Sunday, December 2, 2018
ကျွန်​ဖြစ်​ရခြင်းအ​ကြောင်းတရားများ....၎
,
၁၂။မင်းတုန်းမင်းရဲ့ ​နောက်​ပြန်​ဆွဲဝါဒ။မင်းတုန်းမင်း
ဟာ ​ရှေးမင်း​တွေလိုပဲ သာသနာ​ရေးမှာစိတ်​၀င်​စားတဲ့
သ​ဘော​တွေ့ရတယ်​။ဒေါက်​တာသန်းမြင့်ဦးက မင်းတုန်း
မင်းရဲ့ သာသာ​ရေး​ဆောင်​ရွက်​ချက်​​တွေထဲမှာ နိုင်​ငံ​ရေး
ပြု ပြင်​​ပြောင်းလဲမှု​တွေပါတယ်​လို့ဆိုထားတယ်​။
တကယ်​​တော့မင်းတုန်းမင်းဟာ နိုင်​ငံ​ရေးပြု ပြင်​​ပြောင်းလဲ
မှုတစ်​ခုကိုမှလုပ်​​ဆောင်​သွားတာမရှိဘူး။အဲဒီဘာသာ​ရေး
တွေကို စွပ်​လုပ်​​နေလို့ နိုင်​ငံ​ရေးအခန်းကဏ္ဍမှာ
လစ်​ဟင်းသွားတာလို့​ပြောရင်​လည်းရတယ်​။
သူဟာရှင်​ဘုရင်​လုပ်​​နေပြီး မဂ်​ဖိုနိဗ္ဗာန်​​ရောက်​​ကြောင်း
အလုပ်​ကိုဦးစား​ပေး​နေခဲ့တယ်​။ရှင်​ဘုရင်​လုပ်​ရင်
ရှင်​ဘုရင့်တာဝန်​ကို​တော့မ​မေ့​ကောင်းဘူးထင်​တာပဲ။
မဂ်​ဖိုနိဗ္ဗာန်​​ရောက်​​ကြောင်းလုပ်​ချင်​ရင်​ဘုန်း
ကြီးဝတ်​ရင်​မ၀တ်​ရင်​​တောထွက်​ ဒါပဲရှိတယ်​။
နောက်​ဆုံး က​နောင်​​သေ​တော့ လက်​နက်​စက်​ရုံ​တွေ
အကုန်​ရပ်​တန့်​ကုန်​တယ်​။အကယ်​၍မင်းတုန်းသာ
တကယ်​ပြု ပြင်​​ပြောင်းလဲ​ရေးကိုလိုလားသူဆိုရင်
ဒီစီမံကိန်းကို က​နောင်​မရှိ​တော့​ပေမယ့်လည်း ဆက်​လက်
တည်​တံ့​အောင်​၊ဖြစ်​ထွန်း​အောင်​ကြိုးစားအ​ကောင်
အထည်​​ဖော်​လို့ရတာပဲ​လေ။ဒါ​ပေမဲ့မလုပ်​ခဲ့ဘူး။
မင်းတုန်းမင်းလက်​ထက်​ ဗြိတိသျှဘားမားရန်​ကုန်​ကို
အိန္ဒိယဘုရင်​ခံချုပ်​​လောဒ်​​မေရိုး​ရောက်​လာ​တော့
ရန်​ကုန်​က ထီးဖြူ ၂လက်​နဲ့တစ်​ခမ်းတစ်​နားကြိုတယ်​။
သူရန်​ကုန်​ကပြန်​​တော့ တစ်​သက်​တစ်​ကျွန်းပြစ်​ဒဏ်
ကျသူ​တွေထားတဲ့ Andamanကျွန်း port Blair ကို ၁၈၇၂ခုနှစ်​ ​ဖေ​ဖော်​၀ါရီ၈ရက်​​နေ့ နံနက်​၉နာရီခွဲမှာ​ရောက်​တယ်​။(British Burma Gazette)ဘုရင်​ခံချုပ်​ဟာ ည​နေ၃နာရီမှာ ဗိုလ်​ချုပ်​စတီးဝပ်​၊၀န်​ကြီးB.H.Ellis၊
ဗိုလ်​မှူးကြီးJervois၊Mr.G.W Allen၊ဗိုလ်​မှူးBurne၊
ဗိုလ်​ကြီး Lockwood၊ဗိုလ်​ကြီး ဂ​ရေဂိုရီ၊Mr.Hawkins တို့နဲ့ Viper ကျွန်းကို​ရောက်​ပြီး 
လေ့လာမှု​တွေလုပ်​တယ်​။အဲဒီ​နောက်​ကျွန်းငယ်​တစ်​ခု
ပေါ်မှာရှိတဲ့ Chatham ကိုသွားတယ်​။အဲဒီ​နောက်​ Nemesis မီး​သ​ဘောင်္နဲ့ Harrit ​တောင်​ကိုသွားဖို့ပြန်​လာ
တော့ Hopetown မှာရှိတဲ့ဆိပ်​ခံတံတား​ပေါ်ကို
ရောက်​တယ်​။အဲဒီ​နောက်​ဘုရင်​ခံချုပ်​တစ်​ဦးတည်းမြင်းပု
စီးပြီး ​တောင်​​ပေါ်ကိုတက်​ခါ ည၇.၁၅မှာ ​တောင်​​ခြေပြန်
ရောက်​လာတယ်​။တောင်​​ခြေ​ရောက်​​တော့ ပရှ်​၀ါ
ပြည်​နယ်​(Peshawur)ရဲ့ ဝန်​ကြီးချုပ်​ဖြစ်​တဲ့
ဗိုလ်​မှူးကြီး Pollock ကိုသတ်​မှုနဲ့၁၈၆၇ ဧပြီ၂ရက်​​နေ့
မှာ တစ်​ကျွန်းပြစ်​ဒဏ်​​ပေးခံရပြီး ကျွန်းကို​ရောက်​​နေတဲ့ ရွာသား ၀လီရဲ့ သား အသက်​၃၀အရွယ်​ ရှရီအလီ
(Shere Ali)က ​အ​စောင့်​တွေအလစ်​မှာ ဘုရင်​ခံချုပ်
ကိုဓားနဲ့​ပြေးထိုးတာ ပွဲချင်းပြီးသွားတယ်​။
ဒါဟာ ရန်​ကုန်​လာစဉ်​ထီးဖြူ၂လက်​​ဆောင်းခဲ့လို့
မတန်​မရာကြံလို့ဖြစ်​တာဆိုပြီး ​တေးထပ်​ပါရဂူ ဆရာ​ဖေ
က
.....ထီးဖြူရုံပြသာဒ်​နှင့်
     မအပ်​သည့်အရာ
     လာဒ်​ဆိုသည့်မိစ္ဆာ
     ပိတ်​ရှာပြီ ဇီဝ
     ဘုန်းမတန့်​ ဘုန်းတန့်​ကြံတယ်
     ဆုံးရုပ်​နာမ်​ သွား​ပေါ့ ၀ီစိ
     မင်းတုတု ​ခွေး​သေ​သေ
     လာဒ်​ရန်​ကို ဆန္ဒန်​ဘိ
     နတ်​တန်​သည့်ဘုန်း​တော်​ စသဖြင့် ​လောဒ်​​မေရိုး​သေ
တာကိုဝမ်းသာအားရ​တေးထပ်​စပ်​ဆိုလိုက်​​တော့ အင်္ဂလိပ်
နဲ့အဆင်​​ပြေဖို့ကြိုးစား​နေတဲ့မင်းတုန်းကစိတ်​ဆိုးပြီးဖမ်း
ချုပ်​လိုက်​တယ်​။တကယ်​​တော့ ဆရာ​ဖေကိုယ်​တိုင်
လည်းင​ကြောင်​ပဲ။သူ့သခင်​ဖြစ်​တဲ့ ရှင်​ဘုရင်​ရဲ့ ထီးဖြူ
ကို​ဆောင်းလို့ ​လောဒ့်​မေရိုး အခုလိုသေပွဲဝင်​ရတယ်​ဆိုတဲ့
အ​တွေးနဲ့​တေးထပ်​စပ်​ဆိုတာဟာ ဆရာ​ဖေအိုင်​ဒီယာ​ရဲ့ 
အဆင့်အတန်းပဲ။မသာ​တေးတပ်​စပ်​ဆိုပြီး ပ​ဒေသရာဇ်​အာဏာရှင်​ကိုအမွှန်းတင်​လိုက်​​သေးတာပါ။
ကျ​နော်​အမြဲတမ်း​ပြောဖူးပါတယ်​။ဆရာ​ဖေ မက ဆရာ​ဖေ
အဘ သခင်​ကိုယ်​​တော်​မှိုင်းအဆုံး ဘယ်​​ကောင်​မှ ​ခေတ်
စနစ်​နဲ့အံ့ဝင်​​အောင် ​တွေးပြ ပြုပြ လုပ်​ပြသွားတဲ့ သာဓကမရှိဘူး။တစ်​ခါလာမွဲပြာပုဆိုး အမျိုး ဘာသာ သာသနာ
သောက်​​ပေါအိုင်​ဒီယာ။တစ်​​ကောင်​လာလည်း ဒါပဲ။
တစ်​​ကောင်​လာလည်း ဒါပဲ။မြန်​မာ​တွေကျွန်​သ​ဘောက်
ဖြစ်​သွားတာ အမျိုး ဘာသာ သာသနာ​ကြောင့်ပဲ။
ဗြိတိန်​၀င်​လာတဲ့အချိန်​မှမြန်​မာ​တွေကျွန်​ဖြစ်​တာမဟုတ်​ဘူး။ကျွန်​သ​ဘောက်​ဖြစ်​သွားတာပါ။ကိုယ့်အမျိုးသားအရှင်
သခင်​​တွေလက်​ထက်​မှာ​တော့ မြန်​မာ​တွေက
ကျွန်​ဖြစ်​တယ်​။
မင်းတုန်းမင်းထက်​​စောပြီး ဘုရားတည်​​ကျောင်း​ဆောက်​တဲ့ရှင်​ဘုရင်​ကမြန်​မာ့သမိုင်းရဲ့ နာမည်​ကြီးဘိုး​တော်​ဘုရားပဲ။
လူမမည်​က​လေး​တောင်​မချန်​သတ်​တာလည်းသူပဲ။
မောင်​၀ိုင်း​ခေါ်တဲ့ ဗဒုံမြို့စား ရှင်​ဘုရင်​ဖြစ်​တာနဲ့ ဘွဲ့​တော်
ကို သီရိပရ၀ ၀ီဇယာ နန္တယသတြိဘ၀နာ ဒီတျာဓိပတိ
ပတိပဏ္ဍိတ မဟာဓမ္မရာဇာ ဆိုတာပါပဲ။အဓမ္မရာဇာ
တွေအားလုံးသူတို့ကိုယ်​သူတို့​တော့ ဓမ္မရာဇာလို့​ပြောကြ
တာပဲ။ခပ်​ပိန်းပိန်း​လေး​တွေကို​ပြောချင်​တာက ၀ိဇယတို့
ဓိပတိ၊သီရိတို့ စတဲ့ပါဋ္ဌိလိုလို ဘာလိုလို​တွေအားလုံး ဗမာစကား​တွေမဟုတ်​ဘဲ အိန္ဒိယစကား​တွေဖြစ်​တယ်​ဆိုတာပဲ။ကလ​ကြောက်​​ရောဂါခံစား​နေရတဲ့မင်းတို့ကို ကိုယ်​လည်း
မခြိမ်း​ခြောက်​ချင်​ပါဘူး။တိုင်းပြည်​အ​နောက်​ခြမ်းက
ကိုဖင်​​​ခေါင်းကျယ်​​တွေလည်း အဲဒီ အိန္ဒိယကိုပဲဆရာ
တင်​ပြီး မင်းလုပ်​ခဲ့ကြရတာပါ။
ဒုစရိုက်​မှုအမျိုးမျိုးကိုကျူးလွန်​ပြီး​မောင်​၀ိုင်းဟာ
မင်းကွန်း​စေတီကိုတည်​တယ်​။မင်းကွန်း​ခေါင်း​လောင်​ကြီး
ကိုသွန်းတယ်​။နှစ်​၂၀နီးပါးကြာတဲ့အဲဒီအုတ်​ပုံကြီးကို
ယ​နေ့ မင်းကွန်​မှာ​တွေ့မြင်​နိုင်​ပါတယ်​။လူထုဘယ်​​လောက်
ဒုက္ခ​ရောက်​မလဲဆိုတာ ကိုယ့်ဘာသာကိုယ်​စဉ်းစား​ပေါ့။
ကျ​​နော်​​ရောက်​ရှိ​နေစဉ်​​ဒေသခံ​တွေကိုယ်​တိုင်​ဒီအ​ကြောင်းကိုရှင်းပြရှာတယ်​။သူတို့သိထားတဲ့သူတို့​ဒေသရဲ့ 
အ​ခြေ​နေကို ရိုးရှင်းစွာ​ပြောပြတာ​လေးကချစ်​စရာပါ။
ယ​နေ့ပ​ဒေသရာဇ်​ရဲ့ အဲဒီအုတ်​ပုံ​တွေကိုကြည့်ပြီးအမွှန်း
တင်​​နေတဲ့ ခပ်​ပိန်းပိန်း​လေး​တွေကို ​မေးချင်​တာက
အဲဒီ​လူထုထဲမှာ ခင်​ဗျားပါခဲ့ရင်​ ဘယ်​​လိုမှတ်​ချက်​ချမလဲ
ဆိုတာပဲ။စစ်​ကိုင်းပျက်​​​ရွှေ့ ​ပေါ်မှာတည်​ရှိ​နေတဲ့
ပ​ဒေသရာဇ်​သက်​ဦးဆံပိုင်​အာဏာရဲ့ သက်​​သေ
အဲဒီအုတ်​ပုံ ​နောက်​တစ်​ကြိမ်​လှုပ်​ခါခံရ​တာနဲ့​မြေပြင်
ပေါ်ဘုံးဘုံးလဲ​တော့မှာပါ။မောင်​၀ိုင်းဟာ ၁၈၁၀ခုနှစ်​မှာ
မူးမတ်​​တွေကို အိန္ဒိယလွှတ်​ပြီး ဘင်္ဂလီဘာသာနဲ့​ရေးထားတဲ့ 
ဆေးကျမ်း၊ဓာတ်​ကျမ်းနဲ့​ဗေဒင်​ကျမ်း​တွေကိုကူးယူ​စေတဲ့
အပြင်​ ​ဗောဓိပင်​ပွားကိုပါ ပင့်လာ​စေခဲ့တယ်​။
ဒါ​ကြောင့်​မြန်​မာပ​ဒေသရာဇ်​​တွေရဲ့ အလုပ်​ကိုချ​ရေးရင်
၁။အာဏာလုမယ်
၂။အင်​အားရှိရင်​စစ်​တိုက်​မယ်
၃။အင်​အားမရှိရင်​ဖားလျားပြီး​နေမယ်
၎။လူထု​ကို​ခေါ်ဒုက္ခ​ပေးပြီး သူကြီးဘုရားရွာသား​ကောင်းမှု
လုပ်​မယ်​။
၅။မိမိကိုယ်​မိမိ ဘာကြီးညာကြီးစသဖြင့် မစားရ၀ခမန်း 
လျှာခုလုတ်​တိုက်​​နေမှာဖြစ်​တဲ့ ပါဠိပါတ်​သားနဲ့အမွှန်း
တင်​မယ်​။ဘွဲ့တပ်​မယ်​။
၆။သေမယ်​။ဒါပဲ။
၁၂။သီ​ပေါလက်​ထက်​မူးမတ်​​တွေဂိုဏ်းကွဲတယ်​။အင်္ဂလိပ်​က​ရေ​ကြောင်းချီလာတဲ့အထိ ​နေပြည်​​တော်​မှာ ဘာမှမပြင်​ဆင်
ရ​သေးဘူး။စစ်​မဖြစ်​ချင်​တဲ့ကင်းဝန်​ဂိုဏ်း၊စစ်​ဖြစ်​ချင်​တဲ့တိုင်းတာဂိုဏ်းဆိုပြီးဂိုဏ်း၂ဂိုဏ်းကွဲ​နေတယ်​။တစ်​ခါ သီ​ပေါကိုမ
လိုတဲ့မူးမတ်​​တွေလည်းနန်းတွင်းမှာရှိ​နေတယ်​။
၁၃။၁၉ရာစုနှစ်​ဟာ The Age of the Naked Imperialism လို့​ပြောရ​လောက်​​အောင်​ အင်္ဂလန်​နဲ့
ပြင်​သစ်​ဟာ အာရှကမ္ဘာကို လက်​နက်​နဲ့နယ်​ချဲ့ ​နေချိန်
ဖြစ်​လို့ အဲဒီပ​ယောဂနဲ့ မြန်​မာပြည်​ဟာလည်းကင်းလွတ်
ခွင့်မရခဲ့ဘူး။ကုန်းတွင်းပိတ်​သွားပြီဖြစ်​တဲ့မန္တ​လေး
ပ​ဒေသရာဇ်​နိုင်​ငံ​တော်​ဟာ ထွက်​​ပေါက်​ရှာတဲ့အ​နေနဲ
့ပြင်​သစ်​ပလူးတယ်​။ပြင်​သစ်​နဲ့ပလူးလိုက်​လို့အကျိုးမများတဲ့အပြင်​ ​စော​စောစီးစီးသိမ်းပိုက်​ခံလိုက်​ရတာပဲ
အဖတ်​တင်​တယ်​။အင်​ဒိုချိုင်းနားကိုဝါးမျို ထားပြီဖြစ်
တဲ့ပြင်​သစ်​ဟာ သူ့နယ်​နဲ့ဆက်​မိ​အောင်​ အထက်
မြန်​မာပ​ဒေသရာဇ်​နိုင်​ငံငယ်​ကိုစိတ်​၀င်​စားလာခဲ့တယ်​။
သိမ်းပိုက်​ခံရ​တော့မယ်​ အချိန်​နီး​လေ​​လေ ​နေပြည်​​တော်
မှာ ပြင်​သစ်​နဲ့အင်္ဂလိပ်​ကိုယ်​စားလှယ်​​တွေ​ခြေရှုပ်​​လေ​လေပဲ။
နောက်​ဆုံးအင်္ဂလိပ်​က အထက်​မြန်​မာပြည်​ကို
လက်​ဦး​အောင်​သိမ်းလိုက်​တာပါပဲ။
အဲ​တော့ အင်္ဂလိပ်​သိမ်းလိုက်​​တော့ကျွန်​ဖြစ်​တယ်​။
ကျွန်​ဘ၀​ရောက်​ရ​လေခြင်းဆိုပြီးတစ်​တိုင်းပြည်​လုံးကိုယ်​နဲ့
ဆိုင်​ဆိုင်​ မဆိုင်​ဆိုင်​ မစဉ်းစားဘဲ ကြားဖူးနားဝနဲ့
တက်​​ခေါက်​ကြမယ်​။အဲလိုဖြစ်​​​အောင်​လည်း သနားစရာ
စောမွန်​လှအဖြစ်​သမိုင်းဘာသာရပ်​ကို နယ်​ချဲ့ဆန့်​ကျင်​​ရေး
လက်​နက်​အဖြစ်​ လုပ်​ပေးမယ့်ရာဇ၀င်​ဆရာ​တွေလည်းရှိခဲ့
ကြတာကိုး။
အင်္ဂလိပ်​သိမ်းလိုက်​မှ
၁။မြန်​မာ​တွေလူမှုဘ၀ ပ​ဒေသရာဇ်​​ခေတ်​ကထက်​တိုး
တက်​လာတယ်​။
၂။မြန်​မာ့စီးပွား​ရေးဘ၀ အင်္ဂလိပ်​သိမ်းလိုက်​မှတိုးတက်
လာတယ်​။
၃။မြန်​မာစားဝတ်​​နေ​ရေး အင်္ဂလိပ်​သိမ်းလိုက်​မှ
ပ​ဒေသရာဇ်​​ခေတ်​ကထက်​ တိုးတက်​လာတယ်​။
၎။လူ​နေမှုအဆင့်အတန်း အင်္ဂလိပ်​သိမ်းလိုက်​မှ
ပ​ဒေသရာဇ်​​ခေတ်​ကထက်​ တိုးတက်​လာတယ်​။
၅။မြို့ပြစနစ်​နဲ့တိုက်​တာအ​ဆောက်​အဦး၊လမ်းပန်းဆက်
သွယ်​​ရေးအပြင်​ ​ခေတ်​မီအ​တွေးအမြင်​များလည်း
အင်္ဂလိပ်​သိမ်းလိုက်​မှ တိုးတက်​လာတယ်​။
ဒါ​ကြောင့်အင်္ဂလိပ်​မြန်​မာပြည်​ကိုသိမ်းလိုက်​တာ
လူထုအတွက်​ ဘာဝမ်းနည်းစရာမှမရှိဘူး။
လူထုအတွက်​ဘာအကျိုးမှမယုတ်​ပါ။
မသိမ်းဘဲပ​ဒေသရာဇ်​စနစ်​ထဲမှာသာရှိ​နေဦးမယ်​ဆိုရင်
မ​တွေးဝံ့စရာပဲ။
ပြီးပါပြီ။
https://www.facebook.com/100027785653688/posts/207945646808289/
0 ယောက်မှတ်ချက်ပြုခဲ့သည် to “ကျွန်​ဖြစ်​ရခြင်းအ​ကြောင်းတရားများ....၄”
Post a Comment
Related Posts Plugin for WordPress, Blogger...