Tuesday, March 6, 2018

တိုက်ချင်ချင် မတိုက်ချင်ချင် ကိုယ့်တိုင်းပြည်ဖက်က စစ်တိုက်ရပါမယ် ။ (ရဲမိုး)

,
၁။ R2P က မဖြစ်ပါဘူး ။ ရုရှား နဲ့ တရုတ်က ဗီတိုကိုင်ထားတာကိုး ။ ဒါပေမယ့် ဘာဖြစ်နိုင်လဲဆို နယ်စပ် ပဋိပက္ခဖြစ်လာနိုင်တယ် ။ အာဆာကို သွယ်ဝိုက် ထောက်ပံ့ လာနိုင်တယ် ။ အဲဒီနောက်မှာ တစ်ဖက်နိုင်ငံနဲ့ စစ်ရေးအရ ထိတွေ့ မှုတွေ ဖြစ်လာနိုင်တာပေါ့ ။

ဖြစ်နိုင်ချေနည်းပေမယ့် အဆိုးဆုံးကို မျှော်တွေးမယ်ဆိုလျှင်တော့ ကုလသမဂ္ဂအနေနဲ့ မဟုတ်ဘဲ  နိုင်ငံကြီးတစ်ချို့ က စစ်ရေးအရ ၀င်စွက်ဖက်မှုတွေ ရှိလာမယ် ထားပါတော့ ။  ဆိုလိုတာက ကျူးကျော်လာကြမယ်ပေါ့လေ ။ စစ်ဖြစ်ကြမယ်ပေါ့ ။

-----------------------------------

၂။ စစ်ဖြစ်ပြီဆိုလျှင်တော့ နှစ်မျိုးပဲ ရှိပါတယ် ။ နိုင်သလား ရှုံးသလား ဒါပါပဲ ။ နိုင်လျှင် ဘာဖြစ်မလဲ ။ နိုင်လျှင် ရခိုင်ဒေသ ပဲ့ ပါမသွားဘူး ။ ရှုံးလျှင် ဘာဖြစ်မလဲ ။ ရှုံးလျှင် ရခိုင်ကို ပေးလိုက်ရမယ် ။ တပ်မတော် ပြိုကွဲသွားမယ် ။

တပ်တွေက သူပုန်တွေဖြစ်ပြီး တောခိုကြ ။ ကိုယ့်နိုင်ငံထဲမှာ တပ်စွဲထားတဲ့  ပြည်ပတပ်တွေကို ဆက်ချကြတာပေါ့လေ ။ ဆိုင်တိုက်နိုင်လောက်တဲ့  အင်အားမရှိတော့လျှင်လဲ ခြုံခိုတိုက်ကြတာပေါ့ ။ချောင်းပစ်ကြတာပေါ့ ။ IED တွေနဲ့  ဗုံးခွဲကြတာပေါ့ ။

အဲဒီကမှတစ်ဆင့် အခြေအနေပေးလဲ အခြေခံနယ်မြေတွေ ပြန်တည်ဆောက် ၊ ကျေးလက်ကို အခြေခံ မြို့ တွေကို ပြန်တိုက်ပေါ့ ။

အဲဒီကမှ ထပ်အင်အားကောင်းလာလျှင် ထိုးစစ်ကြီးတွေ ပြန်လုပ် ။ ဗီယက်နမ်က တက်ထိုးစစ်လိုမျိုး အချိန်မတိုင်မီလုပ်မိတော့လဲ ပြန်ဆုတ် ဒုတိယအဆင့် ပြန်ရောက် အခြေခံနယ်မြေတွေက ပြန်တွယ် ။ အခြေအနေပေးလျှင် တတိယအဆင့်ကို ပြန်ကူး ဒီလိုရင်ဆိုင်ကြတာပေါ့ ။

--------------------------------------

၃။ စစ်က မဖြစ်သေးပါဘူး  ။ စစ်ဖြစ်မယ်ဆိုတဲ့  အသံလေးကြားတာနဲ့ တင် ကိုယ့်ပြည်တွင်းမှာ အများကြီးကွဲပါတယ် ။ ဗီယက်နမ်စစ်လို ဖြစ်စရာလား ။ မင်းတို့  စစ်တပ်ကို ပြည်သူက ၀န်းရံစရာလား ။ ခြင်းကြားတပ်မတော်က နိုင်ငံစုံတပ်တွေကို နိုင်စရာလား စသဖြင့် စသဖြင့် အောက်ကလိအာကောင်တွေလဲ တွေ့ ရပေါ့ ။

တကယ့်တကယ်ကတော့ ပြည်ပကျူးကျော်စစ်ဖြစ်လာလျှင် ပြည်တွင်းက ကိုယ့်နိုင်ငံသားကို နှစ်မျိုးပဲ ခွဲလို့ ရပါတယ် ။ သစ္စာဖောက်လား ကိုယ့်ဘက်သားလား ဒါပါပဲ  ။

ပြည်ပကျူးကျော်စစ်မှာ ကြားနေဆိုတာ မရှိပါဘူး ။ ဟိုဘက်ရော ဒီဘက်ရော ကူလို့ မရပါဘူး ။ ကိုယ့်တပ်မတော်က ခြင်းကြားမကလို့  လန်ကွတ်တီပဲ ရှိရှိ ကိုယ့်ဘက်က ၀င်မတိုက်လို့ မရပါဘူး ။

ဒီဘက်က ၀င်မတိုက်ချင်လျှင် ဟိုဘက်က ၀င်တိုက်ပါ ။ ဘယ်ဘက်ကမှ မတိုက်ချင်လျှင် ထောင်ထဲသွားနေပါ ။ အဲဒီနည်းပဲ ရှိပါတယ် ။

--------------------------------------

၎။ ကိုယ့်တိုင်းပြည် ကျူးကျော်ခံရတော့မယ့် အနေအထားဖြစ်လာပြီဆိုတာနဲ့  ပထမဆုံး စဖြစ်မှာက စစ်မှုထမ်းဥပဒေကို သမ္မတက အသက်သွင်းပါလိမ့်မယ် ။

စစ်မှုထမ်းဖို့  အရွယ်ရောက်သော ၊ သတ်မှတ်ချက်နဲ့ အကျုံးဝင်သော ယောက်ျားမိန်းမအားလုံး စစ်မှုထမ်းဖို့  သက်ဆိုင်ရာ စုဆောင်းရေးစခန်းတွေကို သတင်းပို့ ရပါလိမ့်မယ် ။

ရှောင်လို့ မရပါဘူး ။ ရှောင်လျှင် ထောင်ချမှာပါ ။ ထောင်ကလွှတ်လျှင် ပြန်စစ်မှုထမ်းရမှာပါ ။ အဲဒါ ပြဋ္ဌာန်းထားပြီး ဥပဒေဖြစ်ပါတယ် ။ သမ္မတက အသက်သွင်းတာနဲ့  စ အသက်ဝင်ပါတယ် ။

ဆိုလိုတာက NLD ဖြစ်ဖြစ် ၊ ပြည်ခိုင်ဖြိုး ဖြစ်ဖြစ် ၊ ၈၈မျိုးဆက်ဖြစ်ဖြစ် ၊ ကျောင်းသားသမဂ္ဂကကောင် ဖြစ်ဖြစ် ၊ ဗုဒ္ဓဘာသာ ၊ဟိန္ဒူဘာသာ ၊ အစ္စလာမ်ဘာသာ ၊ နတ်ကိုးကွယ်တဲ့ ဘာသာ ၊ ဘာသာမဲ့  ဘာကောင်ဖြစ်ဖြစ်  နိုင်ငံသားဖြစ်တာနဲ့  စစ်ဖြစ်လျှင် စစ်မှုထမ်းရပါမယ် ။ လိုရင်းက ဒါပါပဲ ။

မရှင်းလျှင် နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ချုပ်ရေးနေတဲ့ စာတွေဖတ်ပါ ။ ထပ်မရှင်းသေးလျှင် ဒီရက်ပိုင်း ကြေးမုံသတင်းစာမှာ ပါလာတဲ့  နိုင်ငံတော်သစ္စာဖောက်မှုဟူသည် ဆိုတဲ့ ဆောင်းပါးတွေ ထပ်ဖတ်ပါ ။

-------------------------------------------

၅။ စစ်က မဖြစ်ပါဘူး ။ သို့ သော် ဖြစ်နိုင်ချေရှိလာလျှင် မဖြစ်ခင်မှာ အခု ဖေ့စ်ဘုတ်မှာ ရေးနေတဲ့   ငါတို့ ကတော့ မပါဘူးတို့  ပြည်သူမထောက်ခံတဲ့ စစ်တပ် ပါစရာလားတို့  စတဲ့ အောက်ကလိအာစကားတွ ၀အောင်ပြောထားဖို့ လိုပါတယ် ။

ဘာလို့ လဲဆိုတော့ စုဆောင်းရေးကို သတင်းပို့ ပြီးတာနဲ့  ခင်ဗျား ဖေ့စ်ဘုတ်သုံးဖို့ အချိန်ရမှာ မဟုတ်တော့လို့ ပါ ။ စစ်အခြေခံသင်တန်းပြီးတာနဲ့  ခင်ဗျား စစ်မြေပြင်ကို တန်းထွက်ကောင်း ထွက်ရနိုင်ပါတယ် ။ ခင်ဗျားတို့ နဲ့ အတူ ခင်ဗျားတပ်ရင်းနဲ့ အတူ စစ်ရည်ဝနေတဲ့  အရာရှိ ၊ အရာခံ အကြပ်တွေ ၊ စီနီယာရဲဘော်ကြီးတွေ ပါလာပါလိမ့်မယ် ။

များမကြာခင် ခင်ဗျားသူတို့ နဲ့  နှစ်ကိုယ့်တစ်စိတ် ဖြစ်သွားပါလိမ့်မယ် ။ သေအတူ ရှင်မကွာ ဖြစ်သွားပါလိမ့်မယ် ။ ရဲဘော်ရဲဘက်စိတ်ဆိုတာ ဘာဆိုလဲ ခင်ဗျားသိလာပါလိမ့်မယ် ။

-------------------------------------------

၆။ လိုရင်းကို ပြောရလျှင်တော့ အခု ငကြောင်တစ်ချို့  ဖေ့စ်ဘုတ်မှာပြောနေတဲ့ စကားတွေက ဘောင်မ၀င်ပါဘူး ။

စစ်ဖြစ်လျှင် စစ်မှုထမ်းရပါမယ် ။ ထမ်းချင်ချင် မထမ်းချင်ချင် ထမ်းကို ထမ်းရပါမယ် ။

တိုက်ချင်ချင် မတိုက်ချင်ချင် ကိုယ့်တိုင်းပြည်ဘက်က စစ်ဝင်ကို တိုက်ရပါမယ် ။

လိုရင်းက ဒါပါပဲ ။

--------------------------------------
ရဲမိုး

ဖိုတို - ခရက်ဒစ်

https://m.facebook.com/story.php?story_fbid=180237589368886&id=100021479385863

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တိုက်ချင်ချင် မတိုက်ချင်ချင် ကိုယ့်တိုင်းပြည်ဖက်က စစ်တိုက်ရပါမယ် ။ (ရဲမိုး)”

Post a Comment

Related Posts Plugin for WordPress, Blogger...