာ အမှုနဲ့ ဘာမှမဆိုင်တဲ့တစ်ဦးကို နှတ်ပိတ်ရိုတ်သတ်၊ နှစ်ဦးကို သေဒါဏ် ပေးလိုက်ပါတော့တယ်။
ဒါတွေကို ဗဟိုအစိုးရက တစ်ကယ်မသိတာလား။ မသိဟန်ဆောင်နေတာလား။ RNDP ညီပုရဲ့ လူမျိုး ရေး မုန်းတီးမှု လှုံ့ဆော်ချက်များကို အားပေးထောက်ခံနေတာလား။ စခန်းမှုက လာ့ဘ်စားပြီး မွတ်စလင်များကို ရာဇဝင်လူဆိုးများအဖြစ် သတ်မှတ်လိုက်တာကို ပီတိဖြစ်နေတာလား။ NLD အောင်ဇံဝေကို အစိုးရနဲ့ NLD မျက်နှာပျက်မှာ စိုးလို့ လွှတ်ပေးထားတာလား။
သို့မဟုတ်
မွတ်ဆလင် မျိုးပြုတ် သုတ်သင်ရေးအတွက် “လုပ်ကြံဖန်တီးမှုများမှာ” ညီညွတ်နေတာလားဆိုတာ အမှန်ကို ချစ်ခင်သူများ ဆင်ခြင်နိုင်ပါစေ။

စိုင်းသီဟ

https://www.facebook.com/Cincds/posts/1568080199979506

https://m.facebook.com/story.php?story_fbid=1600688293342369&id=100002036403855

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ တစ်တိုင်းပြည်လုံးကို မီးလောင်တိုက် ထပ်သွင်းအုံးမယ့် စစ်တပ်၏ အကြံယုတ်”

Post a Comment

Related Posts Plugin for WordPress, Blogger...