Saturday, March 3, 2018

ဘာလဲဟဲ့ R 2 P (ရဲထွဋ်)

,
အခုအချိန်မှာ Responsibility to Protect , R 2 P ဆိုတဲ့စကား ဖဘ ပေါ်မှာအတော်ခေတ်စားနေ တာကိုး။ ဘင်္ဂလီအရေးနဲ့ပတ်သက်ပြီးအနောက်နိုင်ငံတစ်ချို့က တပ်မတော်ခေါင်းဆောင်တွေကို အရေးယူမယ်၊ R 2 P လုပ်မယ်လို့ပြောတဲ့စကားကို ထောက်ပြီး ပျော်နေတဲ့သူတွေ၊ တပ်မတော် ခေါင်းဆောင်တွေက စိုးရိမ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကူအညီတောင်းနေပြီလို့ ထင်နေသူ တွေလည်း မနည်း လှဘူး။ ဒီတော့ R 2 P ဆိုတာဘာလဲ၊ မြန်မာနိုင်ငံမှာလုပ်ရင် ဘာဖြစ်မလဲ  လေ့လာရအောင်။

Responsibility to Protect , R 2 P

အကာအကွယ်ပေးရန်တာဝန်ရှိမှုဆိုတဲ့အယူအဆကို ၂၀၀၅ ခုနှစ်  ကုလသမဂ္ဂအထွေထွေညီ လာခံ မှာ အတည်ပြုနိုင်အောင်ဆောင်ရွက်ခဲ့တာက အထွေထွေအတွင်းရေးမှူး ကိုဖီအာနန် (ဒေါ်အောင် ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ်ကော်မရှင်ခေါင်းဆောင်) ပါ။

R 2 P ရဲ့အခြေခံသဘောတရားကို အရှင်းဆုံးပြောရရင် နိုင်ငံတစ်နိုင်ငံမှာ အစိုးရက ပဋိပက္ခ ကြောင့် ဖြစ်စေ၊ သဘာဝဘေးဒဏ်ကြောင့်ဖြစ်စေ ကိုယ့်နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ပေးနိုင် စွမ်း မရှိရင် နိုင်ငံတကာက ၀င်ရောက်ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့အယူအဆပဲ။

ကိုဆိုဗိုမှာ ဒီအယူအဆကို အမေရိကန်နဲ့ နေတိုးက စခဲ့တယ်။ နောက်ပိုင်းမှာ အာနန်က အဲဒီအယူ အဆကို ကုလသမဂ္ဂမူဖြစ်အောင် ဆောင်ရွက်ခဲ့တယ်။

မြန်မာနဲ့R 2 P

တစ်ချို့ကလည်း နိုင်ငံတကာက မြန်မာနဲ့ပတ်သက်ပြီး အခုမှ R 2 P ကိုပြောတယ်လို့ထင်တယ်။ တပ်မတော်အစိုးရလက်ထက်ကလည်း မြန်မာနဲ့ပတ်သက်လို့ မကြာခဏပြောခဲ့တယ်။ နာဂစ် တုန်း ကလည်းပြောတာပဲ။ ၂၀၀၇ တုန်းကလည်း ပြောတာပဲ။

ဒါပေမယ့် ဘယ်တုန်းကမှလက်တွေ့မလုပ်နိုင်ခဲ့ဘူး။ ဘာ့ကြောင့်လဲဆိုတော့ မြန်မာနိုင်ငံရဲ့ တည်နေ ရာ၊ မြန်မာ့တပ်မတော်အနေအထား၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအခြေအနေနဲ့  ပထ၀ီ နိုင်ငံရေး စတဲ့အချက်တွေကြောင့်ပဲ။

အခု R 2 P ပြောလာတော့ လက်ခမောင်းခတ်နေတဲ့သူတွေက မကြာခင်မှာပဲ အနောက်နိုင်ငံတွေရဲ့ ဒီမိုကရေစီတပ်ပေါင်းစုကြီးဟာ မြန်မာနိုင်ငံထဲကို ၀င်လာ၊ တပ်မတော်ခေါင်းဆောင်တွေကို ဖမ်းဆီး အရေးယူ၊ လွှတ်တော်ထဲက တပ်မတော်ကိုယ်စားလှယ် ၂၅% ကိုလည်း ဖယ်ရှား၊ မြန်မာနိုင်ငံကို တကယ့် ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်အောင်လုပ်ပေး၊ ပြီးရင် ပြန်သွား၊ ဒီမှာအားလုံးက လွမ်းကျန် ခဲ့လို့ ထင်နေပုံရတယ်။

အဲဒီလို စိတ်ကူးယဉ်နေတဲ့ အတွက် ဒီအချက်တွေကို စဉ်းစားမိပုံမရဘူး-

၁။ အခုအနောက်နိုင်ငံက R 2 P ပြောနေတာ မြန်မာနိုင်ငံဒီမိုကရေစီထွန်းကားရေးအတွက် မဟုတ်ဘူး။

၂။ ဘူးသီးတောင်၊ မောင်တောက ဘင်္ဂလီတွေကို သူတို့နေရာပြန်ဖို့နိုင်ဖို့နဲ့ သူတို့လုံခြုံမှု အတွက် R 2 P ကိုပြောနေတာ။

၃။ နေပြည်တော်လာဖို့မပြောနဲ့ စစ်တွေတောင်ရောက်အောင်လာမှာမဟုတ်ဘူး။ သူတို့ ရည်မှန်းချက်က ဘင်္ဂလီတွေ လုံခြုံစွာနဲ့ သူတို့ဒေသပြန်နေနိုင်ဖို့ပဲ။ ဒါ့ကြောင့် ရခိုင်ပြည်နယ် တစ် ခြမ်းပဲ့တာပဲအဖတ်တင်မယ်။

၎။ ဒါပေမယ့်  R 2 P လုပ်ဖို့အတွက် နိုင်ငံခြားတပ်တွေ မြန်မာနိုင်ငံထဲကိုရောက်လာရင် အချုပ် အခြာအာဏာလက်လွတ်ဆုံးရှုံးနိုင်တဲ့အခြေအနေလို့ပြောလို့ရသွားပြီ။ အဲဒါဆိုရင် ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေ ၄၀ (ဂ)  “ အချုပ်အခြာအာဏာလက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေ ပေါ် ပေါက် လျှင်” ဆိုတဲ့စကား  အသက်ဝင်လာမယ်။ ( အကျယ်သိချင်ရင် အခြေခံဥပဒေစာအုပ် မှာလေ့လာပါ။ )

ဦးရဲထွဋ် R 2 P အကြောင်းဘာမှမပြောဘူးလားလို့ မှတ်ချက်လာရေးနေတဲ့သူတွေ၊ R 2 P  ဆိုတဲ့ စကား သူများပြောတာကြားရုံနဲ့ ဂျွမ်းထိုးနေတဲ့သူတွေ သိအောင် လိုတိုရှင်းပြောတာပါ။

ဒါကို ဖတ်လို်က်ရင် R 2 P ပြောလို့ တပ်မတော်က စိုးရိမ်မလား၊၊ ဘယ်သူက ပိုစိုးရိမ်နေမလဲ စဉ်းစားကြည့်။

https://m.facebook.com/story.php?story_fbid=1583848275062102&id=100003108354469

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ဘာလဲဟဲ့ R 2 P (ရဲထွဋ်)”

Post a Comment

Related Posts Plugin for WordPress, Blogger...