Thursday, July 26, 2018

အ​နော်​ရထာဆိုတာ....၎

,
ဦးကုလား၊မှန်​နန်း၊တွင်းသင်းစတဲ့ရာဇ၀င်​ကြီး​တွေရှိ​နေတဲ့
ကြားထဲက​နေ ​​၂၀ရာစု​ရောက်​မှအင်​မတန်​ထူးဆန်းတဲ့ပုဂံရာဇ၀င်​ကြီးတစ်​ပိုင်း​ပေါ်ထွန်းလာပြန်​တယ်​။အဲဒါက ပုဂံသူရဲ​ကောင်းများ(Heros of Old Burma)ဆိုတဲ့ရာဇ၀င်​ကြီးပါ။အဲဒီရာဇ၀င်​ကြီးရဲ့ ကျမ်းပြု ဆရာ​တွေရဲ့ နာမည်​ကို​တော့မကိုင်​​တော့ဘူး။ဘာလို့ဆို​တော့သူတို့က မြန်​မာစာ​ပေ​လောကရဲ့ ဆီးမီးခွက်​​တွေ ဖ​ယောင်းတိုင်​​တွေဖြစ်​​နေလို့ပါပဲ။အဲဒီကျမ်းပြု ဆရာ​တွေဟာ ဆိုရှယ်​လစ်​ရာသီခွင်​မှာ တစ်​ပါတီစနစ်​ဆိုတဲ့ နက္ခတ်​မွန်းတည့်ချိန်​နဲ့ယှဉ်​ပြီး ဒီရာဇ၀င်​ကိုပြုစုခဲ့ကြတာပါ။သူတို့​ရှေ့ မှာကြုံဆုံ​နေရတဲ့ ​ခေတ်​ပြိုင်​တရုတ်​​သွေး​နှောမင်းတရားကြီးရဲ့ လက်​ထက်​​တော်​အ​ခြေ​နေနဲ့ကိုက်​ညီ​စေဖို့ အ​ထောက်​ထားအ​တော်​ပြည့်စုံတဲ့မြန်​မာ့သမိုင်းရဲ့ အ​ရေးကြီးဆုံးအပိုင်းကို စိတ်​ထင်​တိုင်းပြင်​ဆင်​တည်းဖြတ်​လိုက်​ကြတာပါပဲ။တကယ်​​တော့လွန်​ခဲ့တဲ့နှစ်​​ပေါင်း၁၀၀၀​လောက်​တုန်းက တစ်​ကယ်​ရှိခဲ့ တကယ်​ဖြစ်​ခဲ့တဲ့ နိုင်​ငံ​ရေးသာဖြစ်​​ကြောင်း ပျက်​စီးဖို့မလွယ်​တဲ့အ​ထောက်​ထားကြီး​တွေအခိုင်​အမာရပ်​တည်​​နေ​သေးတယ်​။ဒါ​တွေကပုံပြင်​​တွေပါကွာလို့ ရိုးစွပ်​၀ံ့သူမရှိတဲ့သမိုင်း​ကြောင်းအမှန်​ကို ၀တ္ထု​ရေးတာပါလို့ စကားဦးက​လေးသန်းလိုက်​ရုံနဲ့ အာပတ်​မလွတ်​နိုင်​ဘူးဆိုတာ ဒီပုဂ္ဂိုလ်​ကြီး​တွေမသိဘူးဆိုတာမဖြစ်​နိုင်ဘူး။ဒါ​ကြောင့်သူတို့​ရေးတဲ့ရာဇ၀င်​ကို ၂၀ရာစုပုဂံရာဇ၀င်​ကြီးလို့ ခပ်​ရွဲ့​စောင်း​စောင်းက​မ္ဗည်းတင်​လိုက်​ရတာပါ။

ငါ့ညီ ......မင်းအခု ငါ့သားလည်းဖြစ်​သွားပြီ လို့ အဓိပ္ပါယ်​​ဆောင်​တဲ့စကားကို စုက္က​တေးကနန်းရင်​ပြင်​မှာ ​ပြောလိုက်​တဲ့အတွက်​ ​ဒေါ်သ​ပေါက်​ကွဲသွားတဲ့အ​နော်​ရထာဟာ ထိုင်​ရာကထပြီးရှင်​ဘုရင်​ကိုအသက်​ချင်းလဲဖို့စိန်​​ခေါ်လိုက်​တယ်​ ဆိုတဲ့ အခန်းနဲ့သူတို့ရာဇ၀င်​ကိုစဖွင့်တယ်​ဗျ။သူတို့ရာဇ၀င်​စာအုပ်​ရဲ့ နာမည်​ကိုလည်းကြည့်​လေ။Heros of Old Burmaတဲ့။သမိုင်းကို နိုင်​ငံ​ရေးအမြင်​နဲ့မချဉ်းကပ်​ရင်​ သူရဲ​ကောင်းပုံပြင်​ဖြစ်​သွားတယ်​ဆိုတာသူတို့မသိဘဲမ​နေ​လောက်​ဘူး။တကယ်​​တော့သူတို့ကိုယ်​တိုင်​မြန်​မာပြည်​သားခပ်​ပိန်းပိန်း​တွေလို အမျိုးသား​ရေးအိုင်​ဒီယာလွန်​ကဲ​နေလို့ စစ်​ဘုရင်​ကိုးကွယ်​ချင်​တဲ့အ​ခြေခံစိတ်​ထား​ကြောင့်ပါပဲ။

ရှင်​ဘုရင်​လုပ်​သူကလည်း ဟာ....ရတာ​ပေါ့ စမ်းကြည့်လိုက်​​လေ ဆိုတဲ့ သ​ဘောမျိုးနဲ့ နှစ်​​ယောက်​သားစီးချင်းထိုးဖို့ချိန်းဆိုပြီး မိုးလင်းစမြူ  နှင်းမကွဲ​သေးချိန်​ မြင်းကပါ ကမ်းပါးမှာ တိတ်​တဆိတ်​ရင်​ဆိုင်​​တွေ့ကြတယ်​ လို့ ​ရေးချလိုက်​တာက​တော့ အ​တော့ကိုတာဝန်​မဲ့တဲ့ အပြုအမူပဲလို့ဆိုချင်​မိတယ်​။သမိုင်းဆိုတာ  ဘာမှမဟုတ်​ပါဘူးကွာ ဟိုး​ရှေး​ခေတ်​တုန်းကလည်း သူတို့ထင်​ရာ​ရေးကြတာပါကွာ လို့ သ​ဘောထားရာ​ရောက်​​နေပြီး ဘာနဲ့နှိုင်းသင့်လဲဆိုရင်​ အရည်းကြီး​တွေမဟုတ်​မဟပ်​ထင်​ရာလုပ်​သမျှကို ဘုရား​ဟောဖြစ်​သ​ယောင်​ကျမ်းအတုပြု စုပြီးသ​ရေ​ခေတ္တရာမြို့​ဟောင်းကသခွပ်​ပင်​ကြီးအ​ခေါင်းထဲမှာ အသား​သေတဲ့အထိ ထည့်ထားကြတယ်​လို့ ရာဇ၀င်​အဆိုရှိတဲ့လုပ်​ရပ်​နဲ့ထပ်​တူပဲလို့ဆိုချင်​တယ်။

မဟာရာဇ၀င်​ကိုမဖတ်​ဖူးဘဲဒီလိုအတုလုပ်​ဖို့မဖြစ်​နိုင်​ဘူး။သူတို့အမှတ်​အသားလွဲသွားတာလည်းမဖြစ်​နိုင်​ဘူး။ရည်​ရွယ်​ချက်​နဲ့လုပ်​တာပါ။သူတို့ပြုစုတဲ့ရာဇ၀င်​ကို နှစ်​ဆယ်​ရာစုရဲ့ သတ္တမဆယ်​စုနှစ်​အတွင်းမှာ​ရေးသားတာဖြစ်​လို့ အဲဒီရည်​ရွယ်​ချက်​က ဘာလဲဆို​တော့
၁။အ​နော်​ရထာဟာ သူ့အ​ဖေကိုယ်​တိုင်​ရဲ့ စီစဉ်​လမ်းညွှန်​​ပေးမှုနဲ့ထကြွပုန်​ကန်​ခဲ့သူဖြစ်​​ကြောင်းကိုပယ်​ဖျက်​ချင်​တာ
၂။အ​ဖေက ရဟန်းကြီးဖြစ်​​နေလျက်​ လုပ်​ကြံသတ်​ဖြတ်​ဖို့ အား​ပေးတာကိုဖုံးကွယ်​ထားချင်​တာပဲ။

အ​ကြောင်းကိုစဉ်းစားရင်​အဲဒီအချိန်​က ပညာနဲ့စာဂမှာနှိုင်းစရာမရှိ​လောက်​​အောင်​နိမ့်ပါး​နေတဲ့ဆိုရှယ်​လစ်​​ခေါင်း​ဆောင်​ကြီးတို့ရဲ့ ​သောင်းကျန်းသူအမြစ်​ပြတ်​​ချေမှုန်း​ရေးကြိမ်
စကြာ်​ဒဏ်​ထိပြီး​သောင်းကျန်းသူ​တွေ ​ယောင်​ကိုင်းထွားကျို င်းလာခါစ​ခေတ်​ကာလနဲ့ကြုံကြိုက်​​နေလို့ပါပဲ။ဒီ​တော့ မြန်​မာ့ ပထမသာသနာပြု မင်း​ကောင်းမင်းမြတ်​လို့ ဗမာ​တွေအမွှမ်းတင်​တဲ့ အ​နော်​ရထာဆိုတာ မြန်​မာ့ပထမ​တော်​လှန်​ပုန်​ကန်​သူလည်းဖြစ်​​နေပြန်​တာ​ကို အမဲစက်​လို့ထင်​ပြီး အစွန်းချွတ်​​ဆေး​ဖော်​စပ်​ခဲ့ကြတာသာဖြစ်​နိုင်​တယ်​။သူပုန်​ထတယ်​ဆိုတာ လူ​ကောင်းသူ​ကောင်း​တွေရဲ့ လုပ်​ရပ်​မဟုတ်​ဘူး လို့ သတ်​မှတ်​တဲ့အယူအဆကို ​ထောက်​ပင့်​ပေးရာ​ရောက်​ပါတယ်​။အုပ်​ချုပ်​မင်းလုပ်​သူက ပြည်​သူတစ်​ရပ်​လုံးကို ကိုယ်​ကျိုးအတွက်​အသုံးချရာမှာစာနာစိတ်​ကင်းမဲ့လွန်းလို့ ဖိနှိပ်​အနိုင်​ကျင့်မှု​လေးပင်းလွန်းလို့​ကော မဖြစ်​နိုင်ဘူးလားဆိုတဲ့ ​မေးခွန်းကို​တော့ မသိလိုက်​မသိဘာသာ​ကွေ့​ရှောင်​သွားဖို့ကြိုးစားခဲ့တာပါပဲ။

သမိုင်းကိုဂဃနဏမသိဘဲ စာဖတ်​သူ​တွေဖတ်​​ကောင်း​အောင်​ ရာဇ၀င်​ထဲကဇတ်​လိုက်​ကို ဖန်​ဆင်းပုံသွင်းလိုက်​တာလို့
ဆင်​ခြင်​​ပေးကြပါလိမ့်မယ်​။သမိုင်းမဖြစ်​ဘဲဘုန်း​တော်​ဘွဲ့ဖြစ်​သွားတာကို စာ​ရေးသူ​တွေကိုယ်​တိုင်​သိကြမှာပါ။အဲဒါ​ကြောင့် ဘယ်​သူ့ကိုဖတ်​​စေချင်​လို့ ​ရေးတာလဲ လို့​မေးရမလိုဖြစ်​​နေပြီး။ရာဇ၀င်​ဆိုတာ နိုင်​ငံ​ရေး​ခေါင်း​ဆောင်​​နေရာမှာရှိ​နေတဲ့သာမန်​ပုထုဇဉ်​လူသားတစ်​ချို့ရဲ့ ဘ၀ဖြစ်​စဉ်​ပါ။သူတို့ဟာ သာမန်​လူသား​တွေပဲဖြစ်​တဲ့အတွက်​ ကိုယ့်ဘ၀အ​ခြေ​နေသာမကတစ်​နိုင်​ငံလုံးရဲ့ အ​ခြေ​နေအလှည့်အ​ပြောင်း​ပေါ်မှာ မူတည်​ပြီးသူတို့ရဲ့ အယူအဆသ​ဘောထားဟာလည်း အမြဲလိုက်​ပါ​ပြောင်းလဲ​နေနိုင်​တာကိုမ​မေ့သင့်ဘူး။ငယ်​စဉ်​ဖိနှိပ်​ခံဘ၀မှာအင်​မတန်​ကြီးကျယ်​စွာ​တွေးပြီးထက်​မြက်​ရဲရင့်စွာ​တော်​လှန်​၀ံ့သူဟာ အာဏာရပြီး​နောက်​တစ်​ချိန်​မှာ အလွန်​​ဖောက်​ပြန်​ရက်​စက်​တဲ့ ၊စဉ်းလဲ​ကောက်​​ကွေ့ တဲ့ အာဏာရှင်​လည်းဖြစ်​ချင်​ဖြစ်​သွားမှာပါ။အဲဒီဥပမာမျိုး​တွေဟာ ကိုယ်​တိုင်​လက်​လှမ်းမှီတဲ့အတိတ်​ကာလမှာ သို့မဟုတ်​ ကိုယ့်ပတ်​၀န်းကျင်​မှာ​တောင်​ သက်​ရှိထင်​ရှားရှိ​နေ​သေးတာကိုတစ်​ပတ်​လှည့်ပြီး ကြည့်လိုက်​ရုံနဲ့​တောင်​သတိပြုမိသွားနိုင်​​လောက်​ပါတယ်​။ဇာတကထဲက ဘုရား​လောင်းလို သဲလဲစင်​တဲ့ဇတ်​လိုက်​မျိုး​တော့ မြန်​မာရာဇ၀င်​မှာရှာ​တွေ့မှာမဟုတ်​​ကြောင်းခင်​ဗျားတို့အတွက်​စကားလက်​​ဆောင်​ပါးလိုက်​ပါရ​စေ။

......[ ​ဒေါ်ခင်​မျိုးချစ်​ရဲ့ Anawratha of Burma စာအုပ်​ထွက်​တယ်​။စာ​ရေးဆရာ​သော်​တာ​ဆွေက ပုဂံသူရဲ​ကောင်းများအမည်​နဲ့ဘာသာပြန်​တယ်​။ဒီစာအုပ်​ရဲ့ နိဒါန်းမှာ ငါ့ကိုတိုင်​ပင်​ပြီး​ရေးတယ်​လို့ပါတယ်​။ဟုတ်​တယ်​။ငါ့ဆီကို၂​ခေါက်​လာ​မေးဖူးတယ်​။ငါက ဦးကုလားတို့ မှန်​နန်းတို့မှာပါတဲ့အဖြစ်​ပျက်​​တွေ​ကသမိုင်းမဟုတ်​ဘူး။ပုံပြင်​​တွေ။ဒါ​တွေမထည့်ပါနဲ့လို့​ပြောလိုက်​တယ်​။ငါ့အကြံ​ပေးချက်​ကိုလက်​မခံဘူး။စာအုပ်​ထွက်​လာ​တော့ မှန်​နန်းထဲကအတိုင်းဖြစ်​လာတယ်​။အ​နော်​ရထာနဲ့စုက္က​တေးမြင်းစီးပြီးစီးချင်းထိုးတာ​တို့၊မင်း​လောင်း​ပေါ်တယ်​ဆိုတာတို့၊က​လေး​တွေကိုသတ်​တာတို့၊အရည်း​တွေကိုနှိမ်​နင်းတာတို့၊သနားစရာ​ကောင်းတဲ့​စောမွန်​လှအ​ကြောင်းတို့ ဒါ​တွေကိုဝတ္ထု ပုံစံဖွဲ့နွဲ့ပြီး​ရေးတယ်​။သူ့နိဒါန်းအတိုင်းဆိုရင်​ငါ့ပ​ယောဂမကင်းသလိုဖြစ်​​နေတယ်​။ရှင်းရှင်း​ပြောရရင်​ ဒါမျိုး ငါတို့သမိုင်းကမသုံးဘူး။ဒေါက်​တာသန်းထွန်း]..........

မြန်​မာအစဆိုတာပုဂံပဲ။အေဒီ၈၄၉ခုနှစ်​က​နေ ၉၈၅ခုနှစ်​အထိ နှစ်​​ပေါင်း၁၀၉နှစ်​ကာလအတွင်းမြို့နန်းတည်​ပျဉ်​ပြားမင်းကလွဲရင်​​နောက်​မင်းသုံးဆက်​စလုံးဆက်​တိုက်​လုပ်​ကြံအာဏာသိမ်းခံရတာပါပဲ။ဒါကသမိုင်းသက်​​သေပဲ။မြန်​မာ​တွေကိုယ်​ပိုင်​စည်​ထီးခရိုင်​နဲ့ဖြစ်​ပြီဆိုကတည်းက ဘယ်​သူ့မှ ဗိုလ်​မထားဘဲ လုယက်​သတ်​ဖြတ်​ပြီးအဓမ္မနည်းနဲ့စည်းစိမ်​ခံစားဖို့ ကြိုးစားခဲ့ကြတာဖြစ်​တယ်​။တစ်​နည်းအားဖြင့်​ပြောရရင်​ အာဏာသိမ်းတယ်​ ဆိုတာ မြန်​မာ​တွေရဲ့ ​မွေးရာပါဓ​လေ့စရိုက်​ဖြစ်​​ကြောင်း​ပေါ်လွင်​ထင်​ရှား​နေပါတယ်​။မြန်​မာစကားမှာ လူမိုက်​အား​ပေး ဆိုတဲ့စကားရှိပါတယ်​။တကယ်​​တော့ မြန်​မာတစ်​မျိုးသားလုံးဟာ ​ခေတ်​အဆက်​ဆက်​မှာ လူမိုက်​အား​ပေးခဲ့ကြတာမဟုတ်​ဘဲ ဒီ​နေ့အထိအဲဒီလူမိုက်​ကို ​ကြောက်​လို့နာခံပြီးမျက်​နှာချို ​သွေးဆက်​ဆံ​နေရတဲ့အဆင့်မှာပဲရှိ​နေ​သေးတာပါ။မယုံရင်​လည်းကြည့်​လေ။ဥပ​ဒေစိုးမိုး​ရေးပဲ​ရေး​ရေး၊တရားမျှတမှုပဲ​ပြော​ပြော ဘယ်​သူကပဲ​ရေး​ရေး လက်​​တွေ့က​တော့ ကုန်​ကျစရိတ်​အင်​မတန်​များပြားပြီးခမ်းနားကြီးကျယ်​စွာနဲ့အပြုံးပန်း​တွေ​ဝေဆာလို့ လက်​ဆွဲနှုတ်​ဆက်​ပြီးမဆုံးတမ်းရှည်​ကြာ​အောင်​မျက်​နှာချင်းဆိုင်​​ဆွေး​နွေး​နေကြတာဟာ လက်​နက်​ကိုင်​အချင်းချင်းသာဖြစ်​​ကြောင်း တစ်​​လောကလုံးမျက်​မြင်​ပဲ​လေ။အဲဒီလက်​နက်​ကိုင်​အကြီးအ​သေးအလတ်တို့ခြယ်​လှယ်​သမျှ လိမ်​လည်းသမျှ အနိုင်​ကျင့်သမျှကို ဆင်းရဲတွင်းထဲမှာအံကြိတ်​ခံရင်း ဘ၀တူချင်းလုယက်​စား​သောက်​ရင်းလုံခြုံ မှုကင်းမဲ့​နေသူ​တွေက တစ်​မျိုးသားလုံးရဲ့ ၇၅%​အောက်​မ​လျော့နိုင်​ဘူး။အကယ်​၍ ဒီအင်​အားစုသာ တစ်​စုတစ်​စည်းတည်းရှိခဲ့ရင်​ အာဏာရူးက နဖားထိုးဖို့ ကြိုးဆွဲဖို့ ​သွေးခွဲဖို့ အိုးမဲသုတ်​ဖို့ ရန်​တိုက်​​ပေးဖို့ မဖြစ်​နိုင်​ဘူးဆိုတာ အလွယ်​တကူမြင်​နိုင်​ပါလိမ့်မယ်​။လူ​တွေကိုထမ်းထားဖို့ဝန်​​လေး​နေပြီဖြစ်​တဲ့ယ​​နေ့ကမ္ဘာကြီးမှာ​တောင်​သားစဉ်​​မြေးဆက်​အာဏာလွှဲအပ်​ပြီး ဆက်​ခံအနိုင်​ကျင့်တဲ့အရပ်​​ဒေသ ရှိ​နေဆဲဆိုရင်​ အဲဒီ​နေရာဟာ ကမ္ဘာ့ တစ်​စပြင်​ရဲ့ ​ရှေ့ ​ပြေး ပထမကျတ်​ကုန်းဖြစ်​လာမယ့်​နေရာလို့ပဲသတ်​မှတ်​ရမယ်​ထင်​တယ်​။ဗြဟ္မစိုရ်​တရားအစ​ပျောက်​​နေတဲ့ မြန်​မာနိုင်​ငံမှာဘယ်​သူမှထင်​မှာမဟုတ်​​ပေမဲ့အဆိုးကိုနံပါတ်​စဉ်​ရင်​ငါတို့ထိပ်​ဆုံးကမဖြစ်​နိုင်​ဘူးလို့​တော့ ထင်​​ကောင်းထင်​ကြမယ်​။တရားလက်​လွတ်​ရယူကြတဲ့ အစဉ်​အလာကြီးမားလွန်းလို့ သာမန်​လုပ်​ရိုးလုပ်​စဉ်​လိုပြုမူ​လေ့ရှိတဲ့နိုင်​ငံဖြစ်​​ကြောင်းအားလုံးသိဖို့လိုတယ်​။နှစ်​​ပေါင်း၁၀၀၀​ကျော်​သမိုင်း​ခေတ်​အဆက်​ဆက်​မှာ ဗာလနံပီပီအရှက်​အ​ကြောက်​ကင်းမဲ့စွာ၊ငဲ့ကွက်​သက်​ညှာ​မှုကင်းမဲ့စွာ လုယက်​သိမ်းပိုက်​ခဲ့ကြတာက​တော့ မပျက်​မကွက်​ပါပဲ။

ဒါ​ပေမဲ့ မြန်​မာ​တွေတိုင်းတစ်​ပါးလက်​​အောက်​​ရောက်​သွားတဲ့ ၁၂၃နှစ်​ကာလအတွင်းမှာ​တော့ အဖိုးတန်​မြန်​မာ့ကမ်းရိုးတန်းရခိုင်​တနသာင်္ရီတစ်​​လျှောက်​ ဘယ်​သူ့ဘယ်​သူမှ သတ်​ဖြတ်​လုယက်​အာဏာသိမ်းတယ်​မရှိ​တော့ဘူး။အဲဒီကာလရဲ့ ဒုတိယပိုင်း(၁၈၈၅-၁၉၄၈)မှာတစ်​မျိုးသားလုံးတိုင်းတစ်​ပါးလက်​​အောက်​လုံးလုံးကျ​ရောက်​သွား​တော့လည်း ၆၁နှစ်​ ၇လနဲ့ရက်​၂၀စလုံးမှာ ဘယ်​မြန်​မာပြည်​သားမှ တကယ်​အာဏာပိုင်​မဟုတ်​တဲ့အတွက်​ လုပ်​ကြံသတ်​ဖြတ်​ခံရတဲ့​ခေါင်း​ဆောင်​ရယ်​လို့မရှိ​တော့ဘူး။လွတ်​လပ်​​ရေးရ​တော့မှာ​သေချာပြီဆိုတာလည်းသိ​ရော ၁၆၉ရက်​လို​နေ​သေးတာကို​မ​အောင့်နိုင်​​တော့ဘဲ မြန်​မာ့ဇာတိ​သွေး ဇာတိမန်​​ကြောင့် ဗာလနံတစ်​စုကအာဏာပိုင်​မဖြစ်​ရ​သေးတဲ့ အမျိုးသား​ခေါင်း​ဆောင်​​တွေကိုအစုလိုက်​အပြုံလိုက်​လုပ်​ကြံသတ်​ဖြတ်​ကြ​တော့တာပါပဲ။ဒါဟာမြန်​မာ့လွတ်​လပ်​​ရေးရဲ့ နိမိတ်​ပုံပဲ။

အဲ​တော့၂၀-၂၁ရာစုမြန်​မာ့သမိုင်းကဆိုးလှချည်​လား​ပြောမယ်​ကြံရင်​ မြန်​မာအစဖြစ်​တဲ့၁၀-၁၁ရာစုသမိုင်းကိုကြည့်ပါ။အစမှာ တန်​နက်​မင်းကို မြင်း​ချေးတွင်းထဲတွန်းချလိုက်​တဲ့ ​အေဒီ၉၀၆ခုနှစ်​က​နေစပြီး ၅၂နှစ်​အတွင်းသုံးကြိမ်​စလုံးဆက်​တိုက်​လုပ်​ကြံအာဏာသိမ်းပြီး​ညောင်​ဦး​စောရဟန်းဟာ ​တောင်​သူကြီးမင်းအမည်​နဲ့နန်းတက်​လာတယ်​။အေဒီ၉၅၈ ပုဂံမှာ ​စောရဟန်းမင်းဖြစ်​​တော့ အသက်​က၄၅နှစ်​ပါ။အဲဒီအချိန်​သူရိုက်​သတ်​လို့​သေသွားတဲ့ သိန်းခိုမင်း က ၃၈နှစ်​ရှိပြီဖြစ်​တဲ့အတွက်​သိန်းခိုမင်းမယားဟာ အသက်​၃၀ ၀န်းကျင်​ရှိလိမ့်မယ်​လို့ယူဆရတယ်​။အဲဒီသိန်းခိုရဲ့ မယား​တွေ ကိုယ်​လုပ်​​တော်​​တွေအားလုံးကို​စောရဟန်းသိမ်းပိုက်​ပြီး ၃၃နှစ်​ကြာ​အောင်​ပုံဂံမှာထီးနန်းစိုးစံပြီးတဲ့​နောက်​သူကိုယ်​တိုင်​လုပ်​ကြံခံရပြီး​သေ​တော့ အသက်​က၇၈နှစ်​ရှိပြီ။အသက်​၈၀ပြည့်​ဖို့ ၂နှစ်​သာလို​တော့တဲ့အထိ တရားဝင်​ထီးနန်းလွဲအပ်တဲ့ဥပရာဇာဆိုတာလည်းမရှိ​ပေမယ့် သူနဲ့ရတဲ့ပဋိသ​န္ဓေ ၉လ နဲ့ ၆လအသီးသီးလွယ်​ထားရတဲ့ မယား၂​ယောက်​ကျန်​ရစ်​တယ်​။သိန်းခိုဆီကသူသိမ်းပိုက်​ခဲ့တဲ့မိဖုရားဆိုတဲ့မယား​တွေဟာ အဲဒီအချိန်​အနည်းဆုံးအသက်​က ၆၀​ကျော်​နဲ့ ၆၀နားနီး​တွေဖြစ်​​နေပြီ။နောက်​ဆုံးမယားခပ်​ငယ်​ငယ်​​လေးတစ်​​ယောက်​မှာ​တော့ကိုယ်​၀န်​မရှိ​နေဘူး။ကိုယ်​၀န်​မရှိဆိုအရွယ်​မ​ရောက်​​သေးလို့ပါ။အဲဒီအရွယ်​မ​ရောက်​​သေးသူမိဖုရားဟာ တစ်​ချိန်​မှာ အ​နော်​ရထာမိခင်​ဖြစ်​လာမယ့်မိဖုရားပဲ။ဒါ​စောရဟန်းလုပ်​ကြံခံရချိန်​ကျန်​ရစ်​တဲ့မိဖုရား၃​ယောက်​ပါ။ဒါအ​နော်​ရထာဖြစ်​လာမယ့်လူသားရဲ့ ပထမအစကိုပြန်​ဆွဲထုတ်​ကြည့်တာပါ။


https://m.facebook.com/story.php?story_fbid=145782062967942&id=100026084471117
















0 ယောက်မှတ်ချက်ပြုခဲ့သည် to “အ​နော်​ရထာဆိုတာ....၄”

Post a Comment

Related Posts Plugin for WordPress, Blogger...