Tuesday, January 30, 2018

ေနရာလြဲၿပီးေရာက္ေနရင္ အမွိုက္ပဲ

,
ေနရာလြဲၿပီးေရာက္ေနတာေတြကို အမွိုက္ လို႔ သတ္မွတ္ၾကတယ္။ ဦးေခါင္းေပၚက ဆံႏြယ္ေတြ
လွလိုက္တာလို႔ မိန္းကေလးတေယာက္ေယာက္ကိုခ်ီးမြမ္းတတ္ၾကတယ္။ အဲဒီဆံႏြယ္ေတြ ဟင္းခ်ိဳခြက္ထဲ
ေရာက္သြားတဲ့အခါ အမွိုက္ျဖစ္သြားတယ္။ ဒါက ဆရာဦးေအာင္သင္းရဲ ဥပမာပါ။

တခါတေလက် လူအဖြဲ႕အစည္းလိုက္ အျမတ္တနိုးကိုးကြယ္ဆည္းကပ္တဲ့ ဘာသာတရားလို အရာမ်ိဳးက်
ေနရာလြဲေရာက္သြားတာနဲ႕ အမွိုက္ျဖစ္ယုံမကေတာ့ဘူး။အဆိပ္အေတာက္ပါျဖစ္သြားေလ့ရွိတယ္။
အရင္တုန္းကလည္း ေျပာခဲ့ဖူးပါတယ္။ အလယ္ေခတ္ ဥေရာပမွာ ရွင္ဘုရင္ေတြနဲ တိုင္းနိုင္ငံေတြအေပၚ
ပုပ္ရဟန္းမင္းနဲ႕ ရိုမန္ကတ္သလစ္ေက်ာင္းေတာ္က ၾသဇာလႊမ္းခဲ့တဲအထိ ဘာသာတရားက
အင္အားေကာင္းခဲ့တယ္။ ထာဝရဘုရားသခင္ကို မယုံၾကည္ရေကာင္းလားဆိုၿပီး ၁၃ ရာစုေလာက္မွာ အင္ကြီေဇးရွင္း ဆိုတဲ့ ဘာသာေရးမ်ိဳးတုံးသတ္ျဖတ္ပြဲေတြ ဆင္ႏႊဲခဲ့တာေၾကာင့္ ဥေရာပတဝိုက္ လူေတြ သန္းနဲ႕ခ်ီ ေသေၾကခဲ့တယ္။
အိမ္ေထာင္မျပဳသူ အမ်ိဳးသမီးေတြ၊ ပရေဆးပင္ေတြအေၾကာင္း ေလ့လာၿပီး ေဆးကုသူ အမ်ိဳးသမီးေတြကို
ဘာသာေရးအစြန္းေရာက္ေတြက စုန္းမဆိုၿပီး မီးတင္ရွို႔ခဲ့ၾကတယ္။
တရားစီရင္ေရးမွာ အခုေခတ္ရဲ႕ အယူအဆျဖစ္တဲ့႐ုံးေတာ္မွာ ျပစ္မႈမထင္ရွားသ၍ အျပစ္ကင္းစင္သူ
ဆိုတာအစား အျပစ္မရွိေသးသ၍ ရာဇဝတ္သားလို႔သတ္မွတ္ခဲ့ၾကတယ္။ တရားစီရင္တဲ့အခါ စြပ္စြဲခံရသူဟာ
အျပစ္မရွိရင္ ဘုရားသခင္ ကယ္ဆယ္လိမ္မယ္ဆိုၿပီးေရေႏြးပူထဲကို  လက္ႏွစ္ခိုင္းတယ္။ ဘုရာေက်ာင္းရဲ႕
ေျမေအာက္ခန္းမွာ လူေတြကို ႏွိပ္စက္ညွဥ္းပန္းတဲ့ကိရိယာမ်ိဳးစုံရွိတယ္။

အဲဒီအခ်ိန္ဝန္းက်င္ေလာက္မွာ အာေရဗစ္ေဒသရဲ႕ အစၥလာမ္လူ႕အဖြဲအစည္းဟာ ေလာကဓါတ္သိပၸံပညာမွာ
ထိပ္တန္းေရာက္ခဲ့တယ္။ ကမၻာတလႊားက လာေရာက္တဲ့စာအုပ္စာေပေတြကို ဘာသာျပန္ သိမ္းဆည္းရာမွာ
အလက္ဇန္းဒရီးယားစာၾကည့္တိုက္ဟာ အျပည့္စုံဆုံးလို႔
ေလ့လာသူေတြက သတ္မွတ္ခဲ့ၾကတယ္။ ေအဒီ ၈၀၀ ကေန ၁၀၀၀ ေလာက္မွာ ဘက္ဂဒက္ဟာ ပညာရွင္ေတြရဲ႕
ဆုံခ်က္လို ျဖစ္ခဲ့တယ္။ နကၡတ္ေဗဒေတြ႕ရွိမႈေတြရဲ႕သုံးပုံႏွစ္ပုံဟာ အာေရဗစ္နာမည္ေတြ ျဖစ္တယ္။
ကိန္းဂဏန္း ၁၂၃၄ ဟာ အာေရဗစ္ ႏူမရယ္ ဆိုတဲ့သူတို႔ဆီက လာတာျဖစ္တယ္။ အယ္လ္ဂ်ီဘရာ၊
အယ္လ္ဂိုရစ္သမ္ ဆိုတာလည္း အာေရဗစ္ေဝါဟာရေတြပါပဲ။

အဲဒီေနာက္မွာ ဘာျဖစ္ခဲ့သလဲ ဆိုေတာ့ ဘာသာေရးအစြန္းေရာက္အယူအဆရွိသူေတြရဲ႕ လက္ထဲကို
နိုင္ငံေရးအာဏာေတြ ေရာက္သြားခဲ့ရာမွာ ကိစၥျပတ္သြားပါေတာ့တယ္။ ဥပမာ ေအဒီ ၁၀၅၈-၁၁၁၁
အတြင္းက အစ္မန္ ဟာမစ္ အယ္လ္ ဂါဇာလီရဲ႕ အယူအဆမ်ိဳး ဆိုပါေတာ့။
ဖေလာ္ေဆာ္ဖီနဲ႕ သခၤ်ာပညာတို႔ဟာ ေစတန္နတ္ဆိုးရဲ႕လက္ခ်က္ေတြမလို႔ မြတ္ဆလင္မ်ားက ေဝးစြာ
ေရွာင္ၾကဥ္အပ္ပါစတဲ့။ ကမၻာအရပ္ရပ္ကစာအုပ္စာေပေတြကိုလည္း မီးပုံရွို႔ခဲ့ၾကတယ္။
ခုေတြး ခုရင္နာတုန္း။ အဲဒီေနာက္မွာ အလားတူအလားတူ ေခတ္ေနာက္ျပန္ဆြဲတဲ့ အစြန္းေရာက္တဲ့
ဘာသာေရးဆိုင္ရာ အေတြးအေခၚေတြကို လူ႕အဖြဲ႕အစည္းထဲ သြတ္သြင္းလာလိုက္တာ
တခ်ိန္က ေလာကဓါတ္သိပၸံမွာ ထိပ္တန္းေရာက္ခဲ့တဲ့အစၥလာမ္လူ႕အဖြဲ႕အစည္းဟာ ခုခ်ိန္ထိကို
နာလံမထူနိုင္ေအာင္ ျဖစ္ခဲ့ရပါတယ္။

ဒီေတာ့ ရွင္သန္မႈအတြက္ ႐ုန္းကန္ရာမွာ ၿပိဳင္ဘက္ကို အသာစီးမရေတာ့ပါဘူး။ ဥပမာ
ကမၻာေပၚမွာ ဟီးဘ႐ူး ဆိုတဲ့ ဂ်ဴးလူမ်ိဳး လြန္ေရာကြၽံေရာ ၁၅ သန္းပဲ ရွိပါတယ္။ နိုဗယ္ဆုရတဲ ဂ်ဴးသိပၸံပညာရွင္ အေရအတြက္ဟာ
တကမၻာလုံးရဲ႕ ေလးပုံတပုံ ၂၅ ရာခိုင္ႏႈန္းေလာက္ ရွိပါတယ္။
မြတ္ဆလင္ အေရအတြက္ကေတာ့ ၁.၃ ဘီလ်ံပါ။နိုဗယ္ဆုရွင္မြတ္ဆလင္ အေရအတြက္ကေတာ့
၃ ရာခိုင္ႏႈန္းပါ။ တုန္လႈပ္စရာေကာင္းလွေအာင္ကြာထြက္သြားခဲ့ပါတယ္။

သမိုင္း ဆိုတာ သင္ခန္းစာ မယူတတ္သူမ်ားအတြက္ တစ္ပတ္လည္ပါသတဲ့။ ကိုယ္ေတြရဲ႕ တို႔ဗမာ
သာကီမ်ိဳးမ်ားလည္း သမိုင္းကေန သင္ခန္းစာယူတတ္ေအာင္။ မအေအာင္။ ဘာသာတရားကို
သူ႕ေနရာမွာပဲ ထားတတ္ေအာင္။ ေလာကဓါတ္သိပၸံနဲ႕နည္းပညာေတြကို ခ်ီးေျမာက္တတ္ေအာင္
ေခတ္မီမီ ကမၻာၾကည့္ၾကည့္ျမင္တတ္ေအာင္။ ဘာသာေရးနဲ႕နိုင္ငံေရး ေလဝမ္းကြဲေအာင္
သတိ၊ ဉာဏ္ပညာ ကပ္ၾကပါလို႔ တိုက္တြန္းလိုက္ရပါတယ္။

#NyiNaung

နေရာလွဲပြီး ရောက်နေတာတွေကို အမှိုက် လို့ သတ်မှတ်ကြတယ်။ ဦးခေါင်းပေါ်က ဆံနွယ်တွေ
လှလိုက်တာလို့ မိန်းကလေးတယောက်ယောက်ကို
ချီးမွမ်းတတ်ကြယ်။ အဲဒီဆံနွယ်တွေ ဟင်းချိုခွက်ထဲ
ရောက်သွားတဲ့အခါ အမှိုက်ဖြစ်သွားတယ်။
ဒါက ဆရာဦးအောင်သင်းရဲ ဥပမာပါ။

တခါတလေကျ လူအဖွဲ့အစည်းလိုက် အမြတ်တနိုး
ကိုးကွယ်ဆည်းကပ်တဲ့ ဘာသာတရားလို အရာမျိုးကျ
နေရာလွဲရောက်သွားတာနဲ့ အမှိုက်ဖြစ်ယုံမကတော့ဘူး။
အဆိပ်အတောက်ပါဖြစ်သွားလေ့ရှိတယ်။
အရင်တုန်းကလည်း ပြောခဲ့ဖူးပါတယ်။ အလယ်ခေတ်
ဥရောပမှာ ရှင်ဘုရင်တွေနဲ တိုင်းနိုင်ငံတွေအပေါ်
ပုပ်ရဟန်းမင်းနဲ့ ရိုမန်ကတ်သလစ်ကျောင်းတော်က
သြဇာလွှမ်းခဲ့တဲအထိ ဘာသာတရားက
အင်အားကောင်းခဲ့တယ်။ ထာဝရဘုရားသခင်ကို
မယုံကြည်ရကောင်းလားဆိုပြီး ၁၃ ရာစုလောက်မှာ အင်ကွီဇေးရှင်း ဆိုတဲ့ ဘာသာရေးမျိုးတုံးသတ်ဖြတ်ပွဲတွေ ဆင်နွှဲခဲ့တာကြောင့် ဥရောပတဝိုက် လူတွေ
သန်းနဲ့ချီ သေကြေခဲ့တယ်။
အိမ်ထောင်မပြုသူ အမျိုးသမီးတွေ၊ ပရဆေးပင်တွေအကြောင်း လေ့လာပြီး ဆေးကုသူ အမျိုးသမီးတွေကို ဘာသာရေးအစွန်းရောက်တွေက စုန်းမဆိုပြီး မီးတင်ရှို့ခဲ့ကြတယ်။
တရားစီရင်ရေးမှာ အခုခေတ်ရဲ့ အယူအဆဖြစ်တဲ့
ရုံးတော်မှာ ပြစ်မှုမထင်ရှားသ၍ အပြစ်ကင်းစင်သူ
ဆိုတာအစား အပြစ်မရှိသေးသ၍ ရာဇဝတ်သားလို့
သတ်မှတ်ခဲ့ကြတယ်။ တရားစီရင်တဲ့အခါ စွပ်စွဲခံရသူဟာ
အပြစ်မရှိရင် ဘုရားသခင် ကယ်ဆယ်လိမ်မယ်ဆိုပြီး
ရေနွေးပူထဲကို  လက်နှစ်ခိုင်းတယ်။ ဘုရာကျောင်းရဲ့
မြေအောက်ခန်းမှာ လူတွေကို နှိပ်စက်ညှဉ်းပန်းတဲ့
ကိရိယာမျိုးစုံရှိတယ်။

အဲဒီအချိန်ဝန်းကျင်လောက်မှာ အာရေဗစ်ဒေသရဲ့
အစ္စလာမ်လူ့အဖွဲအစည်းဟာ လောကဓါတ်သိပ္ပံပညာမှာ
ထိပ်တန်းရောက်ခဲ့တယ်။ ကမ္ဘာတလွှားက လာရောက်တဲ့
စာအုပ်စာပေတွေကို ဘာသာပြန် သိမ်းဆည်းရာမှာ
အလက်ဇန်းဒရီးယားစာကြည့်တိုက်ဟာ အပြည့်စုံဆုံးလို့
လေ့လာသူတွေက သတ်မှတ်ခဲ့ကြတယ်။ အေဒီ ၈၀၀ ကနေ
၁၀၀၀ လောက်မှာ ဘက်ဂဒက်ဟာ ပညာရှင်တွေရဲ့
ဆုံချက်လို ဖြစ်ခဲ့တယ်။ နက္ခတ်ဗေဒတွေ့ရှိမှုတွေရဲ့
သုံးပုံနှစ်ပုံဟာ အာရေဗစ်နာမည်တွေ ဖြစ်တယ်။
ကိန်းဂဏန်း ၁၂၃၄ ဟာ အာရေဗစ် နူမရယ် ဆိုတဲ
သူတို့ဆီက လာတာဖြစ်တယ်။ အယ်လ်ဂျီဘရာ၊
အယ်လ်ဂိုရစ်သမ် ဆိုတာလည်း အာရေဗစ်ဝေါဟာရတွေပါပဲ။

အဲဒီနောက်မှာ ဘာဖြစ်ခဲ့သလဲ ဆိုတော့ ဘာသာရေး
အစွန်းရောက်အယူအဆရှိသူတွေရဲ့ လက်ထဲကို
နိုင်ငံရေးအာဏာတွေ ရောက်သွားခဲ့ရာမှာ ကိစ္စပြတ်သွားပါတော့တယ်။ ဥပမာ အေဒီ ၁၀၅၈-၁၁၁၁
အတွင်းက အစ်မန် ဟာမစ် အယ်လ် ဂါဇာလီရဲ့
အယူအဆမျိုး ဆိုပါတော့။
ဖလော်ဆော်ဖီနဲ့ သင်္ချာပညာတို့ဟာ စေတန်နတ်ဆိုးရဲ့
လက်ချက်တွေမလို့ မွတ်ဆလင်များက ဝေးစွာ
ရှောင်ကြဉ်အပ်ပါစတဲ့။ ကမ္ဘာအရပ်ရပ်က
စာအုပ်စာပေတွေကိုလည်း မီးပုံရှို့ခဲ့ကြတယ်။
ခုတွေး ခုရင်နာတုန်း။ အဲဒီနောက်မှာ အလားတူ
အလားတူ ခေတ်နောက်ပြန်ဆွဲတဲ့ အစွန်းရောက်တဲ့
ဘာသာရေးဆိုင်ရာ အတွေးအခေါ်တွေကို
လူ့အဖွဲ့အစည်းထဲ သွတ်သွင်းလာလိုက်တာ
တချိန်က လောကဓါတ်သိပ္ပံမှာ ထိပ်တန်းရောက်ခဲ့တဲ့
အစ္စလာမ်လူ့အဖွဲ့အစည်းဟာ ခုချိန်ထိကို
နာလံမထူနိုင်အောင် ဖြစ်ခဲ့ရပါတယ်။

ဒီတော့ ရှင်သန်မှုအတွက် ရုန်းကန်ရာမှာ
ပြိုင်ဘက်ကို အသာစီးမရတော့ပါဘူး။ ဥပမာ
ကမ္ဘာပေါ်မှာ ဟီးဘရူး ဆိုတဲ့ ဂျူးလူမျိုး
လွန်ရောကျွံရော ၁၅ သန်းပဲ ရှိပါတယ်။
နိုဗယ်ဆုရတဲ ဂျူးသိပ္ပံပညာရှင် အရေအတွက်ဟာ
တကမ္ဘာလုံးရဲ့ လေးပုံတပုံ ၂၅ ရာခိုင်နှုန်းလောက် ရှိပါတယ်။
မွတ်ဆလင် အရေအတွက်ကတော့ ၁.၃ ဘီလျံပါ။
နိုဗယ်ဆုရှင်မွတ်ဆလင် အရေအတွက်ကတော့
၃ ရာခိုင်နှုန်းပါ။ တုန်လှုပ်စရာကောင်းလှအောင်
ကွာထွက်သွားခဲ့ပါတယ်။

သမိုင်း ဆိုတာ သင်ခန်းစာ မယူတတ်သူများအတွက်
တပတ်လည်ပါသတဲ့။ ကိုယ်တွေရဲ့ တို့ဗမာ
သာကီမျိုးများလည်း သမိုင်းကနေ သင်ခန်းစာ
ယူတတ်အောင်။ မအအောင်။ ဘာသာတရားကို
သူ့နေရာမှာပဲ ထားတတ်အောင်။ လောကဓါတ်သိပ္ပံနဲ့
နည်းပညာတွေကို ချီးမြောက်တတ်အောင်
ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်တတ်အောင်။
ဘာသာရေးနဲ့နိုင်ငံရေး လေဝမ်းကွဲအောင်
သတိ၊ ဉာဏ်ပညာ ကပ်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

#NyiNaung

https://m.facebook.com/story.php?story_fbid=284900245371026&id=100015531579441

0 ေယာက္မွတ္ခ်က္ျပဳခဲ့သည္ to “ေနရာလြဲၿပီးေရာက္ေနရင္ အမွိုက္ပဲ”

Post a Comment

Related Posts Plugin for WordPress, Blogger...