Friday, January 12, 2018

အချက်အလက်ရှာရေးအဖွဲ့များကို ရခိုင်သို့သွားခွင့်ပေးရန် အီးယူတောင်းဆို

,
ရခိုင်ပြည်နယ်ရှိ မူဆလင်ရွာသား ၁၀ ယောက်အား ဥပဒေမဲ့ သတ်ဖြတ်ခြင်းကိစ္စ မြန်မာ့တပ်မတော်မှ ၀န်ခံခြင်းနှင့် စပ်လျဉ်း၍ ဥရောပသမဂ္ဂ၏ ဒေသန္တရဆိုင်ရာ ကြေငြာချက်

11/01/2018 - 11:30

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံရုံး ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ သံရုံး အကြီးအကဲများ ၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံရုံး အကြီးအကဲ တို့သည် အောက်ပါ ထုတ်ပြန် ကြေငြာချက်အား ထုတ်ပြန်လိုက်ပါသည်

မြန်မာ့တပ်မတော်သည် မူဆလင် ရွာသား ၁၀ ဦးအား တရားလက်လွတ် သတ်ဖြတ်ခဲ့ကြောင်း ပထမဆုံးအကြိမ်အဖြစ် ၀န်ခံခဲ့ပါသည်။

 အဆိုပါ ရွာသား ၁၀ဦး၏ အလောင်းများကို မောင်တောခရိုင် အင်းဒင်ကျေးရွာအနီး အစုအပြုံလိုက် မြှပ်နှံထားသော သင်္ချိုင်းနေရာတွင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါ ကြမ်းကြုတ်စွာ သတ်ဖြတ်ခြင်းများသည် ကြမ်းကြုတ် ရက်စက်သော လုပ်ရပ်များ ကျူးလွန်ခြင်းအတွက် တာဝန်ရှိသောသူများအား တာဝန်ခံမှု ရှိစေရေး သေချာစေရန် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ခဲ့သော အကြမ်းဖက်မှု ဖြစ်ရပ်များအားလုံးကို ဖော်ထုတ်ရန် စေ့စပ်သေချာပြီး ယုံကြည်စိတ်ချရသော စုံစမ်းစစ်ဆေးရေးတစ်ရပ် အရေးတကြီး လိုအပ်ချက်ကို အတည်ပြုလျက် ရှိပါသည်။ ယခုကဲ့သို့ ကြီးမားသော လူ့အခွင့်အရေး ချိုးဖောက်မှုများအား လုပ်ဆောင်သည့် ပြစ်မှုကျူးလွန်သူများကို ပြစ်ဒဏ်ခတ်ခြင်းမှ ကင်းလွတ်နေခြင်းများကို ရပ်တန့်ရမည် ဖြစ်သည်။

ထို့ကြောင့် ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံအစိုးရအား လူ့အခွင့်အရေးကောင်စီ၏ လွတ်လပ်သော နိုင်ငံတကာ အချက်အလက် စုံစမ်းရှာဖွေရေးအဖွဲ့နှင့် ဂျာနယ်လစ်များ အပါအ၀င် အခြား လွတ်လပ်သော လေ့လာသူများနှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ပါရန်နှင့် ပဋိပက္ခ ဖြစ်ပွားနေသော နေရာတိုင်းဆီသို့ ၄င်းတို့၏ အတားအဆီး မရှိ လွတ်လပ်လုံခြုံစွာ  သတင်း ရယူပိုင်ခွင့်ကို နှောင့်နှေးခြင်း မရှိပဲ ပေးအပ်ပါရန် ထပ်လောင်း တောင်းဆိုအပ်ပါသည်။
         cr-Ye K Htwe

https://m.facebook.com/story.php?story_fbid=188847661859504&id=100022028152146

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အချက်အလက်ရှာရေးအဖွဲ့များကို ရခိုင်သို့သွားခွင့်ပေးရန် အီးယူတောင်းဆို”

Post a Comment

Related Posts Plugin for WordPress, Blogger...