Thursday, February 8, 2018

အင်္ဂလန်နိုင်ငံ နယူးကာဆယ် မြို့တော်ခန်းမတွင် ထာဝရ ရေးထွင်းထားသော ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ပြု အမည် ဖယ်ရှားခံရမည်

,
နယူးကာဆယ် လွတ်မြောက်ရေးဆုကို ဂုဏ်ပြုခံထားရပီး ၇ နှစ်အကြာတွင် ရိုဟင်ဂျာ လူမျိုးတုန်း သန့်စင်ခံရခြင်း အပေါ် သူမ၏ ရပ်တည်မှုကို မကြေနပ် ၍နယူးကာဆယ် သမိုင်းတွင် ပထမဆုံး အကြိမ်အနေဖြင့် မြို့တော်ကောင်စီ အဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည် အားပေးအပ်ထားသော ဆုကို ရုတ်သိမ်းရန် ကန့်ကွက်မဲမရှိ မဲပေးခဲ့ကြသည်။

ယင်းဆုကို English premier League တွင် ကစားခဲ့ဖူးသော Newcastle united မှ ဘောလုံးသမားနှင့် အင်္ဂလန် အသင်းကပ္ပတိန် အလန်ရှီးယားလည်း ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ ရွေး ချယ်ခံရဖူးသည်။

“ ရိုဟင်ဂျာတွေ နှိပ်စက်ငြင်းပန်းခံရမှုကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ထုတ်ဖော်ပြောကြားဖို့ ဆန့်ကျင်လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တာကြောင့် ကျွန်ုပ်တို့ဘက်က ဆန့်ကျင်ကန့်ကွက်ပြတဲ့ သင်္ကေတအနေနဲ့ မြို့တော် လွတ်မြောက်ရေးဆုကို ဒေါ်အောင်ဆန်းစု ကြည်ထံမှ ပြန်လည်ရုတ်သိမ်းဖို့ ကျွန်ုပ်တို့ ဆုံးဖြတ်ချက် ချလိုက်ပါပြီ” လို့ မြို့တော်ကောင်စီ ခေါင်းဆောင် Nick Forbes က အစည်းဝေး ခန်းမမှာ ပြောကြားခဲ့ပါသည်။

အဓိပ္ပါယ်မှာ မည်သူမဆို ဆုကို ပြန်လည်ရုတ်သိမ်းခံရပါက၊ မြို့တော်ခန်းမတွင် ဂုဏ်ပြုရေးထွင်းခံရသော သူ၏ အမည်ကိုပါ အလိုလို ဖယ်ရှားခံရမည်ဖြစ်သည်။ ယင်းမှာ နယူးကာဆယ်မြို့တော် သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်။

“ကျနော်တို့ နောင်တကြီးစွာ ရမိပါတယ်- နောင်တကြီးစွာ ရမိတာနဲ့အမျှ- တစ်ခါတုန်းက ကျနော်တို့ တန်ဘိုးထားခဲ့တဲ့ စံတန်ဘိုးတွေကို စွဲစွဲမြဲမြဲ ပြောကြားခဲ့တဲ့ အသံရှင်တစ်ယောက်က အခုတော့ တိတ်တဆိတ်နေတာကို ရွေးချယ်သွားခဲ့တဲ့အတွက်ကြောင့် ကျနော်တို့ ဒါမျိုးလုပ်လိုက်ရပါတယ်။”
“We take this step with enormous regret,  that a voice that once so strongly reflected our values chose to be silent.”

http://www.dailymail.co.uk/wires/pa/article-5364537/Councillors-vote-strip-Burmese-leader-Freedom-Newcastle.html

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အင်္ဂလန်နိုင်ငံ နယူးကာဆယ် မြို့တော်ခန်းမတွင် ထာဝရ ရေးထွင်းထားသော ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ပြု အမည် ဖယ်ရှားခံရမည်”

Post a Comment

Related Posts Plugin for WordPress, Blogger...