Thursday, July 26, 2018

လူမျိုးအ​ခြေပြု နိုင်​ငံ​တော်

,
မြန်​မာနိုင်​ငံ​တော်​အစိုးရအဆက်​ဆက်​ လူမျိုး​ရေးခွဲခြား ဘာသာ​ရေးခွဲခြားခဲ့ကြပြီး လူမျိုးအ​ခြေပြု နိုင်​ငံ​တော်​ကို တည်​​ဆောက်​ခဲ့ကြတာက​တော့သမိုင်းအ​ထောက်​ထားခိုင်​လုံပါတယ်​။နိုင်​ငံသားအ​ခြေပြု နိုင်​ငံ​တော်​ကိုတည်​​ဆောက်​ခဲ့တဲ့သမိုင်း​ကြောင်းက ဘယ်​တုန်းက ဘယ်​​ခေတ်​မှာမှ မရှိခဲ့ဘူး။လူတစ်​​ယောက်​ကိုစမြင်​တာနဲ့ ဒါဗမာ၊ဒါဟလယ်​၊ဒါတရုတ်​၊ဒါယန်
ကီးစသဖြင့် လူမျိုးနဲ့တွဲမြင်​တတ်​ကြတဲ့ဗီဇကလာတာ။အုပ်​ချုပ်​သူဆိုတာလည်း ဒီလူမျိုး​တွေထဲက ပဲ လုယက်​ပြီးတက်​အုပ်​ချုပ်​ခဲ့ကြတာမလား။အစိုးရဖြစ်​ဖို့ ဘာအရည်​အချင်း​တွေလိုအပ်​တယ်​ ဘယ်​လိုစွမ်း​ဆောင်​ချက်​​တွေရှိဖို့လိုသလဲ ဘာပညာ​ရေးမှတ်​တမ်း​တွေပြဖို့လိုတယ်​ စသဖြင့် တိုင်းတာခန့်​အပ်​တဲ့စနစ်​ဘယ်​တုန်းကမှမရှိဘူး။ဒါပုဂံက​နေယ​နေ့အထိပဲ။အာဏာကိုလုတယ်​။ပထမအစိုးရကိုသတ်​ပြီးကိုယ်​အစိုးရတက်​လုပ်​ခဲ့ကြတာပါ။လူထုဆိုတာလည်း ဒီအစိုးရနဲ့စရိုက်​တူဖြစ်ေ​နလို့ သာ ဒီစနစ်​မ​ပျောက်​သွားတာ​ပေါ့။

ဒီ​နေ့အစ္စလာမ်​ဘာသာဝင်​​တွေကိုနိုင်​ငံ​ရေးထဲထိုး​ကျွေးပြီး ​ခေတ်​သစ်​နိုင်​ငံ​ရေးလှည့်ကွက်​သုံး​နေတာအားလုံအသိပဲ။ဒါ​တွေ​အောင်​မြင်​​နေတာလည်း လူထုက ကျ​နော်​အထက်​မှာ
တင်​ပြခဲ့တဲ့စရိုက်​ရှင်​​တွေဖြစ်​​နေလို့ပဲ။မဟုတ်​ရင်​အာဏာရှင်​​တွေ နဖားကြိုးထိုးဖို့မဖြစ်​နိုင်​ဘူး။ကျ​နော်​​ပြော​နေကျစကားရှိတယ်​။အဲဒါက ၉၆၉ဒီမို ဆိုတဲ့​ဝေါဟာရပဲ။၉၆၉ဒီမိုဆိုတာ ဒီမိုက​ရေစီ​တော့ရချင်​တယ်​။ဒါ​ပေမဲ့ ကိုယ်​နဲ့လူမျိုး ဘာသာမတူတဲ့ လူသား​တွေကို ကိုယ်ရတဲ့အခွင့်အ​ရေးမ​ပေးချင်​သူ​ကို​ခေါ်တာပါ။ဒါမျိုးလက်​ရှိ​ဒေါ်စုရဲ့ NLDပါတီဝင်​​တွေထဲမှာ ၃ပုံ ၂ပုံ​လောက်​ရှိ​နေတာပါ။မယုံမရှိနဲ့။

ဝီရသူနဲ့အမြင်​​စောင်း​နေတဲ့ကတုံး​တော်​​တော်​များများက​ပြောတယ်​။အစ္စလာမ်​ဘာသာဝင်​​တွေကသိပ်​စည်းလုံးတာပဲတဲ့။သူတို့အမျိုးမှသူတို့အမျိုးတဲ့။တကယ်​သူတို့​ပြောသလို အစ္စလာမ်​ဘာသာဝင်​​တွေသာ အဲဒီလိုအမှန်​တကယ်​ဖြစ်​​နေရင်​ လက်​ရှိမြန်​မာပြည်​ဟာ အစ္စလာမ်​ဘာသာဝင်​​တွေရဲ့ လက်​ထဲလုံးဝဥဿုံကျ​ရောက်​သွား​လောက်​ပြီ။ဟိန္ဒူ​တွေ လုပ်​ငန်းခွင်​မှာသူ့လူမျိုးပဲခန့်​တယ်​။တရုတ်​ သူ့လူမျိုးပဲခန့်​တယ်​။အဆင့်မြင့်​နေရာ​တွေမှာသူ့လူမျိုးပဲ​ပေးတယ်​။ဒါ​ပေမဲ့ မြန်​မာပြည်​မွစ်​စလင်​ကျ​တော့ ဟလယ်​ ဆိုင်​မှာ အား​ပေးတာဆိုလို့ ထမင်းစားတာတစ်​ခုပဲပြစရာရှိတယ်​။အစ္စလာမ်​ပိုင်​လုပ်​ငန်းခွင်​တိုင်းကိုသွားကြည့်။အစ္စလာမ်​ဘာသာဝင်​ကိုမြင်​ရဖို့မရှိဘူး။အစ္စလာမ်​ဘာသာဝင်​ဆင်းရဲသား သူ​ဋ္ဌေးဖြစ်​သွားတာ သူတို့အမျိုးအစ္စလာမ်​ဘာသာဝင်​ရဲ့ ​ကောင်းမှုတစ်​ပြားသားမှမပါဘူး။သူ့ကြိုးစားမှု သူ့ကုသိုလ်​ကံနဲ့သူဖြစ်​တာ။ဒါ​ ကတုံး​တွေတစ်​ဖက်​သတ်​စွပ်​စွဲ​နေတာနဲ့ကွဲလွဲတဲ့အချက်​။ကိုယ်​တိုင်​ကွင်းဆင်း​လေ့လာပြီးမှစာ​ရေးတာ။ပေါက်​လွတ်​ပဲစားမ​ပြောဘူး။ဒါ​ကြောင့်​တော်​ရုံကတုံးထက်​ ကိုယ်​သာတယ်​။

နောက်​တစ်​ချက်​က မြန်​မာနိုင်​ငံနဲ့အစ္စလာမ်​ဘာသာဝင်​​တွေရဲ့ အခန်းကဏ္ဍပဲ။ဒီနိုင်​ငံသမိုင်းကို​ရေး​တော့မယ်​ဆိုရင်​ အစ္စလာမ်​မစ်​​တွေရဲ့ အခန်းကဏ္ဍကို ဖယ်​ပြီး​ရေးလို့မရဘူးဆိုတာ​လေး​တော့ သတိချပ်​ကြဖို့သတိ​လေး​ပေးပါရ​စေ။ပုဂံ​ခေတ်​က ​နေ ​ဒေါ်စု​ခေတ်​အထိ အစ္စလာမ်​ဘာသာဝင်​​တွေကိုလက်​ညိုးထိုးထိုးပြီးပြလို့ရတဲ့သာဓက အခိုင်​အမာရှိတယ်​။မြန်​မာနိုင်​ငံသမိုင်းမှာအစ္စလာမ်​ဘာသာဝင်​ရဲ့ သမိုင်းဆိုးကိုပြဖို့မရှိဘူး။ဒါ​ကြောင့်ပဲ သာကီစာ​ရေးဆရာခင်​မြဇင်​က ​သူ့​ဆောင်းပါးမှာ ​တောင်​တမန်​အင်းဟု​ခေါ်ပါဆိုပြီး ဦးပိန်​နဲ့ဘိုင်​ဆဗ်​ရဲ့ အပုပ်​​တွေကိုချပြီး မျက်​ရည်​ခြူ  ခဲ့တာ​ပေါ့။အဲ​တော့တစ်​ခုပဲ​ပြောမယ်​။ပုဂံမင်းနဲ့​သောက်​​ဖော်​​သောက်​ဖက်​ ဘိုင်​ဆဗ်​သာ သစ္စာမရှိခဲ့ရင်​ ပုဂံမင်းလည်​ပင်းလှီးပြီး ဘုရင်​တက်​လုပ်​တာကြာ​ပေါ့။အဲလိုသာဖြစ်​ခဲ့ရင်​ ပုသိမ်​မြို့ကို ပသီမွစ်​စလင်​​တွေတည်​​ထောင်​ခဲ့တဲ့သမိုင်းထက်​ ပိုကြီးကျယ်​သွားလိမ့်မယ်​။လူမျိုးခြား ရှင်​ဘုရင်​ကဗမာတစ်​မျိုးသားလုံးကို​ဖောက်​ထွက်​အုပ်​ချုပ်​ခဲ့တဲ့သမိုင်းက ​ဖျောက်​လို့မရ​အောင်​ကျန်​ရစ်​ခဲ့လိမ့်မယ်​။အ​ဖေကိုသတ်​ပြီးနန်းလုတဲ့သား​တွေ တူ​တွေ​ပေါ​သော​နေတဲ့​ခေတ်​ ဘုရင်​ကိုသတ်​ရင်​ဘုရင်​ဖြစ်​တယ်​ဆိုတဲ့​ခေတ်​မှာ ဘိုင်​ဆဗ်​အာဏာမသိမ်းခဲ့တာ ​ကျေးဇူးတင်​ပါလို့ပဲ​ပြောပါရ​စေ။

ခေတ်​​ဟောင်းသမိုင်းတစ်​နည်းအားဖြင့်ပ​ဒေသရာဇ်​မွစ်​စလင်​​တွေရဲ့ အခန်းက​ဏ္ဍကိုသိပ်​မ​ပြော​တော့ဘူး။စာ​ရေးရတာလက်​​ညောင်းလို့။ခေတ်​သစ်​ အင်္ဂလိပ်​လက်​​အောက်​​ရောက်​လာတဲ့ ​အေဒီ၁၈၈၅က​နေ ၂၀၁၈အထိ သမိုင်းမှာ မွစ်​စလင်​မပါဘူးဆိုတဲ့သမိုင်း ပြနိုင်​သူကြိုဆိုပါတယ်​။နောက်​တစ်​ချက်​က မြန်​မာနိုင်​ငံ​တော်​မှာမွစ်​စလင်​​တွေဟာ သူတို့အမျိုးသား​ရေးပဲလုပ်​ပြီး နိုင်​ငံ့တာဝန်​ကိုပစ်​ပယ်​ခဲ့တဲ့သမိုင်းတစ်​စ တစ်​စ တစ်​စ တစ်​စ တစ်​စ တစ်​စ ပြနိုင်​သူ ကြိုဆိုပါတယ်​။

မြန်​မာနိုင်​ငံ​မှာအစ္စလာမ်​ဘာသာဝင်​​တွေသူတို့အမျိုးသား​ရေးလုပ်​ရ​ကောင်းမှန်း​တောင်​မသိခဲ့လို့ အခုလိုတစ်​ဖက်​သတ်​မတရားအလုပ်​ခံ​နေရတဲ့ဘ၀ကို​ရောက်​​နေကြရတာပါ။ဦးရာဇတ်​၊ဦးရရှစ်​M.A၊၀န်​ကြီးဦးခင်​​မောင်​လတ်​၊ဦး​ဖေခင်​၊ဗိုလ်မှူးကြီးတင်​စိုး၊ဗိုလ်​မှူးကြီးဘရှင်​၊​ဒေါက်​တာရီရီ၊ပါ​မောက္ခဦးကာ၊ဆရာချယ်​၊ပျဉ်းမနား​ဒေါ်ပု၊​​ဒေါ်​စော​ရွှေ၊ဦး​သော်​က၊ဦး​အောင်​​မေသု၊ကိုမြ​အေး၊ဦးကိုနီအဆုံး ဘယ်​သူမှသူတို့ အမျိုးသား​ရေးလုပ်​ခဲ့တဲ့သာဓကမရှိဘူး။ဒါ​ခေတ်​သစ်​ထိပ်​သီးတစ်​ချို့ကိုထုတ်​ပြတာပါ။စစ်​စစ်​​ပေါက်​​ပေါက်​မှတ်​တမ်းချ​ရေးရင်​ကျမ်းတစ်​အုပ်​ဖြစ်​သွားမယ်​။ဒါ​ပေမဲ့ အချိန်​တန်​ လူမျိုး​ရေးခွဲခြားကျင့်သုံးတာပဲ။ဦး​သော်​က ​ထောင်​ထဲမှာကွယ်​လွန်​တယ်​။ဦးကိုနီအသတ်​ခံရတယ်​။ဦးရရှစ်​ ​ထောင်​ကျခဲ့တယ်​။သူတို့အသီးသီးဗမာ​အမျိုးသား​ခေါင်း​ဆောင်​​တွေနဲ့တန်းတူ​ပေးဆပ်​ခဲ့ကြသူ​တွေပါ။ကြေးတိုင်းကြစတမ်းဆိုရင်​ အခြားလူမျိုး​တွေနဲ့​တောင်​မြန်​မာမွစ်​စလင်​ကတိုင်းပြည်​နဲ့လူမျိုးအတွက်​လုပ်​ခဲ့တဲ့သမိုင်းယှဉ်​နိုင်​တယ်​။အကယ်​၍ ဒါကို​စောဒက၀င်​ချင်​သူမည်​သူမဆို ​နောက်​ကွယ်​​သောက်​တင်းမတုပ်​ဘဲ ကျားပီပီ ​ရှေ့ထွက်​လာနိုင်​တယ်​။

ဘယ်​​လောက်​ပဲလုပ်​လုပ်​ အချိန်​တန်​ရင်​နိုင်​ငံသား​ရေးရာမှာ ဧည့်​သည်​ဆိုပြီးခွဲခြားခံရတာပဲ။ဒါကိုအစိုးရကိုယ်​တိုင်​​ပေါ်လစီချပြီးခွဲတာ။လူထုကလည်း သိတဲ့အတိုင်းပဲ ၉၆၉စိတ်​ဓာတ်​ရှင်​​တွေ။ဗမာအချင်းချင်း​တောင်​အထာမထားသူ​တွေဆို​တော့ လူမျိုးခြားဆို အလိုလိုအမြင်​​စောင်းပြီ​ပေါ့။ပိဋိကတ်​သုံးပုံ​တောင်​မမြင်​ဖူးဘဲ ကုရ်​အာန်​ကို​ဝေဖန်​ရတာသူတို့ခမျာ​အ​မော။၂၄ပစ္စည်း​တောင်အလွတ်​မရဘူး။တစ်​ချို့ဆို သရဏဂုံ ၃ပါး​တောင်​ဘာမှန်းမသိဘူး။ဒါ​ပေမဲ့သူဘာ​ပြော​နေလဲ ဟဒီဆ်​ မှာဘယ်​ကဲ့သို့ဘယ်​ချမ်းသာ။အဲဒီလို လူမျိုး ဘာသာ အသီးသီးထိုင်​အပုပ်​ချ​နေသ၍ ဘယ်​​တော့မှတိုးတက်​တဲ့နိုင်​ငံ​တော်​ဆိုတာဖြစ်​လာဖို့မရှိဘူး။နိုင်​ငံသားအ​ခြေပြု နိုင်​ငံ​တော်​ကြီးမတည်​​ထောင်​နိုင်​သ၍ ၀ဲနိုင်​ငံ​တော်​အဖြစ်​က​နေဘယ်​​တော့မှမတက်​ဘူး။တစ်​ချိန်​က နီဂရိုး​တွေကို ​စော်​ကားသတ်​ဖြတ်​ခဲ့ကြ​ပေမဲ့ အခုနီဂရိုး
တွေကိုအဖြူ မ​တွေက သူတို့ကုတင်​​ပေါ်ကိုဖိတ်​​ခေါ်​နေကြတဲ့သာဓက က လတ်​လတ်​ဆတ်​ဆတ်​ကြီးရှိ​နေတာပါ။ဒါ​ကြောင့်ကမ္ဘာမှာ ဘယ်​လူမျိုးမှ စုတ်​ပြတ်​မ​နေဘူး။ကိုယ်​စီကိုယ်​စီလူသားတိုင်းမှာ လူတစ်​​ယောက်​ပါတတ်​တဲ့အရည်​အချင်းပါကိုးပါတယ်​။မွစ်​စလင်​ဖြစ်​မှ ဗုဒ္ဓဖြစ်​မှ ခရစ်​ယာန်​ဖြစ်​မှ ဘာသာမဲ့ဖြစ်​မှ ထူးချွန်​တာမဟုတ်​ဘူး။ဒါ​ပေမဲ့ ကိုယ့်ဘာသာကိုယ့်အ​ခေါင်းထဲ ကိုယ်​​အောင်း​နေရင်​​တော့ဘယ်​​တော့မှထူးချွန်​မလာဘူးဆိုတာ​တော့ ၁၀၀%အမှန်​ပဲ။ဧရာဝတီမြစ်​၀ှမ်းမှာ​နေပြီး ငါတို့က ဘာမျိုး ညာမျိုး​အော်​ခဲ့ကြသူ​တွေရဲ့ ပကတိအရှိတရားကိုပဲဥပမာအ​နေနဲ့ကြည့်ရင်​အ​ဖြေကထွက်​ပါပြီ။

ဒါ​ကြောင့်​ခေတ်​သစ်​လူ့အဖွဲ့စည်းက ယဉ်​​ကျေးမှုစုံဗဟုဝါဒကို လူပီပီလက်​ခံဖို့လိုပြီ။ဒီတိုင်းပြည်​ကျွန်​တွင်းကလွှတ်​​အောင်​လုပ်​ခဲ့ကြသူ​တွေထဲမှာ လူမျိုး ဘာသာ အားလုံးပါဝင်​ခဲ့ကြတာ​ကြောင့်သူတစ်​ပါးရပိုင်​ခွင့်ကို​ပေးကိုး​ပေးရမှာပါ။မဟုတ်​ဘဲ အာဇာနည်​ဗုဒ္ဓဘာသာအမျိုးသားတိုင်းပြည်​ပဲလုပ်​​နေသ၍က​တော့ ခွက်​သာကိုင်​ထားလိုက်​ပါလို့ပဲ​အကြံ​ပေးတိုက်​တွန်းလိုက်​ပါရ​စေ။



https://m.facebook.com/story.php?story_fbid=145857656293716&id=100026084471117

0 ယောက်မှတ်ချက်ပြုခဲ့သည် to “လူမျိုးအ​ခြေပြု နိုင်​ငံ​တော်​”

Post a Comment

Related Posts Plugin for WordPress, Blogger...