Monday, June 25, 2018

Mytel ကို အမှန်​တကယ်​ဘယ်​သူပိုင်​တာလဲ

,
ဒီရက်​ပိုင်းမှာ အ​တော်​​လေး လူ​ပြောသူ​ပြောများ​နေတဲ့ စတုတ္ထ​မြောက်​ ​အော်​ပ​ရေတာ နဲ့ ပတ်​သက်​ပြီး ဟိုလူပိုင်​တာလိုလို ဒီလူပိုင်​တာလိုလိုနဲ့ ဟိုလူဟာမဟုတ်​ပါ ဒီလူဟာမဟုတ်​ပါဆိုပြီး ရှင်း​နေရပြီး တိုင်းရင်းသား အများပိုင်​ပါဟု ပုံ​ဖေါ်လို့တသွယ်​၊အမျိုးဘာသာ သာသနာအတွက်​ အမျိုးသားပိုင်​လို့တမျိုး၊ NLD အစိုးရလက်​ထက်​ကြမှ ခွင်​ပြုတဲ့ အစိုးရပိုင်​လိုလို နိုင်​ငံခြားရင်​နှီးမြုပ်​နှံမှုလိုလိုတဖုံ အမျိုးမျိုးဂျင်းထည့်​​နေကြလို့ အနည်းငယ်​​လောက်​​တော့ ရှင်းပြချင်​ပါတယ်​ဗျာ။

ဒီဆက်​သွယ်​​ရေးလုပ်​ငန်းအားလုံးရဲ့ မြစ်​ဖျားခံရက​တော့ ဦးသိန်းစိန်​အစိုးရရဲ့ ဆက်​သွယ်​​ရေးကဏ္ဍ ပြုပြင်​​ပြောင်းလဲ​ရေးအတွက်​ ​ဆောင်​ရွက်​ရာမှာ ဆက်​သွယ်​​ရေး ​အော်​ပ​ရေတာများအဖြစ်​ ပြည်​တွင်း ပြည်​ပ ၂ ခုဆီထားရှိဖို့ ဆုံးဖြတ်​​ဆောင်​ရွက်​ခဲ့ပါတယ်​။ ပြည်​ပ ​အော်​ပ​ရေတာများအဖြစ်​ Ooredoo Mynamar Limited ၊ Telenor Myanmar Limited တို့ကို​ဆောင်​ရွက်​​စေခဲ့ပြီး၊ ပြည်​တွင်း ​အော်​ပ​ရေတာအဖြစ်​ မြန်​မာ့ ဆက်​သွယ်​​ရေး လုပ်​ငန်း MPT + KDDI Summit Global Myanmar Co.,Ltd (Japan) တို့ကို​ဆောင်​ရွက်​​စေခဲ့ခါ ကျန်​ရှိ​နေတဲ့ စတုတ္ထ​မြောက်​ ​အော်​ပ​ရေတာ အဖြစ်​ Telecom International Myanmar Company Limited(Mytel) ကို၂၅ မတ်​လ ၂၀၁၆ ခု ဦးသိန်​စိန်​ မဆင်းခင်​​လေးမှာ ​ဆောင်​ရွက်​​စေဖို့ ခွင်​ပြုခဲ့တာဖြစ်​ပါတယ်​။

ပြည်တွင်းမှာ စတုတ္တမြောက် ဆက်သွယ်ရေးအော်ပရေတာဖြစ်လာတဲ့ Telecom International Myanmar Company Limited(Mytel) ဆိုတာ ဗီယက်​နမ်​- မြန်​မာဖက်​စပ်​ကုမ္ပဏီတစ်​ခုပါ။ ဒီဖက်​စပ်​ကုမ္ပဏီရဲ့
ဥက္ကဌကက မြန်​မာဘက်​က ဦးခင်​​မောင်​စိုးနဲ့ CEO အဖြစ်​ ဗီယက်​နမ်​ဘက်​က Mr. Nguyen Thanh Nan ဖြစ်​ပါတယ်​။လက်​ရှိမှာ ​ဒေါ်လာတစ်​ဘီလျှံ​ကျော်​​ကျော်​ရင်းနှီးမြုပ်​နှံထားပြီး ဆက်​လက်​ပြီး နှစ်​ဘီလျှံအထိတိုးချဲ့မြုပ်​နှံမယ်​လိုဆိုထားပါတယ်​။

Mytel ကို ဗီယက်နမ်စစ်​တပ်​(ကာကွယ်​​ရေးဝန်​ကြီးဌာန)ပိုင်​ Viettel Group က ၄၉ ရာခိုင်နှုန်းနဲ့ ကာကွယ်ရေး ၀န်ကြီးဌာနအောက်က မြန်​မာစစ်​တပ်​ပိုင်​ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းရဲ့ ကုမ္ပဏီခွဲတခုဖြစ်​တဲ့ Star High ကုမ္ပဏီ က ရှယ်ယာ ၂၈ ရာခိုင်နှုန်းနဲ့ အမေရိကန် ဒေါ်လာ သန်း ၃၅၀ ကျော် ထည့်ဝင်ထားပြီး မြန်မာခရိုနီများပိုင်ကုမ္ပဏီ  ၇ ခုက တစ်ခုကို ၃ ဒသမ ၃၄  ရာခိုင်နှုန်းနဲ့ စုစု​ပေါင်း ၂၃ ရာခိုင်​နှုန်းနဲ့ Myanmar National Telecom Holdings အဖြစ်​စုဖွဲ့ထည့်​ဝင်းထားကာ၊ စုစု​ပေါင်း မြန်​မာဘက်​ကရှယ်​ယာအချိုး ၅၁ ရာခိုင်​နှုန်းနဲ့ ဖက်​စပ်​တည်​​ထောင်​ထားတာဖြစ်​ပါတယ်​။ MNTH ဒါရိုက်တာစာရင်းမှာ MD က ဦးဇော်မင်းဦးဖြစ်ပြီးတော့ ကျန်တဲ့သူတွေက ဦးရန်ဝင်း၊ ဦးအေးဝင်း၊ ဦးလွင်နိုင်ဦး၊ ဦးမင်းဇေယျာလှိုင်၊ ဦးမြဟန်၊ ဦးနေအောင်၊ ဦးစိုးသိန်း၊ ဦးသိန်းဟန်၊ ဦးတင်မောင်လှိုင်၊ ဦးထွန်းလွင်နဲ့ ဦးဝင်းအောင်တို့ ပါပါတယ်။ ဒီလူတွေက မြန်မာ့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေအဖြစ်​အမည်​ခံထားတဲ့ စစ်​အာဏာရှင်​ရဲ့ လက်​ပါး​စေ​တွေပါ။ သူတို့ဘယ်​လိုချမ်းသာကြွယ်​ဝလာတယ်​ဆိုတာ လူတိုင်းနည်းပါးသိပြီးသားပါ။ စစ်​အာဏာရှင်​နဲ့ ပုလင်းတူဗူးဆို့​တွေပိုင်​တဲ့ ဒီကုမ္ပဏီကို အမျိုးသားပိုင်​ပါ အများပိုင်​ပါလို့ ဂျင်းထည့်​​နေတဲ့​စောက်​ပိန်း​တွေသိ​စေဖို့က အများပြည်​သူရဲ့ အစုရှယ်​ယာဆိုလို့ ခြူးတပြား​တောင်​ပါဝင်​ခွင့်​မရှိတဲ့ ဒီလုပ်​ငန်းကို အများပိုင်​ပါလို့ ချီးငုံ​ပြောရင်​​တောင်​ ချီးကြိုက်​လို့ငုံတယ်​လို့ပဲမှတ်​ယူလိုက့်​ပါ့မယ်​။ ​နောက်​ စစ်​တပ်​ကပိုင်​တဲ့ ဦးပိုင်​ရဲ့ရှယ်​ယာက​နေရ​နေတဲ့အမြတ်​​ဝေစု​တွေကို စစ်​အာဏာရှင်​ကြီး​တွေနဲ့ သူတို့ရဲ့လက်​ပါး​စေ အဝန်းအဝိုင်း​လောက်​သာ ခွဲ​ဝေသုံးစွဲ​နေပြီး အ​ကြောင်းအမျိုးမျိုးနဲ့ စစ်​တပ်​ကထွက်​ရတဲ့ ​အောက်​​ခြေအဆင့်​​တွေမှာ ဘာ​ဝေစုမှမရပဲ ငတ်​တလှည့်​ ပြတ်​တလှည့်​နဲ့ ဘဝကိုဖြစ်​သလိုရုန်းကန်​​နေရပြီး တလမ်းဝင်​တလမ်းထွက်​ ဗိုလ်​ချုပ်​အ​ကြောင်းနဲ့ ​ဒေါ်​အောင်​ဆန်းစုကြည်းအ​ကြောင်း စာအုပ်​နဲ့ ဓာတ်​ပုံ​လေး​တွေ​ရောင်းချပြီး မ​သေရုံတမယ်​ လုပ်​ကိုင်​စား​သောက်​​နေရတာပါ။ Mytel ကရလာမဲ့ အကျိုးအမြတ်​​တွေဟာ ဘယ်​သူ​တွေရယူသုံးစွဲမလဲဆိုတာရှင်းပါတယ်​ Mytel ကိုပိုင်​ဆိုင်​တဲ့ ဗီယက်​နမ်​စစ်​တပ်​ရယ်​ မြန်​မာပြည်​က စစ်​အုပ်​စုနဲ့ သူ့ရဲ့လက်​ပါး​စေတအုပ်​ကပဲ ခွဲ​ဝေသုံးစွဲသွားမှာပါပဲဗျာ...
Copy cr Tun Win

https://m.facebook.com/story.php?story_fbid=464612917315935&id=100013016922569

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ Mytel ကို အမှန်​တကယ်​ဘယ်​သူပိုင်​တာလဲ”

Post a Comment

Related Posts Plugin for WordPress, Blogger...