Thursday, July 26, 2018

အ​နော်​ရထာဆိုတာ....၅

,
အဲဒီ​ခေတ်​ကဆရာအရည်း​တွေဟာ နိုင်​ငံ​ရေးမှာ​နေရာရကြတယ်​။ဒါလည်း ဒီဘက်​​ခေတ်​သစ်​အရည်း​တွေနဲ့နှိုင်းယှဉ်​ကြည့်​ပေါ့။အသိပညာနုံနည်းလို့နဂါးအရုပ်​ကို အားကိုးရာမှတ်​ပြီး ပူ​ဇော်​ဆည်းကပ်​​နေတဲ့​စောရဟန်းမင်းဟာ တရားဝင်​မိဖုရား၃​ယောက်​​ကိုအစားထိုးလဲလှယ်​ရင်းစည်းစိမ်​တစ်​ပြားသားမ​လျော့​အောင်​ခံစားပြီးလုပ်​ကြံခံလိုက်​ရတယ်​။မြန်​မာ့သမိုင်းမှာ ပလ္လင်​​ပေါ်ထိုင်​မိပြီဆိုတာနဲ့ မကြာခင်​​သွေးစုပ်​ဖုတ်​​ကောင်​လို အ​မွှေး​တွေရှည်​၊အစွယ်​​တွေ​ပေါက်​ပြီး လူစိတ်​​ပျောက်​သွားတတ်​ကြတာဓမ္မတာပါပဲ။လက်​ညိုးညွှန်​ရာ​ရေဖြစ်​နိုင်​တဲ့တန်​ခိုးစွမ်းအင်​ရဲ့ အချက်​အခြာထီးဖြူရိပ်​က ရာဇပလ္လင်​​ပေါ်ကို တကယ်​​ခြေတင်​နိုင်​ပြီ၊စိတ်​ကူးအိမ်​မက်​​လောက်​နဲ့နှိုင်းမရ​အောင်​ထူးကဲဆန်းပြားတဲ့ကာမဂုဏ်​စည်းစိမ်​​တွေကိုလက်​​တွေ့ခံစားခွင့်ရပြီဆိုရင်​​တော့ အသိဥာဏ်​မြင့်မားသူ​တောင်​ သင်္ခါရနဲ့အနိစ္စကို ဆင်​ခြင်​နိုင်​ဖို့မလွယ်​​တော့ဘူး။

အဲ​တော့မြင်း​ဇောင်းကတက်​လာတဲ့စ​လေင​ခွေးတို့၊​ဈေး​ရောက်​ရင်​သခွားလှည်း​အောက်​အိပ်​ရတဲ့ ​စောရဟန်း တို့အဖို့​တော့ ဆိုဖွယ်​ရာမရှိ​တော့ဘူး။အဲလိုနဲ့ကိုယ့်လက်​ထဲ​ရောက်​ပြီးသား အရာရာဖန်​ဆင်းနိုင်​တဲ့​ဆေးကြိမ်​လုံး(အာဏာ)ကို စွန့်​လွတ်​ဖို့မဖြစ်​နိုင်​​တော့တဲ့ဘ၀ကို​ရောက်​သွားပြီးပြည်​သူနဲ့ဆန့်​ကျင်​ဘက်​မှန်​သမျှလုပ်​ကြ​တော့တာပါပဲ။သိန်းခိုကိုလုပ်​ကြံတဲ့ဂိုဏ်းက ​စောရဟန်းဆိုတဲ့ ရှင်​ဘုရင်​အရုပ်​ကိုကန့်​လန့်​ကာ​ရှေ့ ဆွဲထုတ်​လာပြီးမှ နဖားကြိုးပြတ်​သွားလို့ထိန်းမနိုင်​သိမ်းမရဖြစ်​သွားပုံရတယ်​။

တိုင်းပြည်​အုပ်​ချုပ်​တယ်​ဆိုတာ ငါစည်းစိမ်​ခံစားဖို့ လို့ထင်​​နေတဲ့ ​ခေတ်​အဆက်​ဆက်​ဧရာဝတီနိုင်​ငံ​တော်​က အာဏာရှင်​အဆက်​ဆက်​ရဲ့ ဦးတည်​ရာအရပ်​ကလည်း ဒီ​ချောက်​ကမ်းပါးကုန်းဆင်းပဲ။တောင်​ပို့ကိုထီးတင်​မိတဲ့အုပ်​စုကလည်းဒီအတိုင်း​ရှေ့ ဆက်​သွားရင်​ ​ချောက်​ထဲအတူပါသွား​တော့မယ်​ဆိုတာသိ​နေပါ့မယ်​။ဒါ​ကြောင့် နက္ခတ်​ဂြိုင်္ဟ်​ခွင်​အ​နေအထားနဲ့အညီ ဘယ်​​နေ့ ဘယ်​ရက်​မင်း​လောင်း​ပေါ်လိမ့်မယ်​ဆိုတဲ့ ​ကောလာဟလ​တွေကိုလည်း သူတို့ပဲစလွှင့်ခဲ့တာဖြစ်​ပါလိမ့်မယ်​။ပြည်​သူကလည်း တစ်​ဖက်​ကန်းဖြစ်​ဖြစ်​ လိမ်​ဖယ်​လိမ်​ဖယ်​ဖြစ်​ဖြစ်​ အသစ်​ဖြစ်​ပြီး​ရော ​စောရဟန်း ဆိုတဲ့သူယုတ်​​နောက်​ကလိုက်​ရတာထက်​အသက်​ရှူ​ချောင်​ဖို့ ​ပြောင်းလဲချိန်​တန်​ပြီလို့ ​မျှော်​လင့်​နေကြမှာပါ။

ဒါ​ကြောင့်မင်း​လောင်းကိုမြင်​ရမယ်​ဆိုတဲ့မနက်​မှာ တူးရွှင်း​တောင်​​ခြေကိုကြိုးစားပမ်းစားအုတ်​အုတ်​ကျက်​ကျက်​စုရုံး​ရောက်​လာကြချိန်​မှာပဲ ပတ္တမြားဦး​သျှောင်​ကို​ဆောင်း၊သီလ၀ံသဓားကိုလွယ်​၊အရိန္ဒမာလှံကိုစွဲပြီး နတ်​မြင်းကိုအပြင်းနှင်​လာတဲ့ ကွမ်း​ဆော်​​ကြောင်​ဖြူ  ကို​တွေ့​တော့တာပါပဲ။တကယ်​​တော့အဲဒီ အ​နော်​ရထာအ​ဖေ ကွမ်း​ဆော်​​ကြောင်​ဖြူ  ဆိုတာ နန်းတွင်းမှာစား​တော်​ကွမ်းကိုဆက်​ရတဲ့ မင်းမှုထမ်းတစ်​​ယောက်​ပါ။ဒါ​ကြောင့်ကွမ်း​ဆော်​ လို့​ခေါ်ရတာ​ပေါ့။အဖိုးအို​ယောင်​​ဆောင်​လာတဲ့သိကြားမင်းက လမ်းကြုံ ယူသွား​ပေးပါဆိုပြီး ခဏလာအပ်​တဲ့ ဓား၊လှံ ၊ဦး​သျှောင်​နဲ့နတ်​မြင်းကိုစီးသွားဖို့ဆိုတာဘယ်​လိုမှမဖြစ်​နိုင်​ဘူး။အဖြစ်​မှန်​က​တော့ ကွမ်း​ဆော်​​ကြောင်​ဖြူ  ကို​ရွှေးချယ်​ပြီးကြိုတင်​ဇတ်​တိုက်​ထားတဲ့အခန်းမှာ စင်​​တော်​ကြီး​ပေါ်တင်​ မူလရှင်​ဘုရင်​အရုပ်​ကို​ဘေးဖယ်​ပြီး​နေရာအစားဝင်​ ကခိုင်းတဲ့ ပြည်​သိမ်းဇာတ်​လမ်း ဒုတိယပိုင်းသာဖြစ်​ပါတယ်​။

.....နန်းတွင်းတိုင်​​အောင်​မြင်းနှင့်ဝင်​​လေ၏။စောရဟန်းမင်းလည်းငါရှိလျက်​ အဘယ်​သူဝင်​အံ့နည်းဟု ဆို၏။ထိုအခါတံခါးဝယ်​ထား​သော ​ကျောက်​သူရုပ်​တွန်းချ၍ နန်း​တော်​ကဦး​ဆောက်​ကျလျက်​ အနိစ္စ​ရောက်​​တော်​မူ​လေ၏....လို့ ဦးကုလားမှာ​ဖော်​ပြထားတဲ့ ဒီဇာတ်​လမ်းပထမပိုင်းမှာ အဓိကအခန်းကပါပြီးသား အသက်​၀င်​လာတဲ့​ချောက်​ချားဖွယ်​​ကျောက်​ရုပ်​ဇတ်​​ကောင်​လည်း ပြန်​ပါလာတာ​တွေ့ရတယ်​။ဒါ​ကြောင့်ဒီဇတ်​ထုတ်​နှစ်​ခုကိုထုတ်​လုပ်​တင်​ဆက်​သူဟာ Organization တစ်​ခုတည်းကသာဖြစ်​​ကြောင်းပိုပြီးခိုင်​လုံသွားတယ်​။

တွင်းသင်းနဲ့မှန်​နန်းအရ ကွမ်း​ဆော်​​ကြောင်​ဖြူ  နန်းတက်​ချိန်​အသက်​က ၅၈နှစ်​ရှိပြီလို့ဆိုတယ်​။ကွမ်း​ဆော်​ဟာ တန်​နက်​မင်း လုပ်​ကြံခံရချိန်​မှာကိုယ်​၀န်​နဲ့ထွက်​​ပြေးသွားတဲ့မိဖုရားတစ်​ပါးက ​တိတ်​တဆိတ်​​မွေးတဲ့သား​တော်​ဖြစ်​​ကြောင်း ရာဇ၀င်​ကြီးအားလုံးမှာဆိုထားတယ်​။ဒါ​ပေမဲ့ တန်​နက်​မင်းကိုလုပ်​ကြံပြီး စ​လေင​ခွေးနန်းတက်​တာက ​အေဒီ၉၀၆ခုနှစ်​(မှန်​နန်း)ဖြစ်​တဲ့အတွက်​ ကွမ်း​ဆော်​နန်းတက်​တဲ့ ​အေဒီ၉၉၁ခုနှစ်​နဲ့တွက်​ရင်​ ၈၅နှစ်​ကွာ​နေတယ်​။တန်​နက်​သားမှန်​ရင်​ကွမ်း​ဆော်​အသက်​ဟာ အနည်းဆုံး၈၄နှစ်​ရှိ​နေရမှာပါ။မိဖုရားငယ်​ငယ်​​တွေနဲ့စည်းစိမ်​ခံစား​နေတဲ့ရှင်​ဘုရင်​အဘိုးကြီး​နေရာကိုအစားထိုးဖို့ ပြည်​သူက​မျှော်​လင့်​နေတဲ့ မင်း​လောင်း​ဟာ ​နောက်​အဘိုးအိုတစ်​​ယောက်​​တော့မဖြစ်​နိုင်​ဘူး။ဒါဟာလည်းရှင်​ဘုရင်​အသစ်​ကိုဖန်​တီးတဲ့ King Maker အုပ်​စုကသူတို့တင်​တဲ့ကွမ်း​ဆော်​ဟာ ထီးနန်းဆက်​ခံထိုက်​တဲ့နန်းတည်​မင်း(ပျဉ်​ပြားမင်း)ရဲ့ အနွယ်​​တော်​ဖြစ်​​ကြောင်းအများလက်​ခံ​အောင်​စီစဉ်​​ပေးလိုက်​တဲ့ကိုယ်​​ရေးရာဇ၀င်​အသစ်​သာဖြစ်​နိုင်​ပါတယ်​။

တကယ်​​တော့ ကွမ်း​ဆော်​​ကြောင်​ဖြူ  ကိုယ်​တိုင်​ဟာလည်း ​စောရဟန်းလိုပဲမထင်​ရှားလို့၊ထက်​ထက်​မြက်​မြက်​ငယ်​ရွယ်​မဟုတ်​လို့ ထိန်းရလွယ်​​အောင်​ အကဲခတ်​ပြီးပလ္လင်​​ပေါ်ဆွဲတင်​ခံရတဲ့ ငတပါးမင်းပါပဲ။ရှင်​ဘုရင်​အသစ်​ကဘုန်းကြီးတဲ့မင်းမျိုးအစစ်​အမှန်​ဖြစ်​လို့ သိကြားမင်းကိုယ်​တိုင်​အပ်​နှင်းတဲ့ဦး​သျှောင်​၊လှံ၊ဓားနဲ့မြင်း​တွေရတယ်​။ဘုရင်​​ဟောင်းကိုလည်းတံခါး​စောင့်​ကျောက်​ရုပ်​က တွန်းချလိုက်​လို့​သေပြီ စသဖြင့်စီစဉ်​ထားတဲ့ဇာတ်​လမ်းက တို​တောင်းရှင်းလင်းပါတယ်​။

အဲဒီ​ခေတ်​ကလူ​တွေ ​ကျောက်​ရုပ်​သတ်​လို့​သေတယ်​​ပြောလည်းယုံပါတယ်​။ပြန်​ကိုမ​မေးဝံ့​အောင်​ သံသယနဲ့ဆန်းစစ်​၀ံ့သူမရှိ​အောင်​ အတိကျပိတ်​ဆို့ပြီးသားပါ။တကယ်​​တော့သိကြားမင်းကိုယ်​တိုင်​အ​ဆောင်​အ​ယောင်​အပ်​တာတို့၊​ကျောက်​ရုပ်​ကထ​ထောင်းတာတို့ဆိုတဲ့အ​ကြောင်းအရာ​တွေဟာ ​အေဒီ၁၁ရာစု ပုဂံနိုင်​ငံ​တော်​ရဲ့ နိုင်​ငံ​ရေးအ​တွေးအ​ခေါ်ပါ။အဲဒီလုပ်​ဇတ်​ကိုမဖြစ်​နိုင်​ဘူးလို့ ဆန်းစစ်​ပြသူရှိရင်​ဇတ်​ပြတ်​သွားမှာ​သေချာတယ်​။အဲလိုနဲ့ကွမ်း​ဆော်​ဘုရင်​ဖြစ်​​ရောဆိုပါ​တော့။

စောရဟန်းဆီကဆက်​ခံသိမ်းပိုက်​လိုက်​တဲ့မိဖုရား၃​ယောက်​နဲ့ပုဂံထီးနန်းမှာ ၂၂နှစ်​ကြာ​အောင်​စိုးစံပြီးသူလည်းအာဏာသိမ်းခံလိုက်​ရပြန်​တာပါပဲ။ဒါ​ပေမဲ့ ​ရှေးမင်း​လေးဆက်​(တန်​နက်​၊စ​လေင​ခွေး၊သိန်းခို၊​စောရဟန်း)လုပ်​ကြံသတ်​ဖြတ်​ခံရတဲ့ပုဂံနိုင်​ငံ​တော်​မှာ၅ဆက်​​မြောက်​အာဏာသိမ်းခံရတဲ့ ကွမ်း​ဆော်​တစ်​​ယောက်​တည်းသာလျင်​ ​သေ​ဘေးကလွတ်​တာပါ။အ​ကြောင်းက​တော့ သူ့ကိုအာဏာသိမ်းလိုက်​တဲ့မင်းသားညီ​နောင်​ဟာ လူမှန်းသိတတ်​စကတည်းက ကွမ်း​ဆော်​ကိုသာ အ​ဖေလို့စွဲမှတ်​ပြီး သူ့​စောင့်​ရှောက်​မှု​အောက်​မှာ ကြီးပြင်းလာကြရတဲ့ မယားပါသား​တွေဖြစ်​​နေလို့ပါပဲ။ပုဂံမင်းဆက်​ ၂၃ဆက်​ကိုအ​ထောက်​ထားမရှိလို့ပယ်​ပြီး ၂၂ဆက်​နဲ့စရင်းလုပ်​ရင်​  လုပ်​ကြံအာဏာသိမ်းခံကြရတဲ့ ၁၇​ယောက်​မှာ တစ်​​ယောက်​​သောသူ ကွမ်း​ဆော်​သာလျင်​ ​သေ​ဘေးကလွတ်​​မြောက်​ခဲ့ရတာဖြစ်​ပါတယ်​။ကျန်​အာဏာသိမ်းခံရတဲ့ ရှင်​ဘုရင်​၁၆​ယောက်​စလုံး ရက်​ရက်​စက်​စက်​အသတ်​ခံကြရတာပါပဲ။

ပုဂံရာဇ၀င်​ကို​ရေး​တော့တစ်​ချို့ကလည်းသမိုင်းဆို သမိုင်းလမ်းဆုံပဲသိ​တော့ မနည်းလိုက်​မှတ်​နားလည်​​နေရမှာသိပါတယ်​။ပုဂံရာဇ၀င်​​ပြောရင်​တုတ်​ထမ်း​ပြောရတာလို့ဆိုကြတာလည်း ဒါပဲ။ပုံပြင်​​တွေကိုအတည်​ကြီးယုံစားပြီး ကိုယ့်အရှင်​သခင်​စွန်​ညာသရမ်းတဲ့ပ​ဒေသရာဇ်​​တွေကို​မျှော်​မှန်းရည်​​နေကြတာ။ဒီရာဇ၀င်​လာပုံပြက်​​တွေကိုအဲဒီ​ခေတ်​ကအဲဒီပညာရှိ​တွေနဲ့ဘယ်​သူမှသွား​ရောက်​ငြင်းခုံတာမရှိဘူး။ သွား​ရောက်​နာယူတာပဲရှိတာပါ။ဒါ​ကြောင့်​ပုဂံ​အ​ကြောင်း​ရောက်​သွားရင်​အ​ထောက်​ထားမရှိ မသိလို့ ငြင်းခုံရတဲ့အဆင့်​ရောက်​သွားရတာပါပဲ။ကိုယ်​ကြားဖူးသ​လောက်​ကိုအမှန်​ထင်​ပြီး​အ​သေဆုတ်​ကိုင်​ထားတတ်​တဲ့အကျင့်ဆိုး​ကြောင့်တစ်​ဖက်​သားကိုထိပါးပုတ်​ခတ်​တဲ့အသုံးအနှုန်း​တွေပါလာမယ်​။အခြားတစ်​ဖက်​မှာ​ဒေါသကအ​ကောင်​​ပေါက်​လာပြီးစိတ်​မထိန်းနိုင်​တဲ့အဆုံး အမျိုးဂုဏ်​ ဇာတိဂုဏ်​နဲ့အညီ ထ​ထောင်းမယ်​။နီးရာတစ်​စုံတစ်​ရာဆွဲပြီးထရိုက်​မယ်​။ဒါ​ကြောင့်ပဲပုဂံရာဇ၀င်​တုတ်​ထမ်း​ပြောရတယ်​လို့ဆိုခဲ့ကြတာဖြစ်​ပါတယ်​။

ပုဂံ၊အင်းဝ၊ဟံသာဝတီ၊စတဲ့​ခေတ်​အမျိုးမျိုးရှိ​နေတဲ့ကြားက ပုဂံရာဇ၀င်​ကိုမှဘာ​ကြောင့်တုတ်​ထမ်း​ပြောရတာလဲဆိုရင်​ ရာဇ၀င်​ကိုယ်​၌က ငြင်းခုံချင်​စရာပုံပြင်​ဆန်​ဆန်​မ​ရေမရာ​တွေအများကြီးပါဝင်​​နေလို့ ပဲ။အကယ်​၍ ပုဂံ​နေပြည်​​တော်​​ဟောင်းနယ်​​မြေကြီးတစ်​ခုလုံးသာ တုရွှင်း​တောင်​​ခြေမှာရှိမ​နေခဲ့ရင်​ပုံပြင်​ပဲလို့ဝန်​ခံပြီးသားဖြစ်​သွားမှာပါ။အလားတူပဲ ခုနှစ်​သက္ကရာဇ်​ နဲ့တကွ စီကာစဉ်​ကာမှတ်​တမ်းတင်​ထားတဲ့ရာဇ၀င်​ကျမ်းကြီးတစ်​​စောင်​တည်းအတူတူ ပုဂံရာဇ၀င်​စာသား​တွေကမှဘာလို့ပုံပြင်​ဆန်​​နေရတာလဲ။အ​ဖြေက​တော့ရှင်းရှင်း​လေးပဲ။ရစရာမရှိ​အောင်​တိုင်းပြည်​ပျက်​သွားလို့ပဲ။အဲဒီ​ခေတ်​က လူထုကြီးလည်းမှတ်​တမ်း​ရေးတဲ့အ​လေ့အထမရှိ​ကြောင်းေ​ပ်ါလွင်​ထင်​ရှား​နေတယ်​။

ပုဂံပျက်​ရတာတရုတ်​​ကြောင့်လိုဆိုကြ​ပေမဲ့ တကယ်​​တော့ ကိုယ့်​အတွင်းစည်းထဲမှာကိုက ပိုးထိုး​လောက်​ကိုက်​ခြစား​နေလို့ဖြစ်​ပါတယ်​။မြန်​မာရာဇ၀င်​မှာကိုယ်​တိုင်​တက်​မယူလိုက်​ရတဲ့ တရုတ်​​ပြေးမင်းဘွဲ့ချီးမြင့်ခံရသူ ပုဂံ​နောက်​ဆုံးမင်း နရသီဟပ​တေ့ဆိုတာ မင်းသားမည်​ကာမတ္တ လူပျို​ပေါက်​အရွယ်​မှာသူ့ဦးရီး​တော်​ဘုန်းကြီးက ရှင်​ဘုရင်​ကိုဆက်​မယ့်အရက်​အိုးနဲ့အတူ ​လှေ​ပေါ်တင်​​ခေါ်သွားလို့ ဘ၀တစ်​​လျှောက်​မှာ ဒလတစ်​​ခေါက်​​ရောက်​ဖူးသူပါ။အဲဒီလိုမင်းသားဆိုတဲ့ စ​ကော​လောက်​မှ​ဇောက်​မနက်​သူက ရှင်​ဘုရင်​တက်​လုပ်​လိုက်​တာ တိုင်းပြည်​လည်းပြန်​ဆက်​လို့မရ​အောင်​အစိပ်​စိပ်​ကွဲသွားရတာပါပဲ။အဲဒီဗာလာနံ​တွေကိုပဲ ကိုယ့်အရှင်​သခင်​​တွေပါဆိုပြီး ကျွန်​မျိုး​တွေက ၂၁ရာစု​ရောက်​တဲ့အထိ လွမ်းဆွတ်​​နေကြ​သေးတာပါ။ကိုသိန်းထိုက်​စိုးစကားယူ​ပြောရရင်​ ၂၁ရာစုဘာ​ဘေးရီးယန်းစ်​ ​တွေ​ပေါ့။

လက်​ရှိခင်​ဗျားတို့ကျ​နော်​တို့လက်​ထဲ ​ရှိ​နေတဲ့ရာဇ၀င်​ကြီး၃​စောင်​ဟာ ပုဂံနိုင်​ငံ​တော်​​ပျောက်​ကွယ်​သွားပြီးနှစ်​​ပေါင်း၄၅၀​လောက်​ကြာမှဦးကုလားက ပြန်​ပြု စုတာပါ။ဦးကုလားဟာ ပုဂံဘုရားသမိုင်း​တွေ၊ပုဂံရာဇ၀င်​ပုံပြင်​​ဟောင်း​တွေကိုအ​ခြေခံပြီးပြု စုခဲ့တာပါ။တကယ်​​တော့အဲဒီကျမ်း​တွေဟာပုဂံ​ကောင်းစားစဉ်​က ရှိခဲ့တဲ့​ခေတ်​ပြိုင်​ကျမ်း​တွေမဟုတ်​ဘူး။ပုဂံ​ခေတ်​က ပြည်​သူလူထုတစ်​ရပ်​လုံးလည်းစာမတတ်​ဘူး။၁၉ရာစုမှာသီ​ပေါနဲ့သူ့မယားနွားလှည်း​ပေါ်ငုတ်​တုတ်​ပါသွားတဲ့​အေဒီ၁၈၈၅ခုနှစ်​တုန်းက​တောင်​ပြည်​သူလူထုတစ်​ရပ်​လုံးစာမတတ်​တာ ​အေဒီ၁၁ရာစုက စာတတ်​မယ်​ထင်​ရင်​ ခင်​ဗျား​ရော ကျ​နော်​​ရော ချီးသာ​ပြေးစားလိုက်​တာပို​ကောင်းမယ်​ထင်​တယ်​။

ဒါ​ပြော​နေတာ ပုဂံရာဇ၀င်​မခိုင်​မာပုံ​တွေ၊အားနည်းချက်​​တွေ၊ကိုအဓိက​ထောက်​ပြ​နေတာပါ။ဒါ​တွေမသိဘဲ နှစ်​ကျပ်​တန်​သမိုင်းစာအုပ်​​တွေ(ဦးဖိုးကျားစာအုပ်​၊​ဒေါက်​တာ​​ကျော်​​ကျော်​လှိုင်​စာအုပ်​၊​ဒေါက်​တာထင်​​အောင်​စာအုပ်​၊​ဒေါက်​တာမတင်​၀င်းစာအုပ်​)သွားဖတ်​လို့က​တော့ ငါးပါးတင်​မဟုတ်​ဘူးသံဃာစင်​ပါ​မှောက်​မှာ။

ဒါကပုဂံမင်းဆက်​၅၅ဆက်​ကိုပယ်​ရတဲ့အဓိကအ​ကြောင်းနဲ့ ၂၂ဆက်​ရဲ့ ပကတိအရှိတရားကိုမီး​မောင်းထိုးပြတာပါ။ရှေ့ မှာတင်​ပြခဲ့တဲ့ ၁၇​ယောက်​အာဏာသိမ်းခံရပြီး၁၆​ယောက်​အသတ်​ခံရလို့ အာဏာသိမ်းမှု၇၇.၂၇ရာခိုင်​နှုန်းနဲ့စရင်းပိတ်​တဲ့ ပုဂံနိုင်​ငံ​တော်​အကြီးအကဲ၁၆​ယောက်​ဟာ တုတ်​၊ဓား၊လှံ၊​လေး၊မြား၊အဆိပ်​တို့နဲ့​ပြောင်​​ပြောင်​တင်းတင်းလုပ်​ကြံသတ်​ဖြတ်​ခံကြရတာဖြစ်​တယ်​။ဒါဘယ်​လို​သေရလဲဆိုတာကို​ဖော်​ပြတာပါ။အဲဒီထဲမှာမြင်း​ချေးမီးရှို့တဲ့ပြာပူတွင်းထဲတွန်းချခံရတဲ့တန်​နက်​မင်း(၂)၊​နောက်​ပါမှူးမတ်​၊ကျွန်​ယုံ​တွေက ရွှံ့နှစ်​​တွေ၊​မြေစိုင်​ခဲ​တွေနဲ့ဝိုင်း​ပေါက်​ပြီးဆင်​​ရေချိုးတဲ့ ကန်​ထဲနစ်​​သေရတဲ့ စ​လေင​ခွေး(၃)၊သင်္ကန်းဝတ်​သံဃာ့ဂိုဏ်းဝင်​ဖြစ်​​နေတာ​တောင်​ ​ခေါင်းဖြတ်​ပြီးတရုတ်​ပြည်​ပို့ခံရတဲ့ ​ကျော်​စွာ(၂၂)စသဖြင့် မရှုမလှအ​သေဆိုးနဲ့​သေကြရသူက အများစုပါ။

ဒါတင်​ပဲလားဆို​တော့ ဒီထက်​ဆိုးတာရှိပါ​သေးတယ်​။အဲဒါက ရှင်​ဘုရင်​ကိုကိုယ်​တိုင်​အ​သေသတ်​တဲ့၊သို့မဟုတ်​ သတ်​ခိုင်းတဲ့သူ​တွေအာဏာရပြီးကြီးစိုးကြတာဖြစ်​တဲ့အတွက်​ ​သေသွားတဲ့ ရှင်​ဘုရင်​ကိုအားနာလို့​ကောင်းမွန်​စွာအခမ်းအနားနဲ့မဟုတ်​​စေကာမူ သရဏဂုံတင်​ သင်္ဂြိုဟ်​​ပေးတယ်​ဆိုတာ​တောင်​မရှိဘူး။ဒါ ဘုန်းကြီး​ကျောင်းစက်​မှုဇုန်​ကထုတ်​လုပ်​တဲ့ဒကာ​တော်​​ရေ​မြေ့ရှင်​​တွေ​နော်​။လူမျိုးခြားမိစ္ဆာဒိဋ္ဌိ​တွေလုပ်​တာမဟုတ်​ဘူး။ကုလားဖြူ၊ကုလားမဲ၊ကုလားနီ​တွေလုပ်​တာမဟုတ်​ဘူး။

ဥပမာ သိကြားမင်​ဆက်​တဲ့လှံ၊ဓား၊ဥ​သျှောင်​​တွေရတယ်​ဆိုတဲ့အ​နော်​ရထာမင်း​စောဟာ လုပ်​ကြံခံရပြီးသင်္ဂြိုဟ်​စရာအ​လောင်း​တောင်​ရှာမ​တွေ့ဘူး။အဲလိုပဲ ဇမ္ဗူဒိပ်​ကျွန်းအဆုံးက ဗမ္ဗူသ​ပြေပင်​ရင်းကို​ရောက်​​တော့ နာမည်​စာလုံး၃၀ပါတဲ့ဘွဲ့​တော်​ကိုချီးမြင့်ပြီးသိကြားမင်းကိုယ်​တိုင်​ဘိသိက်​သွန်း​ပေးရတယ်​ဆိုတဲ့ အ​လောင်းစည်​သူလည်း အိုမင်းမစွမ်းအရွယ်​မှာသူ့သားနရသူကခုတ်​သတ်​လို့​သေရတယ်။အစ်​ကိုကိုလိမ်​​ခေါ်ပြီးညစာမှာအဆိပ်​​ကျွေးသတ်​ပြန်​တယ်​။အဲဒီနရသူ(၁၄)ဟာ ရာဇပလ္လင်​​ပေါ်​ရောက်​တဲ့အခါ သူ့အ​ဖေနဲ့အစ်​ကိုရင်းတို့ရဲ့ အ​လောင်းကိုသာကီဝင်​မင်းတို့ရဲ့ ​ရှေးထုံးတမ်းစဉ်​လာနဲ့အညီ ခမ်းနားစွာသင်္ဂြိုဟ်​​တော်​မူတယ်​လို့ ဘယ်​ရာဇ၀င်​မှာမှမပါဘူး။အ​ဖြောင့်​တိုင်းစဉ်းစားရင်​သူတို့သင်္ချိုင်းရှိ​နေရင်​​တောင်​​နောက်​ဆက်​တွဲပြဿနာ​တွေရှိ​နေနိုင်​​သေးတာ​ကြောင့်သားအဖ၂​ယောက်​စလုံးကို လက်​စလက်​နမကျန်​​အောင်​ ကိစ္စတုံး​ဖျောက်​ဖျက်​ရှင်းလင်းလိုက်​လိုက်​တာပါပဲ။

ဒါ​ကြောင့်​ပြောတာ အ​နော်​ရထာက​နေ ​နောက်​ဆုံး
သီ​ပေါအထိ ဘယ်​ရှင်​ဘုရင်​မှပြစရာသင်္ချိုင်းမကျန်​ရစ်​ဖူးလို့။သီ​ပေါ​တောင်​ လူမျိုးခြားအစိုးရ​ကျေးဇူးနဲ့ အိန္ဒိယမှာ အခန်
့သား​သေ​နေရတာ။မြန်​မာပြည်​မှာသာဆိုရင်​ သီ​ပေါလက်​ထဲက အာဏာကိုယူလိုက်​တဲ့အင်​အားစုဟာ ဒီလူမျိုးနဲဒီဘာသာဝင်​​တွေထဲကပဲဆိုရင်​ ​သေချာတယ်​သီ​ပေါလည်း သင်္ချိုင်းမဲ့သွားမှာပါ။၁၈၈၅ နိုဝင်​ဘာ၂၅ရက်​​နေ့ကတည်းက စခန်းသိမ်းဇတ်​ပြတ်​သွား​လောက်​တယ်​။၁၉၀၀​​ကျော်​အထိ အသက်​ဆက်​နိုင်​စရာမရှိဘူး။ဒါ​ကြောင့်မြန်​မာ့သမိုင်းမှာ သူ့လက်​ထက်​​ရောက်​မှပ​ဒေသရာဇ်​စနစ်​နိဂုံးချုပ်​ရတာဖြစ်​​ပေမယ့် ကံအ​ကောင်းဆုံးပ​ဒေသရာဇ်​အဖြစ်​စံချိန်​၀င်​သွားရတာပါ။ဗမာ​တွေက အရိုင်းအစိုင်းပါလို့​ပြောတဲ့ ဗြိတိန်​က His Majesty လို့သုံးနှုံးပြီး တစ်​ပါး​သောနိုင်​ငံရဲ့ ရှင်​ဘုရင်​ကို ဂုဏ်​​ပေးခဲ့ပါ​သေးတယ်​။နောက်​ပိုင်းအသုံးအဖြုန်းကြီးလာလို့ စ​ကေးနဲ့​ပေးတာကလွဲပြီး ဗြိတိန်​က သီ​ပေါကို နန်းကျဘုရင်​တစ်​ပါးရသင့်ရထိုက်​တဲ့အဆင့်အတန်းအားလုံး​ပေးခဲ့ပါတယ်​။နောက်​ဆုံသူ့မ​ဟေသီ​တောင်​ ​သေတဲ့အချိန်​ထိ မ​ဟေသီမာနကိုမချဘဲ ဖူး​​မျှော်​ကန်​​တော့ခံဘ၀နဲ့​နေသွားရတာမဟုတ်​လား။

အဲလိုနဲ့ ရှင်​ဘုရင်​၂၂​ယောက်​ရဲ့ အဆုံးအထိ နှစ်​​ပေါင်း၄၃၀​ကျော်​အတွင်း လုပ်​ကြံအာဏာသိမ်းမှုဂုဏ်​ထူးထွက်​ဖို့၃မှတ်​​လောက်​သာလို​တော့တဲ့ပုဂံနိုင်​​တော်​ဟာ ​နောက်​ဆုံးရှင်​ဘုရင်​​ခေါင်းပြတ်​သွားတဲ့၁၃ရာစုအကုန်​မှာပြည်​ဖုံးကားချသွားတယ်​။

ခါးမယ်​။ပုဂံရာဇ၀င်​ကိုကအခါးကြီးဖြစ်​​နေတာပါ။

ဆက်ပါ​ဦးမည်​။



https://m.facebook.com/story.php?story_fbid=145940726285409&id=100026084471117

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ အ​နော်​ရထာဆိုတာ....၅”

Post a Comment

Related Posts Plugin for WordPress, Blogger...