Thursday, July 19, 2018

ရှယ်သူ ကော်ပီတင်သူတွေတောင် အကောင့်ပျက်ခဲ့သည့်ပို့စ်တစ်ခု

,
(မူရင်းရေးသားသူ ပါပီယွန်)
လူ​လေး​တွေက အသက်​၃၀ပတ်​ချာလည်​​လောက်​ရှိ​သေးတာ။ တိုင်း​ပြေအုပ်​ချုပ်​တတ်​ဖို့ ဘာမှ ထရိန်​နင်​မရှိ။ ဒီကြားထဲ ၀ဲလ်​ထရိန်းဖြစ်​တဲ့ အိုင်​စီအက်​စ်​ဘာညာ ဘိုး​တော်​ကြီး​တွေနဲ့ အ​စေးကမကပ်​။

အ​​စောပိုင်းမယ်​အဲ့ဒီချာတိတ်​အ​ယောက်​၃၀​လောက်​ကို ဂျာပန်​​တွေက ​ခေါ်ပီး ၃လပြတ်​ ၄လပြတ် စစ်​သင်​တန်းအတို​လေး​ပေးပီး ဂျင်းထည့်​တာခံရ။

အဲ့ဒီမယ်​ ဂျာပန်​တပ်​ကြီးနဲ့ အတူ ပြည်​​တော်​၀င်​အလာ ကုလားဖြူ​တွေက အသာ​လေး ဆုတ်သွား​ပေး​တော့ ဟယ်​ ဟုတ်​လိုက်​​လေ​ပေါ့။

နောက်​​တော့ ဆာဝီလယံစလင်းက အင်​ဖာက​နေ ပြန်​၀င်​ပီး တွယ်​တော့ ဂျာပန်​​တွေအ​ပြေးမယ်​ ရှုံး​နေတဲ့ ဂျာပန်​​တွေကို ဟိုနားဒီနားက​နေ ​ချောင်းပစ်​ပီး ..

ဟယ်​ ဂျာပန်​​တွေ မှတ်​ပီလား ခံနိုင်​​သေးလား ဖြစ်​​ကော။ (နိုင်​တဲ့ဆယ်​လီဖက်​က ၀င်​ချတာ ဖွတ်​စပုတ်​အထှာ)

အားလုံးပီးသွား​တော့ ​သွေးနားထင်​​ရောက်​ပီး ​ပေးစမ်း အာဏာသွားလုပ်​တယ်​။

ဟို ကုလားဖြူ​တွေကလည်း စစ်​​ကြောင့်​မွဲ​တေ​နေပီ။နေဗီကတ်​ဆစ်​ကလက်​​တို့ ဘရန်​ဒီတို့​တောင်​ လန်​ဒန်​မယ်​ ၀ယ်​လို့မရ၊ ရာရှင်​နဲ့ ​သောက်​​နေရတာ။ စစ်​အပီးမယ်​ ပြန်​လည်​တည်​​ဆောက်​ဖို့ ပက်​ဆံလိုတယ်​။

ကိုလိုနီဆို​ပေမယ့်​ သူ့မှာတာဝန်​ရှိတာကိုး။ အဲ့ချိန်​ မ​ပေးရင်​ ချမယ်​သွားလုပ်​​တော့.. ကုလားဖြူ​တွေက တဟီဟီနဲ့ဖြစ်​ကုန်​တယ်​။

အေရိုး​လေး​တွေ မင့်​တို့ တပ်​​လောက်​ငါတို့ ​စောင်​အ​ရေးစိုက်​စရာလား။ မင့်​တို့ ပ​ထွေး​တွေနဲ့ ကမ္ဘာစစ်​ဖြစ်​လာတာ​လေ။ ဒါ​ပေမယ့်​ ငါတို့လက်​က လွှတ်​ကျွတ်​ပဲ။ ပက်​ဆံအကုန်​ခံစရာမလို​တော့ဘူး။ ဒိုးကွာဆိုပီး ဂျင်းထပ်​ထည့်​​ပေးလိုက်​တယ်​။

အဲ့မယ်​ လွတ်​လပ်​​ရေးဘာညာနဲ့ထဖြစ်​ပီး ခုထိ​ခွေးဘ၀ကမလွှတ်​​တော့ဘူး။

(စိတ်​ကူးယဉ်​ သမိုင်း​လေးပါ)

💣💣💣💣💣💣💣💣💣

အမှန်​က ပို့စ်​၀ါးအီရာ(လျှာယားတာ) မယ်​ ဗမာ​ပြေကို အင်္ဂလိပ်​​တွေအ​နေနဲ့ ဆက်​ကိုင်​မလား ကန်​ထုတ်​မလား ဆုံးဖြတ်​ချက်​ချရတဲ့အခါ ပက်​ဆံအကုန်​မခံချင်​​တော့တဲ့ဖက်​က အားသာသွားပီ။ ဒါ​ကြောင့်​ကန်​ထုတ်​ပစ်​တာ။

ဒီအ​ကြောင်းအရာက အထူးဆန်းမဟုတ်​သလို သမိုင်းနည်းနည်းပါးပါးစိတ်​၀င်​စားရင်​သိနိုင်​ပါတယ်​။

ပြောရရင်​ ဦးသန့်​မြင့်​ဦး​တောင်​ သူ့ဖွတ်​စပုတ်​မယ်​​ပြောဖူး​သေးတယ်​။ သူ့ကျ ရပို့မထုပဲ ပါပီ့ကျထုတယ်​။ ဘာလို့လဲဆို​တော့ ဟိုက ကုလားဖြူလို​ရေးတာကိုး။ နားမှမလည်​​တော့ မ​ပေါက်​ကွဲကြဘူး​ပေါ့။

ဂျာပန်​​တွေ​ပေးခဲ့တဲ့ ၃လပြတ်​စစ်​သင်​တန်းဆိုသာ ခု​ခေတ်​ဆရာလင်းသိုက်​ညွှန့်​ရဲ့အချိန်​တိုအတွင်းဟိုဒင်းဖြစ်​နည်းသင်​တန်း​တွေနဲ့ သိပ်​မထူးဘူး။

ဗမာ​ပြေလွတ်​လပ်​​ရေးရ​တော့ ဇာဒင်း​နော့က ၀ါ​ဆောမယ်​ ကြပ်​​ပေးလိုက်​တာကစလို့ လွပ်​လပ်​​ရေးအတုဘာညာ ကွိုင်​ပူ​တယ်​။

အဲ့ဒီမယ်​..ပြည်​သူ့ရဲ​ဘော်​​တွေက ဦးနုကိုသွားအ​ရေးဆိုတာ။ အချင်းချင်း​တွေ အထင်​လွှဲကုန်​ပီ။ အဲ့ဒါအဆင်​​ပြေ​အောင်​..(နယ်​ချဲ့လက်​​ဝေခံမဟုတ်​​ကြောင်းပြတဲ့အ​နေနဲ့)အင်္ဂလန်​နဲ့ အ​မေရိကန်​ကို ဗမာ​ပြေအ​နေနဲ့ စစ်​​ကြေငြာလိုက်​ပါတဲ့။ 😑

ဆိုဗီယက်​​တောင်​ ခု​နေ အဲ့ဒီ လိပ်​ကန်​အဖွဲ့နဲ့ စစ်​မတိုက်​ရဲဘူး။ မင့်​တို့​ကောင်​​တွေရူး​နေတာလားလို့ ဦးနုက ပြန်​က​လော်​ဆဲ​ကော။ ချာတိတ်​​တွေလက်​နက်​ရသွားတဲ့အကျိုးဆက်​က အဲ့လိုဖြစ်​ကုန်​တာပဲ။

အင်္ဂလို-ဘားမိစ် စစ်၂ကြိမ်အပီးမယ်..အထက်ဗမာပြေက လူတွေဟာ ငတ်လွန်းလို့ ချောင်လည်သောင်သာတဲ့ အင်္ဂလိပ်ပိုင်နက်အောက်ပြေအောက်ရွာကို အုပ်စုဖွဲ့ရွေ့ပြောင်းမှုတွေရှိခဲ့တယ်။ ဒီအချက်ကိုကြည့်ပါ။ စောက်ကျင့်မကောင်းတဲ့ ဗြိတိသျှနယ်ချဲ့တွေလက်အောက်ကို ဘာလို့နေချင်တာလဲ။

မင်းဆိုးမင်းညစ်အောက်က ကျွန်နဲ့ ကုလားဖြူလက်အောက်က ကျွန်။ ကျွန်ဘဝချင်းအတူတူ ထမင်းဝတာအဓိကလို့ပဲ သာမန်လူတွေကယူဆတာပဲ။

ငယ်ငယ်ကသင်ဖူးတဲ့ သမိုင်းဖတ်စာအုပ်လောက်ပဲဖတ်ရင်တော့ မင်းတို့ တခြားဖက်က လှည့်တွေးတတ်မှာမဟုတ်ဘူး။ သမိုင်းကိုအောင်နိုင်သူတွေသာရေးတယ်။ သို့သော် ..ဆိုတာမျိုးတွေးကြည့်ဖူးလား။

ဆိုကြပါစို့ ဗမာပြေ ကို လွတ်လပ်ရေး ပေးရတော့မယ်။
ပြည်မနဲ့တောင်တန်းတူတူယူမယူ အင်္ဂလိပ်ကသွေးခွဲတယ်ပေါ့။ ဒီလောက်ပဲ။ အဲ့ဒီမှာ ရပ်နေတယ်။

တခြားဖက်ကတွေးကြည့်ရအောင်။ပေးရပါတော့မယ်ဆိုမှ ကုလားဖြူတွေအတွက်ဘာမှမထူးတော့ဘူး။ ချန်ထားရင် အဲ့ဒီကျန်ခဲ့တာတွေအတွက် တာဝန်ယူရမှာပဲ။

ဖောင်ကလန် ကျွန်းလို ကိုလိုနီလက်ကျန်အဖြစ်အပျက်ကိုကြည့်ပါ။ အကျိုးအမြတ်မရတဲ့ကျွန်းအတွက် မာဂရက်သက်ချာဟာ မိုင်ထောင်ချီတဲ့နေရာအထိ စစ်တပ်လွှတ်ပီး သွားတိုက်ရတယ်မဟုတ်လား။

အဓိက အကြောင်းအရာက အတူတူပေးလိုက်ရင် လူများစု ပြည်မက လူနည်းစုတိုင်းရင်းသားတွေကို နိုင့်ထက်စီးနင်းလုပ်တော့မှာ။
(လုပ်မလုပ်ခုသိပီမလား) အင်မတန်ရိုးအတဲ့ တောင်တန်း ပေါ်က လူတွေက လွိုင်ရယ်လ်ဖြစ်လွန်းတယ်။ ကလိန်မကျတတ်ဘူး။
ဒါကြောင့် ကျန်နေရစ်မလားလို့ နောက်ဆုံး အော်ဖာပေးလိုက်တာ။

ဗိုလ်ချုပ်အောင်ဆန်း ရှိတာမှန်တယ်။ ရိုးဖြောင့်တဲ့ခေါင်းဆောင်ရှိတာဟုတ်တယ်။ လူတစ်ဦးတစ်ယောက်အပေါ်မှာ တိုင်းပြေရဲ့အနာဂတ်မှီခိုလွန်းရင် ဘာဖြစ်လာနိုင်သလဲ။

နောက်ဆုံးဘာဖြစ်ခဲ့လဲ။ ရိုးသားတဲ့ တိုင်းရင်းသားတွေဟာ ရိုးဖြောင့်တဲ့ ဗိုလ်ချုပ်အောင်ဆန်းမရှိတဲ့နောက် တံတားတောင် ကိုယ့်ဖာကိုယ်နာမည်ပေးခွင့်မရတော့ဘူး။

ဆရာမောင်ထင်ရဲ့ ငဘ ကိုသတိရမိတယ်။

အရှင် အင်းဂလိပ်မင်းပြန်လာဝင်ပီတဲ့။ ကုလားမခြင်းတောင်းဆွဲတံဆိပ်နို့ဆီနဲ့ ထမင်းကြမ်းလေးနယ်စားရချေသေးအဟေး။

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရှယ်သူ ကော်ပီတင်သူတွေတောင် အကောင့်ပျက်ခဲ့သည့်ပို့စ်တစ်ခု”

Post a Comment

Related Posts Plugin for WordPress, Blogger...