Friday, November 2, 2018

အုပ်​ချုပ်​​ရေး​ပြောင်းပြီ

,
အင်္ဂလိပ်​ဟာမြန်​မာပြည်​မန္တ​လေးကိုသိမ်းပြီး အချက်
၁၇ချက်​ပါဝင်​တဲ့ပြန်​တမ်းထုတ်​တယ်​။ပထမဆုံး
ပ​ဒေသရာဇ်​မြန်​မာနိုင်​ငံကိုစတင်​အုပ်​ချုပ်​ဖို့ဗြိတိန်​က
ကြိုးစားပြီဖြစ်​ပါတယ်​။
ဒီပြန်​တမ်းကို ကိုရဲထွဋ်​လှဘာသာပြန်​မှကူးယူ​ဖော်​ပြ
ပါ့မယ်​။ကိုရဲထွဋ်​လှက ဒီပြန်​တမ်း၁၇ချက်​ကို British Burma Vernacular Gazette1885 မှတစ်​ဆင့်
ဘာသာပြန်​ထားတာဖြစ်​ပါတယ်​။ကျ​နော်​ပြင်​ဆင်​​ရေးသား
ပါတယ်​။

၁။မြန်​မာနိုင်​ငံကိုအစိုးရ​သော သီ​ပေါဘုရင်​သည်
အင်္ဂလိပ်​မင်း ဗိုလ်​ပါစစ်​သည်​ ရဲမက်​တို့ အုပ်​ချုပ်​​သော
ဗိုလ်​မင်းတို့ထံမိမိကိုယ်​နှင့်တကွ ထီးနန်းတိုင်းပြည်
နိုင်​ငံကိုဝန်​ချအပ်​နှင်းသည်​။အင်္ဂလိပ်​မင်းစစ်​သည်​တို့
သည်​ နိုင်​ငံအတွင်း​ရွှေမြို့​တော်​မှစ၍ ခံမြို့၊တပ်​​မြေ၊
ကတုတ်​၊လက်​နက်​၊လူသူနှင့်ခုခံရှိ​နေသည့်အရပ်​ဋ္ဌာန
များကိုလည်းသိမ်းယူအံ့။သီ​ပေါမင်းကိုလည်းနန်းမှ
ချ၍မြန်​မာနိုင်​ငံမှအပအခြား​သို့ပို့ထားရှိ​စေသည်​။
(သိမ်း​ကြောင်းတိုင်းပြည်​ကိုအသိ​ပေးတယ်​။)

၂။သည်​လိုတိုင်း​ပြည်​နဲ့တကွဝန်​ချအပ်​နှင်းသည့်အရာ
များကိုလည်း​ရွှေမြို့​တော်​ရှိမြန်​မာမှူးမတ်​တို့သ​ဘောတူ
ညီကြသည်​။ယခုမြန်​မာနိုင်​ငံငြိမ်​၀ပ်​ပိပြား​စေရန်​ကို
ဦးစားပေး​ဆောင်​ရွက်​ရန်​ရှိသည်​များကို မြန်​မာမှူးမတ်​တို့
အင်္ဂလိပ်​၀န်​ရှင်​​တော်​မင်းကြီးကာနယ်​စ​လေဒင်​နှင့်
တိုင်​ပင်​၍ စီစဉ်​​ဆောင်​ရွက်​လျက်​ရှိသည်​။
(သိမ်းပြီးတည်​ငြိမ်​​ရေး​ဆောင်​ရွက်​တယ်​)

၃။နိုင်​ငံ​တော်​ကစပြီးအရပ်​ရပ်​မြို့ရွာ​အေးချမ်း​အောင်
မြန်​မာမှူးမတ်​များကြံစည်​​ဆောင်​ရွက်​လျက်​ရှိသည်​။

၎။အိန္ဒိယအစိုးရက အင်္ဂလိပ်​ဘုရင်​မကြီးသ​ဘောမသိ
ခင်​အတွင်း မြန်​မာပြည်​ကိုအုပ်​ချုပ်​ရန်​စစ်​သည်​တို့နှင့်
ဆိုင်​​သောအမှုများကို ဗိုလ်​ချုပ်​ဟယ်​ရီပရင်​ဒါဂစ်​ကို
လွှဲအပ်​​တော်​မူမည်​။မြန်​မာမှူးမတ်​များအင်္ဂလိပ်​အစိုးရ
ကျေးဇူးသစ္စာကို​စောင့်​ရှောက်​ပြီး ရိုးသား​ဖြောင့်မတ်​စွာ
ထမ်း​ဆောင်​လိုသူတို့ ပရင်​ဒါဂစ်​နှင့်အတူတကွကူညီ
ထမ်း​ဆောင်​ရန်​အလိုရှိသည်​။
(သိမ်းပြီးစ စစ်​အုပ်​ချုပ်​​ရေးနဲ့ထိန်းထားပါတယ်​)

၅။ရဟန်းသံဃာတို့ကို ​စောင်​မကြည့်ရှုပြီး သာသနာ​ရေး
အမှုကိစ္စများကိုလွတ်​လွတ်​​ဆောင်​ရွက်​ကြရမည်​။စေတီ
ပုထိုး ​သိမ်​ ​ကျောင်း​မြေယာများကိုသိမ်းယူခြင်းမရှိ လွတ်
ငြိမ်းခွင့်ရမည်​။ဗုဒ္ဓသာသနာ​တော်​သည်​ တိုင်းပြည်​အတွင်း
ဆက်​လက်​ထွန်းကားမြဲထွန်းကား​နေ​စေရမည်​။အ​နှောင့်
အယှက်​မရှိ​စေရ။
(ဒီမှာ၂ပိုင်း။တစ်ပိုင်းက သာသနာ​ရေးကိုနိုင်​ငံ​ရေးမှာမ​ရော
ခိုင်​ဘူး။နောက်​တစ်ပိုင်းက မြန်​မာပြည်​လူများစုသာသနာ
နဲ့ဆိုင်​ရာ​မြေ ​စေတီပုထိုး ဘာမှကိုမထိပါးသလို
ထိန်းသိမ်းဖို့အာမခံတယ်​။)

၆။လူကြီးလူငယ်​ငြိမ်းဝပ်​စွာရှိ​နေလျှင်​ တစ်​စုံတစ်​ရာ
ထိပါး​နှောင့်ယှက်​ခြင်းမပြုပဲမိမိတို့ရသင့်ရထိုက်​​သော
အခွင့်အ​ရေးများကိုခံစားမြဲခံစား​စေရမည်​။ကုန်​သည်
ကြီးများမှစ၍ လယ်​လုပ်​ကိုင်​သူအထိ ထိပါး​နှောင့်ယှက်​မှု
မရှိ။လုပ်​ကိုင်​မြဲ၊သွားလာမြဲ၊ရှိ​စေရမည်​။ပြည်​သူလူထု
အ​ပေါင်းမိမိတို့လူမျိုးသဘာဝ သဘင်​ပွဲလမ်းမှစ၍
တိုင်းပြည်​ဓ​လေ့ထုံးစံမပျက်​ရှိမြဲအတိုင်းရှိ​စေရမည်​။

၇။ခရိုင်​၀န်​၊မြို့ဝန်​၊ဗိုလ်​၊စစ်​ကဲ၊နာခံ၊မြို့အုပ်​၊သူကြီး
တို့မှစ၍ မြို့ထိန်းရွာထိန်းအရာရှိတို့နှင့်စစ်​အရာရှိအား
လုံး​အောက်​အချက်​ပါဝတ္တရားများကို​ဖြောင့်မတ်​တည်​တံ့
စွာ ​စောင့်​ရှောက်​၍ ​အောက်​အချက်​ပါတာဝန်​များကို
တာဝန်​ခံကြလျှင်​ အမိန့်​မကွဲပြားမီအတွင်းလက်​ရှိအရာ
နှင့်ထမ်းရွက်​​စေ။၎င်းအချက်များမှာ

၈။ရာဇ၀တ်​မှုဖြစ်​​စေ၊တရားမမှုဖြစ်​​စေ၊အခွန်​မှုဖြစ်​​စေ
ဆိုင်​ရာဆိုင်​ရာအလိုက်​ မိမိ​ဆောင်​ရွက်​ရန်​အမှုဝတ္တရား
များကိုအင်္ဂလိပ်​အ​ရေးပိုင်​အရာရှိမင်းဆင့်ဆိုရာနာခံ၍
ဆောင်​ရွက်​မြဲ​ဆောင်​ရွက်​ကြရမည်​။

၉။အ​ရေးကြီး​သောအမှုကိစ္စများကိုအင်္ဂလိပ်​အ​ရေးပိုင်
မင်းထံမြို့ရွာနယ်​ရှင်​အရာရှိတို့ကရက်​ဆိုင်းကြန့်​ကြာ
မရှိ​စေရ။တိုင်းကြားရမည်​။

၁၀။သူခိုး ဓားပြစ​သောရာဇ၀တ်​မှုများကိုအတူကြိုးပမ်း
နှိမ်​နင်းကြရမည်​။နိုင်​နင်းငြိမ်​၀မ်​မှုမရှိလျှင်​ မိမိတို့အ​ပေါ်
ပြစ်​တင်​ခြင်းကိုခံကြရမည်​။သူခိုး ဓားပြမှစ၍ အသက်
မွေးရာ​မွေး​ကြောင်းမရှိ၊အတည်​မကျသူတို့ကို ဖမ်းဆီး၍
ဆိုင်​ရာအင်္ဂလိပ်​အရာရှိမင်းထံပို့ရမည်​။
(၁၀၉ ၁၁၀ ပုဒ်​မဖြစ်​မယ်​လို့ယူဆရ)

၁၁။အခွန်​​တော်​အရာရှိတို့မှာ အခွန်​ကို​ကောက်​မြဲအတိုင်း
ကောက်​ခံပြီးလျှင်​ ဆိုင်​ရာအင်္ဂလိပ်​အရာရှိမင်းထံ
မြို့ဝန်​သို့အပ်​၍ တင်​ပို့ရမည်​။

၁၂။အရာရှိ အရာထမ်းတို့မှာ မိမိတို့အုပ်​ထိန်းရင်း
ခရိုင်​မြို့ရွာတွင်​​နေထိုင်​သည့်ပြည်​သူအ​ပေါင်းစိုးရိမ်
ကြောင့်ကြမရှိငြိမ်းချမ်းစွာ​နေနိုင်​​အောင်​တတ်​စွမ်းသမျှ
လုပ်​ကြရမည်​။

၁၃။အင်္ဂလိပ်​အမှုထမ်းစစ်​သည်​တစ်​စုံတစ်​​ယောက်​ကို
ဖြစ်​​စေ၊​နောက်​ပါလူတစ်​စုံတစ်​​ယောက်​ကိုဖြစ်​​စေ၊
သတ်​ဖြတ်​ညှင်းပမ်း​သော ခရိုင်​မြို့ရွာတစ်​စုံတစ်​ရာများ
မှာ ကြီးစွာ​သော ​လျှော်​​ကြေးဒဏ်​​ငွေကိုခံရမည့်အပြင်
၎င်းခရိုင်​မြို့ရွာ​နေလူအ​ပေါင်းတို့ပိုင်​  ဓားလှံ ​သေနတ်
လက်​နက်​များကိုလည်း သိမ်းဆည်းခြင်းခံရလိမ့်မည့်
အ​ကြောင်း၊သူခိုး ဓားပြမငြိမ်​မသက်​ ဆက်​လက်​တိုက်​ခိုက်
သည့်အမှု၊ဓားပြတို့ကိုလက်​ခံသည့်အမှုရှိ​သော ခရိုင်​မြို့ရွာ
များမှာ ​ငွေဒဏ်​ခံရမည့်အပြင်​ ကင်းအ​စောင့်အ​နေဖြင့်
ပိုမို​စောင့်ထိန်း​စေရသည့်အတွက်​ ကုန်​ကျစရိတ်​များ
ကိုလည်း ခံကြရမည့်​ အ​ကြောင်းများကိုအရာရှိအရာထမ်း
များမှစ၍ တိုင်း​နေပြည်​သူလူထုတစ်​ရပ်​လုံးသတိထားကြ
ရမည်​။
၁၄။အရာရှိအရာငယ်​အားလုံး မန္တ​လေးလွှတ်​​တော်​က
အမိန့်​​တော်​များကိုနာခံကြရမည်​။သီ​ပေါမင်းဟာ တိုင်း
ပြည်​ကို ဘယ်​အခါမှအစိုးရဦးမည်​မဟုတ်​၍ အခု​ကြေငြာစာပါ
ဆင့်ချက်​အတိုင်းလိုက်​နာခြင်း​ကြောင့်တစ်​စုံတစ်​ရာ
ဘေးရန်​မဆိုက်​​ကြောင်းစိတ်​ချရမည်​။
(အာဏာရှင်​​ကြောက်​​ရောဂါအတွက်​အာမခံချက်​)

၁၅။အထက်​ပါဆင့်ချက်​များကိုမလိုက်​နာ​သော အရာရှိ
ဖြစ်​​စေ၊လူထုဖြစ်​​စေ၊ထကြွခြင်းကိုအား​ပေးသူအရာရှိဖြစ်
စေ၊လူထုဖြစ်​​စေအင်္ဂလိပ်​အစိုးရစိတ်​ကွက်​ခြင်းခံရမည်​။
မည်​သူမဆိုအင်္ဂလိပ်​ကျွန်​​တော်​မျိုးများကိုနှိပ်​စက်​ညှင်းပမ်း
သောသူတို့မှာ အပြစ်​ဒဏ်​ကြီးစွာခံကြရမည်​။

၁၆။အထက်​ပါဆင့်ချက်​ကိုလိုက်​နာသူအရာရှိကို သင့်
တော်​သလိုအကျိုး​ကျေးဇူးရှိ​အောင်​လုပ်​​ပေးမည်​။
ဖောက်​ဖျက်​ကျူးလွန်​လျှင်​အ​ရေးယူမည်​။ပြစ်​မှုငယ်
များကို မြို့ရွာရှင်​အရာထမ်းတို့က စီရင်​ရမည်​။

၁၇။မင်းလှ၊ပုဂံ၊မြင်းခြံ ဆိပ်​ကမ်းမြို့ရွာရှိ အင်္ဂလိပ်​အ​ရေး
ပိုင်​တို့ကအရပ်​ရပ်​​ဝေင​ပေးကမ်းသည့် ​ကြော်​ငြာစာများ
ကို ယခုထုတ်​ပြန်​သည့်​ကြော်​ငြာစာကရုတ်​သိမ်းသည်​။

မန္တ​လေးနန်း​တော်​              မန္တ​လေးမြို့ဗိုလ်​ချုပ်​အမိန့်​အရ
၁၈၈၅ခု၊ဒီဇင်​ဘာ၁ရက်​     E.B Slaydin,Col.
                                      အ​ရေးပိုင်​၀န်​ရှင်​​တော်​မင်းကြီး

ဒီအချက်​​တွေကိုကြည့်ခြင်းအားဖြင့်အင်္ဂလိပ်​ကို ဆိုးတယ်​လို့
ပြောဖို့မဖြစ်​နိုင်​ဘူး။မြန်​မာမင်းစနစ်​ထက်​အပုံကြီး
သာတာ​တွေ့ရတယ်​။

အဲလိုတစ်​နိုင်​ငံလုံးကိုသိမ်းပြီး ၁၈၈၅ ဒီဇင်​ဘာ၃၁ရက်​​နေ့
ညသန်း​ခေါင်​အချိန်​မှာ  အိန္ဒိယအတွင်းဝန်​ Lord
Randolph Churchill က Howth annexes
Burma to the British Empire လို့အသံလွှင့်
ကြေငြာခဲ့တယ်။

By command of the Queen-Empress it is
here by notified that the territories
formerly governed by King Theebaw
will not longer be under be his rule,
but have become part of Her Majesty's
dominions,and will,during Her Majesty's
pleasure ,be administered by such officers
as the Viceroy and Governor-General of
india may from time to time appoint.
(The Pagoda war Page 117,Burma and
the japanese Invader. Page 37)

ယခင်​သီ​ပေါအုပ်​စိုးခဲ့တဲ့နယ်​ပယ်​အားလုံးယခုသူ့အုပ်​စိုး
မှု​အောက်​မှာမရှိ​တော့ပဲ ခပ်​ချွဲချွဲ​ပြောရရင်​ ဘုရင်​မ
ဘုရား၏နယ်​ပယ်​အတွင်းကျ​ရောက်​ခဲ့ပြီဖြစ်​တာ​ကြောင့်
ဘုရင်​မဘုရားရဲ့ သ​ဘောဆန္ဒအတိုင်းအိန္ဒိယဘုရင်​ခံချုပ်
က အဆင်​​ပြေသလိုခန့်​ထားတဲ့အရာရှိ​တွေကတစ်​ဆင့်
အုပ်​ချုပ်​မှာဖြစ်​​ကြောင်းအရှင်​ဘုရင်​ဧကရီဘုရင်​မဘုရား
ညွှန်​ကြားချက်​အရ ထုတ်​ပြန်​​ကြေငြာသည်​ ဆိုတဲ့​ကြေငြာ
ချက်​ကို ၁၈၈၆ ဇန်​န၀ါရီ၁ရက်​​နေ့ လန်​ဒန်​၊ကာလကတ္တား
ရန်​ကုန်​၊မန္တ​လေးမြို့​တွေမှာ တစ်​ချိန်​တည်း​ကြေငြာခဲ့ပြီး
မြန်​မာနိုင်​ငံကို ဗြိတိသျှအင်​ပါယာထဲ တရားဝင်​ထည့်သွင်း
လိုက်​တယ်​။

၎.၅.၁၈၈၆ ​နေ့စွဲနဲ့ထုတ်​ပြန်​တဲ့အမိန့်​အမှတ်​ 791E အရ
သီ​ပေါအုပ်​စိုးတဲ့အထက်​မြန်​မာနိုင်​ငံအတွင်းရှိနယ်​ပယ်
အားလုံးကို ဗြိတိန်​ဘုရင်​မပိုင်​နယ်​ပယ်​အဖြစ်​ ​ကြေငြာခဲ့
ပြီးတရားဝင်​ထည့်သွင်းပြန်​တယ်​။ကြေငြာချက်​မူရင်းက

              British Burma Gazette
              Foreign Department.
              Notifications
              External
Dated Simala, the 4th May 1886.
No791 E. By command of the Queen-Emp
ress it is hereby notified that the territories of Upper burma which are
formerly governed by King Thibaw,and
which are mentioned in the Proclamation
of 1st January 1886, are and shall be deemed to have been from the 26th day
of February 1886, part of the territories vested in Her Majesty by virtue of statue
21 and 22 Vic, Cap 106(an Act of the better
government of India)
H.M.DURAND. Sec: to the Govt.of India

နောက်​တစ်​ခုက ရှမ်းနယ်​နဲ့ပက်​သက်​ပြီး
                            Foreign Department
                            Notifications.
                            External
  Dated Simla,the 4th May 1886.
  No 789 E
  It is hereby notified that the secretary of
  State for india has, by Resolution in
  Council,declared the provisions of
  Her Majesty's reign, Chapter 3, entitled  
  "And Act of make better provision for
  making laws and regulations for certain
  parts of india, and for certain other
  purposes relating there to" to be from
  the 1st March 1886.Applicable to Upper
  Burma,with the exception of the Shan
  State,being part of the territories under
  the government of the Governor-General
  of India in Council.    
  ဒီ​ကြောငြာချက်​နဲ့တစ်​ဆက်​တည်း
  ၁၈၈၆ ​မေလ၆ရက်​​နေ့ ​နေ့စွဲနဲ့ အမိန့်​​ကြေငြာစာအမှတ်
  ၇၉၁ အီးနဲ့ ရှမ်းပြည်​သည်​ဗြိတိသျှအင်​ပါယာအိန္ဒိယ၏
  အစိပ်အပိုင်းဖြစ်​သည်​လို့၊၁၈၈၆ Upper Burma
  Laws Act ပုဒ်​မ ၂အရ ရှမ်းပြည်​သည်​ မြန်​မာပြည်​၏
  အစိတ်​အပိုင်းဖြစ်​သည်​လို့. ​ကြေငြာပြဋ္ဌာန်းခဲ့တယ်​။  
  ဆက်​ပါဦးမည်​။


https://m.facebook.com/story.php?story_fbid=349224765830866&id=100022300364681

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အုပ်​ချုပ်​​ရေး​ပြောင်းပြီ”

Post a Comment

Related Posts Plugin for WordPress, Blogger...