Wednesday, January 2, 2019

History of Modern Burma...6

,
၁၉၆၄ခုနှစ်​မှာ အိန္ဒိယသား​တွေပိုင်​ဆိုင်​တဲ့စက်​ရုံ
အလုပ်​ရုံကြီး​တွေ၊မြို့​တော်​ခန်းမ​ဘေးမှာရှိတဲ့
ရိုးကုန်​တိုက်​လို အဆင့်မြင့်ကုန်​တိုက်​ကြီး​တွေ
ကစပြီးအိမ်​ဆိုင်​​တွေအထိ ​နေ၀င်းသိမ်းပြီးနိုင်​ငံခြားသား
တွေကိုနှယ်​နှင်​ဒဏ်​သတ်​မှန်​ပြန်​တယ်​။အိန္ဒိယသား​တွေ
အားလုံးအိန္ဒိယကိုပြန်​ကြပါ​တော့တယ်​။သူတို့မပြန်​ခင်
ရှိသမျှလက်​ကျန်​ပစ္စည်းအားလုံးကို​ရောင်းပြီးရတဲ့
ငွေနဲ့​ရွှေထည်​အဖြစ်​​ပြောင်းလဲဝတ်​ဆင်​ပြီးပြန်​​တော့ 
တော်​လှန်​​ရေး​ကောင်​စီက ​ရွှေထည်​​တွေပိုင်​ဆိုင်​သမျှ
ယူသွားခွင့်မရှိ။အမျိုးသမီး​တွေရဲ့ ကိုယ်​​ပေါ်မှာသာ
ဝတ်​ဆင်​ခွင့်ရှိပြီး အမျိုးသား​တွေဝတ်​ဆင်​ခွင့်မရှိ။
ပိုလျှံတဲ့​ရွေထည်​​တွေကို ​တော်​လှန်​​ရေး​ကောင်​စီအစိုးရ
သိမ်းယူမယ်​လို့​ကြေငြာ​တော့ အိန္ဒိယသား​တွေဟာပို
လျှံတဲ့​ရွှေထည်​​တွေ၊စိန်​​တွေနဲ့​ကျောက်​သံပတ္တမြား​တွေ
ကို အိန္ဒိယသံရုံးကို လာ​ရောက်​အပ်​နှံပြီးထွက်​ခွာကြ
တာ​ကြောင့်အတွင်းပစ္စည်း​တွေသိပ်​မရလိုက်​ဘူး။

နေ၀င်းဟာ ဓားပြတိုက်​သလိုသိမ်း​နေတာပါပဲ။
အဲဒီအချိန်​ကမြန်​မာပြည်​ဟာ ​ခေတ်​မီနိုင်​ငံတစ်​ခုဖြစ်
နေပါတယ်​။ရန်​ကုန်​မြို့ဟာတန်းဝင်​မြို့​တော်​တစ်​ခုဖြစ်
တယ်​။အိန္ဒိယသား​တွေရဲ့ ပစ္စည်း​တွေကိုသိမ်းမရ​တော့ 
နေ၀င်းရဲ့ အမိန့်​နဲ့ နိုင်​ငံခြား​ရေးဋ္ဌာနက အိန္ဒိယသံရုံးရဲ့ 
လုပ်​ရပ်​ဟာမိတ်​​ဆွေမပီသတဲ့လုပ်​ရပ်​ဖြစ်​တယ်​လို့
ဝေဖန်​စာပို့တယ်​။အိန္ဒိယနိုင်​ငံခြား​ရေးအတွင်းဝန်
ဂွန်​​ဒေဗီးယားက မြန်​မာနိုင်​ငံခြား​ရေးဋ္ဌာနကို
လာပြီး​ဆွေး​နွေးတယ်​။သူကတင်​ပြတယ်​။
......အိန္ဒိယသား​တွေဟာအိန္ဒိယကလာတုန်းက ​ငွေထုတ်
ပိုက်​ပြီးလာခဲ့ကြသူ​တွေဖြစ်​တယ်​။ဆင်းရဲသား
လယ်​ကူလီ​တွေလည်းရှိ​နေတယ်​။ငွေရင်းနှီးမြုပ်​နှံနိုင်
တဲ့သူ​ဋ္ဌေး​တွေရင်းနှီးမြုပ်​နှံထားတာ​ကြောင့်​ ချမ်းသာ
မှုတိုးပွားလာတာဖြစ်​တယ်​။ဒါ​ကြောင့်မူလကတည်းက
ကြွယ်​၀သူ​တွေအိန္ဒိယကိုပြန်​တဲ့အခါ ဗမာကျပ်​​ငွေနဲ့
အိန္ဒိယရူပီ​ငွေကိုလဲယူမသွားနိုင်​တာ​ကြောင့်​ရွှေ ​ငွေ 
ကျောက်​သံပတ္တမြားဝယ်​ယူခြင်းဟာ တရားမျှတ
မှုရှိတယ်​။မ​ရွှေ့ ​ပြောင်းနိုင်​တဲ့ပစ္စည်း​တွေကို
တော်​လှန်​​ရေး​ကောင်​စီသိမ်းယူတာနဲ့ပက်​သက်​ပြီး
တရားမျှတမှုရှိတယ်​လို့မသတ်​မှတ်​ဘူး။အကယ်​၍ 
ဒီ​ရွှေ ​ငွေလက်​၀တ်​လက်​စား​တွေကို ယူ​ဆောင်​သွား
ခွင့်ပြု မယ်​ဆိုရင်​ သူတို့သံရုံးကို လာအပ်​စရာအ
ကြောင်းမရှိ​တော့ဘူး.....လို့ရှင်းလင်း​တော့ ​နေ၀င်းက
ခွင့်ပြု လိုက်​တယ်​။

အဲဒီအချိန်​ မြန်​မာလူငယ်​​ပေါင်းများစွာကို ဖူးဘရိုက်​နဲ့
နိုင်​ငံခြားပညာ​တော်​သင်​​စေလွှတ်​မယ့် အစီစဉ်​ကြီးကို
လည်းရပ်​စဲပစ်​လိုက်​ပြီ။John Hoppkins
အပြည်​ပြည်​ဆိုင်​ရာအဆင့်မြင့်ပညာရပ်​၀န်းသင်​တန်း
ကျောင်းဟာ အဲဒီတုန်းက ရန်​ကုန်​မြို့မှာ ​ကျောင်းခွဲ
တစ်​ခုရှိခဲ့တယ်​။အဲဒီ​ကျောင်းက ဆရာ​တွေကို
နယ်​နှင်​တယ်​။ကမ္ဘာ့ အဆင့်မီသံတမန်​မျိုး​ဆက်
တစ်​ခုတည်​​ထောင်​ဖို့ရည်​မှန်းချက်​လည်းအဆုံးသတ်
သွားတယ်​။ဗြိတိန်​နဲ့အ​မေရိကန်​ကလာဖွင့်ထားတဲ့
အင်္ဂလိပ်​ဘာသာသင်​ကြား​ရေး​ကျောင်း​တွေကိုလည်း
ပိတ်​ပစ်​လိုက်​တယ်​။ကပွဲ​တွေ၊မြင်းပြိုင်​ပွဲ​တွေနဲ့အလှမယ်
ပြိုင်​ပွဲ​တွေအားလုံးကိုတားမြစ်​ပိတ်​ပင်​တယ်​။ရန်​ကုန်
မှာအနည်းအကျဉ်းရှိတဲ့ညကလပ်​​တွေကိုလည်းပိတ်
ပစ်​တယ်​။ကင်း​ထောက်​လူငယ်​အသင်းနဲ့​မြန်​မာ​မော်​​တော်
ယာဉ်​အသင်း​တွေကို ပြည်​သူပိုင်​သိမ်းတယ်​။
နောက်​ထပ်​နိုင်​ငံခြားသား​တွေကိုဝင်​ခွင့်မ​ပေး​တော့ဘဲ
ရှိတဲ့နိုင်​ငံခြားသား လုပ်​ငန်းရှင်​​တွေ၊ကပြား​တွေ
စသည့်အားလုံးကိုပြည်​နှင်​တယ်​။ဗီဇာကို၂၄နာရီပဲ
ခွင့်ပြုတယ်​။အဲဒီအချိန်​မတိုင်​ခင်​ထိ ရန်​ကုန်​ဟာ 
ဒေသတွင်း​လေ​ကြောင်းခရီးစဉ်​​တွေမှာဗဟိုအချက်
အခြာဖြစ်​​နေတယ်​။Pan Am ​လေ​ကြောင်းလိုင်း၊BOAC ​လေ​ကြောင်းလိုင်း၊Northwest Air France 
လေ​ကြောင်းလိုင်း၊KLM ဂျက်​​လေယာဉ်​ကြီး
တွေဟာ ဥ​ရောပနဲ့​မြောက်​အ​မေရိကက သန်းကြွယ်
သူ​ဋ္ဌေးခရီးသည်​​တွေကို တိုက်​ရိုက်​ပျံသန်း​ပေး
နေပါတယ်​။ထိုင်းနဲ့ စကာင်္ပူကို ခရီးသွားချင်​ရင်
ရန်​ကုန်​ဟာ Transit ဖြစ်​တယ်​။
(​ခြေရာ​ပျောက်​မြစ်​-​ဒေါက်​တာသန်းမြင့်ဦး)

ပြင်​ပတစ်​ခြားကမ္ဘာမှာ နည်းပညာနဲ့တီထွင်​မှု​တွေကို
အားသွန်​ခွန်​စိုက်​ကြိုးပမ်း​ဆောင်​ရွက်​​နေချိန်​မှာ 
နေ၀င်းနဲ့အ​ပေါင်းပါ​တွေဟာ နိုင်​ငံ့တံခါးဝမှာ ​ကျေးဇူး
ပြုပြီးမ​နှောင့်ယှက်​ပါနဲ့ ဆိုတဲ့ ဆိုင်းပုဒ်​ကို ချိတ်​ဆွဲ
ကြပါ​တော့တယ်​။

မြန်​မာနိုင်​ငံမှာရှိတဲ့အိန္ဒိယလူမျိုးစု​တွေဟာ ၂၀ရာစု
အ​စောပိုင်းက​နေစတင်​ပြီးနည်းပါးလာတယ်​။
ဂျပန်​၀င်​လာချိန်​၁၉၄၂အ​စောပိုင်းကတည်းက
ထွက်​​ပြေးတဲ့ခရီးစဉ်​မှာ လမ်းမှာတင်​သိန်းနဲ့​ချီ​သေ
ဆုံးကြရတယ်​။အင်္ဂလိပ်​စစ်​တပ်​ဆုတ်​ခွာရာ
လမ်း​ကြောင်းမှာ စစ်​ယာဉ်​​တွေကိုဦးစား​ပေး​နေရ
တာ​ကြောင့်အိန္ဒိယလူမျိုးစု​တွေကြုံသလိုဖြစ်​သလို 
ခြေချင်​ဆုတ်​ခွာရတာ​ကြောင့် ​ရောဂါ​တွေရပြီး
ပင်​ပမ်းမှုဒဏ်​​ကြောင့်လမ်းမှာတင်​အသက်​ဆုံးကြ
ရတယ်​။အဲဒီတုန်းကဆုတ်​ခွာသွားတဲ့ အိန္ဒိယသား​တွေ
ဟာ မြန်​မာပြည်​လွတ်​လပ်​​ရေးရချိန်​မှာ ပြန်​၀င်
မလာကြ​တော့ဘူး။ဒါ​ပေမဲ့ရန်​ကုန်​မြို့ဟာ ၁၉၆၄
ခုနှစ်​အထိ အိန္ဒိယအ​ငွေ့အသက်​ရှိ​နေဆဲပဲ။
ရန်​ကုန်​မြို့ရဲ့ အတတ်​ပညာရှင်​များ​လောက၊
ကူသန်း​ရောင်းဝယ်​​ရေး​လောကကြီးထဲမှာ အိန္ဒိယ
သား​တွေအဓိက​နေရာကရှိ​နေပါတယ်​။၁၉၆၄
ကစပြီး ​နေ၀င်းအမိန့်​နဲ့ ​သောင်းချီတဲ့ အိန္ဒိယအမျိုး
သားအမျိုးသမီး​တွေအပြင်​ က​လေးသူငယ်​​တွေပါ
မချန်​ မြန်​မာနိုင်​ငံက​နေနှင်​ထုတ်​ပါတယ်​။ထွက်​ခွာသွား
တာမြင်​ရက်​စရာမရှိလို့ ​နေ၀င်းလုပ်​ရပ်​ဟာ အလွန်
စာနာမှုကင်းမဲ့တာ​ကြောင့် အိန္ဒိယ၀န်​ကြီးချုပ်​​နေရူး
ကိုယ်​တိုင်​ အိန္ဒိယက​နေ ဇာတိ​မြေကိုပြန်​​ခေါ်ဖို့
နယူး​ဒေလီကအိန္ဒိယအစိုးရအမိန့်​နဲ့အထူးသ​ဘောင်္​တွေ
စင်းလုံးငှါး​လေယာဉ်​​တွေပို့​ဆောင်​​ပေးပြီး ​ခေါ်ယူခဲ့တယ်​။
အဲဒီအချိန်​က ပြန်​သွားကြတဲ့အိန္ဒိယသားတစ်​၀က်
လောက်​ဟာ သူ​တို့​မွေးရပ်​​မြေဟာ အိန္ဒိယမဟုတ်​ဘဲ
ရန်​ကုန်​မြို့သာဖြစ်​​နေတာ​ကြောင့် အိန္ဒိယမှာ
ဒုက္ခသည်​အဖြစ်​ ဘ၀စရ​တော့မှာဖြစ်​တယ်​။
အိန္ဒိယသား​တော်​​တော်​များများဟာမြန်​မာနိုင်​ငံပြင်​ပ
မှာမ​နေဖူးဘူး။မြန်​မာနိုင်​ငံမှာ မျိုးဆက်​၄ဆက်​​လောက်
အထိ​နေထိုင်​ခဲ့ကြသူ​တွေပါ။အဲဒီထဲကတစ်​၀က်​​လောက်
ဟာ မြန်​မာစကားကိုပဲ​ပြောတတ်​တယ်​။အဲဒီထဲမှာ ဆရာဝန်​​တွေ၊​ရှေ့ ​နေ​တွေ၊သတင်းစာဆရာ​တွေ၊
စီးပွား​ရေးသမား​တွေ၊လုပ်​ငန်းရှင်​ကြီး​တွေ၊​ကျောင်း
ဆရာ​တွေအပြင်​ ​ဈေးဆိုင်​ပိုင်​ရှင်​​တွေကအစ ကျဘမ်း
အလုပ်​သမား​တွေအထိပါဝင်​ပါတယ်​။သူတို့အားလုံး
ငွေတစ်​ပြားမှမပါဘဲ အ၀တ်​တစ်​ထည်​ကိုယ်​တစ်​ခုနဲ့
ထွက်​ခွာသွားကြရတယ်​။တစ်​သက်​တာ နှစ်​​ပေါင်း
၁၀၀​ကျော်​လုပ်​ကိုင်​ခဲ့တာ​တွေအတွက်​၊သူတို့ပိုင်​ဆိုင်
တဲ့​နေအိမ်​​တွေ၊တခြားပိုင်​ဆိုင်​မှု​တွေနဲ့သူတို့လုပ်​ငန်း
တွေအတွက်​၊သူတို့ပစ္စည်းပစ္စယ​တွေအတွက်
ဘာ​လျှော်​​ကြေးမှမရခဲ့ရရှာဘူး။
(.​ခြေရာ​ပျောက်​မြစ်​-​ဒေါက်​တာသန်းမြင့်ဦး)

အလုပ်​အကိုင်​စဆုံးရှုံးပြီ။အခွင့်အလမ်း​တွေ၊ပညာ
သင်​ခွင့်​တွေ စသည့်အားလုံးဆုံးရှုံးပါပြီး။လုပ်​စရာ
ဆိုလို့ ​နေ၀င်းရဲ့ ပြည်​သူ့အရက်​ချက်​စက်​ရုံကထုတ်​တဲ့
ဘီယာ အရက်​​သောက်​ဖို့ပဲရှိ​တော့တယ်​။မြန်​မာနိုင်​ငံ
ကနှင်​ထုတ်​ခံရသူအားလုံး၎သိန်းနီးပါးရှိတယ်​။
အဲဒီမြန်​မာစကား​ပြောအိန္ဒိယသား​တွေကို ယ​နေ့အထိ
မြင်​​တွေ့နိုင်​ပါ​သေးတယ်​။

ယ​နေ့အထိ အ​နောက်​တိုင်းသားအမုန်း၊အိန္ဒိယသား
အမုန်းကျန်​​နေဆဲပဲ။မ​လေးရှားမှာ အိန္ဒိယနဲ့
တရုတ်​လူနည်းစု​တွေဟာ ကိုလိုနီ​ခေတ်​လွန်
လူ့အဖွဲ့အစည်းမှာတက်​ကြွပြီးသီးခြားခွဲထုတ်​လို့
မရတဲ့အစိတ်​အပိုင်း​တွေအဖြစ်​ ကြီးထွားလာတာဟာ 
အောင်​မြင်​မှုရဲ့ ​သော့ချက်​ပဲဖြစ်​ခဲ့တယ်​။မြန်​မာဟာ
ကိုလိုနီလူ့အဖွဲ့စည်းကို မုန်းတီးမှုနဲ့ဒဏ်​ရာ​တွေ​ပဲ
ပေးပစ်​ခဲ့တာ​ကြောင့်​အောင်​မြင်​မှုနဲ့​ဝေးခဲ့ရတယ်​။
ကိုလိုနီလူ့အဖွဲ့အစည်းကိုနိုင်​ငံအတွက်​ယ​နေ့အထိ
အသုံးချတာမရှိ​သေးဘူး။ကိုလိုနီလူ့အဖွဲ့အစည်း
လက်​ကျန်​​တွေကို ယ​နေ့အထိ နိုင်​ငံသားသံသယ
အဆင့်အတန်းနဲ့ခွဲခြားဖိနှိပ်​ထားဆဲပဲ။၁၉၈၂
မြန်​မာနိုင်​ငံသားဥပ​ဒေဟာ အဓိကရည်​ရွယ်​တာ
ကိုလိုနီလူ့အဖွဲ့စည်းဖြစ်​တဲ့ တရုတ်​၊အိန္ဒိယနွယ်​ဖွား
တွေနဲ့လူမျိုးခြား ဘာသာခြား​တွေအတွက်ပါ။

မြန်​မာနိုင်​ငံသား​တွေက ​နေ၀င်းအသံကြားရင်
ဘယ်​သူမှ​ကောင်းတယ်​မ​ပြောဘူး။ဒါ​ပေမဲ့၁၉၈၂
ဥပ​ဒေအသံကြားရင်​​နေ၀င်းဟာ​ကျေးဇူးရှင်
ဖြစ်​သွားတယ်​။ဘာလို့လဲ။မသိရင်​၈၂ဥပ​ဒေက
မြန်​မာအမျိုးသား​တွေအတွက်​ဂုဏ်​ယူ​လောက်​စရာ
ရှိ​နေသလိုလို။အမှန်​က ၈၂ဥပ​ဒေကို မြန်​မာနိုင်​ငံ
သား ၅၁သန်းမှာ သန်း၅၀​လောက်​ဟာ ၂၀၁၂ခုနှစ်
ဒီဇင်​ဘာလ ​လောက်​မှကြားဖူးကြတာ။အခုထိ
၈၂ဥပ​ဒေကို တစ်​​ကြောင်းမှမဖတ်​ဖူးသူကလည်း
သန်း၅၀​လောက်​ရှိတယ်​။စစ်​တပ်​နဲ့စစ်​တပ်​မင်း
တွေ​ပြောတာ​တွေ၊အဆံ​ချောင်​သာကူးနိုင်​ငံ​ရေး
သမား အာဝါဒါး​တွေ​ပြောတာ​တွေ မီဒီယာ​ပေါ်တက်
လာတာ နား​ထောင်​ပြီး ဟို​နေရာ​၀င်​​ယောင်
ဒီ​နေရာဝင်​​ယောင်​ ဟို​နေရာဝင်​မန့်​၊ဒီ​နေရာဝင်​မန့်
သွား​နေကြတာ။ကိန်းဂဏန်းကိုချစ်​လို့ ဥပ​ဒေနဲ့
ခုနှစ်​သက္ကရာဇ်​ကိုတွဲမှတ်​တဲ့​သောက်​​ပေါတို့
နေထိုင်​ရာတိုင်းပြည်​ဟာ တကယ့်ကိုရယ်​စရာ
တွေချည်းပဲ။

ဒီ​နေရာမှာအ​ကြောင်းတိုက်​ဆိုင်​လာတဲ့အတွက်
၁၉၈၂နိုင်​ငံသားဥပ​ဒေနဲ့ပက်​သက်​ပြီးအနည်းငယ်
တင်​ပြပါမယ်​။ရခိုင်​​ဒေသ ဘူးသီး​တောင်​နဲ့​မောင်​​တော
ကို ဦးနု​ခေတ်​က ရခိုင်​ပြည်​နယ်​အုပ်​ချုပ်​​ရေးထဲ
မထည့်ဘဲ ​မေယုနယ်​ခြားခရိုင်​အုပ်​ချုပ်​​ရေးဆိုပြီး
ဦးနုရဲ့ ဗဟိုအစိုးရကတိုက်​ရိုက်​အုပ်​ချုပ်​တယ်​။
အမတ ​ခေါ်တဲ့ အမျိုးသားမှတ်​ပုံတင်​ကဒ်​ပြားကို
စထုတ်​​ပေးကတည်းက ရိုဟင်​ဂျာ​တို့​ဒေသပါခဲ့တယ်​။
ရိုဟင်​ဂျာအသုံးနဲ့နာမည်​ကို ဦးနုအစိုးရနဲ့ 
တော်​လှန်​​ရေး​ကောင်​စီအစိုးရအထိ သုံး​နေဆဲပဲ။

(မှတ်​ချက်​။ဦးနုအစိုးရကတမင်​လုပ်​တာတို့၊
မဲရဖို့လုပ်​တယ်​တို့ဆိုတဲ့​ပေါ​တော​တော​ကြောင်​​တောင်
တောင်​ စကား​တွေနဲ့​ပေါက်​ပန်း​လေးဆယ်​​တွေနား
ထောင်​ဖူးပြီးဝင်​မ​​ယောင်​တာပို​ကောင်းပါလိမ့်မယ်​။
အဲဒီ​ခေတ်​က ဦးနုရဲ့ အတိုက်​အခံဆိုတာရှိတယ်​။
ဦးနုမဲရဖို့လုပ်​တာဆိုရင်​ဘာလို့အတိုက်​အခံ​တွေက
မကန့်​ကွက်​ကြတာလဲ....)

၁၉၆၀မြန်​မာ့အသံတိုင်းရင်းသားဘာသာစကား
အစီစဉ်​မှာ ရိုဟင်​ဂျာဘာသာစကားနဲ့အသံလွှင့်ခဲ့တယ်​။
ဗိုလ်​​အောင်​ကြီးရဲ့ ​မေယုနယ်​ခြားစစ်​ဆင်​​ရေးမှာ
ရိုဟင်​ဂျာ​တွေကို အသိအမှတ်​ပြု ခဲ့သလို ရိုဟင်​ဂျာ
ခြင်းထပ်​​အောင်​​ခေါ်​ဝေါ်သုံးစွဲမိန့်​ခွန်း​ခြွေခဲ့တယ်​။
မူဂျာဟစ်​သူပုန်​​တွေကိုစစ်​ဆင်​တဲ့​စစ်​ဆင်​​ရေးမှာ
ရိုဟင်​ဂျာ​တွေကိုယ်​တိုင်​မြန်​မာစစ်​တပ်​နဲ့ ပူး​ပေါင်း
ဆောင်​ရွက်​ခဲ့တယ်​။၁၉၅၆အဲဒီ​ဒေသကို
မြန်​မာစစ်​တပ်​စိုးမိုးသွားတဲ့အခါ ပြန်​လည်​ထူ​ထောင်
ရေးလုပ်​ငန်း​တွေ၊အမျိုးသားမှတ်​ပုံတင်​​တွေထုတ်
ပေးခဲ့တယ်​။အဲဒီ​ဒေကသူ​တွေဟာ ပြည်​မက
အိန္ဒိယနွယ်​ဖွားကပြား​တွေနဲ့​နေထိုင်​စား​သောက်
ပြောဆိုပုံကွဲပြားခြားနားပြီး ကိုးကွယ်​ရာဘာသာ
တစ်​ခုတည်းတူညီကြတာ​တွေ့ရတယ်​။အများစုက
စာမတတ်​​ပေမတတ်​ ရရစားစားလူ့ငနွား အိပ်​စား
ကာမ​ထက်​မပိုဘူး။ဆင်းရဲချမ်းသာကွာဟချက်
အလွန်​ကြီးတယ်​။စာတတ်​သူကအရမ်းတတ်​တယ်​။
စာမတတ်​သူကလည်းလုံးဝမတတ်​ဘူး။ရိုဟင်​ဂျာ
အမတ်​၄​ယောက်​ ဦးနုရဲ့ ပါလီမာန်​လွှတ်​​တော်​ထဲမှာ
ရှိခဲ့တယ်​။မဆလ လွှတ်​​တော်​မှာလည်းရှိခဲ့တယ်​။
နောက်​ပိုင်းသူတို့ကို လူမျိုးစုစရင်းမှာ​နေ၀င်းက
ရခိုင်​-စစ်​တ​ကောင်းလို့​ပြောင်းတယ်​။၁၉၈၂ဥပ​ဒေ
ထုတ်​ပြန်​ချိန်​နီးကပ်​လာတာနဲ့ ၁၉၇၄ခုနှစ်​က
ထုတ်​ပြန်​ထားတဲ့ ကမ္ဘာသိလူမျိုးစုစရင်း၁၄၄မျိုးမှာ
သူ့သ​ဘောနဲ့သူ ၉မျိုးကိုဖြုတ်​ချပြီး ၁၃၅
လုပ်​ပစ်​လိုက်​တယ်​။၁၃၅​ပေါင်းခြင်းဟာ
၉ဂဏန်းရတယ်​။၉ဂဏန်းဟာ ကိန်းဂဏန်း
အ​ခြေပြု ​နေ၀င်းအတွက်​လာဘ်​​ကောင်းတဲ့
ကိန်းဂဏန်းဖြစ်​တယ်​။(၁+၃+၅=၉/၁+၄+၄=၉)
နောက်​ဆုံးလူမျိုး​ရေးအမုန်း
နဲ့ ၁၉၇၈မှာ နဂါးမင်းစီမံချက်​ဆိုပြီး ရိုဟင်​ဂျာတို့
ဒေသကို စစ်​ဆင်​​ရေးဝင်​ပါ​တော့တယ်​။ရိုဟင်​ဂျာ၂
သိန်းဘင်္ဂလား​ဒေရှ့်​ကိုကူး​ပြောင်းထွက်​​ပြေးသွားတယ်​။
နှစ်​နိုင်​ငံ​ဆွေး​နွေးပြီးမြန်​မာနိုင်​ငံသားဖြစ်​တဲ့ရိုဟင်​ဂျာ
၁သိန်း၈​သောင်း​ကျော်​ကိုပြန်​လက်​ခံခဲ့ရတယ်​။
အဲဒီပြန်​လည်​လက်​ခံ​ရေးပုံစံမှာလည်းပဲ ရိုဟင်​ဂျာ
ဆိုတဲ့လူမျိုးအမည်​ကို​ရေးခဲ့သလို စစ်​​တွေဘက်​က
နေ ပြည်​မထဲကို မြန်​မာအစိုးရ၀န်​ထမ်းအဖြစ်
ရောက်​ရှိအ​ခြေချ​နေထိုင်​​နေတဲ့ ၀န်​ထမ်းမျိုးရိုး
နဲ့ရိုဟင်​ဂျာ​တွေရန်​ကုန်​မြို့မှာအများကြီးပါ။
အဲဒီ​နောက်​ပိုင်းမှာမှ ၁၉၈၂နိုင်​ငံသားဥပ​ဒေကို
စတင်​​ရေးဆွဲတာဖြစ်​တယ်​။ဘာလဲ နိုင်​ငံသားဥပ​ဒေ
မရှိ​တော့လို့လား။ရှိလွန်းလို့ကမ္ဘာ့ အဆင့်မီနိုင်​ငံသား
ဥပ​ဒေကိုရှိ​နေတာပါ။

(မှတ်​ချက်​-မူဂျာဟစ်​အသံကြားတာနဲ့ ဘာမသိညာမသိ
ရခိုင်​​တွေ​ရေးတဲ့ယုံတမ်းပုံပြင်​​တွေနား​ထောင်​ပြီး
ကိုယ်​သိတာအမှန်​​တော့မလုပ်​မိ​စေနဲ့။ရခိုင်​အမျိုး
သားဘုံ​ပေါက်​သာ​ကျော်​က ရိုဟင်​ဂျာ​ခေါင်း
အလုံး၂၀၀​/၃၀၀​ကျော်​ဖြတ်​ပြီး​နေ့စဉ်​ရခိုင်​​တွေယူလာ
ကြောင်း သူကိုယ်​တိုင်​​ရေးတဲ့စာအုပ်​မှာ​ဖော်​ပြထားတာ
ပါ။)

၁၉၄၇ဖွဲ့စည်းအုပ်​ချုပ်​ပုံအ​ခြေခံဥပ​ဒေမှာနိုင်​ငံသား
ဆိုင်​ရာပြဌာန်းချက်​ကိုဖတ်​ဖူးသူရှိရင်​ဒီအ​ကြောင်း
ပိုသိလိမ့်မယ်​။

၁။၁၉၄၇ နိုင်​ငံသားဖြစ်​မှုအက်​ဥပ​ဒေ၊
၂။၄၇​နိုင်​ငံ​သား​ရွှေးချယ်​​ရေးအက်​ဥပ​ဒေ၊
၃။၄၈နိုင်​ငံသားဥပ​ဒေ စတဲ့ဥပ​ဒေ​တွေရှိ​နေလျက်
သားနဲ့၈၂ဥပ​ဒေကို ဗုဒ္ဓ၀ါဒနဲ့ဗမာအမျိုးသား​ရေးဝါဒ
ပေါင်းစပ်​ပြီးစတင်​တီထွင်​ပြဋ္ဌာန်းတယ်​။သူက
မြန်​မာအမျိုးသား​ရေးဝါဒနဲ့ဗုဒ္ဓ၀ါဒကို​ ဆရှလစနစ်
မှာပဲ​ရောတာအားမရလို့၈၂ဥပ​ဒေမှာပါအဲဒါကို
ပြန်​​ရောတယ်​။၁၉၈၂ ​အောက်​တိုဘာလ ၁၅ရက်
နေ့မှာ ဥပ​ဒေကိုအတည်​ပြု ပြ​ဋ္ဌာန်းပါတယ်​။ပြ​​ဋ္ဌာန်းရ
တဲ့အ​ကြောင်း​ကို ၈.၁၀.၁၉၈၂ ​နေ့မှာ ရန်​ကုန်​မြို့မှာ
ပါတီဥက္ကဋ္ဌကြီး​​နေ၀င်းက ရှင်းပြတဲ့အခါ ဆိုရှယ်​လစ်
စီးပွား​ရေးစနစ်​ကိုမီး​မောင်းထိုးပြပြီးမြန်​မာနိုင်​ငံမှာရှိတဲ့ တရုတ်​နဲ့ အိန္ဒိယလူမျိုးစီးပွား​ရေးသမား​တွေကို
မ​ကျေမနပ်​ထုတ်​​ဖော်​​ပြောဆိုသွားတယ်​။
(Ref.လုပ်​သားပြည်​သူ့​နေ့စဉ်​သတင်းစာ၉.၁၀.၁၉၈၂)

၈၂ဥပ​ဒေဟာ ၁၉၄၇​ခြေဥ၊၁၉၇၄​ခြေဥ၊၂၀၀၈​ခြေဥ
၃ခုစလုံးနဲ့ညီညွတ်​မှုမရှိတဲ့လူမျိုး​ရေးမုန်းတီးမှုကို
အ​ခြေခံပြီး​ရေးဆွဲထားတဲ့ကမ္ဘာ့ ရှားပါး​ဥပ​ဒေတစ်​ခု
ဖြစ်​ပါတယ်​။ဥပ​ဒေတစ်​ခုကို အမုန်းတရားတစ်​ခု
တည်းအတွက်​နဲ့​ရေးဆွဲသင့်သလား။ဥပ​ဒေကို
ဘာ​ကြောင့်ပြု တာလဲစဉ်းစားမယ်​လည်းမထင်​ပါဘူး။
အ​နော်​ရထာက​နေ​ဒေါ်စုအထိ အဲဒီ​လောက်​စဉ်းစားပြီး
လုပ်​ခဲ့သူတစ်​​ယောက်​ရှိရင်​ပဲ တိုင်းပြည်​တိုးတက်
ထွန်းကားသွား​လောက်​ပြီ။

၁၉၄၈နိုင်​ငံသားဥပ​ဒေဟာ တရားဝင်​အတည်​ပြု
ပြ​ဋ္ဌာန်းထားတဲ့ဘာအမုန်းမှမပါတဲ့ဥပ​ဒေတစ်​ခုဖြစ်​တယ်​။အဲဒီ၁၉၄၈နိုင်​ငံသားဖြစ်​မှုအက်​ဥပ​ဒေမှာ တိုင်းရင်းသား
နိုင်​ငံသားခွဲခြားမထားဘူး။တစ်​နိုင်​ငံလုံးမှာနိုင်​ငံသား
တစ်​မျိုးတည်းရှိတယ်​။ဒါဟာ International Citizenship Law ​တွေနဲ့ထပ်​တူကျ​နေတဲ့
တန်းဝင်​ဥပ​ဒေတစ်​ခုဖြစ်​တယ်​ဒီ​နေရာမှာအ​ကြောင်း
တိုက်​ဆိုင်​​နေလို့ဆက်​​ပြောပါရ​စေ။၁၉၄၈​အက်​ဥပ​ဒေနဲ့
နွယ်​ဖွား​တွေကို နိုင်​ငံသားလက်​မှတ်​လက်​ထုတ်​​ပေးတုန်း
က ၄၈နိုင်​ငံသားဥပ​ဒေမှာ​လျှောက်​ထားသူက​ရွေးချယ်
ခွင့်ရှိတယ်​။အိန္ဒိယယူမလား။ပါကစ္စတန်​ယူမလား။
ဗမာယူမလား​ရွေးခွင့်​​ပေးတယ်​။

၁၉၅၀ခုနှစ်​မှတ်​ပုံတင်​စ​ပေးခါစက၄၈ဥပ​ဒေအရ
အဲဒီလို​မေးပြီးမှ​ပေးတယ်​။ဒါ​ပေမဲ့​မေးတဲ့သူကစကားဦး
သမ်းပြီးအိန္ဒိယယူရင်​ဒီမှာလည်း​နေလို့ရတယ်​။အိန္ဒိယ
ကိုသွားချင်​ရင်​လည်းသွားလို့ရတယ်​ဆို​တော့အများစုကဗဟုသုတမရှိစာမတတ်​​တော့FRC​တွေဖြစ်​ကုန်​တယ်​။ဗဟုသုတ ရှိတဲ့သူက​ပြောမှFRCဖြစ်​​နေမှန်းသိတယ်​။
အဲဒါနဲ့ပြန်​​လျှောက်​​တော့ကျ​မ်းကျိန်​ပြီးUCCနိုင်​ငံသား
စာအုပ်​ရတယ်​။ဒီ​ခေတ်​လိုမျိုးဇာတ်​မရှုပ်​ဘူး။တစ်​ချို့
တွေကမသိနားမလည်​​တော့FRCဘဝနဲ့ယ​နေ့အထိ
သားစဉ်​​မြေးဆက်​တိုင်​ပတ်​​နေတယ်​။၈၂ဥပ​ဒေက
တော့​ရွေးချယ်​ခွင့်​လုံးဝမ​ပေး​တော့ဘဲအ​ထောက်​အထား
တင်​ပြပြီးသူတို့ဆုံးဖြတ်​မယ်​ဆိုတဲ့ဥပ​ဒေဖြစ်​တယ်​။
အဲဒီမှာနိုင်​ငံသား၃မျိုးခွဲလိုက်​တယ်​။၁။နိုင်​ငံသား၊
၂။နိုင်​ငံသားပြုခွင့်ရသူ၊၃။ဧည့်နိုင်​ငံသား။
တိုင်းရင်းသားသတ်​မှတ်​ခွင့်ပါဝါကို နိုင်​ငံ​တော်​​ကောင်​စီ
ကို​ပေးထားတယ်​။နိုင်​ငံ​တော်​​ကောင်​စီမှာ​နေ၀င်းက
အကြီးဆုံးဖြစ်​တယ်​။တိုင်းရင်းသားသတ်​မှတ်​ခွင့်ပါဝါ
ဟာ အဲဒီလူမျိုးတစ်​မျိုးရဲ့ သမိုင်း​ကြောင်းနဲ့ဆိုင်
တာဖြစ်​တယ်​။ဘယ်​သူမှကိုင်​ထားစရာမလိုဘူး။
သို့​သော်​ ​နေ၀င်းဟာအမုန်းကိုအ​ခြေခံပြီးတိုင်းပြည်
ကိုတည်​​ထောင်​သူဖြစ်​တာ​ကြောင့်တိုင်းပြည်​တစ်​ခုလုံး
အမုန်းတရား​တွေပြည့်​သွားတာပဲအဖတ်​တင်​ကျန်​ရစ်
တယ်​။နိုင်​ငံတကာတန်းဝင်​ဥပ​ဒေ​တွေရှိပါလျက်​နဲ့
မိမိသ​ဘောနဲ့မိမိ နိုင်​ငံ​ရေးမှာမ​ရောယှက်​သင့်တဲ့ဝါဒ
တွေအ​ပေါ်အ​ခြေခံ​ရောယှက်​ခဲ့​တွေ​ကြောင့် ဒီ​နေ့မှာ
မဖြစ်​သင့်​တော့တဲ့ပြဿ     နာ​တွေ၊​ဖြေရှင်းစရာမလို​တော့
တဲ့ပြဿနာ​တွေ ထပ်​ဖြစ်​ထပ်​​ဖြေရှင်း​နေရတာပါပဲ။
ဗြိတိသျှ​တွေထားခဲ့တဲ့ရန်​ကုန်​မြို့​တော်​ကြီးဟာ
တစ်​ဖြည်းဖြည်းနဲ့ အစိုးရရဲ့ ဖွတ်​ကျားကျမှု​ကြောင့်
နောက်​ပြန်​ဆုတ်​လာလိုက်​တာယ​နေ့​တော့ လူဦး​ရေ
ထူထပ်​ပြီးမွန်းကြပ်​ပိတ်​​လှောင်​​နေတဲ့ အိန္ဒိယနိုင်​ငံ
ကဆင်းရဲသားရပ်​ကွက်​တစ်​ခုလိုဖြစ်​သွားခဲ့ပြီ။
ဒါကအ​ကြောင်းတိုက်​ဆိုင်​လို့ ​နေ၀င်းတီထွင်​တဲ့၈၂ဥပ​ဒေ
နဲ့ပက်​သက်​ရာပက်​သက်​​ကြောင်း​တွေကိုတင်​ပြတာ
ပါ။

ပြော​နေတဲ့အ​ကြောင်းရာကိုပြန်​ဆက်​ရရင်​ ​နေ၀င်းဟာ
မျက်​​တောင်​တစ်​ဆုံးကြည့်ပြီးလုပ်​ပစ်​လိုက်​တယ်​။
သူရတာ​လောက်​ပဲသိတယ်​။သူဘာပြန်​​ပေးဆပ်​ရ
မယ်​ဆိုတာသူမသိဘူး။တွေးလည်းမ​တွေးဘူး။
မြန်​မာနိုင်​ငံမှာ​တော်​လှန်​​ရေး​ကောင်​စီ ဘဏ်​​တွေ
ကိုပြည်​သူပိုင်​သိမ်းလိုက်​တာကိုသိတာနဲ့ ထိခိုက်
နစ်​နာသွားတဲ့ဘဏ်​​တွေဘက်​က နိုင်​ငံတကာဘဏ်​​တွေအားလုံးဟာ ​တော်​လှန်​​ရေး​ကောင်​စီကိုရန်​သူလို့
သတ်​မှတ်​ပြီးအစိုးရနဲ့အဆက်​အသွယ်​ဖြတ်​ပါ​တော့တယ်​။
နိုင်​ငံတကာက ပိတ်​ဆို့လာနိုင်​တယ်​ဆိုတာကြိုတွက်​မ
ထားတဲ့ ​နေ၀င်းအစိုးရဟာ ပြည်​တွင်းကထွက်​တဲ့စိုက်​ပျိုး
သီးနှံကုန်​​တွေကို ဘာတစ်​ခုမှတင်​ပို့ခွင့်မရ​တော့
ဘူးဖြစ်​သွားတယ်​။ပြည်​​တော်​သာစီမံကိန်းကာလ
ဦးနုနဲ့ အိန္ဒိယဆက်​ဆံ​ရေး​ကောင်းတာ​ကြောင့်
ကိုရီးယားစစ်​ပွဲ​နောက်​ပိုင်းကာလမှာလည်းပဲ
မြန်​မာ့​ဆန်စပါးေ​ဈးကွက်​ဟာအိန္ဒိယဖြစ်​​နေတယ်​။
ဆန်​စပါး၊ပဲ စတာ​တွေကိုအိန္ဒိယကအကြီးအကျယ်
ဝယ်​ယူ​နေတယ်​။အခု​နေ၀င်းမိုက်​မိုက်​ကန်းကန်း​တွေ
လုပ်​လိုက်​​တော့ အိန္ဒိယကမ၀ယ်​​တော့ဘူး။အဲဒီ​မှာ
နေ၀င်းအကြီးကျယ်​အထိနာလာတယ်​။နိုင်​ငံတကာ
ဈေးကွက်​အသစ်​ကိုရှာဖို့ကျ​တော့လည်း ​တော်​လှန်​​ရေး
ကောင်​စီအစိုးရကို အာဏာသိမ်းအစိုးရအဖြစ်​ကမ္ဘာက
သတ်​မှတ်​ပြီးဝိုင်းပယ်​ထားလို့ဘာမှလုပ်​မရဘူး။

ယ​နေ့ကမ္ဘာကြီးထဲမှာ သာကီမျိုး​ဟေ့ တို့ဗမာ၊
မျိုးရိုးကအထက်​တန်းစား​တွေ၊​အောက်​ကျမခံဘူး​ဟေ့
အမျိုးသားတို့​ရေ စသဖြင့်ဖင်​​ခေါင်း​ကျယ်ေ​လပူ​ဖောင်း
တွေမှုတ်​သွင်းပြီး Isolationism ဧကစာရီကျင့်
တံခါးပိတ်​ထားပြီး​နေလို့မရ​တော့ဘူး။ကမ္ဘာ့ အသိုင်း
အ၀ိုင်းနဲ့ဆက်​ဆံ​ရေး​ကောင်းဖို့လိုတယ်​။နိုင်​ငံတကာ
ဆက်​ဆံ​ရေးမ​ကောင်းရင်​အရင်​ဆုံးထိမှာ စီးပွား​ရေး
ဖြစ်​တယ်​။Globalization ဆိုတာအလကားစကားလုံး
သက်​သက်​မဟုတ်​ဘူး။လက်​​တွေ့ထိ​ရောက်​တဲ့လမ်း​ကြောင်း
တစ်​ခု။တိုင်းပြည်​တစ်​ပြည်​ကိုလုပ်​ချင်​ရင်​အင်​အားကြီး
တစ်​ခုက စိစိညက်​ညက်​​ကြေ​အောင်​ ဘာစစ်​မှမတိုက်​ဘဲ
လုပ်​ပစ်​လိုက်​လို့ရတယ်​။စီးပွား​ရေးခက်​ခဲပြီဆိုရင်
တိုင်းပြည်​ဆင်းရဲပြီ။တိုင်းပြည်​ဆင်းရဲပြီဆိုရင်​လူထု
မျှော်​လင့်ချက်​လည်းမရှိ​တော့ဘူး။အဲဒီမှာလူထု
မွန်းကြပ်​မှုက​နေ အ​ရေးခင်း​တွေဖြစ်​လာမယ်​။
လူ့အစွမ်းအားအရင်းအမြစ်​ကိုတွန်းတင်​​ပေးမယ့်
ပညာ​ရေးကို ဆင်းရဲ​နေလို့အားမ​ပေးနိုင်​တဲ့အခါ
နိမ့်ပါးလာပြီးဖိုးသုည​တွေ​ပေါလာမယ်​။ယဉ်​​ကျေးမှုနဲ့
အနုသုခုမ​တွေအထိ အစစအရာရာအားလုံးချွတ်​ခြုံ
ကျပြီသာမှတ်​​ပေ​တော့။အခုလည်း ဒီအတိုင်းပဲ
မြန်​မာပြည်​ဖြစ်​​နေတာပဲမဟုတ်​လား။

တရုတ်​ဘဏ်​ကိုပြည်​သူပိုင်​သိမ်းပြီး ​မော်​စီတုံးကို 
နေ၀င်းက​ကြောက်​​တော့အပြည့်​အ၀ပြန်​​လျှော်​​ပေးတယ်​။
မော်​စီတုံးက​နေ၀င်းကိုမ​ကျေနပ်​ဘူး။ပြည်​သူပိုင်​သိမ်း
ထားတဲ့ဘဏ်ေ​တွကို ဘဏ်​လုပ်​ငန်းအ​တွေ့အကြုံမရှိ
သူ​တွေက တာဝန်​ယူလုပ်​ကိုင်​ပြီး တင်းကျပ်​တဲ့အမိန့်
တွေထုတ်​လာတယ်​။ဘဏ်​လုပ်​ငန်းအ​တွေ့အကြုံရှိသူ
နိုင်​ငံခြားသားပညာရှင်​အားလုံးနဲ့ဗမာနိုင်​ငံသား
ပညာရှင်​​တွေကို နိုင်​ငံခြားဘဏ်​​တွေက​ခေါ်သွား
လိုက်​တယ်​။ဒါ​ကြောင့်​နေ၀င်းသိမ်းပြီးမြန်​မာပြည်
ဘဏ်​လုပ်​ငန်းအားလုံးဟာမူလတန်းကပြန်​စရတဲ့
အ​ခြေ​နေ​ရောက်​သွားတယ်​။ပြည်​သူပိုင်​သိမ်းတာ
မကြာခဏဆို​တော့ မြန်​မာနိုင်​ငံသားသူ​ဋ္ဌေးကြီး​တွေ
ကလည်း​နေ၀င်းကိုမယုံ​တော့ဘူး။ဗမာမင်းလိုစိတ်​ရူး
ပေါက်​တိုင်း​ပေါက်​ကရ​လျှောက်​လုပ်​​နေတာ​ကြောင့်
သူတို့ပိုင်​​ငွေ​တွေကို နိုင်​ငံ​တော်​ဘဏ်​မှာမအပ်​​တော့ဘဲ 
မှောင်​ခိုလုပ်​ငန်းမှာရင်းနှီးမြုပ်​နှံကြပါ​တော့တယ်​။
နေ၀င်း​မှောင်​ခိုလုပ်​ငန်းကိုအကြိမ်​ကြိမ်​တိုက်​​ပေမယ့် ၈၈
အ​ရေးခင်းဖြစ်​တဲ့အထိ ​အောင်​မြင်​​အောင်​မတိုက်
နိုင်​ခဲ့ဘူး။ဘာ​ကြောင့်မတိုက်​နိုင်​တာလဲ​မေးရင်​ မဆလ 
ပါတီက ​ဒေသဆိုင်​ရာ ပါတီ​ကောင်​စီလူကြီး​တွေ၊
အ​ကောက်​အခွန်​အရာရှိ​တွေအားလုံးသူခိုး​တွေဖြစ်
နေကြတာ​ကြောင့်ပဲ။မင်းမှုထမ်းဆိုတဲ့ လူတန်းစားဟာ
မြန်​မာပြည်​မှာ ခိုးမယ်​၊အထက်​ဖား​အောက်​ဖိမယ်
ဘုရင်​က​နေအထက်​လူကြီးအဆက်​ဆက်​ကို​မြှောက်
ပင့်​နေရာယူပြီး လက်​​အောက်​ငယ်​သားကိုဖိနှိပ်​ခဲ့တဲ့
သမိုင်းပဲရှိတယ်​။ဒါ​ကြောင့်ဒီ​နေ့ မနက်​တိုင်းရုံးတက်
နေတဲ့ဝန်​ထမ်း​တွေဟာလည်း မဖြူစင်​​တာမဆန်းပါ
ဘူး။သမိုင်းကိုအ​ခြေခံထားတဲ့မြန်​မာဝန်ထမ်း​လောကပဲ။
ဝန်​ထမ်းအားလုံးသူခိုးကြီးပဲလားလို့​မေးရင်​ ဟုတ်​ပါတယ်​လို့ပဲ​ဖြေရမယ်​။သူခိုးကြီးနဲ့သူခိုး​လေးသာကွာတယ်​။
စာရိတ္တပျက်​ပြားတာထက်​ မိသားစုဝမ်းစာ​ပြေလည်​ဖို့
ကအဓိကဖြစ်​လာတဲ့ယ​နေ့၂၁ရာစုအပြိုင်​အဆိုင်​​ခေတ်
ကြီးထဲမှာ အစိုးရ လခ မဖြစ်​စ​လောက်​နဲ့ဘယ်​လိုမှ
ရပ်​တည်​လို့မရနိုင်​​တော့တဲ့အဆုံးခိုးရသူ​တွေရှိသလို
ခိုးချင်​လို့ခိုး​နေသူ​တွေလည်းဒုနဲ့​ဒေးပါပဲ။အစိုးရမှာ
ဝန်​ထမ်းသန့်ရှင်းစင်​ကြယ်​ဖို့ လုပ်​ထားတဲ့ plan
ဒီ​နေ့အထိဘာတစ်​ခုမှမရှိဘူး။ဒါ​တွေအားလုံးရဲ့ 
အကျိုးဆက်​ကိုပြည်​သူလူထုကခံစားရတယ်​။

ဘဏ်​​တွေကိုသိမ်းပြီး အပ်​​ငွေ​တွေကိုကန့်​သတ်​လာတယ်​။
ထုတ်​ယူခွင့်​တွေကန့်​သတ်​လာတယ်​။စည်းကမ်းချက်​​တွေများလာတယ်​။ဒါ​ကြောင့်နဂိုကတည်းက စိတ်​ရှုပ်​မခံတတ်​တဲ့လူထုဟာ ​ခေါင်းစားမခံ​တော့ဘူး။သွားမအပ်​​တော့ဘူး။ဘဏ်​​တွေမှာလူထုက​ငွေမစု​တော့ ဘဏ်​မှာစု​ဆောင်း​ငွေ
မရှိဖြစ်​လာတယ်​။ရှေ့ တန်းထွက်​ပြီးတိုက်​ပွဲဝင်​တဲ့
အ​တွေ့အကြုံ​လောက်​နဲ့စီးပွား​ရေး​လောကကိုထိန်း​ကျောင်း
လို့ရမယ်​ထင်​ပြီး လုပ်​လိုက်​တာအားလုံးစုံးစုံးမြုပ်​ပါ
တော့တယ်​။သူတို့ကိုယ်​သူတို့တိုင်းပြည်​ကိုကာကွယ်
သူများဆိုပြီး ရန်​သူမရှိတဲ့တိုင်းပြည်​ကို နယ်​ချဲ့
ရန်​နဲ့ခြိမ်း​ခြောက်​ပြီးသူရဲ​ကောင်းလုပ်​​နေကြတာ
လူထုငပိန်း​တွေမသိလို့မရှက်​​ပေမယ့်ရှက်​တတ်​မယ်​ဆိုရင်
လူ​တောင်​လုပ်​ကြ​တော့မယ်​မထင်​ဘူး။သဂြိုင်္ဟ်​စက်​ထဲ
ရောက်​သွားပြီဖြစ်​တဲ့နယ်​ချဲ့ရန်​ဟာ စစ်​အုပ်​စုလက်​ထဲ
မှာ ထပ်​မံအသက်​၀င်​ပြီးတ​စ္ဆေသရဲဘ၀နဲ့ မှီခိုစရာ
ကွန်းအသစ်​ရှာ​နေပုံရတယ်​။အ​ဖေ၊အ​မေမှတ်​ပုံတင်
နံပါတ်​​တောင်​မသိတဲ့အပြင်​ တိုင်းပြည်​အချုပ်​အခြာအာဏာ ဘာလဲဆိုတာ​လေး​တောင်​မသိတဲ့ အာရှက
အနိမ့်ဆုံး ဧရာဝတီပြည်​​ထောင်​စု​သား​တွေခမျာ
သူတို့​ပြောတဲ့ပုံပြင်​​တွေကိုယုံစားကြီးပြင်းလာကြတာ
ယ​နေ့အထိပဲ။

ဒီလို​ပြောလို့စိတ်​မဆိုးနဲ့။ဒါလူထုရဲ့ ပကတိဥာဏ်​ရည်​ပဲ။
ဒါကိုသိမှပြင်​လို့ရမှာ။မြန်​မာ​တွေရဲ့ ရှိရင်းစွဲယဉ်​​ကျေးမှု
နဲ့ အ​နောက်​တိုင်းယဉ်​​ကျေးထိ​တွေ့ပြီးအတိုက်​အခံဖြစ်
လာတဲ့အခါ မူလရှိရင်းစွဲယဉ်​​ကျေးမှုမှာအားနည်းချက်
တွေဖြစ်​​နေတာ​ကြောင့်တဖြည်းဖြည်းနိမ့်ဆင်းလာရတယ်​။
ဒါကို မြန်​မာစာ​ရေးဆရာ​တွေက ၀မ်းနည်းပက်​လက်
ညည်းညူ  ကြတယ်​။ဒါကိုစာနာလို့ရ​ပေမယ့် ရှိရင်းစွဲ
ယဉ်​​ကျေးမှုထက်​ပို​ကောင်းတဲ့ဘ၀ကို​ပေးနိုင်​တဲ့
လမ်း​ကြောင်း​တွေကို အမျိုးဂုဏ်​ ဇာတိဂုဏ်​နဲ့ပိတ်​ကာ
ထားလို့ဒုက္ခ​ရောက်​သွားတာ ယ​နေ့အားလုံးမျက်​မြင်​ပဲ။
ရှေးတုန်းက မြန်​မာ့လူ့အဖွဲ့အစည်းအဆင့်ဆင့်ကို
ကွပ်​ကဲ​နေတဲ့ ဘုန်းကြီး၊လူကြီးသူမနဲ့သူကြီး​တွေရဲ
အာဏာဟာ ဗြိတိန်​၀င်​လာ​တော့ ကျဆင်းသွားတယ်​။
ဒါကို နှ​​မြောတသတဲ့​လေသံနဲ့ဆိုတဲ့သူကဆို​နေ​သေးတယ်​။
ဒါကိုစာ​ရေးဆရာကမသိလို့​ရေး​ပေမယ့် ဒါဟာ
အာဏာရှင်​စရိုက်​ကိုပံ့ပိုး​ပေး​နေတယ်​ဆိုတာ​တော့
ယ​နေ့၂၁ရာစုမှာသိသင့်ပြီ။ထကြွ၊သနား၊သည်းခံ
နိုးကြား၊​ဝေဖန်​၊​ထောက်​ရှု ဆိုတဲ့ နာယကဂုဏ်​၆ပါးနဲ့
အလုပ်​မဖြစ်​လို့ အုပ်​ချုပ်​​ရေးမှူးခန့်​ထားတာကို
သ​ဘော​ပေါက်​ဖို့လိုတယ်​။ဆိုင်​မွန်​​ကော်​မရှင်​လို့လူသိများ
တဲ့ အိန္ဒိယဥပ​ဒေပြဋ္ဌာန်း​ရေး​ကော်​မတီ(India Statutory Commission) ဆီကို မြန်​မာ
သက်​​မွေးပညာရှင်​​တွေနဲ့လုပ်​ငန်းရှင်​အဖွဲ့က ၁၉၃၂
ခုနှစ်​မှာတင်​သွင်းတဲ့မှတ်​တမ်းအစီရင်​ခံစာမှာ

...ကိုယ်​ပိုင်​အုပ်​ချုပ်​​ရေးပုံစံ သို့မဟုတ်​ ကိုယ်​စားပြု
အုပ်​ချုပ်​​ရေးပုံစံသည်​ မြန်​မာ့ဓ​လေ့ထုံးတမ်းနှင့်
အဆုံးအမသြ၀ါဒများတွင်​ လုံးဝမရှိခဲ့​သော အယူ
အဆဖြစ်​သည်​။ကိုယ့်ထီးကိုယ့်နန်းနှင့်အုပ်​ချုပ်​​သော
ဘုရင်​​ခေတ်​ကလည်း ယင်းအယူအဆမျိုးမရှိခဲ့
သည့်နည်းတူ ဗြိတိသျှတို့အုပ်​စိုးသည့်​ခေတ်​တွင်​လည်း
မရှိခဲ့​ပေ။လွန်​ခဲ့​သောနှစ်​ကာလများအထိ မြန်​မာလူမျိုးတို့သည်​ တိုင်း​ရေးပြည်​မှုကိစ္စရပ်​များအားလုံးကို
အုပ်​ချုပ်​သူ၏လက်​တွင်းသို့ ပုံအပ်​ထားလိုသည့်
စိတ်​မျိုးသာ ရှိ​နေခဲ့သည်​။ယင်းနည်းကလွဲပြီးအခြား
အုပ်​ချုပ်​​ရေးပုံစံကိုမသိကြ​ပေ။.....
လို့​ဖော်​ပြထားတယ်​။

မျိုးချစ်​သမိုင်းဆရာ​တွေ အရှက်​မရှိ​လျှောက်​​ရေးတာ
ဘယ်​လိုလဲဆို​တော့ ကမ္ဘာဦးကာလပထမဆုံးတင်​​မြှောက်
တဲ့ မဟာသမ္မတမင်း(မနု)လက်​ထက်​ကတည်းက
မြန်​မာလူမျိုး​တွေဟာ ဒီမိုက​ရေစီအုပ်​ချုပ်​​ရေး
အတတ်​ပညာကို သိကျွမ်း​နေပါပြီ တဲ့။လက်​​တွေ့မြင်
နေရတဲ့အချက်​အလက်​နဲ့စိတ်​ကူးယဉ်​တာကွာ​နေတယ်​။
အများစုကလည်း မတင်​၀င်းတို့ ချစ်​ဦးညိုတို့ပုံ​ဖော်​တဲ့
ရာဇ၀င်​ပုံပြင်​​တွေနဲ့ကြီးပြင်းကြတာဖြစ်​တယ်​။

၁၈၂၄-၂၆ပထမစစ်​ပွဲအရချုပ်​ဆိုလိုက်​ရတဲ့ ရန္တပို
စာချုပ်​ကိုဖြစ်​​မြောက်​​အောင်​ အားတက်​သ​ရောကြိုးပမ်း
ခဲ့တာ ဗမာဘုရင်​ပါ။မကြိုးပမ်းလို့လဲမရ​တော့ဘူး။
ရန္တပိုရွာဟာ မြန်​မာမင်း​နေပြည်​​တော်​နဲ့မိုင်​၄၀ပဲလှမ်း
တော့တယ်​။ဆက်​ငြင်း​နေရင်​ သူ့ပလ္လင်​ပါ​ပျောက်​သွား
မှာ​သေချာတယ်​။အလုံးစုံးပျက်​သုဉ်း​တော့မယ့်အ​ခြေ​နေ
ကို​ရောက်​ခါနီးဖြစ်​တာ​ကြောင့်ဗြိတိန်​​နဲ့​ပြေလည်​​အောင်
လုပ်​လာတာဖြစ်​တယ်​။ဒါ​ကြောင့် ဒီမှာဘာသိရလဲဆို​တော့
မြန်​မာ​တွေဟာ အဲဒီလိုအ​ခြေ​နေမှန်​ကိုလက်​​တွေ့ကျကျ
သုံးသပ်​တာမျိုးဟာ ပျက်​စီးခြင်း​ဘေးကြီးကျ​ရောက်
ခါနီးကလွဲပြီးဖြစ်​​တောင့်ဖြစ်​ခဲပဲ။လွှမ်းမိုး​နေတဲ့အ​ခြေ
နေတစ်​ရပ်​ကိုကျွမ်းကျွမ်းကျင်​ကျင်​အသုံးချပြီးမြန်​မာ
ဘုရင်​ရဲ့ အချုပ်​အခြာအာဏာကိုကန့်​သတ်​နိုင်​တာ
ယ​နေ့မှသိတယ်​။အ​ကြောင်းမဆိုးမခြင်းဘာမှ
မလုပ်​ဘူး။အလုံးစုံပျက်​သုဉ်းပြီးငတ်​ပြတ်​လာ​တော့
မှထပြီးရုန်းရင်းဆန်​ခတ်​ဖြစ်​တာ မြန်​မာ့သမိုင်းအစဉ်
အလာတစ်​ခုပဲဖြစ်​တယ်​။ဒီအချက်​ကိုခင်​ဗျားတို့​ပေါ့​ပေါ့
မထင်​နဲ့။အ​ကြောင်းမဆိုးခင်​ကြိုတင်​ပြင်​ဆင်​စနစ်​ချ
တာမလုပ်​ဘဲ ​ငတ်​ပြတ်​​တော့မှ​ဒေါ်သ​ပေါက်​ကွဲပြီး
ထကြမ်းတဲ့အခါရုန့်​ရင်းကြမ်းတမ်းမှု​တွေဆီကိုပဲ
ဦးတည်​သွားပြီး စနစ်​ကိုပြုပြင်​မှုမဖြစ်​ဘဲ ​နောက်
တစ်​​ကြိမ်​ ဒုက္ခနွံစနစ်​ထဲပြန်​ဆင်းသက်​သွားရတာပဲ။
နေ၀င်းအာဏာသိမ်း​နေတယ်​။ကိုယ်​နဲ့မဆိုင်​သလိုပဲ
နေတယ်​။အာဏာသိမ်းခြင်းရဲ့ ​နောက်​မှာဘာဆက်​ဖြစ်
လာမယ်​ဆိုတာ​တွေးလည်းမ​တွေးဘူး သိလည်းမသိဘူး။
နောက်​ဆုံး ငတ်​ပြတ်​စုတ်​ပဲ့သွား​တော့မှထတိုက်​တာ
ပိုငတ်​သွားတယ်​။ထပ်​ပြီးအာဏာပြန်​သိမ်းတယ်​။
ထပ်​ပြီးငြိမ်​ခံလိုက်​တာ၂၂နှစ်​ကြာသွားတယ်​။
တူရကီမှာအာဏာသိမ်းတယ်​။လူထုလက်​မခံ​တော့
မရဘူး။ဒါ​ကြောင့် ဒီ​နေ့မြန်​မာပြည်​မှာ​ပြော​နေတဲ့
လူထုဆန္ဒဆိုတာ တကယ်​​တော့ အစိုးရအဖွဲ့ဆန္ဒပါ။
အစိုးရအဖွဲ့သူလုပ်​ချင်​ရာလုပ်​ဖို့ ​ခေါင်းမရှိတဲ့လူထုကို
အသုံးချပြီး လူထုဆန္ဒဆိုပြီး ​ရောချအသုံးပြု​နေတာ
ပဲဖြစ်​တယ်​။

ဆို​တော့ လွတ်​လပ်​​ရေးရပြီးကတည်းက တိုင်းပြည်​ထဲ
ပျံ့နှံ့​နေတာအမုန်းတရားကလွဲပြီးဘာမှမ​တွေ့ရဘူး။
ဒီ​နေ့လည်း ဒီအတိုင်းပဲမြင်​​နေရတယ်​။အဲ​တော့
မြန်​မာအမျိုးသား​ရေးအမြင်​ဆိုတာ လူမျိုးခြားမုန်းတီး
မှုလားလို့ပဲ​မေးစရာရှိ​တော့တယ်​။ကိုယ်​အစွမ်းအစ
မရှိလို့သူတစ်​ပါးကို​ကြောက်​တယ်​ဆိုတာလည်း
ဝန်​မခံဘဲ သူတစ်​ပါးထိုင်​အပုပ်​ချ​ဖောင်းထုရင်းနဲ့
နှစ်​၇၀​ကျော်​အချိန်​ကုန်​ခဲ့ပြီ။ဘာတိုးတက်​လာလဲ
ကြည့်လိုက်​ပါ။ကိုလိုနီ​ခေတ်မြန်​မာနိုင်​ငံဆိုတာ
မြန်​မာ့သမိုင်းတစ်​​လျှောက်​ အ​နော်​ရထာက​နေ
ဒေါ်စုအထိ ဘယ်​သူ့လက်​ထက်​မှာများခင်​ဗျားတို့
မြင်​ဖူးတုန်း။ကိုလိုနီအရင်​ကိုကြည့်ရင်​လည်းမရှိသလို
ကိုလိုနီစနစ်​ဇတ်​သိမ်းပြီး​နောက်​ပိုင်းမှာလည်း
ပ​ဒေသရာဇ်​နိုင်​ငံ​တော်​ဘ၀ကို​နောက်​ပြန်​သွားတာ
လား​မေးရမလိုပါပဲ။history ဆိုတာ တကယ်​​တော့
Politics ပါပဲ။ဒါ​ကြောင့် ဘယ်​မလဲမြန်​မာအမျိုး
သားအစိုးရရဲ့ အစွမ်းအစ?

ကြိုက်​သည်​ဖြစ်​​စေ မကြိုက်​သည်​ဖြစ်​​စေ
ကိုလိုနီ​ခေတ်​မြန်​မာနိုင်​ငံ​တော်​မှာတရားဥပ​ဒေစိုးမိုး
ခဲ့တာ​တွေ၊စီးပွား​ရေးတိုးတက်​ပြီးလူထုဘ၀ဟာ
ပ​ဒေသရာဇ်​​ခေတ်​ကထက်​ တိုးတက်​ခဲ့တာ​တွေကို
တော့လက်​ခံရမှာပါပဲ။မြန်​မာ့သမိုင်းမှာ ​အေဒီ၁၁ရာစု
က​နေ ၂၀၁၈အထိ ​ပေါ်ထွန်းခဲ့သမျှနိုင်​ငံ​တော်​​တွေကို
အမှတ်​စဉ်​​ရေပြီစရင်းပြု စုရင်​ ကိုလိုနီ​ခေတ်​က
ထိပ်​ဆုံးမှာပဲ။ကျန်​တဲ့ အ​နော်​ရထာ ဘုရင့်​နောင်
ဘာညာသာရကာ ရာဇ၀င်​ထဲကယုံတမ်း​ပုံပြင်​မြို့ပြ
နိုင်​ငံ​တွေက သူ့​အောက်​မှာပဲရှိ​နေမယ်​။ဒါစို
ဘာ​ကြောင့်ကိုလိုနီနိုင်​ငံ​တော်​က​အောင်​မြင်​တာလဲ
လို့​မေးစရာရှိပါတယ်​။ကိုလိုနီ​ခေတ်​ နိုင်​ငံ​ရေး
စီးပွား​ရေး လူမှု​ရေးနဲ့ပညာ​ရေးအားလုံးကိုခြုံ ကြည့်
ရင်​ Multiculturalismထွန်းကားတာ​ကြောင့်ပဲ။
အဲဒီယဉ်​​ကျေးမှုထွန်းကားခဲ့လို့တိုးတက်​ခဲ့တဲ့သမိုင်း
ဟာ ပြစရာ ရခိုင်​​မြောက်​ဦး​ခေတ်​ပါပဲ။ကမ္ဘာမှာ
ပြစရာ အာရဗ်​​တွေရဲ့စပိန်​နိုင်​ငံပဲ။

ဆက်​ပါဦးမည်​။
ရိုဟင်​ဂျာအသံကြားရင်​ဖင်​ကြိမ်းတတ်​ကြသူ​တွေ
အတွက်​တပ်​မ​တော်​​ခေတ်​​ရေးစာ​စောင်​ပုံပါစာသားများ
ကို​ပုံ၊ဟသာင်္စီမံချက်​ပါ ပြန်​လည်​လက်​ခံ​ရေးပုံစံ ပုံကို
အောက်​မှာကြည့်ပါ။


https://m.facebook.com/story.php?story_fbid=378566822896660&id=100022300364681

0 ယောက်မှတ်ချက်ပြုခဲ့သည် to “History of Modern Burma...6”

Post a Comment

Related Posts Plugin for WordPress, Blogger...